Posts

Showing posts from October, 2014

Ready to Note 4?

Image
Android 4.4(kitkat) နဲ့ထွက်ရှိလာမည့် Samsung ရဲ့ နာမည်ကျော် Note series တွေထဲက နောက်ဆုံးထုတ် Note 4 ကို လုံးဝကို ကွဲပြားတဲ့ ဒီဇိုင်းနဲ့မကြာခင်မှာ မြန်မာပြည်က Samsung ပရိတ်သတ်ကြီးတွေမြင်တွေ့ရပါဦးမယ်။ ကျော့ရှင်းသပ်ရပ်ပေမယ့် ခပ်မာမာဒီဇိုင်းက Note ကိုအမြဲအားပေးနေသူတွေအတွက် ဆက်လက်ဆွဲဆောင် ထားနိုင်ပြီး အသစ်အသစ်တွေကို နှစ်သက်တဲ့ သူတွေ အတွက်တော့ မျက်စိ ကနေမခွာနိုင်အောင် ဖြစ်နေဦးမှာပါ။ နောင်တော် Note တွေအားလုံးရဲ့အကောင်းမွန်ဆုံးဒီဇိုင်းတွေနဲ့ ပေါင်းစပ်ထားပြီး စွမ်းဆောင်ရည် တွေကို လုံးဝကွာခြားသွားအောင် ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။ 5.7’’ Quad HD Super AMOLED မျက်နှာပြင် က 2560x1440 မီဂါပင်ဇယ်ထောက်ပံ့ထားတာကြောင့် လင်းလက်တောက်ပပြီး ဓါတ်ပုံရိုက်တဲ့အခါမှာအဆ ၆၀ ပိုတဲ့ အလင်းအားကိုပေးစွမ်းနိုင်ပါတယ်။ 3.7MP front-facing camera နဲ့ 16MP Smart OIS back camera ပါဝင်ပါတယ်။ ပြင်ဆင်ထားတဲ့ feature အသစ်အနေနဲ့ selfie ရိုက်တဲ့အခါ လွယ်ကူသွားအောင် ကျောဘက်က ခလုပ်နှိပ်လို့ရမယ်၊ wide selfie အတွက် 120* လှည့်ပြီးရိုက်ကူးနိုင်တာကြောင့် ဒါက ထူးခြားလှပတဲ့ ပုံရိပ် တွေကို မှတ်တမ်းတင်နိုင်တော့မှာပါ။ 32Gb

Gear-S

Image
Samsung ကမကြာခင်မြန်မာပြည်မှာ ဖြန့်ချီတော့မယ် နောက်ဆုံးပေါ် wearable ထုတ်ကုန်ဖြစ်တဲ့ Gear S အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ တကယ်တော့ Gear S က အရင် မျိုးဆက် Gear တွေနဲ့ကွဲပြားခြားနားတဲ့ ပုံစံသစ်နဲ့စွမ်းဆောင်ရည်မြင့်မားစွာ ထွက် ပေါ် လာတာဖြစ်ပါတယ်။ ထူးခြားလှပတဲ့ မျက်နှာပြင်အကွေး ကို ၂ လက်မ အကျယ်အ၀န်းပါရှိတဲ့ Super AMOLED နဲ့ တွဲဖက်ထားပြီး 360x480 resolution ပါဝင် ပါတယ်။ Chipset Dual core 1.0GHz, RAM 512Mb နဲ့အတူ Sim card ထည့် သွင်းအသုံးပြုနိုင်တာ ကတကယ့် smart phone သဖွယ်အသုံးပြုလို့ရပြီး လက်ကိုင်ဖုန်းတွေကို လုံးဝ မကိုင်ဘဲနဲ့ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လွတ်လပ် ပေါ့ပါးစွာနဲ့လှုပ်ရှားနိုင်တဲ့အတွက် သက်တောင့်သက်တာ ဖြစ်နေမှာပါ။ မျက်နှာပြင်က သိပ်ပြီး ကြီးနေတယ်လို့ထင်ရပေမယ့် တကယ်တမ်းဝတ်ဆင်ကြည့်တဲ့အခါမှာတော့ ပေါ့ပါးပြီး စတိုင်ကျ လှပမှုကို တွေ့ မြင်ရမှာဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ clock style များကိုလဲ အများအပြားပြောင်းလဲ အသုံးပြုနိုင်တာကလဲ တကယ့်ကို ခေတ်မှီနာရီတစ်လုံးလိုဖြစ်နေပါတယ်။ Tizen OS အသုံးပြုထားတဲ့ အသွင်အပြင်ကတော့ ယခင် Gear 2 နဲ့ Gear Neo တို့လိုဖြစ်ပါတယ်။ ဒါပေမယ့် မ