Posts

Showing posts from July, 2008

Suan Lum Night Bazaar

Image
Suan Lum ညဈေးက ဘန်ကောက်မြို့ Pathum Wan ခရိုင်မှာရှိပါတယ်။ အဲဒီခရိုင်မှာ နာမည်ကျော် Pathum ဈေးလဲရှိတယ်။ Lumphini Park နဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး။ Lumphini ဘူတာမှာဘဲ နားမှာ ရှိပါတယ်။ ရာမ ၄ လမ်း Sathorn လမ်းကြားမှာပါ။ ၂၀၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဘန်ကောက်ညဈေးလို့ လူသိများတဲ့ Suan Lum ဟာ နိုင်ငံတကာက ဧည့်သည်တွေ လာရောက်ကြတဲ့ စည်ကား တဲ့ နေရာတခု ထဲမှာ ပါတဲ့ နေရာတခုပါဘဲ။ ညနေ ၃နာရီကနေ သန်းကောင်ယံအထိဖွင့် တဲ့ အဲဒီညဈေးမှာ အမှတ်တရ လက်ဆောင်တွေကို ၀ယ်ယူနိုင်သလို ထိုင်းနိုင်ငံသာမက နိုင်ငံတကာက ပစည်းတွေ ကိုပါ ၀ယ်ယူရရှိနိုင်ပါတယ်။ တခုရှိတာက နိုင်ငံတကာဧည့်သည်တွေ အ၀ယ်များတော့ ဈေးဆစ်တတ်ဖို့လိုပါတယ်။ မြန်မာတွေအနေနဲ့ မြန်မာ လိုပြောတတ်တဲ့ အလုပ်သမားတွေ အဲဒီက ဆိုင်တွေ တော်တော်များများမှာ ရှိနေတယ် ဆိုတာ အသိပေးပါရစေ။ စားသောက်ဆိုင် အများအပြားတည်ရှိနေသလို။ လေဟာပြင်စားသောက်ဆိုင်တွေပတ်လည်ထားတဲ့ ညဘက် ဖျော်ဖြေရေး စတိတ်ရှိုးပါတဲ့ အမိုး အဖွင့် အပိတ်လုပ်နိုင်တဲ့ နေရာတခုလဲရှိပါတယ်။ ထိုင်းရိုးရာ အစားအသောက်တွေ အပြင် နိုင်ငံတကာ စားသောက်ဖွယ်ရာနဲ့ ဘီယာ အရက်မျိုးစုံ ကိုတနေရာထဲမှာ စားသောက်နိုင်ပါတယ်။ စားပွဲထို

အကြောင်းအရာများနှင့် ပတ်သက်ကြည့်ခြင်း

မော်ဒန်ဆန်ဆန်ပြောရရင် နားမလည်နိုင်တဲ့ ဒွိဟ အသုံးအနှုန်းတွေ တွင်တွင်ချည်းသုံးပြီး ပြောပစ်လိုက်တာဘဲ။ ကိုယ်ကတော့ နားလည်ချင်သလိုနားလည်လိုက်တယ်။ နားထောင်တဲ့ သူက တော့နားခါးကောင်းခါးနေမယ်။ အကြားကောင်းကောင်းကြားနေတာလဲဖြစ်နိုင်တယ်။ မိစ္ဆာတွေမိုးကြိုး ပစ်လို့ ငှက်မွှေးတတောင်နဲ့လက်ပစ်ကူးပစ်လိုက်တယ်။ ဘာလဲတော့မသိဘူး။ ဒီလိုရေး လိုက်ရတာ အားတော့ရတယ်။ အားပေးကြရင် ကောင်းလို့ဘဲ မှတ်တတ်တဲ့ ညင်လေးတော့ မပျောက်အောင်ထိမ်းထားတတ်မှ ကိုယ့် ကိုယ်တိုင်မြူဆွယ်နေရခြင်းက ကင်းလွတ်မလားလို့ မျှော်လင့်မိတယ်။ ဆီတစက်မှမပါလဲ ဟင်းတခွက်ဖြစ်ချင်ဖြစ်မယ်။ ငါ့ရဲ့ညစာကတော့ ညမှဘဲစားတတ်တယ်။ ဒွေးရောယှက်တင် ဥပမာတွေကို အပြန်အလှန်ပေးလိုက်တော့ အမောင်တို့ နားတွေ ယားနေမလားမသိဘူး။ ပဲကြီးလှော်ကတော့ပျော့နေရင် စားမကောင်းတာအမှန်ဘဲ။ မှန်တာတွေပြောတဲ့ အခါတွေများဆိုရင် ကြံကထွက်တဲ့ သကြားကို ချိုချဉ်လုပ်ရသလို တယ်လဲ ချိုမြတာက လား။ လမ်းပေါ်မှာ ကားတွေချည်းဘဲပြေးနေတာမဟုတ်ပါဘူးတဲ့ ရာဘင်နတ်တဂိုးကပြောတယ်ဆို ယုံကြမလား။ သက်သေသက်ကာယတွေနဲ့ဆွဲဖွလို့ နောင်ဂျိန် ချတဲ့ ကဗျာဆရာတို့ ပွဲတွေလဲ ရှိကောင်းရှိရဲ့။ ဆေးလိပ်ဆိုတာ တိုလေကောင်းလေသာပြောကြတာ ဘယ်တုန်းကမှ အဲဒီဆေးလိပ်တွေက

