Posts

Showing posts from June, 2011

understanding to e-gov part-1

အမှန်ကတော့ ကျွန်တော် ဒီအကြောင်းကို ဂျုလိုင် ၁ ရက်နေ့ကျရင် Park Royal မှာလုပ်မယ့် workshop မှာ ပြောမလို့ပါ။ နောက်တော့ စိတ်ဝင်စားလာတာနဲ့လက်စမသတ်နိုင်တော့တာ တကြောင်း ၊ ဓိထက်ပိုပြီး ထဲထဲဝင်ဝင် သိချင်လာတာဖြစ်တာတကြောင်း၊ တခြား speaker တွေကိုနေရာပေးချင်တာတကြောင်း စတဲ့အကြောင်းကြောင်းကြောင့် ခုတလော နေပြည်တော်မှာ e-government နဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို ပြန်စတော့မယ်ဆိုတာကို သိရတာနဲ့ သတင်းအချက်အလက် အမြန်အဆန်စီးဆင်းစေချင်တဲ့ဆန္ဒနဲ့ Internet Journal မှာဖော်ပြပေးဖို့ ကိုသောင်းစုငြိမ်းကို စာပို့ ပေးပြီး editor တွေတည်းဖြတ်ပေးနိုင်ဖို့ ပို့ပေးဖြစ်ခဲ့ပါတယ်။ လက်ရှိတော့ ပို့ထားတဲ့အထဲက အစိတ်အပိုင်းတခုကို အွန်လိုင်းမှာတင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတွေလဲ ဆက်ရေးဖို့ ကြိုးစားနေပါတယ်။ e-government အကြောင်းတစေ့တစောင်း E-government ဆိုတဲ့ အသုံးအနှုန်းကို အင်တာနက်သို့မဟုတ် world wide web မှတဆင့် အများပြည်သူတွေ အတွက် အစိုးရရဲ့သတင်းအချက်အလက်နဲ့ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ပေးတယ်လို့အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ တကယ်တော့ E-government သိုမဟုတ် electronic government ဆိုတဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူလူထု အတွက် အစိုးရနဲ့ သ

ရည်မှန်းချက်နဲ့တစိတ်တပိုင်း

ကျွန်တော်အခုရက်ပိုင်းမှာ လုပ်ဖော်ကိုင်ဖက်တဦးနဲ့ လုပ်ငန်းဦးတည်ချက် အကြောင်းပြောခဲ့ရရင်းဒီစာကိုကျွန်တော် လေ့လာမိသလောက်နဲ့ရေးဖြစ်ပါတယ်။ ဦးတည်ချက်(Direction) ဆိုတာအဲဒီလမ်းကြောင်းပေါ်က ရည်မှန်းချက်လဲဖြစ်ပါတယ်။ ဒါပေမယ့်မျှော်လင့်ချက် မဟုတ်ပါဘူး၊ ရည်မှန်းချက်ဟာ Vision သာဖြစ်ပါတယ်။ Trend ဆိုတာကတော့လုပ်ငန်းပုံစံ တနည်းအားဖြင့် style ဖြစ်ပါတယ်။ စကားလုံးတွေဟာတူမလိုနဲ့မတူပါဘူး။ တိကျတဲ့အကျိုးသတ်ရောက်တဲ့ အဓိပ္ပါယ်တွေရှိပါတယ်။ ရလဒ် ကျွန်တော့်အနေနဲ့ကျွန်တော်ခံယူထားတဲ့လမ်းကြောင်းပုံစံက စီမံခန့်ခွဲမှု ပုံစံ တခုဟာချမှတ်ထားတဲ့ အတိုင်းအကောင်အထည်ဖော်နိုင်မှသာလျှင်အောင်မြင်တဲ့အနေအထားကိုတက်လှမ်းသွားနိုင် မယ်ဆိုတဲ့အ ချက်ဖြစ်ပါတယ်။ ဒီကနေ့ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာ အဓိကအားဖြင့် အပျော့ ထည်လို့ပြောတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ၀န်ဆောင်မှုဆိုတဲ့အခန်းကဏ္ဍဟာ ထိပ်တန်းနေရာမှာ ရှိလာပါတယ်။ လုပ်ငန်း တခုရဲ့ရည်မှန်းချက်မှာ ပြီးချင်တဲ့အချိန်မှ ပြီးသွားပါစေဆိုတဲ့ အနေအထားဟာ ခေတ်မမှီတော့ပါဘူး။ ရည်မှန်းချက် အတိုင်းသတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့အရည်အသွေးအတိုင်းပြီးမြောက်မှုရှိဖို့လိုအပ်ပါတယ်။ အဲဒါကို ရလဒ် လို့ေ