မလွမ်းချင်သူ
ချစ်တယ် ဆိုတဲ စကားလေးတကတော့ တခွန်းပါ
ငါခံစားလိုက်ရတာတော့နေ့နဲ့ည
ပိုင်ဆိုင်ရမှာလား ခွဲသွားရမလား
ငါမတွေး ရဲပါဘူး ကလေးရယ်
တနေ့တော့ ငါတို့ တူတူနေရမှာပါ၊
မင်းလဲ ယုံကြည်ထားနော်။
ဒုတိယဆိုတာ ပထမရှိခဲ့လို့ပါ
အသိအမှတ်ပြုခြင်းဟာ
ရင်ထဲက ဆုတခုပေါ့
တကယ်ဆို မင်းက ပထမနဲ့ နောက်ဆုံးချစ်သူ
ကံကောင်းခြင်း ဆုတခုကို
မင်းနဲ့ငါ ယူသင့်တယ်။
အပြုံးတွေကို သာစွဲလမ်းရကြေးဆို
မင်းအနမ်းကို ငါဘယ်မှာထားရမလဲ
ကုန်သွယ်မှုမဟုတ်တဲ့
တို့နှစ်ယောက်ချစ်ခြင်းမှာ
အပြစ်တွေမကင်းခဲ့ကြတော့
ငါကိုယ်တိုင် ခွင့်မလွှတ် နိုင်ခဲ့
ရင်တွင်းမှာ မင်းသာ ပိုင်ခဲ့တာ တကယ်ပါ။
အိပ်မက်တွေကို နိုးထ
ချစ်ခြင်းကိုလမ်းပြ
မင်းလေးက ကိုယ့်ကို လွမ်းရအောင်တော့
ငါခံစားလိုက်ရတာတော့နေ့နဲ့ည
ပိုင်ဆိုင်ရမှာလား ခွဲသွားရမလား
ငါမတွေး ရဲပါဘူး ကလေးရယ်
တနေ့တော့ ငါတို့ တူတူနေရမှာပါ၊
မင်းလဲ ယုံကြည်ထားနော်။
ဒုတိယဆိုတာ ပထမရှိခဲ့လို့ပါ
အသိအမှတ်ပြုခြင်းဟာ
ရင်ထဲက ဆုတခုပေါ့
တကယ်ဆို မင်းက ပထမနဲ့ နောက်ဆုံးချစ်သူ
ကံကောင်းခြင်း ဆုတခုကို
မင်းနဲ့ငါ ယူသင့်တယ်။
အပြုံးတွေကို သာစွဲလမ်းရကြေးဆို
မင်းအနမ်းကို ငါဘယ်မှာထားရမလဲ
ကုန်သွယ်မှုမဟုတ်တဲ့
တို့နှစ်ယောက်ချစ်ခြင်းမှာ
အပြစ်တွေမကင်းခဲ့ကြတော့
ငါကိုယ်တိုင် ခွင့်မလွှတ် နိုင်ခဲ့
ရင်တွင်းမှာ မင်းသာ ပိုင်ခဲ့တာ တကယ်ပါ။
အိပ်မက်တွေကို နိုးထ
ချစ်ခြင်းကိုလမ်းပြ
မင်းလေးက ကိုယ့်ကို လွမ်းရအောင်တော့
မလုပ်ပါနဲ့နော်။
Comments