Posts

Showing posts from February, 2008

ကျွန်တော့် စကားများ (၁)

လူရိုင်းတွေ စားပစ်တဲ့ ပမာဏက လူယဉ်ကျေးတွေ သတ်ပစ်တဲ့စစ်ပွဲနဲ့ စာရင် ဘာမှ မပြောပလောက်ပါဘူး။ အခွင့်အရေးဆိုတာ စောင့်နေရမှာမဟုတ်ဘူး၊ ကိုယ်တိုင်ဖန်တီး ယူရမှာ။ ယုံကြည်ချက်ကို မျှော်လင့်လိုက်ပါ၊ ဘယ်တော့မှ ဆုတောင်းမနေနဲ့။ စိတ်ကူးတွေကြောင့် ဆန်းကြယ်မှုတွေ ဖြစ်လာနိုင်သလို စိတ်ကူးတွေကြောင့် အန္ဒရာယ်တွေ ကျရောက်လာ နိုင်တယ်။ တရားမျှတ မှုဆိုတာ အားနည်းတဲ့သူက ကျေနပ်မှုကြောင့်ဘဲ ဖြစ်တာ။ အနိုင်ရသူ တဦး အတွက် ဘာမှအကြောင်းပြချက် မလိုဘူး။ အမှန်တရား ထွန်းကား လာတယ်ဆို အမှားတရား အရင် ထွန်းကားခဲ့ရမယ်၊ အမှန်တရား တခု ဖြစ်ဖို့ ပထမဆုံး က အမှားတခု ကျူးလွန်ခြင်းဘဲ။ လူတွေ ကကိုယ့်အ ကြောင်းကို ကောင်းကောင်းမသိဘဲ သေသွားရတာဘဲ။ ကမ္ဘာကြီး ကတော့ပြားနေပြီတဲ့၊ ကျွန်တော်တို့ ပြားမသွားဖို့ အရေးကြီးပါတယ်။ သူများကို တိုးတက်စေချင်ရင် ကိုယ့် ကို ကိုယ် တိုးတက်အောင် အရင်လုပ်ပါ။ မဖြစ်သေးတာ ကိုတွေးတောပါ၊ ဖြစ်ပြီးသားကိုဆင်ချင်ပါ၊ မရေရာတာ တခုမှခေါင်းထဲ မထဲ့ပါနဲ့။ ကြီးပွားချင်ရင် လူမှုရေးတွေ လျှော့ပါ။ ကမ္ဘာ ကြီးမှာ ဘယ်တုန်းက မှ အမှန်မရှိခဲ့ဘူး၊ အမြဲ ပြောင်းလဲနေမှ သဘာဝဖြစ်တာ။ ကြိုးစားတိုင်း အောင်မြင်ဖို့ ဆိုတာ ကြိုးစားခ

88 minutes - တစ်နာရီ နှစ်ဆယ့်ရှစ်မိနစ်

Image
ဒီတခါ ကြည့်တဲ့ ကားကတော့ 88 minutes ဆိုတဲ့ကားပါဘဲ၊ Al pacnio ခေါင်း ဆောင်ပါဝင်ထားတဲ့ အက်ရှင် ဇာတ် ကားတ ကားဖြစ်ပါတယ်။ အခုဇာတ်ကားမှာ Al pacnio ကမှုခင်း စိတ်ပညာ ဆိုင်ရာ ပညာရှင် Dr, Jack Gramm အဖြစ် သ ရုပ် ဆောင် ထားပါတယ်။ ပါမောက္ခတဦးလဲ ဖြစ်တဲ့ဒေါက်တာ ဂရမ် ဟာ မှုခင်းဆိုင်ရာ စိတ်ပညာ လောက မှာ ထင်ရှား ကြော် ကြား ပါတယ်။ သူဟာ အိမ်ထောင် မရှိတဲ့ လူပျို ကြီး တယောက် ဖြစ်ပြီး ညစဉ် သောက်စား ပျော်ပါးနေလေ့ ရှိကာ ဘ၀ကို ပျော် ပျော် ပါး ပါး ဖြတ်သန်းချင် သူပါ။ သူ့ပညာရပ်နဲ့ ပတ်သက်လို့ အင်မတန် ယုံကြည်မှု ရှိပြီး ခေါင်း မာ တဲ့ စရိုက်လဲ ရှိသူပါ။ တခါမှာ တော့ သူကိုင်ခဲ့တဲ့ အ မှုဖြစ်တဲ့ လူသတ်မှု ကတရားခံ Foster ကို တရားရုံးက သေ ဒဏ်ချ မှတ် ခဲ့ပြီး၊ သေဒဏ် စီရင်တော့မယ့် တရက် အလိုမှာ လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလူသတ် မှုက အခုတရားခံ Foster လူသတ်ခဲ့တဲ့ ပုံစံအတိုင်း တပုံစံတည်း တူညီနေတာတွေ့ရပါ တော့ တယ်။ အများ အမြင်မှာရော ၊ မှုခင်း ဆိုင်ရာ မှာပါ သက်သေခံပစ္စည်း၊ မျက်မြင် သက်သေ ၊ စတဲ့ မစုံလင်မှု တွေ ကြားထဲက Foster မှာ အပြစ် ရှိကြောင်း သက်သေ ပြနိုင်ခဲ့တဲ့ ဒေါက်တာ ဂရမ်ကို လူတွေက တမင် ဖန်တီးလီ ဆည်ကာ Foster အပေါ် ပြစ်မှု စီရင

