Posts

Showing posts from 2009

ငါ့ဖိနပ်

ငါ့မှာ အောက်ခံပါးနေတဲ့ဖိနပ်တရံရှိတယ်၊ အဲဒီဖိနပ်နဲ့ ဖိတ်ဖိတ်တောက်ကော်ဇောတွေပေါ်နင်းဖြတ်ဖူးတယ်၊ အဲဒီဖိနပ်နဲ့ ပေရေညစ်ပတ်နေတဲ့ ရေအိမ်ထဲလဲ နင်းဖြတ်ဖူးတယ်။ အဲဒီဖိနပ်နဲ့ သာယာတဲ့နေ့တွေထဲ နင်းဖြတ်ဖူးတယ်။ နေပူပူထဲလဲ ဖြတ်လျောက်သွားဖူးတယ်။ အဲဒီဖိနပ်နဲ့ မိုးထဲရေထဲ အေးစက်စိုစို နင်းဖြတ်ဖူးတယ်။ ဘွတ်အိုင်တွေကြားလဲ နင်းဖြတ်သွားဖူးတယ်။ အဲဒီဖိနပ်နဲ့ ခြေတလှမ်းကို တစ်ပဲ နှုန်းလောက်တန်အောင် လျောက်သွားခဲ့တယ်။ အဲဒီဖိနပ်ကိုစီးပြီး စီးပွားရေးလုပ်တယ်၊ ဘာသာရေးလုပ်တယ်၊ လူမှုရေးလုပ်တယ်၊ ငါ့အကျိုးအတွက် ငါလုပ်တယ်၊ ဒီဖိနပ်ကတော့ ဒီဖိနပ်ပါဘဲ ခုထိတော့မပြောင်းလဲသေးဘူး။ ။

HP mini 110

Image
အခုတလော လိုချင်နေတဲ့ netbook ရောဂါကြောင့် ဟိုရှာဒီရှာ လုပ်နေတုန်း မထိုက်ပြောတာနဲ့ HP ရဲ့ studio Tord boonje series ထဲက 110 mini netbook လေးကို သဘောကျပြန်ရော၊ သူ့မှာ ပါဝင်တဲ့ ပစ္စည်း တွေက အရမ်းမထူးခြားပေမယ့် ဒီဇိုင်းကတော့ တော်တော်လေး လန်းတယ်။ ကျွန်တော်လဲ သဘောကျတာ သူ့မှာထည့်ထားတဲ့ 3D နဲ့လုပ်ထားတဲ့ ကနုတ်ပန်း ဒီဇိုင်းတွေပါဘဲ၊ အရောင်က ငွေရောင်ဖြူလွလွ လေးဖြစ် ပြီး ကြည့်ကောင်းပါတယ်။ ရွှေရောင်လဲ ရနိုင်ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေက Gigabyte booktop လို ဖြစ်ပြီး စိတ်ကြိုက်ရွေးနိုင်တဲ့အနေအထားကတော့ HDD  ကို 160 Gb နဲ့ 250 Gb ရွေးနိုင်သလို မြင်ကွင်း မှာ အသုံးပြုတဲ့ ပစ္စည်းတွေ ကအစ  ကိုကြိုက်တာ ရွေးနိုင်ပါတယ်။ ပြောနေကြာတယ် သူ့မှာ ပါဝင်မှုတွေကို ဒီလင့်မှာ သာကြည့်လိုက်တော့။ ဈေးကတော့ လက်ရှိအနေနဲ့ လက်လှမ်းမမှီသေးတဲ့ ဈေးပါဘဲ :(

Don't think

The Doctor’s note will be pretty? The city bus is so cool ! Acl 75% volume solution on whiskey, get the lucky draw ! Thank to you, plz buy for use it. Will be  see the ash of mosquito killer coil ( Don’t wind don’t swim) Give that man the beer, The fresh water is 400 kyats for one bot. The land-port , Turn on light when the night, but not until morning. That is all of  now.

attack to me

Image
Someone attack to my blog posts like a comments. Now I had to deleted this span comments over hundred, but not yet :( These comments come to my post average on 5 minutes.

