Posts

Showing posts from January, 2011

Barcamp Yangon 2011 2nd press release

Barcamp Yagon 2011 The 2nd Press release လေးစားအပ်ပါသော စာနယ်ဇင်းဆရာများနှင့် လူကြီးမင်းများခင်ဗျား မြန်မာကွန်ပျုတာပညာရှင်များအသင်း(MCPA) မှကြီးမှုးကျင်းပပြီး နည်းပညာအသိုင်းအ၀ိုင်းမှ လူငယ်များ ပူးပေါင်းပါဝင်သည့် ဒုတိယအကြိမ်မြောက် Barcamp Yangon အား Barcamp Yangon 2011 အမည်ဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်မည် ဖြစ် ပါသည်။ Barcamp ဆိုသည်မှာ နည်းပညာတခုတည်းတွင်မဟုတ်ဘဲ ပညာရေးနှင့် အသိပညာတိုးတက်ပြန့်ပွားရေးအတွက် လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်သော ပွဲတခုဖြစ်ပါသည်။ ထို့ကြောင့် Barcamp များကို ကမ္ဘာ့မြို့ကြီးများတွင် နှစ်စဉ် နှစ် တိုင်း ကျင်ပပြုလုပ်လာခဲ့ကြပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ခုနှစ်ဇန်န၀ါရီလအတွင်း ပထမဦးဆုံးအကြိမ် အောင် မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ယခုဒုတိယအကြိမ်မြောက် Barcamp Yangon အတွက် ပြီးစီးခဲ့သည့် Barcamp Yangon နှင့်မတူ ထူးခြားစွာ မည်သို့စီစဉ်ထားရှိသည်များနှင့် ပူးပေါင်းပါဝင် ကူညီသူများအားမိတ်ဆက်ရှင်းလင်းပြောကြားပေးနိုင်ရန်အတွက် လည်းကောင်း၊ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်များ ရည်မှန်းချက်များအား ကျင်းပရန်စီစဉ်သည့် တာဝန်ရှိသူများမှ Media လူကြီးမင်း

သူလိုကိုယ်လိုည

တကယ်က သူလိုကိုယ်လိုညပါဘဲ နှုတ်ခမ်းတွေနဲ့အထိမ်းအမှတ်လုပ်ခဲ့တယ် အချစ်မပါတဲ့ မေတ္တာသတ်သတ် နဲ့ ဆွေးဆွေးလေးနဲ့ရီဝေေ၀ မျက်ဝန်းတစုံကိုစွဲလမ်း မှောင်နေတဲ့ အထဲမှာမိုက် သူရယ်ကိုယ်ရယ်စီးခြားတဲ့ ညမှာတော့ ငါ့လှေလဲငါမထိုးဖြစ်ခဲ့ ငါ့မြင်းလဲငါမစိုင်းဖြစ်ခဲ့တော့ ဒါပေမယ့် အဲဒီနှုတ်ခမ်းပါးပါးပေါ်ကိုလွင့်ပျံ့ ခိုးကြည့်နေ့တွေနဲ့ယဉ်ပါး တကယ်က သူလိုကိုယ်လိုညထဲမှာဘဲ။

သမိုင်းထဲကဘားကမ့်၊ဘားကမ့်ထဲကသမိုင်း

Image
ခေါင်းစဉ်ကို ဒီလိုရေးလိုက်တာ ဆရာမြသန်းတင့်ရဲ့ သမိုင်းထဲက မန္တလေးကို လိုက်တုသလိုဖြစ်သွားပါတယ်။ တကယ်က ပြောစရာတွေဖြစ်လို့ပြောရတော့တာပါ။ ယနေ့ခေတ်မှာ မီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ရလောက်အောင်ကို စွမ်းဆောင်ရည်က အဖက်ဖက်ကတိုးတက်လာသလို ပြည်သူလူထုရဲ့ နားနဲ့မျက်စေ့ တွေအဖြစ် နိုင်းယှဉ်နိုင်တဲ့အနေအထားဖြစ်လာပါတယ်။ ကျွန်တော် ပြောလိုတာက ကျွန်တော်တို့ ဘားကမ့်ရန်ကုန် Barcamp Yangon 2011 အတွက် စာနယ်ဇင်းဆရာများရဲ့ ဘားကမ့်အပေါ်မှာ လူထုစိတ်ဝင်စားလာအောင် အားစိုက်ပေးကြတဲ့ အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ဆိုတာကိုပြောချင်ပါတယ်။ ဒီလို အချက်အလက်တွေကို အများပြည်သူသိရှိစေဖို့အားထုတ်တဲ့နေရာမှာ စေတနာ အမှားအယွင်းလေးတွေလဲရှိတတ်ပါတယ်။ အဲဒီအထဲက အချက်အလက်အချို့ကိုကောက်နှုတ်တင်ပြလိုပေမယ့် ထပြောလောက်အောင်မှားယွင်းမှုမျိုးကြီးကြီးမားမားမရှိသေးတဲ့အတွက် ကျွန်တော်တို့ ဘားကမ့်ဖြစ်မြောက်ရေးမှာပါဝင်သူတွေအနေနဲ့ စာနယ်ဇင်း ဆရာများနဲ့ အွန်လိုင်းမှတင်ပြပေးကြသူတွေအတွက် စိတ်အနှောက်အယှက် ဖြစ်စေနိုင်မယ့် အခြေအနေကိုရောက်သွားမှာ ဆိုးတဲ့အတွက်ရော ဒီအတိုင်း ပိုနေမြဲကျားနေမြဲ နေခဲ့ကြပါတယ်။ သမိုင်း၊ သမိုင်းဆိုတာ ရာဇ၀င်မဟုတ်ပါဘူး၊ ပုံပြ