လှပမှုစင်မြင့်ပေါ် (သို့) Stage Beauty

Image
မနေ့ကလဲ ထုံးစံ အတိုင်းဘဲ ၊ ဘယ်မှ မသွားဖြစ်တာနဲ့ movie 5 ကြည့်ရင်း အခုကြည့်တဲ့ Stage Beuty ကားလာတာနဲ့ ကြည့် ဖြစ်ခဲ့ ပါတယ်။ ၂၀၀၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ကားဟောင်းတခု ဖြစ်ပေမယ့်။ ကြည့်ကောင်းတဲ့ ဒရမ်မာ ဇာတ်ကားလေး ဖြစ်ပါတယ်။ Claire Denes နဲ့ Billy Crudup တို့ ခေါင်းဆောင် ပါဝင်ထားတဲ့ ဒီဇာတ် လမ်းလေးဟာ ရှေးခောတ် အင်္ဂလန် ၁၈ ရာစု တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းလေး တွေကို နောက် ခံ ထား ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ပြဇာတ်တွေ မှာ မင်းသမီးများ ပါဝင် ကပြခွင့်မရတဲ့ အမိန့် ကြောင့် ရှိတ်စပီးယား ပြဇာတ်တွေမှာ မင်းသမီး နေ ရာ ကို ယောက်ျားများက ပါဝင်ကပြ ကြပါတယ်။ အဲလိုတင်ဆက်တဲ့ ယောကျား မင်းသမီး တွေဟာ နေထိုင်ပြေ ဆိုမှုတွေ ကို မိန်းကလေး တယောက်နဲ့ တူအောင် အတော် ကျင့်ယူထားခဲ့ရတာပါ။ ဒီအထဲက အင်မတန် နာမည်ကြီးတဲ့ အော်သဲလို ပြဇာတ်မှာ သရုပ်ဆောင်ရတဲ့ ယောကျား မင်းသမီးတဦးနဲ့ သူရဲ့ ၀တ်လဲ တော် ကောင်မလေး ၊ အပြောင်းအလဲ ကိုလိုလားတဲ့ ဘုရင်ကြီး၊ အင်မတန် သရုပ်ဆောင် တဦး ဖြစ် ချင်ခဲ့တဲ့ ၀တ်လဲ တော် ကောင်မလေး ကြောင့် အင်င်္ဂလန် မှာ မင်းသမီးများ ပြန်လည် ကပြ ခွင့်ရရှိသွားတဲ့ အခါ ယောကျား မင်းသီး တဦးအနေ နှဲု သူ့ရဲ့ အောင်မြင်မ