PSP ကို အင်တာနက် ဘယ်လို ချိတ်မလဲ

Image
psp ကို ဖွင့်ပြီးနောက်တဲ့အခါ setting menu ကို ဘယ်ဘက်အဆုံးအထိ ဆွဲသွားလိုက်ပါ အဲဒီကိုရောက်တဲအခါ အောက်ဘက်ထဲက network setting ကို " X " ခလုတ်နှိပ်ပြီး ရွေးလိုက်ပါ ပြီးတဲ့အခါ Infastructure Mode ကို " X " ထပ်နှိပ်ပေးပါ New Connection ကိုရွေးပြီးတဲ့နောက် " X " ကို ဆက်နှိပ်လိုက်ပါ အဲဒီအခါမှာ connection ချိတ်ဆက်ဖို့အတွက် ရလာမှာဖြစ်ပါတယ်( ၀ိုင်ယာလက် ကော်နက်ရှင်ဖြစ်ရပါမယ်) ပြီးတဲ့အခါ "Scan" ကိုရွေးပြီး ဘယ်ဘက်သွားတဲ့ခလုတ်ကိုနှိပ်တဲ့နောက် PsP က သူ့ အနီးအနားမှာရှိနေတဲ့ ၀ိုင်ယာလက် ကော်နက်ရှင်တွေကို စတင်ရှာဖွေမှာဖြစ်ပါတယ်။ PSP အနေနဲ့ ကော်နက်ရှင်တွေရှိမရှိ စစ်ဆေးပြီးတဲ့နောက် ရရှိလာတဲ့ ကော်နက်ရှင်တွေကို ပြသပေးမှာ့ဖြစ်ပါတယ်။ တခုထက်ပိုနေတဲ့အခါ အဲဒီထဲက ကိုနှစ်သက်တဲ့ ကော်နက်ရှင်ကိုရွေးရမှာပါ။ တကယ်လို့ ရရှိလာတဲ့ကော်နက်ရှင်က Password ခံထားရင်တော့သင့်အနေဲ့ အဲဒါကိုသိဖို့လိုမှာဖြစ်ပါတယ်။ နောက်တခုက ရရှိနေတဲ့ ကော်နက်ရှင်က အားကောင်းနေဖို့လိုပါတယ်။ တကယ်တမ်းကတော့ သင့်ကိုယ်ပိုင် ၊ ဒါမှမဟုတ် အသိတယောက်ယောက်၊ နောက်တမျိုးက ပတ်စဝေါ့ ခံမထားတဲ့ wifi connection ကိုရထားတာပိုကောင

sony media

Image
sony ရဲ့ Vaio digital living system တခု ကိုတင်ဆက်လိုက်ပါတယ်။ Blue Ray DVD ကိုကောင်းကောင်း ဖွင့် နိုင်တဲ့ အဲဒီစက်ရဲ့ စွမ်းဆောင်ရည်က တော့ ကွန်ပျူတာတလုံးထက်သာပါတယ်။ ဈေးနှုန်းကလဲ အလွန်အမင်း သင့်တော်ကောင်းမွန်ပြီး သင့်အနေနဲ့ အသုံးတဲ့မယ့် ပစ္စည်း ပစ္စရတွေ အစုံအလင်ပါရှိပါတယ်။ စွမ်းဆောင် ရည်နဲ့ပေးရတဲ့ ဈေးကတော့ တကယ့် ကိုအံ့မခန်းပါဘဲ ။ Multi media ကောင်းကောင်း သုံးချင်သူ ရုပ်ရှင်ဝါ သနာ အိုးတွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပေါ့။ အခုပြောတဲ့စက် ကလေးကို Sony Digital Living System with Blu-Ray, DVR and Core 2 Duo လို့ခေါ်ပါတယ်။ ဈေးကတော့ ဒေါ်လာ ၁၀၀၀ နီးပါးတန်ပါတယ်။ သူ့မှာပါဝင်တဲ့လုပ်ဆောင်ချက်တွေနဲ့ တပ်ဆင်ထား တာတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ * Media center PC with Blu-Ray Disc technology and DVR capability * HDMI and component signals capable of full HD 1080 resolution * Blu-Ray R and RE burner, Video recording to Blu-Ray Disc media is done in MP2 format only * Rack style multimedia PC designed for your living room or home theater * Built-in NTSC and ATSC TV tuners and CableCARD™

