Posts

Showing posts from February, 2010

ကြွေးဆုံးတဲ့ကောင်

ဆုံးပြီအဖေ၊ အခုတော့ အဖေဆုံးပြီ။ ကျွန်တော့်ဆပ်ရမယ့် အကြွေးတွေကို အဆုံးသတ်သွားတယ်။ အဖေ့ကိုကျွန်တော် ဘယ်တော့မှအကြွေးဆပ်လို့မရတော့ဘူး၊ သားမိုက်တယောက်အတွက် အဖေ့နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ ခွင့်မလွှတ်ချင်လဲ ခွင့်လွှတ် ခွင့်လွှတ်ရင် ကျွန်တော်ကတော့ ခွင့်မလွှတ်ချင်ဘူး။ ကျွန်တော့် မျက်နှာက အပြုံးတချက် ကိုစောင့်ရင်းအဖေ အသက်ထွက်သွားတယ်၊ တွေ့ချင်နေပါတယ်ဆိုတဲ့ message တွေ အခါခါရလျက်နဲ့ ကျွန်တော့် အကြွေးသစ်တွေချနေရင်း အဖေ့ဆီကို မရောက်လာခဲ့ဘူး။ ကြားပါတယ်အဖေ၊ အဖေမျှော်နေတယ်ဆိုတာ၊ မနေရတော့မှန်းသိနေတာတောင် ကျွန်တော်ကမိုက်မဲစွာ အဖေ့လမ်းစဉ်လိုက် နေ့တိုင်းမိုက်နေတာဘဲ။ အဖေ့ကို သူတို့နိုင်သွားပြီ၊ နောက်ဆုံးခရီးအတွက် အရက်တလုံး၊ အဖေကြိုက်တဲ့ Denim spry၊ အခုတော့ ဝေးပြီးရင်းဝေးပြီ။ အရက်သောက်လို့ အသဲတွေတဖြုတ်ဖြုတ်မကြွေခင်ကတည်းက မိသားစုကြောင့် အဖေ့ ကြွေလွင့်နေမှုတွေကို ကျွန်တော် ခံစားမိပါတယ်။ တာဝန်မဲ့တဲ့ ဖခင်တယောက်လို့ ဘယ်တုန်းကမှ ကျွန်တော်မမြင်ပါဘူးအဖေ၊ ခုတော့ ကျွန်တော့်မျှော်လင့်ချက်ကို တ၀က်တိတိ အဖေဖြတ်ချသွားခဲ့ပြီ။ ကျန်သေးတဲ့ အကြွေးတချို့ အမေ့ကို ဆပ်နိုင်အောင်ကျွန်တော်

exit or not

Image
@ Ratchathewi Station, BKK

ယိုးဒယားပိတ္တာကြီး

Image
သရဲတွေ တစ္ဆေတွေအကြောင်း ပြောမလို့မဟုတ်ပါဘူး။ အဲ ဒါပါဘဲ ပိတ်တာကြီးဆိုတာ 

စဉ်းစားမရတဲ့သစ်ပင်

အဲဒီကောင်းကင်ထဲမှာဘဲ အရောင်တွေကွဲနေခဲ့တာ၊အဖြူကဖြူ အပြာကပြာနဲ့၊  အပြောင်းအလဲများတဲ့ ကောင်းကင်တခုဘဲ။ ဒါပေမယ့် နေ့နဲ့ညက တော့ ပုံသေသတ်မှတ်၊ အလွမ်းနဲ့ ဘဲ ဇာတ်သိမ်းတတ်တဲ့ကောင်ပါ။ ချက်ချ မထားတဲ့ တံခါးတချပ်အတွက် တွန်းဖွင့်မဖြစ်ခဲ့တဲ့ လက်တစုံမှာ မာယာတွေတော့ မပါဘူး၊ အဖြူရောင်တခုကြောင့် ငါ့ကာလာတွေ စွန်းထင်းခဲ့ရပြီ။ ကွေ့ကောက်တတ်တဲ့ သစ်တပင်အတွက် ထန်းတောတွေရဲ့ သမိုင်းကို မေ့ လျော့ထားပေးခဲ့တယ်၊ မင်းဟာ မြစ်တစင်း မဟုတ်ဘူး၊ မင်းဟာ နွယ်ပင်မဟုတ်ဘူး— ဒါနဲ့ဘဲ အစစအရာရာဟာ မင်း ပြောတဲ့စကားနဲ့ အရာထင်ခဲ့တာ။ လူပြောများတဲ့ သီချင်းတပုဒ်အတွက် မယ်လိုဒီကောင်း ကောင်း မလိုဘူး၊ မိုက်ကယ်အိန်ဂျလို ရေးတဲ့ ပန်းချီကားမဟုတ်တဲ့ မင်းရဲ့ ခန်းနားမှုအတွက် ငါ့မှာ ပေးစရာ မျက်နှာကျက် နေရာများများစားစား မချန်ထားခဲ့မိဘူး။ ဒါပေမယ့် ပြတိုက်ထဲမှာ အလှပြသိမ်းထား ဖို့အတွက် မူးစုပဲစု စုထားတဲ့မေတ္တာ တခုအတွက် သံယောဇဉ်နဲ့ ဘောင်ခတ် ငါ့ကိုယ်ငါချည်နှောင်တဲ့ ကြိုးနဲ့ ဘဲ တံပိုးခရာမှုတ် တယောက်ထဲ အထိမ်းအမှတ်လုပ်နေခဲ့တယ်။ ကဗျာ တပုဒ်တပုဒ်ရလိုက်တိုင်း ငါတခုတခု ခံစား ရတတ် တယ်၊ အမှတ်တရ ဖြစ်ဖြစ်၊ အမှတ်မရတာဘဲဖြစ်ဖြစ်၊ တကိုယ်တော်ဇွတ်မိုက်၊ ထင်သလို လိ