မထင်ရတဲ့

ဆရာဝန်တွေ လက်ရေးလှလာပြီလား၊ ဘက်စ်ကားကြီးတွေ air-con အေးနေပြီ ၀ီစကီ ကို Acl volume 75% သတ်မှတ်ချင်လို့တဲ့။ ကံစမ်းမဲကို အရယူပါ ကျေးဇူးတင်ပါတယ်။ ၀ယ်သုံးကြည့်လိုက်ပါဦး ခြင်ဆေးခွေပြာတွေတွေ့ရမယ်( လေမတိုက်ရင်ပုံစံမပျက်စေရ)။ ဘီယာတခွက်ပေးလိုက်ပါကွာ ရေသန့်တလုံးက ၄၀၀ ဖြစ်နေပြီ၊ ညဘက်ရောက်မှ လင်းတဲ့ မီးတိုင်က မနက်ထိတောင်မထွန်းညှိနိုင်ခဲ့။ လောလောဆည်တော့ အဲဒီလောက်ပါဘဲ။ ။ ။

ကျွန်တော်လိုချင်တဲ့ booktop

Image
ကျွန်တော့်အနေနဲ့ အခုအနေအထားက netbook လေးတလုံးလောက် ကိုင်သင့်လာပြီလို့ထင်တာနဲ့ ဘာအမျိုးအစားကို ၀ယ်ရင်ကောင်းမလဲ စဉ်းစားမိတယ်။ ကျွန်တော်က ကြီးမားတဲ့ laptop တွေမကြိုက်သလို သယ်ရမှာ လေးလို့ ပျင်းတာလဲပါတာကြောင့် battery လဲကြာကြာခံမယ်၊ ၀န်လဲပေါ့မယ်၊ ကြိုးတွေလဲ ထပ်သယ်ဆောင်စရာမလိုတဲ့ သေးသေးကွေးကွေးနဲ့စွမ်းဆောင်ရည်မြင့်တဲ့အမျိုးအစားလေးတွေကို ရွေးမိတယ်။ အဲဒါနဲ့ အမျိုးအစားတွေစုံအောင်ထွက်နေတဲ့ netbook တွေကြည့်တော့ ဈေးနှုန်းလေးတွေကလဲ မတိမ်းမယိမ်းဘဲ၊ နောက်ဆုံးတော့ ဒီဟာလေးတခုကိုသွားတွေ့တာနဲ့ သူ့ စွမ်းဆောင်ရည်လေးနဲ့အသုံးဝင်ပုံလေး တွေ သဘောကျတာနဲ့ ဒီအမျိုးအစားလေးကို ရွေးချယ်လိုက်ပါတယ်။ ဒါလေးကတော့ Gigabyte ရဲ့ booktop ဖြစ်ပါတယ်။ Intel Atom processor N280 ,1.66GHz ကို သုံးထားပြီး window Xp အသုံးပြုထား ပြီး window 7 ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Chipset Mobile Intel 945GSE express Chipset+ ICH7M ကိုတပ်ဆင်ထားပါတယ်။ Memory 1G ဖြစ်ပြီး အများဆုံး 2G အထိအသုံးပြုနိုင်ပါတယ်။  ဒါကြောင့် Graphic ကို 128Mb ထိအသုံးပြုနိုင်ပါတယ်။  LCD10.1” TFT-LCD, 1024×600/1366X768 with LED backlit ဖြင့် မြင်ကွင်းကိုပုံဖော်ပေးထားပါ

