စနေ ကိုဝင် မွှေခြင်း

အချိန်ကား ည ၁၀ နာရီ ခွဲ ကျော်လောက်၊ လွစ္စလမ်း အတွင်းမှ အမူးသမား နှစ်ယောက် သည်စကား များ အော်ကျယ်ကျယ်ပြော လျက် မဟာဗန္ဒုလလမ်း ကို ကူးသွားသည်။ လမ်း ၄၀ ထိပ်အရောက်တွင် ထို အထဲမှအညာသား ဟန်တုတ်တုတ်ခိုင်ခိုင် ရှိလှသည့်သူသည် တိုက်တခုအောက်သို့ သွားကာ ခေါင်းလောင်းကြိုးတစ်ခု အား အတင်းဆွဲရမ်း လေသည်။ သူဆွဲလိုက်သည့် အခန်းမှ မိန်းကလေး တစ် ဦးထွက်လာသော အခါ အသံဝါကြီးဖြင့် မော့လျက်လှမ်းအော် ပြောလိုက်သည် " - - - - " ရှိလား။
ဟုတ် - ရှိပါတယ် ခဏနော်
ပြီးနောက် လူတစ်ယောက်ထပ်ထွက်လာပြီး - ဘယ်သူလဲမသိဘူး
ငါပါကွ စိုးဇီယပါ
အော် -ဟုတ်ကဲ့ အစ်ကို ကျွန်တော်ဆင်းလာခဲ့မယ်။
အထက်ပါ အကြောင်းအရာ ကား ကျွန်တော်နှင့် စေတန်ဂေါ့ ခေါ် ပါရမီ ရှင်လေးနှင့် ဆုံတွေ့ခဲ့ကြပုံ ဖြစ် ပြီး၊ အမူးသမားထဲ မှ တစ်ယောက်မှာ ကျွန်တော် မစ္စတာ ဂေါက်ပင်ဖြစ်လေသည်။
စေတန် ဆင်းလာသည်။ သူ့ကို ကျွန်တော်သေ သေချာချာ ကြည့်လိုက်သည်။ အရင်က သူ့ အမည်ကို စသိစဉ် လူကောင်ကြီးကြီး အသက်မငယ်တော့ ဘူးလို့ ထင်ထားခဲ့တာ။ အခုတော့ လူငယ်တယောက် ဖြစ်ပြီး ရိုးသားဖော်ရွေပုံ ရသည့် ပုံကို မှမ်းမိလေ၏။ သို့ ပေမယ့် နာမည်အရ စနေဂိုဏ်းချုပ် ၉၉ ယောက် မြောက်မှ လွှတ်ထားသော သူလေလား သံသယ၀င်မိသေး သည်။ သို့ သော်ထို အကြောင်းများ အား ခဏထိုင်ပြောဖြစ် လိုက်သော လက်ဖက်ရည်ဆိုင် စကားဝိုင်းမှ လုံးဝ မောင်းထုတ် လိုက်လေ တော့သည်။
အဲဒီနေ့ ညက ကျွန်တော်နှင့်စိုးဇီယ၏ အမူးသံနှင့် အမေးစကားများအား စိတ်ဝင်တစား ဖြေရှင်းခြင်း၊ ဆွေးနွေးခြင်း ဖြင့် သူ၏ စရိုက်ကို သိနိုင်လေသည်။ စိုးဇီယ ကြီးကလဲ တောင်မေး မြောက်မေး၊ ကျွန်တော်ကလဲ ဘာတွေ ပြောမှန်း မသိ ၁၁ နာရီ ခွဲ ခါနီးမှ စကားဝိုင်းသိမ်း ဖြစ်လေသည်။ သို့ သော်မပြီးသေး ကားလိုက်ငြား ပေးဆိုပြီး စေတန် အား ချောဆွဲလာ လိုက်တာ
ခမြာမှာ ဆူးလေကနေ မှ အိမ်လှည့်ပြန်ရရှာတယ်။ ဘာဖြစ်ြဖစ် ကျွန်တော် သူနဲ့ စတွေ့ စဉ်ဘဲ ရိုးသားပွင့် လင်းတဲ့ ပညာပါရမီ ရှိသူ တစ်ယောက် အဖြစ် မြင်မိကြောင်း ပြောချင်ပါတယ်။

Comments

ကြည့်လဲ မွှေအုန်းနော်.. တော်ကြာ မတော်တာတွေ မွှေမိနေရင် အားနာစရာ.. ဟား..ဟား..း)
Saturngod said…
ငါ့အကြောင်းပါလား..ဟ...
ပါရမီရှင်မဟုတ်လို့ခက်နေတာပေါ့အစ်ကိုရေ...
စာမေးပွဲကို ဘယ်လိုဖြေရင် ကောင်းမလဲလို့ စဉ်းစားနေတာ.. စာတွေက ကျက်လို့မရ...
အဲနေ့က.. အစ်ကိုတို့ မူးနေတာလား... ကျွန်တော်ထင်တာတော့ ရေချိန်မကိုက်သေးဘူးလားလို့... ဟီး...

Popular posts from this blog

"ဖွင့်ဆိုချက်"

Hostoric meeting of US & North Korea contact

ဖြေရှင်းချက်