၆၁ နှစ်မြောက်အာဇာနည်နေ့

Image
ဓါတ်ပုံကို ကိုသူတော်နှင့် စိုးဇေယျထံမှရယူပါသည် ဇူလိုင်လ ကိုတော့ရောက်လာခဲ့ပြီ၊ ၁၉ ရက်နေ့လဲ ရောက်လာခဲ့ပြီ၊ သမိုင်းဆိုတာ လူတွေရဲ့ အရေးပါတဲ့ အပြောင်းအလဲနဲ့ မှတ်သားဖွယ်ရာတွေကို မမေ့မ လျော့အောင် ပြုစုထားတဲ့အရာဘဲ၊ ၆၁ နှစ်တိုင်ခဲ့ပါပြီ။ တကယ့်ကိုကြာခဲ့ပါပြီ၊ ဒါပေမယ့် ပြည်သူတွေရဲ့ရင်ထဲမှာ မေ့လို့မရကောင်းတဲ့ မြန်မာ့သမိုင်းရဲ့ ထွန်း ပြောင်တဲ့ အာဇာနည်တွေထဲက၊ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ ကြတဲ့ အာဇာနည်တွေ ထဲက အလင်းလတ်ဆုံးကြယ်တပွင့်ဖြစ်တဲ့ တပ်မ တော်ရဲ့ဖခင်၊ မြန်မာ့ လွတ်လပ်ရေးရဲ့ ဗိသုကာ၊ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော် အခုလိုနေ့မှဘဲ လုပ်ကြံခံခဲ့ရတဲ့ မြန်မာတို့ရဲ့ အထိမ်း အမှတ် ထားရာ အာဇာနည်နေ့ကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မမေ့မလျော့ဘဲ သတိတရ အမှတ်ဂရု ပြုသင့် ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားကြတဲ့ သူရဲကောင်းများ နှင့် မြန်မာ့ လွတ်လပ်တဲ့ အချုပ်အခြာ ကိုအ ရှည်တည်တံ့အောင် စွမ်းဆောင်ရင်း တရား သော စစ်ကိုဆင်နွှဲခဲ့တဲ့ မြန်မာ့ သူရဲကောင်းများအား ယခုကျရောက်သော အာဇာနည်နေ့မှ အမှတ်တရ ဂါရ၀ ပြုလိုက်ပါသည်။ မိုးလေးကမနက်ပ

Batman the dark knight

Image
This is a Batman's newest movie today. Now you can feel it " The Dark Knight" at US . 18 July 2008 today ! here it is the trailer . Batman began three summers ago - now it's time for him to finish what he started. Bruce Wayne and his alter ego Batman hover on the verge of victory over Gotham City's corruption, thanks to the help of the stalwart Lieutenant Gordon and the capable D.A. Harvey Dent. But then a grinning, horrific specter rises up out of nowhere to thwart Batman at every turn... a devious anarchist who calls himself The Joker. In order to defeat him, Batman will have to explore the darker side of justice and risk becoming more villain than hero himself. Type the rest of your post here.