ငါက

 ငါက အာဒမ်ပေါ့  နံရိုးတွေ တချောင်းပြီး တချောင်း  ထုတ်ပြီးပေး ခဲ့ဘူးတယ်  ပန်းသီးတွေ စားလိုက်ရတာလဲ  မနဲတော့ ပါဘူးကွယ်။ ။ ။  ငါက ရိုမီယိုပေါ့  အဆိပ်တွေ တခွက်ပြီး တခွက်  သောက်ရ ခဲ့ဘူးတယ်  သေခဲ့ရတာ လဲ  မနဲတော့ ပါဘူးကွယ်။ ။ ။  ငါက ကန္ဒရာ တကောင်ပေါ့  အချစ်နဲ့ တည ပြီးတည  ခွဲရ ခဲ့ဘူးတယ်  ငိုခဲ့ တဲ့ ည ခုနှစ်ရာလဲ  မနဲတော့ ပါဘူးကွယ်။ ။ ။  ငါက ဆီဆာပေါ့  ကလီယိုပါထရာတွေ တယောက်ပြီး တယောက်  လာပြီး လှည့်စားသွား ခဲ့ဘူးတယ်  အသဲကွဲ ရှုံးနှိမ့်ရတာလဲ  မနဲတော့ ပါဘူးကွယ်။ ။ ။  ငါက ငါဘဲပေါ့  စိတ်ကူးတွေ တခုပြီး တခု  ယဉ်ခဲ့ လာရဘူးတယ်  ဘာမှ ဖြစ်မလာတလဲ  မနဲတော့ ပါဘူးကွယ်။ ။ ။

ညကကြည်တဲ့ ဇာတ်ကား

Image
ညကတော့ ထုံးစံ အတိုင်း မိုးချုပ်တော့မလို့ ပါ။ ဒါပေမယ့် မနေ့ကကန် ဘောင်မှာ သူငယ်ချင်းများ တူတူ ပျော်ပျော်ပါးပါး စားသောက် သီချင်းဆိုကြ၊ ဒါတ်ပုံရိုက်ကြနဲ့ ဆိုရတာ အားမရကြလို့ M3 ရောက်သွား ပြီး နွှဲလိုက်ကြသေးသဗျာ၊ ပြီးတော့ ထမင်းကြော်စား ပြီး လမ်းခွဲတဲ့ အချိန်ထိ အမာခံလူတွေနဲ့ မတွေ့တာနဲ့ ကျွန်တော်လဲ လက်ဖက်ရည်ဆိုင် မှာသီချင်း အကြောင်း ပြောရင်း ခဏထိုင်လို့ အိမ်ကို စောစော ပြန်ဖြစ်သွားပါတယ်။( အခုတလော ဒါမျိုးတွေရေးနေရတာ ဖတ်တဲ့ သူရိုးမှာစိုးလို့ မဖွတော့တာနော်) ဒါနဲ့ အိမ်ရောက်တော့ တယောက်ထဲ ခပ်ပျင်းပျင်း ရှိနေတာနဲ့ ဟိုရက်ပိုင်းက ၀ယ်ထားတဲ့ ဂျက်လီပါတဲ့ The Warlords ဆိုတဲ့ ကားကို ကြည့်မိပါတယ်။ ပထမ ရက်က တ၀က်လောက်ကြည့် ပြီး ပေမယ့် အခုအစအဆုံး ပြန်ကြည့် ဖြစ်ပါတယ်၊ ကြည့်ကောင်းတဲ့ ဇာတ်ကားတကားပါ။ ဇာတ်လမ်း ကတော့ တိုက်ရည်ခိုက်ရည် ကောင်းပြီး သူ့ရဲ့စိတ်ကို ခန့်မှန်းရ ခက်တဲ့ စစ်သူကြီး တစ်ယောက် တိုက်ပွဲတခုမှာ သူ့ရဲ့ လူတွေ အကုန်သေကုန်တာက နေစထားပါတယ်။ တရုတ်ပြည်ကြီးရဲ့ နောက်ဆုံးမင်းဆက်မတိုင် မီသူ့မယ်တော် ခေတ်ကိုနောက် ခံထား ရိုက်ကူးထား တဲ့ ဒီဇာတ်ကား ဟာ လူ့သဘာဝနဲ့ စစ်ရဲ့ ကောင်းပုံဆိုးပုံ ကိုပုံဖော်ရိုက်ကူးထား ပြီး၊ေ

ဘလာဂေါက်သန်းကြွယ်သူဌေးလော

အနှီဘလာဂေါက်ဟုခေါ်လေသော ကျွန်တော်သည် တကယ်တော့ အလုပ်ရယ်လို့ မယ်မယ် ရရ မရှိဘဲ ၀န်ဆောင် မှု အပေါင်း တွင် အင်တာနက် သင်တန်းနည်း ပြလုပ်နေ သော ငနဲ တကောင်သာ ဖြစ်တော့ လေသည်။ သို့သော် ထို ဘလာဂေါက်တယောက်သည် သင်တန်းရှိ လျက် မအား ချင်ဟန်ဆောင်သော ဆရာ၊ သင်တန်းမပြ ချင်သဖြင့် ရှောင် ဖယ်ဖယ်လုပ်တတ် သော ဆရာတဦးသာ ဖြစ်ပေ၏။ သို့ ကလို ကြိုးစား သော ဘလာဂေါက်သည် အရင် နှစ် ဒီလို အချိန် တွင် ဘိုင်ကျ ဘကြိုင်နေ သော သူတဦး သာ မက မော်ဒယ် အဟောင်း ကြီးလော ၊ မော် ဒယ် အသစ်လော ဖြစ်နေ ချိန် ဖြစ်လေ ၏။ မည်သို့ပင် ဆိုစေ အနှီဘလာ ဂေါက်သည် ပြီးခဲ့ သည့်နှစ် ၅ လပိုင်းမှ စကာ အင် မတန် ကံဇာ တာပွင့် လန်းကာ သူကြွယ်လော ဟု ဆိုရအောင် ၀င်ငွေကောင်းလာ လေ၏။ ဖြစ်ချင်တော့ သူကြွယ် ဖွတ်ကြားလော။ ဒီနှစ် အတွင်း ဘလာ ဂေါက် ၏ အသုံးစားရိတ် မှာ မြန်မာ ငွေတွက်လျှင် နိုင်ငံခြား သွားတာ အပါ အ၀င် မြန်မာ ကျပ်ငွေ ၄ ဒဿမ ၈ သန်းကျော် ရှိလေ၏။ ယုံချင်ယုံ မယုံချင်နေ ဘလာ ဂေါက်မှာ တလလျှင် ၀င်ငွေ ၂သိန်း ပတ်ချာ လည်ကာ အကျွေး များ စွာ တင်သော သူ ဖြစ်နေ ကာ မူ ၊ အ မှန် ပင် ကျပ် သန်းချီ သုံး ဆွဲနိုင် လေ၏။ ဘယ်သူပြော တုန်း မြန်မာတွေ ဆင်းရဲနေ တယ်လို့။ အလကား ပြောနေတာ

ကောလင်းစိုးကြီးအတွက်

ကိုစိုးဇေယျ၊ စိုးဇီယျ၊ ကောလင်းစိုးကြီး၊ သတင်းထောက်ကြီး၊ သတ်ပုံမှားတဲ့ ဘလောက် စသဖြင့် ကျွန်တော်တို့ ထင် သလိုခေါ်ဆို နေသော ကျွန်တော်တို့ ရောင်းရင်းကြီး ၊ သဘောကောင်းတဲ့သူ၊ သဘောရိုးကာ စကားပြောရင် ဒဲ့ဒိုး ပြောကာ ဟန်မဆောင်တတ်လို့ လူမုန်းများတဲ့ သူ၊ စိတ်ရင်းကောင်းပြီး သူတပါးကိုကူညီတတ်တဲ့သူ၊ သူ့ရဲ့ အခု အချိန်မှာ ကျရောက်လာတဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင် အောင် ပျော်ရွှင်အောင်မြင်မှုများ ပိုင် ဆိုင်ကာ သူနှစ်သက်ခုံမင်တဲ့ အနုပညာ လုပ်ငန်းများ ကိုလုပ်ကိုင်ရင်း ဖြတ်သန်းနိုင်ပါ စေကြောင်း ဆုမွန် ကောင်း တောင်းပေးလိုက်ပါတယ် ကိုစိုးဇေယျရေ။ မှတ်ချက် - ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှာမွေးတဲ့ ကိုစိုးဇေယျကို မသိသူများ က အသက် ၃၀ ကျော်နေ ပြီလားလို့ မေးနေကြောင်းပါ - ဟတ် ဟတ်။ Type the rest of your post here.

