မင်းကြောင့် ငါ့ကြောင့်

ကျွန်တော် မနေ့က အိမ်မှာ ဘုရားအနေကဇာတင်၊ ညနေကျတော့ လမ်းထဲက ကလေးတွေ ကိုနို့ထမင်းကျွေး၊ အဖေနဲ့အမေ၊ အဖိုးအဖွား၊ ဦးလေး အဒေါ်တွေ လိုက်ကန်တော့နဲ့ အွန်လိုင်းတောင်မတက်ဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်တော် တနေ့က ၁၃ ရက်နေ့ကပေါ့။ တနေ့ခင်း လုံး ရုံးမှာ တယောက်ထဲ စိတ်တွေရှုပ်ယှက်ခက်နေတယ်။ ဒါနဲ့ဘဲ ဒီလိုဖြစ်နေတာတွေက ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတခု ကိုသွား စဉ်းစားမိပြန်တယ်။ အဲဒီလိုနဲ့ ကီးဘုတ်ပေါ်မှာ  မင်းကြောင့်  ဆိုတဲ့ စကားလုံးကို ဇော်ဂျီဖောင့်သုံးပြီး google search နဲ့ ရှာလိုက်တဲ့အခါမှာ အချက် အလက်တွေ လေးထောင်ကျော်လောက်တက်လာတာတွေ့တယ်။ အင်းလေ- ဒါဆို ငါ့ကြောင့် ဆိုပြီး တခါပြန်ရိုက်လိုက်တော့ အချက် အလက် ၅ရာကျော်ဘဲ တက်လာတယ်။
အဲဒီရလဒ်ကို ကြည့် ပြီးတဲ့ အခါမှာ ကျွန်တော် နောက်ထပ်အတွေးတခု ၀င်လာတယ်။ မင်းကြောင့် ဆိုပြီး ပြောဆို လွှဲချတာ တွေက လူတွေ တော်တော် များများ သုံးနေလေ့ ရှိတဲ့ အလေ့အထ ဆိုတာ မြင်မိတယ်။ ငါ့ကြောင့် လို့တခါတရံမှာ ကိုယ့်ကိုကိုယ် ၀န်ခံ မိလိုက်တဲ့ အကြောင်း တွေကလဲ ရှိနေတာဘဲ။ နောက်ဆုံးတော့ ငါလဲ ငါ့ဘ၀မှာ မင်းကြောင့် ဆိုပြီး သူများကို ပြောဆိုလွှဲချတာတွေ များနေမှာဘဲလေ လို့ဆင်ခြင် မိတယ်။ ဒီလိုဘဲ ငါ့ကြောင့်လို့ ကိုယ်ကဘဲ လက်ခံခဲ့ ဦးမှာဘဲလို့ပေါ့။ အဲဒီလိုနဲ့ အခုဖြစ်နေတဲ့ ပြဿနာတွေကို ကျွန်တော် နောက်ဆုံး

ငါ့ကြောင့် ဖြစ်နေတာပါလို့ဘဲ စိတ်ကိုဒုံးဒုံး ချလိုက်မိတယ်။

အဲဒီနေ့ရဲ့ရုံးပေါ်က ဆင်းလာတဲ့ ခြေလှမ်းအချို့ကတော့ ပေါ့ပါးသယောင်နဲ့ လေးကန်နေတယ်။ တယောက်ထည်းဘဲ၊ ဘယ်သူမှလဲ ကျွန်တော် မတွေ့ခဲ့သေးဘူး။ ထိုင်နေကြနေရာလေး ရဲ့ထောင့်မှာ ငါ့ကြောင့်လား မင်းကြောင့်လား ဆိုတဲ့ အဖြေတခုကို မိတ်ဆွေ အချို့နဲ့ ဆွေးနွေးဖို့ရာ စိတ်စောနေခဲ့မိတယ်။ ။ ။ ။

Comments

phoe thu taw said…
ကိုဂေါက် ရေ မင်းကြောင့် ငါကြောင့် ဘယ်သူ့ဘယ်သူ့ကြောင့် ရယ်ဆိုတာ တွေထက် မင်းဘာလုပ်ခဲ့သလဲ ငါ ဘာလုပ်နေသလဲ ဆိုတာလေး သေချာ စဉ်းစားနိုင်ရင် ကောင်းပါတယ်..
ခင်မင်စွာဖြင့်....
မောင်သူတော်..

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

ဂျိမ်းဂျိမ်း - ဂျက်ဂျက်