War Games: The dead code

Image
ရိုးသွားမှာလဲ စိုးပါတယ်။ ဒါပေမယ့် မကြည့်လိုက်ရမဖြစ်လိုက်အောင်ကြည့်ကြည့်ပြီး ချင်း တင်လိုက်တာပါ။ နာမည်ကသိပ်မထွက် သေးပေမယ့် ကြည့်လို့တကယ်ကောင်းပါတယ်။ ဒီကားရဲ့ နာမည်ကတော့ war games: the dead code ပါ။ ဒါရိုက်တာ Stuart Gillard ရိုက်ကူးပြီး ၉၅ မိနစ်ကြာတဲ့ ဒီကားလေးဟာ ရုပ်ရှင်အဖြစ် ရိုက်ခဲ့တာဖြစ်ပေမယ့် အခုတော့ DVD အဖြစ်နဲ့သာဖြန့်ချီလိုက်ပါတယ်။ ပထမ ဇတ်ကားဖြစ်တဲ့ ၁၉၈၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ War Games ရုပ်ရှင်ကို ပြန်လည် အခြေ ခံပြီး ၀တ္တုရေး ဆရာ Randall M. Badat နဲ့ Rob Kerchner တို့ က အခုခေတ်နဲ့လျော်ညီအောင်ရေးသား မှုကို ပြန်လည်ရိုက်ကူး ထား တာ ဖြစ်ပြီး တော့ ၁၉၉၆ ခုနှစ်ကတည်း ကစတင်ရိုက်ကူးခဲ့တဲ့ ကားဖြစ်ပြီး တရားဝင် ဖြန့်ချီရန်အတွက်တော့ အခု ဂျူလိုင်လ ၂၉ ရက် ၂၀၀၈ ခု နှစ်လို့ သိရပါတယ်။ ဒါပေမယ့် တလစောပြီး အွန်လိုင်းမှာ ဖြန့်ချီနေတာဖြစ်ပြီး ဒီနေရာတွေမှာ ၀ယ်ယူနိုင်ပါလိမ့်မယ် ဇာတ်လမ်းကတော့ ကွန်ပျုတာထူးချွန်တဲ့ အထက်တန်းကျောင်းသားလေး Will Farmer( Matt Lanter) ဟာ အိမ်နီးချင်း အာရပ် အဖိုးကြီးတယောက်ရဲ့ ကွန်ပျုတာ ကို ပြင်ဆင်ပေးရာကနေ အဖိုးကြီးရဲ့ ငွေအကောင့်ထဲနေ အွန်လိုင်း ဂိမ်းတခု ကို အလောင်း အစား လုပ်ဆော့ဖြစ်

Hitman

Image
အေးဂျင့် ၄၇ လို့သာ သူ့ ကိုသူသိတဲ့ လက်ရွေးစင် လူသတ်သမားတယောက်။ မျက်မြင်သတ်သေတယောက်ဖြစ်နေလို့ အသတ်ခိုင်းခံရတဲ့ Nika Boronina၊ နိုင်ငံတကာရဲတပ်ဖွဲ့က စုံထောက်Mike Whittier ။ Mike Whittier လိုက်ရှာပြီး အဓိကဖမ်းချင်နေသူကတော့ အေဂျင့် ၄၇၊ အေးဂျင့် ၄၇ ဆိုတာ တသွေးတသံတမိန့်နဲ့ဘယ်သူ့ကိုမှမညှာတမ်း လက်မတင်လေးသတ်ဖြတ်တတ်တဲ့ အထူးလေ့ကျင့်ထားတဲ့ လူသတ် သမား၊ သူလိုချင်တာက Nika မဟုတ်တော့ဘဲ အမှန်တရားကို ရှာဖွေတဲ့အခါ ဖြစ်ပေါ်လာတဲ့ အရှုပ်အထွေး ပြဿနာတွေ။ အဲဒါ Hit Man Skip wood ရဲ့ဝတ္တုကို ဒါရိုက်တာ Xavier Gans ကပွဲဦးထွက် ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Timothy Olyphant က Die head ထဲကပုံစံ အတိုင်းမဟုတ်တဲ့ အသွင်အပြင်နဲ့ ထူးခြားစွာသရုပ်ဆောင်သွားပါတယ်။ မင်းသမီး Olga Kurylenko ရဲ့ ညှို့အားပြင်းတဲ့ အလှအပတွေနဲ့ အတူ တကားလုံးစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာမှာ စတင်ဖြန့်ချီခဲ့တာ ဖြစ်လို့ နဲနဲတော့ ကြာနေပါပြီ။ ကျွန်တော်မလေးမှာ မနှစ်က ရုံတင်တင်ချင်းကြည့်ကတည်းက သဘောကျခဲ့တာပါ။ ဒါကြောင့် ပစ်ထားတဲ့ hitman ဂိမ်းတောင် ပြန် ကစားဖြစ်ပါတယ်။ အခုလဲ လွန်ခဲ့တဲ့ အပတ်က လှည်းတန်းက ခွေဆိုင်တဆိုင်မှာတွေ့လ