အိမ်ဘေးမှာရေကန်လေးရှိတယ်

အိမ်ဘေးမှာရေကန်လေးရှိတယ် ကျွန်တော့ ငယ်ငယ်က နေတဲ့ အိမ်ဘေးမှာ ရေကန်လေးတခုရှိတယ်။ သူ့ ကိုရေ ကန်လေးလို့ ပြောတာ အမှန်တော့ အုတ်ကန်သေးသေးလေး တခုပေါ့။ ကျွန်တော်ငယ်ငယ် ကအဲဒီရေကန် လေးနားမှာ ဆော့ ကစားခဲ့တယ်။ အိုးပုတ်တွေနဲ့ ကစားတဲ့ အခါ၊ သဲတွေမြေကြီးတွေ နဲ့ ဆော့ကစား ပြီးတဲ့ အခါ၊ ခွေးချေးတတ် နင်းမိတတ်တဲ့ အခါ၊ ကျွန်တော်တို့ အဲဒီရေ ကန်လေးကို သုံးခဲ့ကြယ်။ သင်္ကြန်ကျတဲ့ အခါမှာလဲ ရေကန်လေး ကကျွန်တော့ အတွက် ရေတွေအများကြီး ပေးဆော့ခဲ့တယ်။ မိုးရေချိုးတဲ့ အခါမှာလဲ ရေကန်လေးထဲက ရေတွေနဲ့ ရေကစားတတ် သေးတယ်။ နွေဘက်မှာ ရေမရတဲ့ ရက်တွေမှာ ၊ မီးမလာလို့ ရေတင်လို့မရတဲ့ အခါတွေမှာ ရေကန်လေး ကကျွန်တော့်သန့်ရှင်းမှု အတွက် ကူညီခဲ့တယ်။ သူ့ ကိုကျေးဇူးတင်စွာနဲ့ ကျွန်တော်တို့ မိသား စု က သူ့ကိုအ၀တ်အထည်ကောင်းကောင်းပေးဝတ်၊ အရပ်ကလေးရှည်လာအောင် လုပ်လို့ သူ့ရင်ဘတ်မှာတောင် ကျွန်တော့် အမည်ပါတဲ့ ကျွန်တော်တို့ မိသားစု အမည်လေး ရေးထိုး ခဲ့တာ ကျွန်တော်မှတ်မိသေးခဲ့တယ်။ ကျွန်တော်ငယ်ငယ်တုန်းကပေါ့ကွယ်။ အိမ်ဘေးမှာရေကန်လေးရှိတယ် ကျွန်တော် လူငယ်ဘ၀က နေတဲ့ အိမ်ဘေးမှာ ရေကန်လေးတခုရှိတယ်။ သူ့ ကိုရေကန်လေးလို့ ပြောတာ အမှန်က ကျွန်တော့ထက် အသက်ကြီးတဲ့ အုတ်ကန်ေ

