ရခဲ့ရင်ပေါ့လေ

မေ့မနေနဲ့ချစ်သူရယ်
မင်းနဲ့ငါကြား
ကျောချင်းကပ်လို့အနီးဆုံး
အဝေးတွေမလှမ်းချင်ဘူး။
ရင်ကြားစေ့ဖို့ဒို့နှစ်ယောက်မှာ
နားလည်မှုတွေလိုတယ်။

ဆုံးရှုံးမှုတွေပြန်စ
ဒို့အကြောင်းတွေပြန်မဟပါရစေနဲ့၊
မင်းအတွက်လဲဆုံးရှုံးမှုတိုင်း
အားသစ်တွေဖြစ်ပါစေ။

အထပ်ထပ်ရစ်ပတ်
နှောင်ခြည်ထွေးလုံး
သံယောဇဉ်ကြိုးတွေလဲ
ထုန်းနေခဲ့ပြီလေ။

ဘုရားသခင်ဘဲမေ့လို့လား
လူတွေကိုဖန်ဆင်း
ပတ်ဝန်းကျင်မှာ မျှဝေခံစားတတ်သူတွေ
ရှားရှားလာနေ၊
ဒို့နှစ်ယောက်ပြဇတ်
သူတို့ကြောင့်တခန်းရပ်ရတော့မလား။

လူကြိုက်များတဲ့ သရုပ်ဆောင်မပါ
ဇတ်ပို့မ၀ိုင်း
ဒို့စိတ်ကူးတွေ
ရိုင်းချင်ရိုင်းနေလိမ့်မယ်၊
မင်းနဲ့ချစ်ရတာ ကံကောင်းပါ့မလား။
ပြန်ပြန်ကာမေး ငါ့အတွေးနဲ့ငါ
လွင့်လွင့်နေတယ်။

ဘာတွေပြောပြော
ဘာတွေလုပ်လုပ်
မင်းသာ ငါ့အနားရှိနေ
အရာအားလုံးမှားယွင်း
တိုက်ပွဲလဲခင်းချင်ခင်းလိုက်
ငါခပ်မိုက်မိုက် နဲ့ဝင်တိုက်လိုက်ချင်တယ်။

မင်းသာခွင့်လွတ်ရင်
တစ်ကသာပြန်စလိုက်ချင်တယ် ကွာ
တကယ် ပါ။ ။



Comments

Popular posts from this blog

"ဖွင့်ဆိုချက်"

Hostoric meeting of US & North Korea contact

ဖြေရှင်းချက်