Dမို သို့

Image
ဒီမိုကြီး- သူ့မွေးနေ့ကိုမလုပ်လို့ တင်းနေတယ်ကြားတယ်။ တကယ်တော့ ဘယ်ဟုတ်လိမ့်မှာတုန်းဟယ်။ နင်က ငါ့ဘလောက်ရီဒါ အမာ ခံကြီး လဲဖြစ်သလို မောင်နှမတွေလိုခင်မင်နေတဲ့ သူငယ်ချင်းတယောက် ၊ ညီမတယောက်လိုလဲဖြစ်တယ်။ ဘာညာနဲ့ဒီမိုဆိုတာ ငါရဲ့ ဘလောက်သမိုင်းမှာ မရှိမဖြစ် ရဲဘော်တွေဘဲ။ဒါနဲ့ ထူးထူးခြားခြားနင်နဲ့ ရက်ကလေးဘဲကွာတဲ့ ရောင်းသူ လေးက မွေးနေ့ရှင် အသိုး လေး အဖြစ် နင်နဲ့တူတူ ဘဲမွေးနေ့ပွဲဆင်နွှဲခဲ့တာပေါ့။ ငါတို့တွေဒီဘက်ခြမ်းမှာ ဘယ်လောက်ဘဲ အလုပ်ရှုပ်ရှုပ်၊ ဘာတွေဘဲ ခက်ခဲနေလဲ မမေ့မ လျော့ဘဲ နင့်ကိုသတိတရနဲ့ရှိနေတယ်ဆိုတာပါ။ နင့်မွေးနေ့မှာ မွေးနေ့ဆုတောင်းမလုပ်ဖြစ်တာ တကယ်တော့နင့်ကိုစကြတာပါ။ ဘာဘဲ ဖြစ်ဖြစ် အခုတော့နင့်ကို မွေးနေ့ဆုတောင်းကြပြီ။ ဒီမိုလေး- အခုမွေးနေ့မှနောင်မွေးနေ့ပေါင်းများစွာကို ချစ်တဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ။ Type the rest of your post here.

ပတ်သတ်မှုမရှိပါ

ကျွန်တော့် ကို ဖိုးသူတော်ကလာပြောပါတယ်။ ဘလောက်တခုမှာ ကျွန်တော် ရေးထားတဲ့ ပို့စ်တွေထဲက နာဂစ်နဲ့ပတ်သတ်တဲ့ အကြောင်း တွေကို ရွေးတင်ထားတဲ့ အကြောင်းပြောပါတယ်။ သူပေးတဲ့ လင့် ကိုကျွန်တော်သွားကြည့်တဲ့ အခါ ကျွန်တော်ရေးထားတဲ့ အကြောင်း အရာ တွေကို အနည်းငယ်မျှသာ ပြင်ဆင်ပြီးတင်ထားတာတွေ့ပါတယ်။ အခြားသော ကျွန်တော်လက်မခံနိုင်စရာများ ပြင်ဆင်ရေးသားထား တာမတွေ့ ရပေမယ့် ကျွန်တော့်ထံမှ ကူးယူဖော်ပြထားတာကို ကြေငြာထားခြင်းမရှိပါဘူး။ ဘလောက်ဂါတိုင်းထားရှိရမယ့် စံနှုန်းများအရ မည်သူ့ထံမှ ကူးယူ ဖော်ပြတယ်ဆိုတာကို ဖော်ပြပေးရမှာဖြစ်သလို ရေးသားမှုများမှာ ပါဝင်တဲ့ အချက်အလက်များရဲ့ တာဝန်ရှိမှုအပေါ် မလေးစားရာ ရောက် ပါတယ်။ ဒီအတွက်ကြောင့် ကူးယူဖော်ပြချက်အား ကန့်ကွက်ရန်အကြောင်းမရှိပေမယ့်။ အဆိုပါ ဘလောက်ကိုရေးသား သူကိုလဲမည်သူမည် ၀ါမသိရတဲ့အတွက် အဲဒီဘလောက်မှာ ပါဝင်တဲ့ အချက်အလက်များအပေါ် ကျွန်တော်နှင့်မည်သို့မျှ သက်ဆိုင်ပတ်သက်ခြင်းမရှိကြောင်း ကြေ ငြာ အပ်ပါတယ်။ လင့်ကတော့ ygn-nargis.site88.net/wordpress ဖြစ်ပါတယ်။

တိုက်ပွဲရပ်ပြီ

Image
အခုတလောတော့ သေသေချာချာ မသုံး ဖြစ်တဲ့ facebook ကို အားတိုင်းရှိသုံးနေမိတယ်။ အဲဒီမှာရှိတဲ့ သူငယ်ချင်းများ ဘာတွေလုပ်လို့ ကောင်းတယ် သုံးလို့ အဆင်ပြေတယ်ဆိုတာတွေ ကိုပြောကြဦးနော်။ ၀ါတွင်းသုံးလ လုံး မှော်ချောင်းဘုရားထီးပြန်တင်ဖို့ ကုသိုလ်လေးတွေလုပ် ဦးမယ်။ ကျွန်တော်လဲ ဒီကနေ့ကစ ပြီး အပစ်အခတ် ရပ်စဲပါတယ်။ တိုက်ပွဲတွေ မရှိတော့ပါဘူး။ ဂိမ်းဘဲ ပြန်ကစားတော့မယ်။ အိမ်မှာနေလိုက် ခွေကြည့်လိုက်နဲ့ အချိန်ကုန်နေတယ်။ အွန်လိုင်းတောင် သိပ်မတက်ဖြစ်ဘူး။ ဟူး - - -

