Posts

Showing posts from January, 2012

အကြိုက်ဆုံးအင်တာဗျုးတခု

မြန်မာ ဘလောဂါ အသိုက်အ၀န်း၌ နာမည် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ပထမဆုံးထိမ်းသိမ်းခံခဲ့ရသည့် ဘလောဂါတစ်ဦး ဖြစ်ခဲ့သူ၊ အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သောဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူးသူ၊ ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100 စာရင်းတွင် ပါဝင်ခဲ့သူ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခဲ့ခြင်းအား ဖော်ပြအပ်ပါသည်။ ‘လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး’ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း မေး – ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ဘလောဂါ ပထမမျိုးဆက်တွေထဲမှာ ကိုနေဘုန်းလတ်လည်း တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် ‘ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်’ ဘလော့ကြောင့် ပိုထင်ရှားခဲ့ပြီး ကိုနေဘုန်းလတ်ကိုလည်း မြို့စားကြီးလို့ အွန်လိုင်းသုံးသူတွေက ခေါ်ခဲ့ကြပါတယ်။ အခုတော့ မြို့စားကြီး ပြန်လွတ်လာပါပြီ။ ၂၀၀၈ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့မှ

Free NPL

Image
Today is the big day! My friend Nay Phone Latt was release from prison now. He is the one famous Myanmar blogger, arrested since early 2008. And also many famous political prisoners were release today. Included 88 generation student leader Ko Min Ko Naing and former General Khin Nyunt. I was so happy. So thank to Mr, President U Thein Sein. I really trust he can change.

လျှပ်စစ်ကား (၄)

လျှပ်စစ်နှင့်လောင်စာအားပြိုင်မှု Tesla Roadster ပြိုင်ကားများရဲ့ ကားဘီးကို ပလပ်ထိုးအသုံးပြုခြင်းသည် 280 W-h/mi ဖြစ်ပါတယ်။ မြောက် Californina ၏မြို့တွင်းရှိ PG8G လျှပ်စစ်ကုမ္ပဏီက လျှပ်စစ်ကားများကို ပြည်လည်လောင်စာ ဖြည့်ခြင်းနှင့် ၀ယ်ယူသုံးစွဲသူများက E9 နှုန်းသည် . . . ဖြစ်တယ်လို့ဆိုပါတယ်။ ၄င်းအချက်၂ ချက်ကိုပေါင်းစည်းခြင်းဖြင့် Tesla Roadstar ၏တစ်ရက်အတွက်မိုင်၄၀ ကို လျှပ်စစ်အား 11.2 kwh ဖြည့်တင်းရမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ အားဖြည့်အကြိမ်ပေါ်မူတည်ပြီး US$0.56 မှ US$3.18 အတွင်းဖြစ်ပါတယ်။ အတွင်းပိုင်းလောင်ကျွမ်းယာဉ်များကို နှိုင်းယှဉ် ကြည့်ရာ ၄၀မိုင်အတွက် တွက်ချက်ရာမှာ 1US ဂါလံကို ၂၅ မိုင် စုစုပေါင်း US$4.80ကုန်ကျမည်ဖြစ်ပါတယ်။ Tesla Roadster လျှပ်စစ်ကားက 100km အတွက် 17.4 kw-hသုံးရာ၌ မူလလျှပ်စစ်ယာဉ်က 100 km အတွက် 11 kwh အသုံး ပြုခဲ့ပါတယ်။ စီတန်းပြီးရောက်ရှိလာမည့်ကိစ္စရပ်များ တခါတရံမှာ လျှပ်စစ်ကားများဟာ လောင်စာသုံးကားများထက် အစီအစဉ်ကျနမှုပို၍ နည်းပါးပါတယ်။ လျှပ်စစ် ကားများဟာ စွမ်းအင်ပြန်လည်ဖြည့်ချိန်ကြာမြင့်ပါတယ်။ လျှပ်စစ်ကားများဟာ မြို့တွင်းခရီးထွက်ခြင်းနှင့် အခြားခရီးတို များအတွက် သင့်ေ