Posts

Showing posts from August, 2008

တမ်းတရက်ခဲ့

မိုးစိုစို နေ့တနေ့ စိမ်းလမ်းခြင်းလဲ ခြောက်သွေ့ ကဗျာတွေလဲ လန်းဆန်းမှုမရှိ တို့ရပ်ဝန်းမှာလဲ မိုးတွေညို တိမ်တောင်တွေခိုနေခဲ့တာတောင် နေရောင်မကွယ်ခင် လေနှင်ရက်ခဲ့တယ်။

ပုံအကြွေးများ

Image
Type your summary here. Type the rest of your post here.

ကြေငြာချက်

၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော "Socialization on Net" နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။  အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။  စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။ ပွဲစီစဉ်သူများ ကိုသက်ထူး ကိုဇော်ဇော် ကိုဖြိုးကျော် ကိုစိုးဇေယျ ကိုမျိုးမြင့်အောင် ကိုဝေမျိုးထွဋ် မထိုက်ထိုက်အောင် မတင်မြတ်ထက်

သိသလောက်တော့ကောင်းတယ်

blog seminar အတွက် အလုပ်တော်တော်များများတော့ လုပ်လို့ပြီးသလောက်ရှိနေပြီ။ ဒါပေမယ့် လိုအပ်နေတဲ့ အရာတွေကို ဆက်လုပ်ဖို့ ငွေကြေးအင်အား အနည်းငယ်လိုအပ်နေပါသေးတယ်။ တကယ်လို့ အချိန်မှီမှာ ကျွန်တော်တို့လိုအပ်တဲ့ ရံပုံငွေ များမရရှိခဲ့ရင် အစီအစဉ်အချို့ကို ဖြုတ်ရမှာပါဘဲ။ သို့ပေမယ့် ကျွန်တော်ထင်ပါတယ် အခုကျွန်တော်တို့ လုပ်ထားသလောက်တောင် တော်တော်လေး လှပတဲ့ ပွဲတခုဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။

journal for blogday

ကျွန်တော်တို့ အရင်က ဘလောက်ဂါ သူငယ်ချင်းမိတ်ဆွေတွေ နောက်ကြပြောင်ကြနဲ့ ဘလောက်တိုင်း ဂျာနယ် ကိုကျွန်တော်နဲ့မောင်ပွတ်တို့ ထုတ်ခဲ့ကြတာ အမှတ်စဉ် သုံးအထိရောက်ခဲ့ဘူးတယ်။ အကြောင်းကြောင်းကြောင့်ဆက်မလုပ်ဖြစ်ပေမယ့် ဘိုဝခေါ် စိုးဇေယျက လဲ ဘလိုင်းတုတ်ကို အပြိုင်ချတယ်။ နောက်ပြီး မန်းလေးက ဘလောက်ဂါများကလဲ ဟာသလေးတွေနဲ့ ဂျာနယ်ထုတ်ကြတယ်။ အခုလဲ ဘလောက်ဒေး အမှတ်တရ အနေနဲ့ ကျွန်တော်တို့ ဂျာနယ်တစောင်ထုတ်မယ် ဘယ်လိုတွေလဲဆိုတာ ဘိုဝ ဘလောက်မှာ ကြည့်ပါဦး။ ကျွန်တော်ကတော့ မအားမလပ်တာနဲ့ ပို့တွေတောင်မရေးနိုင်ဖြစ်နေတယ်။ ဘာဘဲဖြစ်ဖြစ် ပြုံးပျော်ကြပါစေ။

