Posts

Showing posts from April, 2012

MIDO

Image
ကျွန်တော်တို့ရဲ့ မြန်မာ့အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Myanmar ICT Developing Organization-MIDO) အဖွဲ့ကို စတင်ဖွဲ့စည်းတဲ့အနေနဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ဧပြီလ ၂၉ ရက်နေ့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာ စာနယ်ဇင်းတွေနဲ့လဲမိတ်ဆက်၊ ပူးပေါင်းပါဝင်လိုသူများနဲ့လဲ မိတ်ဆက်တဲ့ အနေနဲ့ပွဲတစ်ခုကျင်းပခဲ့တယ်။ အသေးစိတ်ကို www.myanmarido.org  မှာကြည့်နိုင်ပါတယ်။ ကျွန်တော်တိုရည်ရွယ်ချက်က နိုင်ငံတော်ဖွံ့ဖြိုးဖို့ တည်ဆောက်ရာမှာ  အိုင်စီတီ အခန်းကဏ္ဍ ပိုမိုပွင့်လင်း ဖွံ့ဖြိုးရေးအတွက်ပါဘဲ။

ဖိတ်စာ(၂)

Image
ဖိတ်ထားတဲ့နေ့တွေမှာ အဲဒီနေရာတွေမှာရှိပါမယ်။

ဖိတ်စာ(၁)

မြန်မာနိုင်ငံ တစ်ဝန်းရှိ လူများအားလုံးအတွက် အင်တာနက်၏ အခန်းကဏ္ဍကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်နိုင်ရန် Internet Society Myanmar Chapter ကို ဖွဲ့စည်းမည် ဖြစ်ပါသဖြင့် Chapter ၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း တက်ရောက် ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ကျင်းပမည့်နေရာ – မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း ကျင်းပမည့်နေ့ရက် – ၂၀၁၂ခုနှစ် ဧပြီလ ၂၇ ရက် ကျင်းပမည့်အချိန် – နံနက် ၁၀း၃၀နာရီ Internet Society Myanmar Chapter (ဖြစ်မြောက်ရေးအဖွဲ့) R.S.V.P. ဖုန်း ၀၁-၆၅၂၂၇၆

Happy Myanmar New Year

အားလုံးသော မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း၊ ကမ္ဘာပေါ်မှရှိကြတဲ့ သက်ရှိအပေါင်း၊ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနှင့် မိဘဆွေမျိုးညီအကိုမောင်နှမများအားလုံး အားလုံး မြန်မာ နှစ်သစ်ကူးအခါသမယ သင်္ကြန်ချိန်ခါမှာ အောင်မြင်မှုများရရှိပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတ ယ်။ နှစ်သစ်မှာရွှင်လမ်းချမ်းမြေ့ကြပါစေ။

လျှပ်စစ်ကား (၆)

စိတ်ချယုံကြည်ရခြင်းအချက်များ စိတ်ချယုံကြည်ရခြင်းကိုကြည့်မည်ဆိုလျှင် ဘတ္ထရီလျှပ်စစ်ယာဉ်များဟာ နိုင်ငံတကာအဆင့်မီ ISO-6469 ဖြစ်ပါ တယ်။ ၄င်းစိတ်ချရမှုကို အချက်၃ ချက်ဖြင့် ဖော်ပြထားတာက -    စွမ်းရည်သိမ်းဆည်းမှု မြင့်မားခြင်း ( ဥပမာ- ဘတ္ထရီ ) -    ယုံကြည်စိတ်ချနိုင်ရန်အတွက် Function များကောင်းမွန်ခြင်းနှင့် အမှားအယွင်းများမှ ကာကွယ်ခြင်း -    လူများကိုလည်း လျှပ်စစ်အန္တရာယ် မဖြစ်စေခြင်းတို့ပဲဖြစ်ပါတယ်။ လျှပ်စစ်ကားများ၏ အတွင်းပိုင်းတွင်ရှိသော ဓါတုပစ္စည်းများ မထင်မှတ်ပဲရောယှက် သွားခြင်းနှင့်vottageမြင့်မားခြင်းက အန္တရာယ်ပေးနိုင်ပါတယ်။ တခါတရံမှာ ပုံမှန်မဟုတ်သော ပြဿနာများကြောင့် မတော်တဆမှုဖြစ်တတ်ပါတယ်။ မီးလောင် ကျွမ်းစေနိုင်သော လောင်စာများတင်ထားသည့် ဓါတ်ဆီ၊ဒီဇယ်ယာဉ်များထက် အန္တရာယ်ပိုသည်ဖြစ်စေ နည်းသည်ဖြစ်စေဘယ်မှာ မှမရနိုင်သော အကျိုးကျေးဇူးများကို လျှပ်စစ်ကားများမှ ရရှိစေနိုင်ပါတယ်။ ယာဉ်လုံခြုံစိတ်ချရမှု လျှပ်စစ်ယာဉ်များကို အစီစဉ်စနစ်တကျဖြစ်လာရန်နှင့် ကြာရှည်ခံရန်အလို့ငှာ ထုထည်ကြီးမားမှုကို ထိန်းသိမ်းရန် မှာများစွာကြိုးပမ်းအားထုတ်ရမှာဖြစ်ပါတယ်။ ထိုသို့ကြိုးပမ်းအားထုတ်နေသော်လည်း ဓါတ်ဆီယာဉ်များ၏ အတွင်