Barcamp 2011 update

Barcamp Yangon 2011 ရဲ့ အနီးကပ် အစည်းဝေးပွဲတွေကို ပွဲဖြစ်မြောက်ရေး အော်ဂနိုက်ဇာများက စုစည်းပြီး မကြာမကြာ ကျင်းပဖြစ်ပါတယ်။ နောက်ဆုံးအချက်အလက်များအရ Barcamp Yangon 2011 ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ တရပ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့လောက်မှာကျင်းပဖြစ်နိုင်မှာဖြစ်ပါတယ်။ ဘားကမ့် ရန်ကုန်အတွက် ထောက်ပံ့ကူညီမှု sponsor ပိတ်ရက်က ဇန်န၀ါရီ ၃၁ ရက်နေ့ညနေ ၅ နာရီဖြစ်ပါတယ်။ ဒီတခေါက် စာနယ်ဇင်းရှင်းလင်းပွဲမှာ ဘားကမ့် ရန်ကုန်ရဲ့ စီစဉ်ထားရှိမှုတွေကို အသေးစိတ်ပြောကြားနိုင်တော့မှာ ပါ။ ထောက်ပံ့ကူညီသူ စပွန်ဆာများအကြောင်း၊ ဘားကမ့်ပွဲအတွင်း တက် ရောက် လာသူများအား ပေးအပ်မယ့် လက်ဆောင်ပစ္စည်းများ။ အွန်လိုင်းကနေပြီး register လုပ်ရမယ့် အကြောင်းတွေနဲ့ ပွဲအတွင်း စီစဉ်ထားရှိတဲ့ wireless နှင့် အခြား နည်းပညာဆိုင်ရာ အချက် အလက် တွေကို တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။ စီစဉ်ထားတဲ့ အနေအထားအရတော့ ရန်ကုန်မှာရှိတဲ့ ပုံနှိပ်မီဒီယာများအပြင် အသံလွှင့်ဌာနတွေဖြစ်တဲ့ FM လိုင်းတွေကိုပါ ဖိတ်ကြားသွားမှာ ဖြစ်ပြီး နောက်တချက်ထူးခြားတာကတော့ အွန်လိုင်း မှာ ရေးသားကြတဲ့ web site ပိုင်ရှင်တွေ Blogger တွေကိုလဲ ဖိတ်ကြားသွားမှာ ပါ။ အဲဒီတင်ဆက်မ

ဖယောင်းတိုင်တိုတစ်ချောင်း

အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းကျယ်တခုမှာ ဖယောင်းတိုင်တိုတစ်ချောင်းက ကြပ်ခိုးတွေသိုင်းချုံရင်း လဲလျောင်းအိပ်စက်နေတယ်။ တချိန်က သူ့စွမ်းအားတွေက ဘေးတဖက်တချက်စီမှာ အေးခဲကပ်တွယ်။ မှောင်မဲနေပြီး ဒီအမှိုက်တွေကြားထဲမှာ ကြာရှည်စွာလဲလျောင်းနေရတဲ့ ဖယောင်းတိုင်တိုကတော့ တချိန်မှာ ပြန်ပြီးထွန်းလင်းနိုးအချိန်တွေစောင့်စား တဖြည်းဖြည်းနဲ့ ပါးပါးသွားတော့မလား။ ကြာတော့ကြာခဲ့ပြီ ကြာလဲကြာနေပြီ တနေ့မှာတော့ လူတယောက်က အဲဒီအခန်းထဲဝင်လာတယ်။ အမှောင်ထုရဲ့ ရိုက်ပုတ်မှုက သူ့အမြင်ကိုေ၀၀ါးစေတယ်။ ဒါနဲ့သူက အလင်းရောင်တခုကို ဖန်တီးခဲ့ ချင်တယ်။ သူ့မှာ ပါလာတဲ့ မီးခြစ်နဲ့ အခန်းထဲမှာ အလင်းရောင်ရရှိဖို့ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ကြာရှည်မခံဘူး။ အဲဒီအချိန်မှာ သူတစုံတခုကို တက်နင်းမိလို့ အောက်ကိုငုံ့ကြည့်မိတယ်။ ဖယောင်းတိုင် တို တစ်ချောင်းကိုတွေ့သွားတယ်။ မျှော်လင့်ချက်မီးတပွင့်ကို ဒီဖယောင်းတိုင်တိုပေါ်မှာ ကူးညှိလိုက်တယ်။ အလင်းရောင်နောက်ကို သူလိုက်ရင်း သူလိုချင်တာကိုရှာတွေ့သွားခဲ့တယ်။ ပြီးတော့ သူ့ဖယောင်းတိုင်တိုလေးကို မီးငြှိမ်းပြီး ပြန်ပစ်ချထားခဲ့တယ်။ ဖယောင်းတိုလေးကတော့ အရင်အတိုင်းဆက်လက်လှဲလျောင်းရင်း နောက်တခ

MBS 5 anniversary

Image