ဘလာပါတဲ့ကံစမ်းမဲ

ဘလာပါတယ်ဆိုတာ ကျွန်တော် ဘလာဂေါက်ပါတယ်ဆိုတာပြောတာပါ။ တကယ်က ဗလာမပါကံစမ်းမဲ ဖြစ် ပါတယ်။ ပြောရရင် အချို့က ပရိုမိုးရှင်းလုပ်တယ်ထင်မယ်။ တကယ်က ကျွန်တော့် ဘလောက်ကို အင်တာ နက်အသုံးပြုခတွေ မနဲပေးပြီး လာရောက်အချိန်ကုန်ခံ ပြီး ဖတ်လေ့ရှိတဲ့ ကျွန်တော့် ဘလောက်ဖတ် မိတ် ဆွေတွေနဲ့ဆုံချင်လို့ပါ။ တကယ်ပါ။ လူအများကြီးကို ကျွေးမွေး ဧည့်ခံလိုပါသော်လည်း အခက်အခဲ ရှိ တာ ကြောင့် အခုဒီလိုစီစဉ်ဖြစ်ပါတယ်။

 

၁။ ကျွန်တော် ဒီဘလောက်မှာ ပထမဆုံးတင်တဲ့ ပို့စ် နာမည်

၂။ ကျွန်တော် မှာ အင်္ဂလိပ်လို တင်ထားပြီး မရေးဖြစ် တဲ့ ဘ လောက်တခုရဲ့ အမည်

၃။ တက်လော့ဟုန်းကို ဘလောက်မှာ စတင်တဲ့နေ့နဲ့ ပြီးတဲ့နေ့

 

အဲဒီသုံးခုရဲ့ အဖြေကို ဒီပို့စ်ရဲ့ကောမန့်မှာ ရေးပေးပြီး မေးလ်လိပ်စာလေး ပေးခဲ့ပါ။ အဖြေမှန်တဲ့သူတွေ ထဲက ယောက်ကျားလေးတယောက်- မိန်းကလေးတယောက်ကို ရွေးချယ်ပြီး အမှတ်တရ စပို့ရှပ်တထည်စီ နဲ့ သူတို့နဲ့ကျွန်တော်က Excel  tower ၁၀ ထပ်မှာ ညစာတူတူ အမှတ်တရစားကြပါမယ်။

 

သတ်မှတ်ရက်ကတော့ ၁၀-အောက်တိုဘာ - ၂၀၀၈ ကနေ ၂၀ - အောက်တိုဘာ ၂၀၀၈ အတွင်း ဖြေဆိုပေး ကြရမှာဖြစ်ပါတယ်။ အဖြေတွေကိုတော့ ၂၆ - အောက်တိုဘာ ၂၀၀၈ မှာကြော်ငြာပေးပြီး- မဲပေါက်တဲ့ သူတွေကို ၃၁ - အောက်တိုဘာ ၂၀၀၈ မှာ ဘလောက်ပေါ်ကနေတဆင့်သော်လည်းကောင်း- မေးမှ တဆင့် သော်လည်းကောင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုံတွေ့မှုကိုတော့ ၁၀ -နိုဝင်ုဘာ - ၂၀၀၈ မှာ ပြုလုပ်မှာဖြစ်ပါတယ်။

 

အဖြေမှန်တဲ့သူများထဲကနေ မဲလိပ်များကို ယောက်ကျားလေးအတွက် ကိုမျက်စေ့ကနေမဲရွေးချယ်ပေးမှာ ဖြစ်ပြီး မိန်းကလေးအတွက် ဘိုဝ (စိုးဇေယျ) ကြီးက မဲနှိုက်ပေးမှာပါ။ ဒိုင်အနေနဲ့ ကိုဖိုးသူတော် ဆိုတဲ့ သူတော်စင်ကိုတိုင် ဆောင်ရွက်ပါ့မယ်။

အဲနော်- မေ့နေလိုက်တာ ယောက်ကျားလား မိန်းမလား တခါထည်း M or F ဆိုပြီးထည့်သွင်းရေးသား ပေးဖို့မမေ့နဲ့နော်။

 

ပျော်စရာအစီအစဉ်လေးတခုကို ကျွန်တော့်မိတ်ဆွေညီအကိုမောင်နှမများအတွက် ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။

 

(မှတ်ချက် - နိုင်ငံရပ်ခြားမှသူများကိုတော့ မဲပေါက်ခဲ့ရင် အမှတ်တရ စပို့ရှပ်လေး ရောက်အောင် ပို့ပေးပါမယ် )

 

 

Comments

စိတ်ကူးလေးကတော့ ကောင်းတယ်ဗျို့
စိတ်ဝင်စားတယ်ဗျာ ဒါပေမဲ့ အစ်ကို ဘလော့ကို အခုမှ
ပထမဆုံးရောက်ဖူးတာဗျာ :)
Minn Yoon Thit said…
ကိုယ့်လူတွေ ပေါက်ရင်ကော ဒိထက်ရှယ်တာ လုပ်ပေးရမယ်။ အာကြာပါတယ်ဗျာ...။ ဘယ်တာဝါမှာ ဖြစ်ဖြစ် မဲပေါက်ပေါက် မပေါက်ပေါက် လိုက်ကျွေးဒါပဲ။ ဟတ်ဟတ်။ :)
khin oo may said…
သွားတိုက်ဆေးလဲ မပါဘူး။ :D
ကိုဂေါက် ကျွန်တော်ဖွလိုက်ရမလား
MyMetro said…
မေးခွန်းတွေ မဖြေသေးဘူး။ သူများတွေ ဖြေထားတဲ့ ကောမန့်ကို ကြည့်ပီးတော့မှ ဝင်ရေးမယ်။ ဟိဟိ။ မှန်တဲ့သူတွေထဲက မဲနှိုက်မှာဆိုတော့ ကိုယ့်အတွက် chance ပိုများအောင် fate users တွေပါ ထည့်ပီး ဝင်ရေးမယ်။ ဒါမှ ပေါက်ဖို့ နီးစပ်မှာ ဟုတ်ဘူးလား။ :D
:P said…
ကောမန့်မှာအဖြေရေးရမှာတော့
သိပ်မနိပ်သေးပါဝူး..နာလိုလူမျိုးဆိုကူးချမှာပေါ့..
ဒိုင်လူကြီးကိုရော "၀င်" လို့ရလား(တိုးတိုးတိတ်တိတ်မေးထားရတာလေ)

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact