Barcamp Yangon 2011 2nd press release
Barcamp Yagon 2011
The 2nd Press release
လေးစားအပ်ပါသော စာနယ်ဇင်းဆရာများနှင့် လူကြီးမင်းများခင်ဗျား
မြန်မာကွန်ပျုတာပညာရှင်များအသင်း(MCPA) မှကြီးမှုးကျင်းပပြီး နည်းပညာအသိုင်းအ၀ိုင်းမှ လူငယ်များ ပူးပေါင်းပါဝင်သည့် ဒုတိယအကြိမ်မြောက် Barcamp Yangon အား Barcamp Yangon 2011 အမည်ဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်မည် ဖြစ် ပါသည်။
Barcamp ဆိုသည်မှာ နည်းပညာတခုတည်းတွင်မဟုတ်ဘဲ ပညာရေးနှင့် အသိပညာတိုးတက်ပြန့်ပွားရေးအတွက် လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်သော ပွဲတခုဖြစ်ပါသည်။ ထို့ကြောင့် Barcamp များကို ကမ္ဘာ့မြို့ကြီးများတွင် နှစ်စဉ် နှစ် တိုင်း ကျင်ပပြုလုပ်လာခဲ့ကြပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ခုနှစ်ဇန်န၀ါရီလအတွင်း ပထမဦးဆုံးအကြိမ် အောင် မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
ယခုဒုတိယအကြိမ်မြောက် Barcamp Yangon အတွက် ပြီးစီးခဲ့သည့် Barcamp Yangon နှင့်မတူ ထူးခြားစွာ မည်သို့စီစဉ်ထားရှိသည်များနှင့် ပူးပေါင်းပါဝင် ကူညီသူများအားမိတ်ဆက်ရှင်းလင်းပြောကြားပေးနိုင်ရန်အတွက် လည်းကောင်း၊ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်များ ရည်မှန်းချက်များအား ကျင်းပရန်စီစဉ်သည့် တာဝန်ရှိသူများမှ Media လူကြီးမင်းများအားအများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် အသိပေးရှင်းလင်းပြောကြားလိုပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ချီးမြင့်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့် နေရာ – မြန်မာအင်ဖိုတက် အဆောက်အဦး၊ အခန်းအမှတ် ၂၀၅
ကျင်းပမည့် အချိန် – နံနက် ၁၀ နာရီမှ ၁၂ နာရီ
ကျင်းပမည့် နေ့ရက် – ၁၊ဖေဖော်ဝါရီ၊၂၀၁၁
လေးစားစွာဖြင့်
Barcamp Yangon 2011 ကျင်းပရေးကော်မတီ

Comments