ဒီနေ့မှာသာ အကောင်းဆုံးလုပ်ချင်တာ

   ကျွန်တော်တို့ တွေ ဖြတ်သန်းရင် ဆိုင်ခဲ့တဲ့ နေ့ရက်တို့သည် တိုတောင်းလွန်းတယ် လို့လဲ မဆိုသာ၊ ရှည် လျားလွန်းတယ်လို့လဲ မထင်ရအောင် ပြောင်းလဲ မြန်ဆန်စွာ လည်ပတ်နေဆဲပါ။ ကျွန်တော် တို့ ဖြတ်သန်း ချင်လို့ ဖြတ်သန်းနေရ တာလား၊ မဖြတ်သန်းချင်ဘဲ ဖြတ်သန်းနေသလား ကိုတိုင် မသိကြတာတော့ တကယ်ပါဘဲ။ အဲဒါကို သဘာဝ လို့ထင်ရင် ဒါဟာ ဘ၀ ပါဘဲ လို့တော့ ဆိုကြရလိမ့်မယ်။ ကိုယ့် ကိုကိုယ် ပြန်ရှုမြင်တဲ့ အခါ ကျွန်တော်တို့ ဟာ လက်ရှိအချိန်လေးမှာ တည်မှီနေကြတဲ့ သတ္တ၀ါတွေ ဆိုတာ သွားတွေ့တယ်၊ အားလုံး အားလုံးသော လူသား တို့ ဟာ ကျွန်တော် ထင်မိ မြင်မိတာ လေးကို သိကြမှာပါဘဲ၊ဒါပေမယ့် သတိမထားမိ တာဖြစ်ကောင်းဖြစ်လိမ့်မယ်။ တကယ်တော့ ကိုယ်တင် မက ကို့ ပတ် ၀န်းကျင် ၊ ကို့ ကမ္ဘာ ကြီးဟာ ပစ္စုပန် ဆိုတဲ့ လက်ရှိ အချိန်မှာသာ လည် ပတ် နေတာဘဲလေ။ စင်္ကြာဝဋ္ဌာ နဲ့ နှိုင်းရင် မြူမှုန်လောက် သာရှိပါတယ် ဆိုတဲ့ လူတွေမှာ ဒီစင်္ကြာ ၀ဋ္ဌာ ကြီး အကြောင်း နားလည်တဲ့ အသိဥာဏ် ရှိနေတာ ဖန်ဆင်းရှင် ရှိလို့ တော့ ဟုတ်မယ်မထင် ပါဘူး ။ အမှန်က လူတိုင်း သိနိုင်တာ ကလွဲလို့ လူတိုင်းမသိနိုင် တဲ့ အခြေ အနေတွေရှိနေသေးတာဘဲလေ။ တကယ်စင်စစ်က ဘာမှ မရှိတဲ့ လောကကြီးလို့ ထင်ပါတယ်။ လူမှုပတ် ၀န်းကျင်မှာတော့ လူက

ဘာလို့ထင်လဲ - ?

Image

ပြည်တွင်း ဘလော့ဂါ ၊ ပြည်ပမီဒီယာ နှင့် လက်ရှိ အခြေအနေ

ကျွန်တော်တို့ အခုတလော ဘာမှ မဖြစ်သလိုသာ နေ နေကြတာပါ။ ဘာဖြစ်နေလဲဆိုတာကို အားလုံးသိကြမှာပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ သဘောထားကိုပြောဖို့ အများကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဖွသလို ဖြစ်မှာစိုးလို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ပြောဖို့ လိုမယ်ထင်လို့ ပြောပါရစေ။ ပထမဆုံး ပြောချင်တာကတော့ ပြည်တွင်း ဘလော့ဂါ တွေပါ။ ဘလော့ဂါတွေ ဘာကြောင့် ဘလော့ဂ်ရေးကြသလဲဆိုတာ တစ်ယောက်နဲ့ လွတ်လပ်စွာ အမြင် ကွဲလွဲနိုင်ပါတယ်။ ကျွန်တော်ကတော့နိုင်ငံရေးတို့၊ ကျွန်မကတော့ လူမှုရေးတို့၊ ကျုပ်တို့ကနည်းပညာအကြောင်းတို့၊ ငါကတော့ကိုယ်ရေးကိုယ်တာတို့ ကြိုက်သလိုသာပြောပါ။ ပြောလို့ရပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကိုယ်ရေးချင်တာကို ကိုယ်ရေးတာပါ။ ဘယ်သူရဲ့ လွှမ်းမိုးမှု၊ လောင်းရိပ်ကိုမှ မခံချင်လို့ လွတ်လပ်တဲ့ ဘလော့ဂ်ကို ရေးနေကြတာပါ။ ဘလော့ဂ်နဲ့ ပတ်သတ်လို့ကတော့ ဘယ်သူ ဘာပြောပြော ကျွန်တော်လည်း ကျွန်တော်ရေးချင်တာကို ရေးတာပါ။ ပြည်တွင်းဘလော့ဂါတွေမှာ နိုင်ငံရေးရယ်လို့ ပီပီပြင်ပြင် ရေးနေတဲ့သူ ကျွန်တော်လည်း မတွေ့မိပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ အပြင်မှာတော့ ပြောချင်ပြောကြမှာပေါ့။ ဒါကတော့ လဘက်ရည်ဆိုင်ထိုင်ရင်းလည်း ပြောနေကြတာပဲဆိုတော့ မထူးဆန်းပါဘူး။ ဒါ