ပုံပြင်-၁

ဒီလိုကွဲ့၊ အခုခေတ်လူတွေသုံးနေတဲ့ အရှေ့အနောက်တောင်မြောက်ဆိုတာတွေဟာ ဟိုးရှေးရှေးတုန်းက မရှိကြသေးဘူး။ အခုပြောပြမယ့်အကြောင်းက လူတွေဟာ အရှေ့၊ အနောက်ဆိုတာ ကိုဘဲ သိသေးတဲ့အချိန် ပေါ့ကွယ်။ အဲဒီလို ဟိုးရှေးရှေးတချိန်တုန်းက ကမ္ဘာပေါ်မှာ လူဝံ၊၀က်ဝံ၊မြောက်ဝံနဲ့တောင်ဝံ ဆိုတာရှိကြတယ်တဲ့။ အခုပြောမယ့်ဝံကောင်တွေထဲက တောင်ဝံဆိုတာ အခုတော့ မျိုးသုန်းပျောက်ကွယ်သွားရှာပြီပေါ့ကွယ်။ အဲဒီလို ၀ံလေးမျိုးဟာ ကမ္ဘာ့အနှံအပြားမှာ ရှင်သန်နေထိုင်ကြတယ်တဲ့။ တောင်ဝံဆိုတဲ့ကောင်ဟာ တောင်တွေပေါ်မှာနေတာဖြစ်ပြီး အရမ်းကိုလှပတဲ့ အသွင်အပြင်ရှိပြီး အမွှေးရောင်ကလဲ ငွေရောင်ဖြူဖြုလွှလွှလေးတွေ နဲ့အရမ်းလှပသတဲ့။ သူတို့တွေဟာ လှပတဲ့အသွင်အပြင်ရှိတာကြောင့် မြောက်ဝံလို မလှမပကောင်တွေဟာ အမြဲရန်ပြုတိုက်ခိုက်ကြတာကြောင့် မြောက်ဝံနဲ့တောင်ဝံဆိုတာ တကယ့်ရန်ဘက်ဖြစ်ခဲ့ကြတယ်တဲ့။ တချိန်မှာတော့ အရမ်းအရုပ်ဆိုးလှတဲ့ မြောက်ဝံတကောင်နဲ့ အရမ်းလှပတဲ့ တောင်ဝံမလေးတကောင်ဟာ တဦးကိုတဦး ချစ်ကြိုက်သွားကြတယ်တဲ့။ ဒါနဲ့ပြောဖို့မေ့သွားလို့ နော်၊ အဲဒီအချိန်တုန်းက မြောက်ဝံရော တောင်ဝံရော အခြားသတ္တ၀ါတွေအားလုံး ဟာ လူတွေနဲ့စကား ပြောနိုင်ကြတယ်ဆိုတာလေ။ ပြန်ပြီး ဆက်မယ်နော်။ တဦးနဲ့တဦး ချစ

လက်ရာ

Image
မြင်ကွင်း သားလေး မောင်မျိုးကင်မရာယူလာတာနဲ့ ကလေးပုံတွေရိုက်ဖြစ်လိုက်တယ်။ ဒါနဲ့ဘဲ အခု တင်လိုက်တယ်ဆိုပါတော့။

ရွှေ့ဆိုင်းလိုက်ပါတယ်

ကျွန်တော် စီစဉ်နေတဲ့ ဒုတိယအကြိမ်မြောက် web show 2009 ကို မူလစီစဉ်ထားတဲ့ ဒီဇင်ဘာ ၂၀၀၉ – ရဲ့ ၂၁- ၂၂ ရက်များမှာ ကျင်းပနိုင်မှာ မဟုတ်တော့ပါဘူး။ တကယ်က ကျွန်တော်ဒီပွဲအပေါ်ကို အတော်လေး မျှော်လင့်ထားသလို အမှန်တကယ် ကောင်းမွန်စွာ စီစဉ်ပေးချင်တာဖြစ်ပါတယ်။ အခုအနေအထားက ကျွန်တော့်မှာ လုံးဝမအားမလပ်ဖြစ်သွားရတာကြောင့် ကောင်းမွန်တဲ့ ၀န်ဆောင်မှုများနဲ့ ပြပွဲလာ ပရိတ်သတ် ကို ပေးစွမ်းနိုင်ဖို့ အခက်အခဲဖြစ်နေရတာကြောင့် ဒီပွဲကို မူလအတိုင်းကျင်းပမှာ မဟုတ်တော့ဘဲ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်မှာ ကျင်းပမဲ့ ဘားကမ့် ( Barcamp Yangon) မှာလဲ စွမ်းစွမ်းတမံဆောင်ရွက်ကူညီနိုင်ဖို့ လိုနေတာကြောင့် အခု ကျင်းမယ့် the web show 2009 ကို စိတ်မကောင်းစွာနဲ့ဘဲ ရွှေ့ဆိုင်းလိုက်ပါကြောင်းနဲ့ မကြာခင်မှာဘဲ ဒုတိယအကြိမ်မြောက် web show ကို ၂၀၁၀ နှစ်ဆန်းပိုင်းမှာဘဲ ပြန်လည်ပြုလုပ်သွားမှာ ဖြစ်ပြီး အခုစီစဉ်ထားတာထက်ပိုကောင်းတဲ့ အစီအစဉ်တွေကို တိုးမြင့်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အားလုံးကို အသိပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ကိုဇော်ဇော်မျိုးလွင်

