Barcamp 2011 update
Barcamp Yangon 2011 ရဲ့ အနီးကပ် အစည်းဝေးပွဲတွေကို ပွဲဖြစ်မြောက်ရေး အော်ဂနိုက်ဇာများက စုစည်းပြီး မကြာမကြာ ကျင်းပဖြစ်ပါတယ်။ နောက်ဆုံးအချက်အလက်များအရ Barcamp Yangon 2011 ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ တရပ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့လောက်မှာကျင်းပဖြစ်နိုင်မှာဖြစ်ပါတယ်။ ဘားကမ့် ရန်ကုန်အတွက် ထောက်ပံ့ကူညီမှု sponsor ပိတ်ရက်က ဇန်န၀ါရီ ၃၁ ရက်နေ့ညနေ ၅ နာရီဖြစ်ပါတယ်။
ဒီတခေါက် စာနယ်ဇင်းရှင်းလင်းပွဲမှာ ဘားကမ့် ရန်ကုန်ရဲ့ စီစဉ်ထားရှိမှုတွေကို အသေးစိတ်ပြောကြားနိုင်တော့မှာ ပါ။ ထောက်ပံ့ကူညီသူ စပွန်ဆာများအကြောင်း၊ ဘားကမ့်ပွဲအတွင်း တက် ရောက် လာသူများအား ပေးအပ်မယ့် လက်ဆောင်ပစ္စည်းများ။ အွန်လိုင်းကနေပြီး register လုပ်ရမယ့် အကြောင်းတွေနဲ့ ပွဲအတွင်း စီစဉ်ထားရှိတဲ့ wireless နှင့် အခြား နည်းပညာဆိုင်ရာ အချက် အလက် တွေကို တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။
စီစဉ်ထားတဲ့ အနေအထားအရတော့ ရန်ကုန်မှာရှိတဲ့ ပုံနှိပ်မီဒီယာများအပြင် အသံလွှင့်ဌာနတွေဖြစ်တဲ့ FM လိုင်းတွေကိုပါ ဖိတ်ကြားသွားမှာ ဖြစ်ပြီး နောက်တချက်ထူးခြားတာကတော့ အွန်လိုင်း မှာ ရေးသားကြတဲ့ web site ပိုင်ရှင်တွေ Blogger တွေကိုလဲ ဖိတ်ကြားသွားမှာ ပါ။
အဲဒီတင်ဆက်မှုတွေက စိတ်ဝင်စားဖွယ် အခြေအနေတွေနဲ့ ဘားကမ့်ရန်ကုန် ၂၀၁၁ ကို ပူးပေါင်း အားဖြည့် ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

Comments