မှော်ချောင်းအလှူ၂ (သို့) ကုသိုလ်ယူမယ်

Image
ကျွန်တော်တို့ အလှူတွေလိုက်လုပ်ပေးနေကြလဲ ဘာဘဲဖြစ်ဖြစ် သမိုင်းမှာ တွင်ကျန်လောက်အောင်တော့ ဘာမှမလုပ်ခဲ့ကြပါဘူး၊ ကျွန်တော် တို့တွေ ကဘွဲ့ထူး ဂုဏ်ထူးတွေ သူကောင်းပြုခံရဖို့တွေလုပ်နေကြတာမဟုတ်ပေမယ့် အများကုသိုလ်နဲ့တော့ ဒီမုန်တိုင်းကြီးကြောင့် ပျက် ဆီး သွားတဲ့ သာသနိက အဆောက်အဦး အများအပြားထဲက ဘိုကလေး အပိုင် မှော်ချောင်းရွာမှာ ရှိတဲ့ ရွာဦးကျောင်းက ဘုရား ကိုပြန်လည်မွမ်း မံ ထီးတော်တင်လှူဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဥာဏ်တော် ၂၁ တောင်ရှိတဲ့ စေတီရဲ့ ထီးတော်ဟာ ပြန်လည် အသုံး ပြုမရအောင်ပျက်ဆီးသွားခဲ့ ပါတယ်။ ထီးတော်က တော့ လဲ ၂၃ လက်မ ရှိတဲ့ ထီးတော်ဖြစ်ပါတယ်။ ကာလပေါက်ဈေး သုံး သိန်းလောက်ရှိပါမယ်။ အဲဒါကိုတော့ ကျွန်တော် ကဘဲ လှူဒါန်းဖို့ ဆုံးဖြတ်ထားပါတယ်။ ကျန်တဲ့ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူတာ၊ ရင်ပြင်တော်ပြန်လည်ပြုပြင်၊ ထောင့်တွေမှာ ရှိတဲ့ ဆင်းတုတော်တွေ၊ အရံစေတီ ၇ ဆူရဲ့ထီးတော်၊ တံခွန်တိုင်တလုံး၊ ဘုန်းတော်ကြီးမဟာရံတံတိုင်းနဲ့ နတ်လမ်းတွေ၊ ဘုရားမီးရရှိရေး၊ အပြင် ဘုရား ကျောင်းကန် ဆိုတဲ့ ဆိုရိုးအတိုင်း ဘုန်းတော်ကြီးကျောင်းရှိတဲ့ အဲဒီစေတီနားမှာ ရေကန်လေးလဲရှိပါတယ်၊ အဲဒါလေးကိုလဲ ပြန်လည် ပြုပြင်ပြီး နဂါးရုံဘုရားသော်၎င်း၊ ရ

တိုက်ပွဲခေါ်သံ

မိုးကာလကားတဖြေးဖြေး ၀င်ရောက်လာပြီ။ ဒီလတော့ ရှေ့တန်းစခန်းတွင် တိုက်ပွဲပေါင်းများစွာကို အောင်မြင်စွာ တိုက်ခဲ့ပြီးပြီ၊ တိုက်ပွဲ ကြီး ၄ ပွဲ၊ တိုက်ပွဲငယ် များ စွာ နှင့် အနီးကပ်တိုက်ပွဲများ ဆက်တိုက် တိုက်လာသဖြင့် တပ်လဲပန်းနေပြီ။ လက်နက်နှင့် စားရေရိက္ခာလဲ အားနည်းလာသဖြင့် ရှေ့တန်းမှ မိခင်တပ်ရင်း သို့ ပြန် ရောက်လာသော်လည်း ကင်းလှည့်ရင်း ရှောင်တခင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ရာသီဥတုကလဲ အားကစားသမားများ အကြိုက်။ အခု ပြန်ရောက် လာသောရှေ့တန်း စခန်းသည် ဘလောင်ဘလက်တောင်ကြားနယ်မြေရှိ လှည်းတန်းလန်း အရပ်တွင်ဖြစ်သည်။ ညဘက်တွင် အစားအသောက် ခက်ခဲ ၍ ကျိတ်ပုန်း တိုက်ပွဲများကို အကြီးအကျယ်တိုက်လိုက်ရသည်။ အခုလဲ ကင်းလှည့်ရင်း ရန်သူတော် ဘလောက်ဂါမြို့ခို ကိုရင်တက်စလာ ကြီးအား သွားတွေ့သဖြင့် စမ်းချောင်း တောင်တန်းပေါ်ရှိ ၀က်မှီးတောင်ကုန်းတွင် ညနေ တိုက်ပွဲစမည်ဖြစ်သည်။ ထိုနေရာသို့ တပ်များမကြာခင်ရောက်လာရန် အပူတပြင်း စီစဉ်နေရသည်။ လက်ဖြောင့်တပ်မှ ကိုမျက်စေ့၊ စက်သေနတ်သူတော်၊ လူငယ်တပ်ရင်းမှ နန္ဒ၊ တကိုယ်တော်တပ်ဖွဲမှ ကိုကြီးကျော်၊ နှင့် အခြား လက်လှမ်း မှီရာ တပ်များအား စုရုံးနေရသည်။ တိုက်ပွဲက ပြင်းထန်မည်ဖြစ်သည်။ ဖန်ခွက်တို

