Posts

Showing posts from July, 2010

Pattaya

Image
The Three kings ကိုယ့် ပြည်တွင်းက ကမ်းခြေတွေအကုန်စုံအောင်မရောက်ဖူးပါဘူး။ ဒီတခါတော့ သူငယ်ချင်းတွေ အဲအေးရှားလက်မှတ် ဈေးကျတာနဲ့ စုပေါင်းစပ်ပေါင်းပြီး ပတ်တ္တရား ကမ်းခြေကို ရောက်ခဲ့ကြတယ်။ ရှိတဲ့ သူက များများစိုက် ပေါ့ ၊ အခြေအနေ အရ သိပ်တော့ နေရာများများမသွားနိုင်ပေမယ့် ပတ္တရား ကမ်းခြေ နဲ့ ခပ်လှမ်းလှမ်းက ကျွန်းတကျွန်းပေါ်ကို ရောက်ခဲ့တယ်။ အဲဒီကို သွားတော့မှဘဲ ပတ္တရား ဘယ် လောက် ကျယ်တယ် လှတယ်ဆိုတာ သိရတော့တယ်။ ကျွန်တော်တို့ သွားတဲ့ ကျွန်းက ခန့်မှန်းခြေ အရ ကမ်းမကြီးကနေ ၅ မိုင်ထက်မနဲတော့ဝေးတယ်။ အဲဒီကျွန်းကို သွားဖို့ အတွက် speed boat ကို အဖွဲ့လိုက်စီးလုံး ငှားစီးတာ အသွားအပြန် ဘတ် ၃၀၀၀ လောက်ကျတယ်။ မြန်မာငွေ ၁သိန်းနီးပါးဘဲ။ သူက ကျွန်တော်တို့ ရေကူးအနားယူဖို့ ၂ နာရီကျော်ကျော်လောက်စောင့်ပေးတယ်။ သွားရတဲ့ ခရီးက မကြာပေမယ့် ပထမဆုံး အမြန်သွားတဲ့ ဘုတ်ကို စီးရတော့ အတော်လေး ကသိကအောက်ဖြစ်တယ်။ အဓိက ကတော့ လှေဝမ်းများ ကွဲ သွားမလားဆိုတဲ့ စိုးရိမ်စိတ်ဘဲ။ လှိုင်းတွေက ကြီး လိုက် သေးလိုက်ဘဲ။ အပေါ်ကို မြောက်တက်သွားလိုက်ပြန်ကျလိုက်နဲ့ နောက်ကထိုင်စီးတဲ့ ကိုကျော်ကြီးနဲ့ ရွှေဖြိန်း တို့တော့ သင်္ကြန်မှာ လည်သလို ရေရွှဲသွာ

Geovolution

အသိပညာ ဆိုသည်က အရေးကြီးသည့် အနေအထားတွင် အမြဲတမ်းရှိခဲ့သည်ဆိုခြင်းကို ကမ္ဘာ့သမိုင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်းများအတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ တိုးတက်ပြောင်း လဲ နိုင်စွမ်း ရှိသော လူငယ်မျိုးဆက်သစ်များသည် အနာဂတ်ကမ္ဘာ အတွက် အရေးပါ လှတဲ့ အရင်းအမြစ်ဆိုခြင်းကို ဘယ်သူကမှ ငြင်းချက်ထုတ်မည်ဟု ကျွန်တော် ထင်ပါသည်။ လူတို့သည် လည်းကောင်း သဘာဝ ပတ်ဝန်း ကျင်သည်လည်းကောင်း သတ္တ၀ါတို့သည်လည်းကောင်း ဆင့်ကဲ တိုးတက်ပြောင်းလဲမှု ဖြင့် တဆင့်ထက်တဆင့်ကို တိုးတက်လာ ကြသည်သာဖြစ်ပါသည်။ လိုက်လျောညီထွေရှိသည့် အပြောင်းအလဲများကို ဖန်တီး နိုင် သော သက်ရှိတို့သည် ဒီကမ္ဘာလောကတွင် ဆက်လက်ရပ်တည်နေနိုင်သကဲ့သို့ မြင့်မားသော တိုးတက်ပြောင်းလဲမှုများကိုလဲ ဆောင်ကြဉ်းပေးနိုင်စွမ်းသော သူများဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့သည် မြောက်ဝံများ မဟုတ်ပါ။ ကျွန်တော်တို့သည် လူဟုခေါ်သော သတ္တ၀ါများသာဖြစ်ပါသည်။ ပေါ်ပေါက်လာသော အခွင့်အရေးနှင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို လိုက်လျောညီထွေ ပြုပြင်နေထိုင်နိုင်သော အဆင့်မြင့် အသိ ဥာဏ်ဖွံဖြိုးသည့် သတ္တ၀ါများဖြစ်ကြကြောင်း ကျွန်တော်တို့ သတ်မှတ် ထားကြသည်မဟုတ်ပါလော။ ပြောင်းလဲမှုတိုင်းတွင် အကျိုးသက်ရေ