ဒီလိုကျင်းပတာပွဲမ၀င်ခင်

Image
Barcamp Yangon စာနယ်ဇင်းပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာဘဲ ပြင်ဆင်ထားတဲ့နေရာဖြစ်တဲ့ Moon Bakery cafe မှာ ပြုလုပ်ဖြစ်ပါတယ်။ တကယ်က ဒီပွဲက မဖြစ်မနေ လုပ်ပေးရမယ့် ပွဲ တခုလဲ ဖြစ်ပါတယ်။ ဘားကမ့်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့က ပြည်တွင်း သတင်းဂျာနယ်တခုမှာ ပါလာတော့ မရေရာတဲ့သတင်းတွေသာ တက်နေပြီး ၀ိရောဓိဖြစ်စရာ တွေ ဖြစ်ပေါ်မှာ စိုး ရိမ်တာ တကြောင်း၊ ဘားကမ့်ရန်ကုန်နဲ့ ပတ်သက်ပြီး ဒီ Barcamp ဆိုတဲ့အသုံးအနှုန်းနဲ့ ပြည်သူလူထု ရင်းနှီးလာစေဖို့တကြောင်း စတဲ့ အကြောင်းတွေကြောင့် စာနယ်ဇင်း ပွဲကို မြန်မြန်ဆန်ဆန် ပြုလုပ် ရာတာပါ။ ဘယ်လောက်တောင်မြန်လဲဆို စီစဉ်ချိန်ဟာ ၃၆ နာရီလောက်ဘဲ ရရှိခဲ့ပါတယ်။ တကယ်က ဒီလိုသတင်းပြန်ကြားရေးကို တာဝန်ယူထားတဲ့ တာဝန်ရှိသူတွေကသာ လုပ်ရတာဖြစ်ပါတယ်။ ကိုညီလင်းဆက် ကမအားတော့တာကြောင့် သူ့ကလဲ ဘယ်လိုမှ မကူညီနိုင်ပါဘူး။ ကိုသောင်းစုငြိမ်းကလဲ ရတာနာပုံပွဲကိုရောက်သွားပါတယ်။ ဒါကြောင့် ဒီဘက်မှာ ကျန်တဲ့ ကျွန်တော်တို့ အဖွဲ့တွေကဘဲ ဖြစ်အောင် ဆက်လုပ်ပေးရတာပါ။ မထိုက်ထိုက်အောင်က ပြန်ကြားရေးတာဝန်ယူထားပါတယ်။ ဒီတော့ အခုစာနယ်ဇင်းပွဲမှာ သူတို့က အဓိက ကျနေပါတယ်။ ဒီထက်ပိုဆိုးတာက ကျွန်တော်တို့ ဘာတွေ သေချာပေ

Barcamp Yangon စာနယ်ဇင်းပွဲဖိတ်စာ

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်မည့်  Barcamp Yangon နည်းပညာနှင့်စီးပွားရေး ဆိုင်ရာ အသိပညာ အတတ်ပညာရှင်များ ၀ါသနာရှင်များ တွေ့ဆုံ ပွဲအား ရန်ကုန်မြို့တွင် ခန်းနားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ဆောင်ရွက် လျှက်ရှိပါသည်။ အများပြည်သူလူထု ပိုမို သိရှိစေရန် ၄င်း Barcamp Yangon တွင် မည်သည့်ပွဲများနှင့် မတူသည့် ထူးခြားသည့် အချက်အလက်များ – ပံ့ပိုးမှုများအတွက်ဦးစွာအနေဖြင့်  ပြည်သူလူထူ၏ မျက်စိနှင့် နားသဖွယ်ဖြစ်သည့် စာနယ်ဇင်း ဆရာများအား စီစဉ်ကျင်းပခဲ့ပုံနှင့် နိုင်ငံတကာတွင် ကျင်းပ ခဲ့သည့် Barcamp များအကြောင်းကိုရှင်းလင်းပြောကြားလိုပါသောကြောင့်အောက်ပါ အချိန်   နှင့်နေရာကို ကြွရောက်ချီးမြင့်ကြပါရန် လေးစားစွာ ဖြင့် ဖိတ်ကြားအပ်ပါသည်။ နေရာ – Moon Bakery  အပေါ်ထပ် ( တာမွေအ၀ိုင်းထိပ်) အချိန် – ၁၀ – ၁၂ -၀၉ ( နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ ) Barcamp Yangon Organizer Team