nana ကြောင်းတစေ့တစောင်း

နာနားဘူတာနားမှာ နာနားလမ်းသွယ်ရှိတယ်။ တကယ်တော့ ဘန်ကောက်က နာမည်ကျော် ပတ်ပုန်းက နဲနဲလေး နာမည်ရိုးလာတော့ အသွင်ပြောင်းလိုက်တဲ့သဘောဘဲ။ နာနားက အဲဒီိ ပတ်ပုန်း နားမှာဘဲရှိတာ ဘယ်မှဝေးဝေးသွားစရာမလိုဘူး။ ထူးတာကတော့ ပတ်ပုန်းတုန်းကလိုမဟုတ်ဘဲ အပြင်အဆင်တွေ ကွာ သွားတယ်။ အဲဒီိကိုသွားမယ်ဆိုရင် Sky train စီးသွားတဲ့အခါ Phloe Chit station နဲ့ Asoke station ကြား ထဲမှာရှိတယ်။ ဘူတာနာမည်က Nana station ဘဲ။ လမ်းသွယ်တွေက ၁၃၊ ၄၊ ၁၅ စသဖြင့် ရှိကြတယ်။ အရှေ့ အလယ်ပိုင်းက အာရတ်တွေအတွက် အာရပ်ဇုံလေးတခုရှိသေးတယ်။ အဲဒီမှာ တမာကူအိုး ထိုင်ရှူလို့ ရတဲ့ ဆိုင်တွေ၊ အာရပ်သီးသန့် ကလပ်တွေ အများအပြားရှိတယ်။ စားစရာတွေကလဲအီဂျစ်အစားအစာ ဆိုင်တွေ များများရှိပါတယ်။ အာရပ်ကလပ်တွေထဲတော့ မရောက်ဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီက မြန်မာ စားပွဲ ထိုးတယောက်က သူတို့ဆိုင်လက်ကမ်းကြော်ငြာ ကမ်းရင်းမေးကြည့်တော့ ကျွန်တော်တို့တွေ ကြိုက်မှာမဟုတ် ဘူးလို့ပြောပါတယ်။ တကယ်တမ်းက အရက်ကောင်တာ ဘားတွေ သီးသန့် ဖွင့်ထားပြီး အမေရိကန်စတိုင် Pool table တွေခင်းထားတဲ့ ဘားဆိုင်တွေကများတာပါ။ ဆိုင်ရှေ့မှ

ကဗျာတပုဒ်ရှိခဲ့တယ်

ကော်ဖီသောက်တဲ့ ကဗျာတပုဒ်က သူ့မှာ လက်ငါးချောင်းမရှိဘဲ စိတ်ခံစားမှုတွေကိုဆွဲထုတ် အများရှေ့မှာ ခင်းပြတတ်ခဲ့တယ်။ ကောင်းကင်ပြာတဲ့နေ့တနေ့ကဘဲ ဖြစ်မယ်ထင်ပါတယ်။ နေပြင်းပြင်း ကာလာတခုကိုရှောင်လွှဲဖို့ အေးမြတဲ့အရိပ်တခုကိုတိုးဝင်လာခဲ့တာ တကယ်တမ်းက သူ့ကို ဆုံတွေ့ချင်လို့ ဖြစ်လိမ့်မယ်လို့မထင်မိခဲ့ဘူး။ ဆင်ခြေတွေမပေးချင်ပါဘူး တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်တက်ခဲ့တဲ့ နှလုံးသားကို အပြစ်တင်ရင် မိုက်မဲတဲ့ အမှုတခု ထပ်တိုးဖို့ကလွဲပြီး ဘာများ ကျွန်တော် ပြောနိုင်ဦးမှာလဲ။ အေးမြတဲ့ အာဝါသတွေကိုခေတ္တပေးစွမ်းနိုင်တဲ့ ကုန်တိုက်တခုပေါ်ကို ၀င်လာမိခဲ့တယ်။ ခြေလှမ်းသုံးဆယ်မပြည့်ခင်မှာတွေ့မိလိုက်တဲ့ သဏ္ဍန်တခုက အာရုံထဲမှာ နေရာ အတော်များများ အရိပ်ထင်သွားခဲ့တယ်။ သမင်လည်ပြန် ဆိုတဲ့ အနေအထားနဲ့ ပြန်ကျလာတဲ့ အကြည့်တစုံက ခြေဆုံးခေါင်းဆုံးမဟုတ်တောင် မျက်ဝန်းတခုနဲ့ " ဆုံ " သွားခြင်းမှာ အနာ ဂါတ် ဟာ မသေချာ ခြင်းများအပြည့်ဖုံးလွှမ်းသွားတာ မသိလိုက်မိဘူး။ သေချာတာက မြန်ဆန်တဲ့ တုန့်ပြန်မှုက သူ့ ကိုစိတ်ဝင်စားမှု ခပ်ဆန်းဆန်း တွေနဲ့ သာယာလိုက်တယ်ဆိုတာဘဲ။ အမြင်အာရုံသက်သက်နဲ့တော့ ရင်မခုန်လောက်ပေမယ့် သံစဉ်ထွေးဖက် ၊ ရုတ်တရက်ထ

