Posts

Showing posts from January, 2013

AppExpo2013

Image
AppsExpo 2013 ကို ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၃ ဖေဖော်ဝါရီ ၅ ရက်နေ့နှင့် ၆ရက်နေ့များ အတွင်း MICTDC (Myanmar ICT park)  မှာ ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားဖို့စီစဉ်နေပြီဖြစ်ပါတယ်။ AppsExpo ဆိုတာ နည်းပညာနယ်ပယ်မှာရှိနေတဲ့ အသုံးချ software application တွေကို ထုတ်လုပ်သူ၊ ဖန်တီးသူ၊ တင်သွင်းရောင်းချသူနဲ့ သင်တန်းများပို့ချသူတွေ စုစည်းပြသမည့် နည်းပညာဆိုင်ရာ ပြပွဲတစ်ခုဖြစ်ပါတယ်။ လက်တွေ့ဘ၀မှာလိုအပ်နေတဲ့ နည်းပညာအသုံးချမှုတွေအတွက် အရေးပါလှတဲ့ application တွေကို တနေရာထဲမှာ ကျယ်ကျယ် ပြန့်ပြန့်လေ့လာ နိုင်ဖို့ AppsExpo ကို စိတ်ကူးမိတာဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှတိုးတက်လာတဲ့ ကွန်ပျုတာအသုံးပြုသူတွေ၊ အင်တာနက်အသုံးပြုသူတွေ၊ မိုဘိုင်းဖုန်း အသုံး ပြုနေ သူတွေအတွက် လက်တွေ့အသုံး ချနိုင်မယ့် လူမှု၊ စီးပွား ဆိုင်ရာ Application များဖြစ်ပေါ်တိုး တက်နေ ပုံတွေ၊ ဈေးကွက်ထဲမှာ ရရှိနိုင်ပြီဖြစ်တဲ့ application တွေ၊ စီးပွားရေးနဲ့ကုန်ထုတ်လုပ်ငန်းသုံး commercial software application များဖန်တီးထုတ်လုပ် ပေးနေ သူတွေ၊ နည်းပညာကိုလေ့လာနေတဲ့သူတွေအတွက် အသုံးချ နည်းပညာဆိုင်ရာ သင်တန်းတွေ ကိုတနေရာထဲမှာ စုံစုံ လင်လင်လေ့လာနိုင်ဖို့အပြ