Posts

Showing posts from February, 2011

ရေမလိုက်ငါးမလိုက်

သောက်လေသောက်လေ ငတ်မပြေတာမနေ့ကမှစခဲ့တာမဟုတ်ဘူး မိုးခါးရေတွေတောင် မိုးခေါင်ရေရှားလို့ အငွေ့ပျံတော့မယ် သူလိုကိုယ်လိုကြားထဲက ပုဆိုးခြုံထဲ လက်သီးမပြချင်တော့။ နံငယ်ပိုင်းနဲ့ လန်ချားဆွဲ သီးစုံကုလားဟင်းရောင်းတဲ့ ပုဏ္ဍားဘကွန်း စီးပွားရေးမှာ ရေခဲရေသည်တောင် risk ရှိတယ်တဲ့ အောင်မြင်မှုအပေါင်းသရဖူဆောင်းဖို့ အပြုံးတုတွေဆင်မြန်းတတ်ရတယ်၊ ဟုတ်လဲဟုတ် မဟုတ်လဲဟုတ် ဟုတ်ကဲ့နဲ့ ကျေးဇူးတင်ပါတယ် ဖောဖောသီသီသုံး ထမင်းတလုပ်ကို ၅ထောင်တန်နဲ့မြောက်စား ပိုက်ဆံထုတ်တွေ တသီကြီးရောက်သွားမယ်တဲ့။ သက်ကြီးစကားသက်ငယ် မကြားနိုင်ဘူး လှိုင်းလွန်ကြိမ်နှုန်းတွေနဲ့ထုတ်လွှတ်တဲ့ ဒီခေတ်မှာ ဖန်ခွက်တခွက်ကို အသံတိတ်ခွဲပြနိုင်ခဲ့။ အက်ဒီဆင်ရဲ့ရှာဖွေတွေ့ရှိမှုအတွက် ကိုလံဘတ်ရဲ့ရှာဖွေတွေ့ရှိမှုအတွက် အလတ်ဇန်းနားဖလန်းမင်းရဲ့ရှာဖွေတွေ့ရှိမှုအတွက် ဘုရားသခင်မှာ မူပိုင်ခွင့်ရှိသလား။ IP knowledge အတွက် ရှေ့နေကောင်းကောင်း ငှားထားဖို့ဘဲလိုတဲ့ခေတ် စာရွက်တွေပေါ်မှာ မင်တချက်စွန်းမသွားတာတောင် ဒေါ်လာသန်းချီပြီး အရှုံးအမြတ် ထွက်သွားမယ့်ခေတ် Ddos တိုက်ခံရဖို့ ဘာမှ ကာကွယ်ထားနိုင်စွမ်းမရှိအောင် ဟာလာဟင်းလင်းနဲ့ခေတ် anonymous po