ကျွန်တော့်နိုင်ငံတော်

ကျွန်တော့် နိုင်ငံတော်အကြောင်းပြောချင်တယ်။ တကယ်ကတော့ နိုင်ငံတော်က ကျွန်တော်ကိုယ်တိုင်ပါဘဲ။ :) ကိုယ်တိုင်အလုပ်မရှိလို့ ကျွန်တော့်နိုင်ငံဟာ အလုပ်လက်မဲ့ နှုန်းတိုးမြင့်နေပါတယ်။ အကြွေတွေဘဲ ကိုင်နေရလို့ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နေပြီး၊ တိုင်းပြည်ရဲ့ဝင်ငွေဟာ ပိုင်ဆိုင်မှုတွေကို ထုတ်ရောင်း တဲ့အပေါ်မှာ တည်မှီနေရပါတယ်။ ပြည်တွင်း ထုတ်လုပ်မှု ဟာရပ်ဆိုင်းရမတတ်ဖြစ်နေတဲ့အကြောင်းကတော့ ထုတ်ရောင်းစရာ မရှိတော့လို့ပါ။ အတိုးနှုန်းကြီးမြင့်မှုကြောင့် လစဉ်ငွေကြေးအကြပ် အတည်း ကိုရင်ဆိုင်နေရပါတယ်။ ထုတ်လုပ်မှု့စွမ်းအား ကျဆင်းမှုကြောင့် ကမ္ဘာ့ဘဏ်ကလဲ ငွေမချေးတော့ပါဘူး။ နိုင်ငံတကာနဲ့ဆက်ဆံရေးတိုးမြင့် တဲ့အနေနဲ့ နေ့စဉ် အိမ်ပေါက်စေ့ လျောက်လည် နေရပြီး နိုင်ငံတကာ အကူအညီရရှိဖို့ သိက္ခာလဲ မကျအောင်အတော်လေး စွမ်းဆောင်နေရပါတယ်။ အမျိုးသမီး က ကိုယ်ဝန်ဆောင်ထားတာကြောင့် အပတ်စဉ်ဆေးခန်းပြနေရလို့ ကျန်းမာရေး အသုံး စားရိတ်မြင့်တက်လာပြီး လူဦးရေဆက်လက်တိုးပွားဖို့ ရှိနေပါတယ်။ လူ့စွမ်းအားအရင်းအမြစ်တွေဟာ လိုင်းကားတိုးစီးနေရတာကြောင့် အတော်လေး ကုန်ဆုံးနေပါတယ်။ ပြည်တွင်းပြည်ပ ဆက်ဆံ ရေး အတွက် အင်တာနက်ကို နေ့စဉ် အချိန်ပေးသုံးစွဲနေရပြီး မီးမလာတဲ့ေ

www.zawzaw.com

ကျွန်တော့်ရဲ့ www.zawzaw.com မှာ ပို့အသစ်တွေ တင်ထားပါတယ်။

ဒုတိယပိုင်း

Image
ကရ၀ိတ်ကဟိုတနေ့က ကျန်တဲ့ ပုံအကြွေးလေးတွေတင်ပေးလိုက်တယ်ဗျို့။ ရေထဲကိုပြန်ရိုက်ထားတာ လှတပတလွမ်းမောစရာ ဒီပုံစံကတမျိုးပေါ့ ဆင်လေးကလဲ ဟစ်ဟော့နဲ့က Type your summary here. Type the rest of your post here.

this week movies

Image
CHE revolutionary road body of lies twilight another get smart 86 the cruse of the black pearl dead man's chest at world's end Van Helsing johnny english battle in seattle The day before yesterday, I have to buy the some DVD on the street at somewhere at Yangon. I get the new movies and old movies I like it. Then I had to share to you of my DVD list. For your enjoy it. Type the rest of your post here.

