Posts

Showing posts from May, 2012

Multi Culture on Tech Seminar

Image
Multi Culture on Tech seminar ကို မေလ ၂၆ ရက်နေ့၂၀၁၂ ခုနှစ် မှာကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပမယ့်နေရာကတော့ Myanmar Info-Tech room 205 မှာဖြစ်ပြီး All day open seminar ဖြစ်ပါတယ်။ မူလရည်ရွယ်ထားတာတော့ Park Royal Hotel မှာဖြစ်ပေမယ့် ဈေးနှုန်းများ ၃ ဆမကမြင့်တက်သွားတဲ့အတွက် နေရာ ပြောင်းလဲကျင်းပတာဖြစ်ပါတယ်။ ပြည်တွင်း အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခုလို နည်းပညာဆိုင်ရာ အသိပညာ ဆိုင်ရာ မျှဝေတဲ့ ဟောပြောပွဲတွေ အလုပ်ရုံဆွေးနွေးပွဲတွေလို အပြန်အလှန် ဆွေးနွေးတာတွေကို အစဉ်တစိုက်ပြုလုပ်သွားဖို့လိုအပ်ပါတယ်။ နည်းပညာ ကဏ္ဍဖွံ့ဖြိုး တိုး တက်စေဖို့အတွက် ပြပွဲတွေ ဈေးရောင်းပွဲတွေ ကို ပြုလုပ်နေကြသလို ပွင့်ပွင့်လင်းလင်း တိုက်တွန်းရရင် လုပ်ငန်းရှင်တွေအနေနဲ့ အခုလို ဟောပြောပွဲတွေ သင်တန်းတွေ အလုပ်ရုံဆွေးနွေးပွဲတွေကျင်းပတဲ့အခါ မှာလဲ ၀ိုင်းဝန်း ပံ့ ပိုး ပေးကြဖို့လိုအပ်ပါတယ်။ ယခုဟောပြောပွဲရဲ့အဓိက ရည်ရွယ်ချက်ထဲမှာ မြန်မာပြည်တွင်းမှာ အမှန်တကယ်အသုံးဝင်မယ့် နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ၊ နည်းပညာဆိုင်ရာ လုံခြုံ ရေးအပြင်ကိုယ့်ရဲ့တီထွင်ဖန်တီးမှုများတွက်ရော စီပွားရေးဆိုင်ရာများအတွက် ဥပဒေဆိုင်ရာ ကာကွယ်မှုလို

e-government ကောင်းကျိုးနဲ့ဆိုးကျိုး

e-Government ကောင်းကျိုးများ အချိန်တို လျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းကတော့ အခြေခံ အကျဆုံးသော ကောင်းကျိုး တစ်ခု ဖြစ်ပါတယ်။  တကယ်တော့ ဒါဟာအစိုးရနဲ့ ပြည်သူ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေပါတယ်။ ပြည်သူ့အတွက် အစိုးရဖြစ်တာကြောင့် အစိုးရအတွက် ပြည်သူဆိုတာလဲ လိုအပ်ပါတယ်။ ဒါကြောင့် လူထု အဆင်ပြေ ချောမွေ့နေစေရေး လုပ်ငန်းဆောင်တာများဟာ ကောင်းကျိုး ဖြစ်ထွန်းမှုကို ဦးတည်ပါတယ်။ အစိုးရရဲ့ နေ့စဉ် ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာများကို e-Government ကဏ္ဍမျိုးစုံကနေ တစ်ဆင့် ချိတ်ဆက် ဆောင်ရွက်နေတဲ့ လူထုကြီးကို တိုက်ရိုက်နဲ့ မြန်မြန်ချထား အသိပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုပွင့်လင်းတဲ့ ဆက်ဆံရေးဟာ လူထုနဲ့အစိုးရကြားမှာ ကြီးမားတဲ့ ယုံကြည်မှုကို ဖြစ်ထွန်းစေပါတယ်။ ဒီအပြင်လည်း ဒီလိုဆောင်ရွက်မှုကြောင့် ကမ္ဘာနဲ့ချီတဲ့ အစိုးရသတင်းအချက်အလက် ဖြန့်ဝေရာ ဌာနကြီးအဖြစ်လည်း ဖြစ်နေမှာဖြစ်သလို မိမိတို့အစိုးရ ဘာတွေလုပ်တယ် ဆိုတာကို နေရာစုံကနေ အချိန်မရွေး သိရှိနေနိုင်ပြီး ကမ္ဘာအနှံ့က မိမိတို့ နိုင်ငံသားတွေရဲ့ လုပ်ငန်း ဆောင်တာတွေကို အစိုးရက ထိန်းချုပ်ကိုင်တွယ် ဆောင်ရွက်နေခွင့်လည်း ရရှိနေမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ နိုင်ငံရေး ပေါ်လစီမ