အနီနဲ့အနက်

အနီတဖက် အနက်တဖက် အဲဒီဖိနပ် စီးခဲ့ဘူးတယ်။ အနီတခွက် အနက်တခွက် အဲဒီအရက် သောက်ခဲ့ဘူးတယ်။ အနီတခါ အနက်တခါ အဲဒီ အတွေး ၀င်ခဲ့ဘူးတယ်။ အနီတ၀က် အနက်တ၀က် အဲဒီ အ၀တ် ဆင်ခဲ့ဘူးတယ်။ အနီတခြမ်း အနက်တခြမ်း အဲဒီအလှ ခံစားဘူးတယ်။ အနီတခါ အနက်တခါ အဲဒီအချစ် ရင်ခုန်ဘူးတယ်။ အနီအတွေး အနက်နဲ့ရေး ကဗျာလေးလဲ ရေးခဲ့ဘူးတယ်။ ချစ်လေး နဲ့ဆို အတွေးပို ရင်ခုန်အိပ်မက် မက်ခဲ့ဦးမယ်။ ။

ကပြာကရာကဗျာ

ဂျော်နီလမ်းလျောက် အနီတတောင့် စာလောက် ရစ်မူး ရေခဲတုံးလိုအဖြစ်အပျက်တွေကို ရောမွှေပြီး မျောချ ငါတို့ညတွေ ဆက်လက်ပြီး ရှည်လျားနေဆဲ။ မရေရာခြင်းများနဲ့ မသေချာခြင်းများကို ရည်မှန်းဦးခိုက် ခွက်တိုက်ပြီး ဆုတောင်း အဟောင်းတွေကို အမြည်းလုပ်စား အသုတ်စုံ များဖြစ်သွားလေမလား မြေပဲစေ့က ပန်းကန်ထဲမှာ ပိုးလိုးပက်လက်။ နေရောင်ကင်းတဲ့အချိန် ကြယ်ရောင်လင်းဖို့ အတွက်ဆို တိမ်တွေကင်းတောင် မဲမဲမှောင်နေတတ်ဖို့လို မဲတဲ့ထဲမှာ မိုက်နေမှ အကြည့်လေးပါးနဲ့ တွေဝေမှုန်ဝါး အိပ်ပျော်တုန်းမှာ မနားတဲ့စိတ်။ Work, Wife, Whisky အဲဒါကိုဘဲ www ခေါ်တယ်ထင်တာ အင်တာနက်နဲ့နှစ်ပါးသွား မြင်မြင်သမျှ တော့မှတ်မထားပါဘူး မြင်နေသ၍တော့ မှတ်သားမိတယ် ဆင်ခြေများတဲ့ ဘ၀မဟုတ်ဘူးလား။ ကဗျာရေးချင်လို့ ကပျက်ကချော်လုပ်တာမဟုတ်ဘူး ကပြောင်းကပြန်ဖြစ်နေတတ်တဲ့ ကပြစ်ကညစ်အတွေးတွေကို ကခုန်မြူးကြွ ကမ္လာတခုလုံး လျှံကျ အတွေးတွေတစနှစ်စနဲ့။ ။

