Posts

Showing posts from January, 2010

လပြည့်ကျော်ည

လွမ်းလို့သေတဲ့ သစ်ပင်မရှိပါဘူးကွာ မင်းမရှိလို့ မသင်းပျံနိုင်တဲ့ ပန်းတပွင့်အတွက် ငါ့ရဲ့မိုးရာသီဟာ နောက်ကျနေခဲ့ပါပြီ။ သက်ပြင်းတွေခဏခဏ ချတာတောင် အာရုံမတတ်နိုင်တဲ့ ညအတွက်တော့ ခေါက်ရိုးကြိုးအတွေးနဲ့ ဆင်ခြေတွေဘဲရရလာတယ် လပြည့်ကျော်တဲ့ ည အတွက် အချစ်ကခါး အရက်ကတော့ ချို နေတုန်းဘဲ။ ။

မနိုင်းနိုင်းရဲ့အမေ့လက်ရေး

Image
99စနေ ကျွန်တော်တို့ ခင်မင်လေးစားတဲ့ နာမည်ကျော် မနိုင်းနိုင်းစနေရဲ့ ပထမဆုံး လုံးချင်း စာအုပ် ထွက်ရှိလာပါပြီ။ အွန်လိုင်း ပေါ်မှာ နာမည်ကြီးခဲ့တဲ့ အမေ့မေတ္တာ နဲ့ပတ်သက်တဲ့ အကြောင်းတွေကို စုစည်းထား တဲ့ မေမေ့ စာစု ကလေးတခုဖြစ်ပါတယ်။ ဒီလုံးချင်း စာအုပ်လေးရဲ့ ခေါင်းစဉ်က တော့ ” အမေ့လက်ရေး” လို့အမည်ရပါတယ်။  နာမည်ကျော် online ကဗျာ ဆရာ တဦးဖြစ်တဲ့ ကိုမိုးလှိုင်ညရဲ့ အမေ့ ကဗျာ တပုဒ်ပါ ပါဝင်အား ဖြည့်ထား ပါတယ်။ မနိုင်းရဲ့အရေးအသား တွေကို သဘောကျနှစ်သက်သူတွေအတွက် အမေ့ စာစု လေး တွေကို တစုတစည်းထဲ အမှတ်တရ သိမ်းထားချင်ရင်တော့ အခု စာအုပ်ကလေးကို နီးစပ်ရာ စာအုပ်ဆိုင်တွေမှာ သွားယောက် အားပေးနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။ အမေ့ ကိုချစ်တတ်တဲ့ သူတွေအတွက် ဒီစာအုပ်ကလေးကို Activator internet cafe, အနော်ရထာလမ်းနှင့် ၄ လမ်းထောင့်၊ လမ်းမတော်မြို့နယ်မှာလဲ လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာဖြင့် ဇော်ဇော်

sunday nightmare

Sunday ရဲ့ နေလုံးပြောက်ချိန်မှာ စွန်းထင်းသွားတဲ့ ၀ိုင်နီနီအစက်အပျောက်တွေ ကိုသိတယ်၊ မော့ချလိုက်တဲ့ ဗျစ်ရည်တွေရဲ့စွမ်းပကားကိုသိတယ်၊ ကောင်မလေးတယောက်ကို သိတယ်။ လက်ကိုင်အိတ်မဲမဲ၊ ဘယာကြော်တထုတ် ၊ ၀မ်းနည်းမှုအချို့နဲ့၊ စကားလုံးရိုးရိုးများ၊ ဖြတ်သန်းစီးမြောသွားတဲ့ ထုံဝေေ၀ လှုပ်ခတ်မှုများ။ ပြီးတော့ ရွက်ဝါတွေကြွေကျသွားတယ်၊ ပဉ္စသိင်္ခ လက်ထဲက နတ်စောင်း ကြိုးတချောင်းပြတ်သွားတယ်၊ ဆူညံမှုတွေဖရိုဖရဲကြားမှာ တိတ်တိတ်ဆိတ်ဆိတ် just one minute , သေချာပါတယ်၊ လန့်မနိုးခင်အထိတော့ အိပ်မက် ……..။ ။

