Posts

Showing posts from November, 2010

တော်လောက်ပါပြီ

မြန်မာမှုပြုတယ် ရှေးကတည်းက ယိုးဒယားရာမ ကစပြီး ပတ်ပျိုးယိုးဒယားဆုံးလို့ မြန်မာမှုပြုလိုက်တဲ့ ယဉ်ကျေးမှုက ရှိခဲ့တယ်။ သူတပါးရဲ့တီထွင်ဖန်တီးမှုကိုကူးယူတယ်ဆိုတာ ရည်ရွယ်ချက်အမျိုးမျိုးလဲရှိတယ်။ ကောင်း ကျိုးဆိုးကျိုးအမျိုးမျိုးဒွေးရောယှက်တင်လို့။ မြန်မာမှုပြုတယ်ဆိုတာ ယဉ်ယဉ်ကျေးကျေးပြောတာ၊ အတုခိုးတယ် ဆိုလဲ နဲနဲ ကောင်းတယ်၊ တကယ်က ခိုးချတာ။ ရှေးတုန်းက လူ့သမိုင်းမှာ နည်းပညာ တွေ ကောင်းကောင်းမတိုးတက်သေးတော့ အတုယူတယ် အတုခိုးတယ်ဆိုတာ မိမိ ဒေသနဲ့ကိုက်ညီမယ့် အနေအထားကို ရောက်အောင် ပေါင်းစပ်ပြီး တင်ပြချင်လို့ လက်ဆင့်ကမ်းချင်လို့ အနုပညာ ပိုင်း မှာ အတတ်ပညာပိုင်းမှာ မြန်မာ့အယူအဆတွေနဲ့ပေါ်လွင်လာဖို့ တိုင်းတပါးက ယဉ်ကျေးမှု အနုပညာနဲ့ ဖန်တီးမှုတွေကို ဆင့်ကမ်းတင်ပြတယ်လို့မြင်တယ်။ သိပ္ပံမောင်ဝလို ခောတ်စမ်းစာပေ အရေး အသားတွေ၊ ရွေဥဒေါင်းရဲ့ ဦးစံရှားတွေဟာ လက်ဆင့်ကမ်းစေချင်ဖို့ မှီငြမ်းခဲ့တာလို့မြင်တယ်။ ဒါက မြန်မာမှုကို မြန်မာဆန်ဆန်ပြုတာ။ မကြည်အောင်နဲ့ချယ်ရီမြေ စစ်ကြိုခေတ်မတိုင်ခင်ကတည်းက မြန်မာ့သီချင်းလောကမှာ မကြည်အောင်တို့လိုသီချင်းသည်တွေက အနောက်တိုင်းဂီတ အလိုက်တွေကို ဆိုကြတယ်။ တော်တော်လေးလဲ ပြင်းပြင်းထန်ထန် ထိုးနှက် ခ