CJ-7

Image
ဒီကားလေးကို ကြည့်ပြီးတာကြာပေမယ့် မကြာခဏသတိရလေ့ရှိခဲ့တယ်။ ဘာလို့လဲ ဆိုတော့ ဇာတ်လမ်း ကလေးက ရိုးရှင်းပြီး တကယ့်ကိုကြည့်ကောင်းလို့ပါ။ ဒီကားလေးက အခုနှစ်အစောပိုင်းမှာ တရုတ်ပြည်မှပထမဆုံး ပြသခဲ့ တာဖြစ်ပြီး ၀င်ငွေအတန်ငယ်ကောင်းခဲ့ပါတယ်။ ဇာတ်လမ်းကြောရိုးလေးကတော့ ဒီလိုပါ။ ရိုးလဲရိုးသား အလုပ်ကြိုးစားတဲ့ မုဆိုးဖို Chow Ti( Stephen Chow ) မှာ သားလေးတယောက်ရှိပါတယ်။ သူ့သားလေးကို သူ့လို ပညာ မတတ်တဲ့အခါ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရမှာဆိုးလို့ အပင်ပန်းခံပြီး ကျောင်းကောင်းကောင်းမှာ ပညာသင်စေခဲ့ပါတယ်။ သူကို တိုင်ကတော့ နေ့ညမနားတမ်းအလုပ်တွေလုပ်ပြီး သူ့သားလေး Dicky( Xi Jiao ) ကိုမပင်မပန်းကျောင်းတက်စေခဲ့ပါတယ်။ ဒါပေမယ့် ဆင်း ရဲလှပြီး ကျောင်းလခကိုတောင် အတော်ရှာနေရတဲ့အတွက် အ၀တ်အစားကအစ အဖက်ဖက်မှာမပြည့်စုံတဲ့ Dicky ကတော့ ကျောင်းမှာ အမြဲ တမ်း သူများအထင်အမြင်သေးတာကိုခံရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် Dicky တို့သားအဖကိုစာနာပေးတဲ့ ကျောင်းကဆရာမလေး Mis.Yean ကတော့ရှိနေခဲ့ပါတယ်။ ဖခင်လုပ်သူက လမ်းကနေကောက်လာတဲ့ ဖိနပ်လေးတွေကို သာစီးနေ ရတဲ့ Dicky လေးမှာ ဆော့ကစားစရာ အရုပ်ဆိုတာမရှိခဲ့ပါဘူး။ တရက်မှာတော့ ကျောင်းနေဖက်သူငယ်ချင်းတယောက်ယူလာတဲ့

အိုလံပစ်ဘလောက်

လာမည့် တရုတ်ပြည်ဘေကျင်း အိုလံပစ်ပွဲတော် အကြောင်းများအား ဘလောက်ဂင်းမလုပ်ရန် တားမြစ်သော ကြေငြာချက်များ အင်တာနက်ပေါ်တွင် ကျွန်တော်တွေ့လိုက်ရပါသည်။ နိုင်ငံတကာ အိုလံပစ်ကောင်စီမှ ထုတ် ပြန်သည်ဟု တွေ့ရသည်။ ထို အချက်အလက်သည် မှားယွင်းနေသလား မှန်ကန်မှုရှိသလားစဉ်းစားစရာ ဖြစ်လာ ခဲ့သည်။ တကယ်ဆို ဘလောက်သည့် အကြောင်းအချက်အလက်များသည် စုံလင်လှသည်။ ထိုအချက်အလက် များအား စာနယ်ဇင်းများအဖြစ် အသိအမှတ်မပြု၍ ဘလောက်ဂင်းလုပ်ခြင်းအား တားမြစ်သည်ဟုလဲ ပါရှိသည်။ အိုလံပစ်နှင့်ပတ်သတ်သော ဓါတ်ပုံ၊ ဗွီဒီယိုနှင့် သတင်းအချက်အလက်များအား လုံးဝဘလောက်ဂင်း မလုပ်ရန် လဲပါရှိသည်။ မည်သည့်အချက်သည် မည်သည့် ဥပဒေများဖြင့် ငြိစွန်းသည်ဟုလည်း ဖော်ပြထားပြန်သည်။ အဆို ပါကြေငြာချက်သည် အခြေခံကျကျ တွေးတောမည်ဆိုပါက လူ့အခွင့်အရေးအား သိသိသာသာချိုးဖောက်ထား ခြင်းသာဖြစ်သလို လွတ်လပ်စွာရေးသားဖော်ပြနိုင်ရမည်ဆိုသော ခြေခံလူ့အခွင့်အရေးအား ထိပါးခြင်းသာ ဖြစ်ပါ သည်။ ဘလောက်များသည် အင်တာနက်ကို လူအများ စိတ်ဝင်တစား အသုံးပြုလာခြင်းနှင့်အတူ ပေါ်ထွက်လာ သော နည်းပညာ အသုံးပြု လူထုဆက်သွယ်ရေး အစိတ်အပိုင်းတခုသာဖြစ်သည်။ ဘလောက်များသည် သတင်း များအားဖော်ပြနေသော သတင်းဌာနာများ မဟုတ်သ