ဓါတ်

ဘာမှမသိရင်  ဓါတ် ဖြစ်တာဘဲ တာဘဲ ဘာဆီမှန်းမသိတော့ ဓါတ်ဆီ ဘာရှင်မှန်းမသိတော့ ဓါတ်ရှင် ဘာလုံးမှန်းမသိတော့ ဓါတ်လုံး ဘာအပြားမှန်းမသိတော့ ဓါတ်ပြား ဘာစက်မှန်းမသိတော့ ဓါတ်စက် ဘာမှန်းသေချာမသိတော့ ဓါတ်လိုက်တယ် ဘာပုံမှန်းမသိတော့ ဓါတ်ပုံ ဘာရိုက်မှန်းမသိတော့ ဓါတ်ရိုက် ဘာပွဲမှန်းမသိတော့ ဓါတ်ပွဲ အို ဓါတ် ဓါတ် ဓါတ် ဒီတော့ ဘာကောင်မှန်းမသိရင် ဓါတ်ကောင်ဘဲ ဘာပေါက်မှန်းမသိတော့ ဓါတ်ပေါက်တာဘဲ ဘာတွေလုပ်မှန်းသေချာမသိရင် ဓါတ်ကိုသာ အရှေ့မှာထည့်။ ဓါတ်ဘဲ :(

BarCamp Yangon is great!

Image
BCY2010 Opening Attend So many people ? Now Opening BCY2010 Gress Lunch on Barcamp :) The barcamp Yangon 2010 is now  we started on 23 Jan at Hlaing University, Myannmar Info-tech. We collected 1740 survey from on around over 2000 attended. We planed gift bag for barcamper, We gave the gift bag over 1500 for barcamp attend included T-shirt, DVD,pen, barcamp cup and …. :)

the first day on BarcampBKK4

Image
So early morning I weak up and go to the Sripatum University because of the Bangkok traffic is so bad. Holiday traffic will be most a long time. Than me and my company right at the place of Barcamp around 8:30 am. First time we have a letter for survey and we have a gift item. Now the section which about  XTML, I was interested. The room sponsor from Yahoo. The IBM,Mozilla and other company support each room. When I writhe this post, I want to sleeping :D Tonight we will stay at here and we will attend tomorrow. I think I’ll be more post on this blog for information sharing. my cards :) in the main hall

I'll be attend to Bangkok Barcamp4

Image
Usually I have to many work during these week. A lot of event and I had so tired about for trip. When I right back from blogfest.asia, I must to go to Mandalay for Mandalay Barcamp 2011 organizer meeting. That why I can’t access on my blog. I have of many words to say about my tip. Will be soon :) May be about  BKK,KL,Penang and Mandalay’s interested places.

Barcamp Yangon T-shirt will be this design!

Image
This is the sample design from Ko Nyi Lynn Seck   he the one of our organizer. He sent to mail this cool  design on might night :) I like these  design for T-shirt. How do you think? This post for how do you feed back information only. T-shirt back design will main sponsor and gold sponsor who supporting for barcamp.