ဖတ်ကြည့်ပါဦး

ကိုတက်စလာဆိုတာ ကျွန်တော် လေးစားတဲ့ အရေးအသားကောင်း ဘလောက်ဂါတွေထဲက တယောက်ပါ။ ရေးချက်ကကျဲသလောက် ရေးလိုက်တိုင်းလဲ တကယ့် ကိုဖတ်ကောင်းတဲ့ ရသတမျိုးပေးနိုင်တဲ့ သူဆိုလဲ မှားဘူး။ အခုလဲ ကြည့်ပါဦး။ ကျွန်တော်တို့ ကိုအရွှန်းဖောက်ထားတဲ့ရေးသားချက်ကလေး ကတရက်ပြုံးရင်အသက်တရက်ရှည်ဆိုသလို ထိထိမိမိ အချက်ကျကျလေး လှောင်ထားလေရဲ့။ မသိသေးတဲ့ သူဘဲ ဖြစ်ဖြစ် သိပြီးတဲ့ သူဘဲ ဖြစ်ဖြစ် ဖတ်မိအောင် ကျွန်တော်ကဘဲ ဆော်သြော် ရည်ညွှန်းလိုက်ပါတယ်။

God of war - Chains of olympus

Image
This is the free file download for PSP users. The game were most popular in user lest 2 years. Now the new game for you. This is " The God Of War " Chains of Olympus . Here it is , enjoys yourself

မြန်မာ ဘလောက်ဂါတွေစုမယ်

Image
ကျွန်တော့် ကို အင်ဗိုက်လုပ်လာတဲ့မေးတခုကြောင့် အခုဘဲ ချက်ခြင်းလှုပ်ရှားမိလိုက်တာကတော့ ကိုညီလင်းဆက် မိတ်ဆက်လာတဲ့ မြန်မာ ဘလောက်ဂါအစည်းအရုံး နာမည်နဲ့ ဆိုဒ်တခုပါ။ အဲဒီမှာ အားလုံးသောက် ဘလောက်ဂါတွေ စုစည်းထားပေးနိုင်ပြီး လိုအပ်တဲ့အချက်အလက် အဆက်အသွယ်တွေရရှိပြီး မိတ်ဆွေတွေတိုးပွားလာနိုင်ပါတယ်။ လူဟောင်းလူသစ်တွေတနေရာထဲမှာပေါင်းစုပြီး ကောင်းမွန်တဲ့ ဆောင် ရွက် ချက်တွေ ကိုဆက်လက်လုပ်ဆောင်လာနိုင်လိမ့်မယ် ပြီးတော့ ပိုပြီးလဲ နွေးနွေးထွေးထွေး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီတော့ ကျွန်တော်တော့ အဲဒီမှာ ပါဝင်ထားရင်း ကိုယ့်ဟာ ဘယ်သူဆိုတာ ကြေငြာ ပြီး မိတ်ဆက်ထားပါပြီ။ အားလုံး သော မသိသေးသူများ လဲ ဒီနေရာလေးမှာ လာရောက်ပေါင်းစည်းကြပါစို့လို့ ဖိတ်ခေါ်ပါတယ်။ မြန်မာလိုလဲ ရေးလို့ရတယ်။ Type the rest of your post here.

wat phra kaew ( emerald buddha temple)

Image

soi nana ,soi cowboy the bangkok bargirl style

Image
soi nana , soi cowboy အဲဒီ အကြောင်းလေး တွေ မဖတ်ချင်ဘူးလား။ အိပ်ရေးပျက်ခံပြီး ရှာထားရတာ နော်။ မကြာမှီလာမည်ပေါ့။ ပြီးတော့ နိုင်ငံခြားသား တွေမှ ၀င်ရတဲ့ နာမည်ကြီး ကလပ်တွေ အကြောင်း spicy , boss, lucky စတဲ့ အကြောင်းလေးတွေ ဖောက်သည်ချ ချင်လို့ :)