Posts

Showing posts from October, 2013

ဟုတ်ကဲ့…အားလုံးသိကြတဲ့အတိုင်းပါဘဲ

ကျွန်တော်တို့ ခပ်ငယ်ငယ်က တဲပေါ်ကနေတိုက်ပေါ်တင်မယ်ဆိုတဲ့ စီမံကိန်းတွေနဲ့အတူ ကျူးကျော်တော်တော် များများ တိုက်နဲ့တာနဲ့ အိမ်ယာတွေဖြစ်ကုန်တယ်။ ရေကျော်၊ ကျောက်မြောင်း၊ ကန်တော်လေး တို့က ခေတ်ဦးပိုင်း ကန်ထရိုက်ခေတ်မှာ အပြိုင်းအရိုင်းထလာတဲ့ အလေ့ကျ မြတ်ပင်တွေနဲ့တူတယ်။ ကြာတော့လဲ မွဲခြောက်သွားရှာပြီ ပေါ့။ အထူးသဖြင့် ဖဆပလ ခေတ်ကတည်းက ပြည်သူလူထုတွေအတွက် အိမ်ယာတွေဆောက်လုပ်ခဲ့ကြပေမယ့် စနစ် တွေခေတ်တွေရဲ့ဆိုးမွေက သာတူညီမျှ ရှိနေကြတယ်။ ရေ၊ မီး နဲ့အမှိုက် အဲဒီပြသနာတွေက နိစ္စဓူဝ၊ နောက်တော့ မမြင်မဆင်ရှိလှတဲ့ မုဆိုးမ တယောက်လို ခပ်ငယ်ငယ်မှာဘဲ မီးကျိုးမောင်းပျက် ဖြစ်နေတဲ့ အိမ်ယာတွေ က ရန်ကုန်မှာ မမြင်ချင်မှအဆုံး။ အစက ပြန်ကောက်ရင် ရန်ကင်း၊ မင်းမနိုင်၊ ဖဆပလ တိုက်ခန်းတွေက ကျဉ်းပုံကလဲ လူနေဖို့ဆောက်ထားတာ ဟုတ်မ ဟုတ်ပါလေစလို့ဆိုရလောက်တယ်။ အခုတိုက်ခန်းတွေက မီးခြစ်ဆံဘူး၊ သူတို့ကတော့ စာကလေးအိမ်ပေါ့။ ပြင်ဆင်မှု နဲပါးတဲ့ ဒီတိုက်တန်းလျားတွေက ပေါက်ပြဲနေတဲ့ ရေဆိုး ပိုက် တွေ ရေညှိတွေ အမှိုက်တွေနဲ့ တန်ဆာဆင်ထားတာ အများစုရှိနေခဲ့ကြတယ်။ တချို့တိုက်တန်းတွေကတော့ ညီညီ ညာညာနဲ့ဆေးချယ်သလို့ ဟန်လုပ်ပြုံးနေကြတယ်။ အခွင့်ရှိလားမရှိလားမသိပေမယ့