ညည်းတွားခြင်း

ကဗျာရေးလို့မရတဲ့အတွေးအခေါ်တွေနဲ့ ပြည့်ကြပ်ညက်နေတဲ့ လမ်းတခုပေါ်မှာ လျောက် အဟမ်း - အခုတော့ငါ မြောက်မရောက်တောင်မရောက်နဲ့။ သံယောဇဉ်က လူနာတင်ကားသြဥဆွဲသလို ညည်းငြူ ပြုံးပြ နှုတ်ဆက်တဲ့ ယဉ်ကျေးမှုတွေကိုတော့ လစ်လျှုရှုပစ်လို့မရပြန် အင်းလေ တယ်ခက်တဲ့ သဘာဝပေကိုး။ သီချင်းသံတချို့က စီးဆင်းတယ် ရေလိုဘဲ လေလိုဘဲ တွေတဲ့အပေါက်က ဆင်းတယ် စီးတယ် သံထည်တွေ ကျောက်တုံးတွေ နောက်တမျိုးနဲ့ အလိုက်အထိုက်မိုက် အား – - ဟစ်ဟော့တော့ငါမကြိုက်ပါဘူး။ ကော်နက်ရှင်ကိုပစ်ပေါက် ခွဲခြေနင်းခြွေ ငါ့ဘလောက်နဲ့ငါကတော့ တလူလူလွင့်တယ် အတွေးအခေါ်တွေကို ဘောင်ပိတ်ခတ်ကြည့်ချင်တယ် ဒါမှမဟုတ် ချောင်ပိတ်ရိုက်ခဲ့ချင်တယ် တခါးဆိုတာ ဖွင့်ထားတိုင်းကောင်းတာမဟုတ်ဘူး တူရင်လောက်ထရပ်က ပြောတယ် မကောင်းဘူးကောင်းတယ်ဆိုတာ ရှုမြင်သူပေါ်မှာသာ မူတည်တာတဲ့- – -။

Barcamp Yangon website now launching

Image
Hi all Barcamp Yangon website are lunch on another yesterday. Yon can register on this site as you want. Plz visit www.barcampyangon.org for more information. So you can download barcamp Yangon logo and register, which topic want to speak on barcamp etc.

စိတ်ထဲက

ကင်းကွာနေတာတော့ကြာပါပြီ။ မရေးဖြစ်တာကြာခဲ့ပြီ။ တကယ်ရေးချင်ပေမယ့် ရေးရမယ့် အချက်အလက်တွေက ခေါင်းထဲမှာ ရောရင်ထဲမှာရော အပြည့်။ ဒါပေမယ့် အခြေအနေဆိုတဲ့ အကြောင်း ကြောင်းတွေက ချရေးမယ့်လက်တွေကို တွန့်ဆုတ်စေခဲ့တယ်။ လူမှုရေးကိစ္စ၊ အဖွဲ့အစည်းကိစ္စ စတဲ့ ကိစ္စတွေက အင်တာနက်သုံးချိန်ရဲ့တော်တော်များများကို နေရာယူထားလိုက်တယ်။ သမိုင်း ၀င်မယ့် နေ့ရက်တွေကိုလဲ ဖြတ်သန်းခဲ့ရပြီးပြီ။ ဒါပေမယ့် အဲဒီသမိုင်းတွေက အကောင်းလားအဆိုးလား ဆိုတာ လက်ရှိအချိန်မှာက ပြောနိုင်ဖို့စောနေသေးတယ်ထင်တယ်။ မျှော်လင့်ချက် တခွဲသား နဲ့ ဖြတ်သန်းနေတဲ့ ရက်တွေလဲမနည်းတော့ဘူး။ နှစ်တွေ လတွေကြာညောင်းလာခဲ့တယ်။ စိတ်တွေလဲ အိုဟောင်းလာခဲ့တယ်။ မနေ့ကစိတ်ကူးတွေဟာ နောက်တနေ့မျက်နှာသစ်ချိန် အထိဆွဲဖြန့် ပြစလို့မရတော့အောင်သေးကွေးလေးလံနေခဲ့ပြီ။ ကဗျာစပ်တောင်စကားလုံးကောင်းကောင်းတလုံးထွက်မကျနိုင်တော့တဲ့ ဦးနှောက်ထဲက အမှိုက်တွေတင်းကြမ်းထိုးလို့ ကိုယ့်ကိုကိုယ်မှိုင်းတိုက်။ စရိုက်ဆိုးတွေဖယ်ထုတ်ရင်း ဖြုတ်ထုတ်သတ် လမ်းစဉ် ကိုအမှတ်ရမိတယ်။ သစ္စာရှိတယ်ဆိုတဲ့ နောက်ကျောကဓါးနဲ့ထိုးခံဖူးတော့ ကျေးဇူးရှိမှ ကျေးစွတ်တတ်တဲ့ လူတွေရဲ့အကျင့်ကို ကိုယ့်စိတ်နဲ့ဘဲကိုယ်ပြန်တိုင်းပြီး မရိုင်