ထာဝရတည်မြဲခြင်း (သို့) အနိစ္စ
သွားပြန်ပြီတယောက်တော့
ဒီနေ့ငါ နာရေးတခုသွားပို့တယ်။
ငိုတဲ့သူက ငိုတယ်၊
ရီတဲ့သူက ရီတယ်။
ဆိုင်တာတွေလဲပြောတယ်။
မဆိုင်တာတွေလဲပြောတယ်။
ဘာမှ လဲမဟုတ်ဘူး၊
လိုက်ပို့တဲ့သူတွေလဲမသိကြဘူးလား
သူတို့လဲတနေ့ အဲဒီလိုနေရာမှာလဲလျောင်းရဦးမှာ
အချိန်တန်နေပါပြီလို့လဲကြားတယ်
စောပါသေးတယ်လဲ ကြားတယ်
တကယ်တော့ ဒါကသဘာဝဘဲ
အချိန်ဆိုတာမရှိပါဘူး
အသက်ရှင်နေတုန်း မေတ္တာတွေနဲ့
တာဝန်တွေကြေခဲ့ကြရင်
ကျေနပ်နေမှာပါ
ဝမ်းနည်းတယ်ဆိုတာ မဖြည့်ဆည်းပေးနိုင်လို့ပါ
ငါချစ်တဲ့သူ သေသွားခဲ့ရင်
ငါမျက်ရည်ကျလိမ့်မယ်
ငါ့ကိုချစ်တဲ့သူတယောက် ကိုဆုံးရှုံးလိုက်ရလို့
ဒါအပြန်အလှန်ဘဲလေ
ငါငိုနေတာမဟုတ်ဘူး
ငါလဲတနေ့ ဒီလိုဖြစ်မှာဘဲ ၊
အရင်နဲ့နောက်နဲကဘဲ ကွာမှာပါလေ၊
ငါသေရင်တော့မငိုပါနဲ့
ငါမသေခင်မှာဘဲ ငါ့ ကိုဂရုစိုက်လိုက်ပါ
ဒါဆိုမင်းတို့ ငိုရမှာမဟုတ်ဘူး။ ။ ။
Comments