ဘလောက်ဂါဘာလဲ၊ ဘလောက်ဂါဘယ်လဲ

ကျွန်တော်ပြောချင်တာ ဖြစ်တဲ့ အတွက် ကျွန်တော့ အာဘော် လို့ ပြောချင်လဲ ရသလို၊ ကျွန်တော်နဲ့ အတွေးအမြင်တူတဲ့ သူတွေရဲ့ သဘောထား ဖြစ်တယ်ဆိုလဲ ကျွန်တော် မငြင်းပါဘူး။ ကျွန်တော် တို့ အင်တာနက် ကိုစသုံးလာ ခဲ့ကြတာ အခုဆို အတော်လေး အချိန်ကြာလာခဲ့ပါပြီ။ ကျွန်တော်အပါအ၀င် အင်တာနက် ပေါ်မှာ ဘလောက်လို့အမည်ရတဲ့ ကိုပိုင် ၀က်ဆိုဒ် တပိုင်း ဖြစ်တဲ့ စာမျက်နှာလေးတွေမှာ သန်ရာ သန်ရာ ၊ ကို့အမြင် တွေ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ ၊ ကျွန်တော်တို့ အိမ်မက်လေးတွေ ဖြန့်လာ ခဲ့ ကြတာလဲ အခုဆို ကျွန်တော်တောင် တနှစ်ကျော် လောက်ကြာလာ ခဲ့ပါပြီ။ ကျွန့် တော့ အရင် ရေးသားခဲ့ကြတဲ့ သူတွေ၊ အဲလို အားလုံးသော ဘလောက် ရေးသားသူတွေ၊ အထူးသဖြင့် မြန်မာ လိုရေးသားလို့ ရတဲ့ အခါ မြိုင်မြိုင်ဆိုင်ဆိုင် ရေးသား နိုင်အောင် အခြင်းခြင်း ပညာတွေ ဝေငှ ၊ နည်းပညာတွေ ဖြေချ လို့ မြန်မာ ဘလောက်ဂါ တွေရယ်လို့ ပေါ်ပေါက် အမည်တပ် လို့ရလာခဲ့တာလဲ အချိန်လေး အတော်ကြာ ဖြတ် သန်းခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အင်တာ နက်ရဲ့ ပါဝါတခု ဖြစ်တဲ့ အခမယ့် ရယူနိုင်တဲ့နည်းပညာ တွေနဲ့ ၀န်ဆောင်မှုတွေ ကို အသုံးပြု ခဲ့ကြပြီး ကိုပိုင် ဘလောက်လေးတွေ ရေးနိုင်ခဲ့ကြပါတယ်။ ကျွန်တော် လေနဲနဲ ရှည်သွားပုံရတယ

တနှစ်ပြည့်တဲ့မြို့တော်

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ " လွတ်ကျခဲ့တဲ့မြို့တော် " ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာ

မော်ဒန်ဆိုမော်ဒန်ပေါ့

မော်ဒန် ၀တ္ထုတွေနဲ့ ယဉ်ပါးနေတဲ့ စိတ်ရိုင်းသတ္တ၀ါတကောင်အား အတ္တဟု ခေါ်ခဲ့ရင်သူစား သုံးနေတဲ့ ကဗျာ တွေဟာ သတ် သတ်လွတ်ဆန်မယ်လို့ ထင်မိသေးလား။ ယောက်ယက်ခတ်နေတဲ့ အတွေးတွေနဲ့ ပန်းချီကားတွေ ပေါ် အမဲလိုက်၊ သူငယ်နှပ်စား ထင်မြင်ချက်ကလေးနဲ့ မီး မြှိုက်၊ ကိုယ့် ကို ကို လောင်တိုက်သွင်း နေတာ အဲ ဒီ ဘောင်တွေထဲက ဘဲဖြစ်မှာပါလေ။ ကာလာတီဗွီဖြစ်ဖို့ အဖြူအမဲက စတေးခဲ့ရတယ်၊ ဒါပေမယ့် သူတို့ ကိုတိုင် က ကာလာတွေ မဟုတ်ခဲ့လို့လား။ ဘောင်မပါတဲ့ ပန်းကန် တချပ်လောက်ပေးပါလား လေများများမပါတဲ့ စကားတခွန်း လောက် ချကျွေးကြည့် ချင်လို့ပါ။ မော်ဒန် ၀ထ္တုထဲ မော်ဒယ် မလေး ကို သွင်းရင်း အတင်း မော်ဒန် ဖြစ်ချင်တဲ့ မော်ဒန် စာ ရေး ဆရာ တယောက်မှာ မော်ဒန် ဆန်တဲ့ ကွန်ပျူတာ ကောင်းကောင်း ရှိဖို့ လိုမယ် ထင်သွားလား၊ မော်ဒန် ဆန်ဆန် တွေး မှ ရမယ်ဆို သင်တို့ဘောင်ခတ်ထားတဲ့ မော်ဒန် စည်းကမ်းချက်များ အား လက်ကမ်း စာစောင်မှာ ရေးချ ပေး ကြပါ ၊ ညနေ ကျရင် မူကြိုမှာသွားဝေ ပေးပါ့မယ်။ အဲ- စပွန်ဆာ ပါမှ ပွဲစည်တတ်တဲ့ ရိုးသား မှုတွေကို ချက်လက်မှတ် တစောင် စီထုတ်ပေးကြည့် ပါ၊ ပွဲစည်သွားမယ့် အရက်ဝိုင်းတ၀ိုင်းတော့ ကျန်မှာပေါ့။ မထင်တာတွေ ကိုထင်အောင် လုပ်တ တ်တာ စုတ်ချက်တခုထဲနဲ့ အများ

၃၀၀

ဒီနေ့တော့ ကျွန်တော် တင်လိုက်တဲ့ ပို့က ၃၀၀ မြောက်ပို့ ပါဘဲ။ ကျွန်တော် နဲနဲရေးလိုက် ပြန်ဖြတ်လိုက် လုပ်နေတာ ၁နာရီ ၁၉မိနစ် ကြာပါ ပြီ။ ဘာမှ ရေရေရာရာ မရေးချင်ဘူး။ လုံးဝကို စိတ်မပါပါဘူး။ ကျွန်တော် ရေးချချင်တဲ့ အတိုင်းရေးချလိုက်ရင် လဲ - အင်းလေ၊ စိတ်ကိုက တခြား ရောက်နေတာ ကို။ ကျွန်တော် ရေးသမျှ လာလာ ချောင်းဖတ်တဲ့ ကျွန်တော့ မိတ်ဆွေများ ကိုအားလဲ နာပါတယ်။ ကျွန်တော် အရင်လိုဘဲ ပို့တွေ မြိုင်မြိုင်ကြီးရေး လိုက်ချင်ပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ကျွန်တော် မရေးနိုင် ၊ ဘယ် ဘလောက်မှလဲ သွားမဖတ်နိုင်အောင်ဖြစ်နေပါတယ်ဗျာ။ ကျွန်တော် ရေးချင်နေတာ တရားဆိုတဲ့ အကြောင်းပါ။ အချက် အလက်တွေ စု နေသေး တာမို့ မကြာခင်တင်ဖြစ်မယ် ထင်ပါတယ် ။ တကယ် တော့ တရားဆိုတာ မတရားတာရှိမှ ပေါ်လာတဲ့ အရာပါ။ ဒါဆို ဘာကမတရားတာလဲ၊ အမှန်က တရားဆိုတာလဲ မရှိဘူး မတရားဆိုတာလဲ မရှိပါဘူး၊ အရာနှစ်ခုကို ချင့်ချိန် သုံးသပ်လိုက်တဲ့ အခါမှာ အခြေအနေနဲ့ လက်ခံနိုင်မှု အနေအထား ပေါ်မူတည်ပြီး အဖြေ ထွက်လာတဲ့ အခါ တရားနဲ့ မတရားဆိုတာပေါ်လာတာပါ။ ဥပမာ ဆရာစံကို အင်္ဂလိပ် အစိုးရက ဓမြသူပုန် လို့ခေါ်ပါတယ်။ သူ့ဘက်ကကြည့်ရင် တရားပါတယ်။ ဥပဒေ စိုးမိုးမှုကို စိန်ခေါ်လာကာ သူ