post မရှိ post ရှာ

Image
ရေထဲကိုသေချာကြည့်နော ညနေစောစော ရှုခင်း အမှတ်မဲ့မှအမှတ်တရ တေဇာလေးရဲ့စတိုင် တကယ့်ဓါတ်ပုံဆရာကျနေတာဘဲ ကျွန်တော်ရောဘာထူးလဲ အဲဒီပေါ်မနဲတက်ခိုင်းရတယ် စိတ်ဝင်တစားဘဲ ဒီနေ၀င်ချိန်လေး အိပ်တန်းတက်တဲ့ငှက်ကလေးတွေ လင့်စင်ပေါ်က မျောက်လေး အလုပ်မရှိအလုပ်ရှာပေါ့ဗျာ၊ ဘာမှလုပ်စရာမရှိတော့ ရေးစရာတွေများနေပေမယ့် မရေးဖြစ်တာတွေဘဲများလာတော့ post မရှိ post ရှာတာ ကန်တော်ကြီးရောက်ပါလေရော။ ညနေပိုင်း လမ်း ၅၀ ထွက်လာတော့ အီမိုလေးနဲ့တွေ့တယ်၊ ဒါနဲ့ ရေးစရာလေးရှာရအောင် ကန်တော်ကြီးသွားမယ်ဆိုတော့အသာတကြည်လက်ခံတာနဲ့ အူမဂျာလေး ( တေဇာ ) ကိုဖုံးလှမ်းဆက်ခေါ်၊ သူကလဲ အိမ်မှာ အလုပ် များတယ် တနေကုန်အိပ်နေတာတဲ့ ဒါနဲ့ လိုက်မလားဆိုတော့ သူလဲလိုက်မယ်ဆိုပြီး သုံးယောက်သား ကန်တော်ကြီးကိုလစ်ခဲ့ ကြ ပါတော့တယ်။ ပုံတွေလျောက်ရိုက် ရင်းနဲ့ ဒီညနေကို ကုန်ဆုံးလိုက်ပါတယ်။ ဒုတိယပိုင်းလာပါဦးမယ်- ဒါတောင် မနေ့က ညကရော - ဒီနေ့မှပါ ထပ်တင်လိုက်ရတာ- နောက်ရက်တွေကျရင် ပုံတွေဒလဟော တင်ဦးမယ်။ ရုပ်ရှင်တွေ အကြောင်းနဲ့ အခု ရိုက်တဲ့ ပုံတွေ နောက်ရိုက်မယ့်ပုံတွေ။ ဘာဖြစ်တယ်မသိဘူး ပုံတွေတင်ရတာ အဆင် မပြေဘူး - ဟူး ( သက်ပြင်းချသံ ) Type the rest of your post here.

သင်တန်းများကိုဖိတ်ပါတယ်

၁ - မြန်မာလူငယ်များအနေဖြင့် အင်တာနက်အသုံးပြုပြီး နိုင်ငံတကာ ရှိနည်းပညာ သတင်းအချက်အလက် များကို မျက်ချေမပြတ် အမြဲသိမြင်ထိတွေ့နေစေရန် ၂ - အင်တာနက်အသုံးချ ကာမိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် မိမိသိလိုသော အတတ်ပညာ၊ အသိပညာ များကို ဆက်လက်လေ့လာ ဆည်းပူးနေနိုင်စေရန် ၃- ခေတ်နှင့်လျှော်ညီသော အတွေးအခေါ်အယူအဆ များတိုးတက်ဖြစ်ပေါ်နေစေပြီး ကောင်းမွန်သော လူမှုဘ၀ များကို ကိုယ်တိုင်ဖန်တီးတတ်လာစေရန် ၄- အင်တာနက်ပေါ်မှ အခွင့်အလမ်းများကို အကျိုးရှိရှိ ထိထိရောက်ရောက် မှန်ကန်စွာအသုံးပြုနိုင်လာစေပြီး မိမိ တို့၏ တတ်ကျွမ်းနားလည်မှု အတွေ့အကြုံများကို ဖြန့်ဝေပေးနိုင်ကာ အခြားသူများထံမှလဲ Brain flowing အပြန် အလှန်ပြုလုပ်နိုင်ကြစေရန် ၅ - စီးပွားရေးအခက်အခဲ ၊ လူမှုရေးအခက်အခဲများကြောင့် နည်းပညာနောက်ကျနေသော လူငယ်များကို အချိန် မှီ ဟန်ချက်မှန်မှန်ဖြင့် အတတ်ပညာနည်းပညာများ ဖြန့်ဝေပေးရန် အထက်ပါ ရည်ရွယ်ချက်များဖြင့် ကျွန်တော်တို့အနေနဲ့ လူငယ်များအတွက် အခမဲ့အင်တာနက်အသုံးချ သင်တန်းများကို စတင် ပို့ချပေးနေပြီဖြစ်ပါတယ်။ လာမည့်နွေရာသီ ကျောင်းပိတ်ရက်မှာတော့ လုပ်ငန်းခွင်ဝင် အသုံးချ ကွန်ပျုတာနည်းပညာ ရပ်များ ဖြစ်တဲ့ ရုံးသုံးကွန