အမှတ်တမဲ့လေးသာ



တခါတလေ ကိုလုပ်မိလိုက်တာ ကြုံတွေ့နေရတာတွေကို အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတာ သဘာဝဖြစ်နေတတ်တာ ကတော့ ကျွန်တော်အပါ အ၀င် တော်တော်များများမှာ အဲဒီလိုဖြစ်နေတာ တွေ့နေရတယ်။ မနက် က ရွှေဧည့်သည် ကားစီးရင်း နာရီတကြည့်ကြည့်နဲ့စဉ်းစားနေမိတယ်၊ အော် - တနေ့တနေ့ ကားစီးရင်းကုန်လိုက်တဲ့အချိန်တွေ၊ ဒီကနေ့ ရုံးကို နောက်ကျမှ သွားတာ၊ အိမ်ကထွက်တော့ဘဲ ၉ နာရီထိုးနေပြီလေ၊ ရုံးကို သွားရင် များသောအားဖြင့် မနက်စောစော ဘဲသွားတာများတယ်၊ ဘာလို့လဲ ဆိုတော့နဲနဲလေးနောက်ကျရင် နေက အတင်းကာရောပူ တော့လူက မခံနိုင် လို့ဗျာ။ ဒါနဲ့ ဒီနေ့နောက်ကျနေတော့ နေက ပူနေပြီ၊ ရုံးကလဲ မြန်မြန်ရောက်ချင်၊ ဒါနဲအရင်က သိပ်ပြီး ကြည့်လေ့မရှိတဲ့ နာရီကို တမိနစ် တခါ လောက်ကိုကြည့်နေတော့တာဘဲ။ အချိန်တွေက ကုန်ခဲလွန်းပြီး ရှည်ကြာလွန်းနေတယ်။ ဒါကြောင့်အချိန်တမိနစ်တမိနစ်ကို အမှတ်တမဲ့ ဖြတ်သန်း နေတိုင်း ကိုယ်ဘာတန်ဖိုးရှိသလဲ လျော့သွားသလဲ သတိမထားခဲ့မိဘူး။ ပြန်မရတော့မှန်းလဲ သိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကလဲ စားသုံးမှုအား ပြင်းထန်တဲ့အထဲမှာ အချိန်က ရှေ့ဆုံးကဘဲ။ ရုံးကို သွားတာ တကယ်ဆို မိနစ် ၂၀ ကနေ တခါတလေ ၁နာရီကြာသွားတတ်တယ်။ အသွား အပြန် ဆို ကျွန်တော့်ရဲ့ ၂၄ နာရီမှာ အဲဒီ ၂ နာရီက တကယ့်ကိုဘာမှ သုံးလို့မရအောင် ပျောက်ဆုံးသွားခဲ့တာ။ ဒါတွေက လူတွေအားလုံးမှာတွေ့ နေရတဲ့ အဖြစ်အပျက်ဘဲ၊ ရှောင်လို့မရဘူး၊ ဒါပေမယ့် အဲဒီ အချိန်လေးကို အသုံးပြုတတ်ရင်တော့ ကျွန်တော်တို့ တမိနစ်ဘဲရရ ပြန်ရတယ်လို့ ဆိုလို့ ရတယ်။ ကားစီးရင်း အကြိုးရှိအောင် ကားပေါ်မှာ ဈေးတက်ရောင်းခိုင်းတာမဟုတ်ဘူးနော်။ ကျွန်တော်က ဗုဒ္ဓဘာသာ ဖြစ်တော့ အခုလို ကားစီး နေရင်းမှာ ရသလောက်ကလေး ကိုယ့် ကို ကိုယ် ပြန်ဆင်ခြင်တယ်။ ကားပေါ်မှာဖြစ်တဲ့ ပျက်တဲ့ အကြောင်းတွေကို ကျွန်တော် နှလုံးသွင်းတယ်။ ကျွန်တော့်စိတ်ကို လွှတ်ပေးပြီး တောင်တောင်အီအီစဉ်းစားတာတွေကို ရှောင်လိုက်တယ်။ နှလုံးသွင်းတယ်ဆိုတာ မှတ်ထားတာကိုပြောတာမဟုတ် ဘူး။ ဟာ - အခုတက်လာတဲ့ကောင်မလေးက ချောတယ်၊ ဟယ် - ဒီဘက်ကိုသာ တိုးပေးရင် အားလုံးချောင်ချောင်ချိချိ စီးလို့ရတာပေါ့၊ စတဲ့ မဟုတ် မဟတ်တွေ မဟုတ်ပါဘူး၊ တကယ့်ကို ဆင်ခြင်တတ်တဲ့အခါ ကျွန်တော်တို့ ခန္ဓာ အတွက် ကျွန်တော်တို့ ဘယ်လောက်ပင်ပန်းနေတယ်။ စားဝတ်နေရေးအတွက် လူတွေ ရုန်းကန်နေရတယ်။ ဖြစ်ခြင်းပျက်ခြင်း မှာ အခုဘဲ တက်လာလိုက်ကြ အခုဘဲဆင်းသွားလိုက်ကြ နဲ့ အမြဲမဟုတ် တဲ့အရာတွေ၊ ကိုက ဒီနေရာမှာ တွေ့နေကြမို့ အမြဲရှိနေမယ်ထင်တဲ့ ပတ်ဝန်းကျင်က အပြောင်းအလဲတွေ စတဲ့ အရာတွေကို ရသလောက် အချိန် လေးမှာ ဆင်ခြင်ရင်း ကျွန်တော်ကတော့ ကားပေါ်မှာ အိပ်မငိုက်ဘဲ လိုက်ပါလာမိတော့တယ်။
အမှတ်တမဲ့ ကလေး ပါ - တကယ့်ကို အမှတ်တမဲ့လေး ဆင်ခြင်ကြည့်တာပါ။ ကျွန်တော်လဲ မမြဲပါဘူး - - - ။

Comments

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

ဂျိမ်းဂျိမ်း - ဂျက်ဂျက်