Posts

Showing posts from November, 2012

Suggestions of Telecommunication Act(Draft)

Image
ဆက်သွယ်ရေးဆိုင်ရာဥပဒေမူကြမ်းပေါ်ထွက်လာသည့်အတွက်ကြိုးစားပမ်း စားဆောင်ရွက်ကြသော သူအပေါင်းအား လေးစားကျေးဇူးတင်ပါသည်။ ခေတ်မှီပြီးဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် သစ် တည်ဆောက်ရာတွင် လိုအပ်သော နိုင်ငံတကာနှင့် နည်းတူ ပြဌာန်းသင့်သည့် ဥပဒေများဖြင့် တိုင်းပြည်၏ လူမှုရေး စီးပွားရေး နိုင်ငံရေး ကဏ္ဍများဘက်စုံမြှင့်တင်နိုင်ဖို့အာမခံချက် များပေးနိုင်ဖို့လိုအပ် ပါသည်။ နိုင်ငံရပ်ခြားမှ အရင်းအနှီးများ အတတ်ပညာများ စီးဝင်မှုသည် နိုင်ငံတော်၏ စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေးကဏ္ဍများ အရှိန်မြင့်ဖွံ့ဖြိုးလာရေးအတွက် အရေးပါလှပါသည်။ ထိုသို့အရေးပါလှသည့် အခွင့်အလမ်းများ ပိုမိုဝင်ရောက်လာစေဖို့ ခိုင်မာပြီးတော်တည့်သည့် ဥပဒေအကာအကွယ်များဖြင့် အာမခံချက်များပေးနိုင်မှုဟာလဲ အဓိကကျသည့် အခန်းကဏ္ဍတွင်ရှိပါသည်။ Rule of Law ဖြစ်စေဖို့အတွက် အထောက်အကူပြုရန် ဥပဒေ ပြဌာန်းချက်များသည် ခေတ်နဲ့လျော်ညီပြီး လူထုမှအလွယ်တကူနားလည်မှု ယုံကြည်ကိုးစားမှု အာမခံချက်နှင့် တပြေးညီဆုံးဖြတ်ချက် များလဲ ပါဝင်သင့်ပါသည်။ ထို့အတွက် ဥပဒေပြုရေးကဏ္ဍတွင်ပါဝင်သည့် လွှတ်တော်အရပ်ရပ်တို့သည် ပြည်သူတို့၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပ