Posts

Showing posts from 2007

ရပ်ပါတယ်ဗျို့

ကျွန်တော် ပြောချင်ရေး ချင်တာတွေ အများကြီးရှိပါသေးတယ်။ ဒီတလကို တော့ ကျွန်တော့ ပါစင်နယ် အလုပ်တခုကြောင့် ဘလောက်ရေးခြင်း နားပါမယ်။ တလပြည့်တဲ့ အခါ စိတ်သစ် လူသစ် အတွေးအခေါ် သစ်တွေနဲ့ ပြန်လည်ရေးသားပါမယ်။ လာရောက် ဖတ်ရှုတာ ကျေးဇူးပါ။ ဘလာဂေါက်

ဆက်ရမယ့် နေ့

တဆောင်းကတော့ သစ်ပြန်ပြီ အဟောင်းတွေ ဘဲ ဖြစ်ဖြစ်နေတဲ့ စိတ်ကူးတ၀က်နဲ့ ငါနှစ်သစ်ကို ကူးရဦးမယ်။ ။ နေ့တွေ နေ့တွေ တွားသွား ညတွေ ညတွေ တအားများနေလဲ ဘ၀ တွေ အလှ တွေ ကြားမှာ မော ငါမြောမြော လာတာ အတော်ကြာပေါ့။ ။ မနက်ကတည်းက ညကို သွား ညတည်းက မနက်ကို စောင့်စား ပါးပါးလေး ခြားတဲ့ စည်းများက အလွှာခြား အဟာရတပါး နဲ့ပျော်ပါး စားသုံးမှုကတော်တော်များတယ်။ ။ အဟောင်းလဲ မဟုတ် အသစ်လဲ မဖြစ်တဲ့ ဒီတနေရာကို ဖြတ်လာခဲ့တာ ၂၇ ကြိမ်ရှိပါပေါ့ သိပ်လဲ မထူးခြားပါဘူး။ ။ ပျော်တဲ့လူကပျော် အော်တဲ့သူကအော် ညစ်တဲ့ သူကညစ် ချစ်တဲ့ သူကချစ်နဲ့ ထူးမခြားနား ပတ်ပျိုးမှာခုန်က ဒစ်စကိုည တေးသွားတခုကို မျိုချ စိတ်မပါ့တပါအော်ကြတဲ့ နယူးရီးယား ည။ လုပ်ချင်ရာတွေ လုပ် မလုပ်ချင်တာလဲ လုပ် ဟုတ်ချင်လဲ ဟုတ် မဟုတ်ချင်လဲ ဟုတ် ကိုယ့်ကိုကိုယ် မြူဆွယ်မှုမှာ မှုးရစ် ဆူးဖြစ်နေတဲ့ အတ္တက နှလုံးသားမှာ စိုက် ရူးရူး မိုက်မိုက် ဆက်သွား ရဦးမယ် ၂၀၀၈ မှာလဲ လေ။ ။

၁၄၀၈

Image
  ကျွန်တော်ကြည့် ဖူးတဲ့ 1408 ကလွန်ခဲ့တဲ့ လေးလလောက် ကပထမဆုံးပေါ့။ သရဲကား ဆို တော်ယုံမကြည့် ဖူးတဲ့ ကျွန်တော် ဒီကားလေးကို သဘောကျတယ်။ ဘာလို့လဲ ဆိုတော့ သရဲ တွေ ၀ိညဉ်တွေ၊ ဘုရား သခင်၊ ပုံပြင်တွေ ကို သိပ်မယုံကြည် ချင်တဲ့ စာရေး ဆရာတယောက် တကယ် သရဲခြောက်ခံရတဲ့ အခါဖြစ် ပေါ်လာတဲ့ ကြောက်စိတ်၊ အားငယ်စိတ်၊ ရူးသွပ်စွာ သူရဲ ကောင်းဆန်လိုမှု၊ တွေဝေမှုတွေ အတုအယောင်တွေကို အစစ် ထင်နေတဲ့ သူ့ရဲ့ စိတ်ကို ထိန်း ကြောင်းရင်း အခက်အခဲကို ကြော်လွှား ဖို့ကြိုးစားပုံ၊ နောက်ဆုံး သူရဲ့ ရေးချင်နေတဲ့ ဇတ်သိမ်း ကို ရသွားပုံ၊ သူ့ရဲ့သေဆုံးသွားတဲ့ သမီးလေးနဲ့ သူပြန်တွေ့ပုံတွေကို ကြည့်ရင်း ကျွန်တော် အတင်းလိုက် ကြောက်အောင်ခြောက်လှန့်တတ်တဲ့ သမားရိုးကျ သရဲကားတွေက ခွဲထွက်နေတဲ့ အဲဒီကားကို သဘောကျမိတယ်။ ပထမကြည့်တော့ ဇာတ်သိမ်းက သူနောက်ဆုံး ထွက်လို့မရတဲ့ ဒီအခန်းထဲ ကနေ ထွက်ဖို့ ကြိုးစားတဲ့ အနေနဲ့ သရဲရော သူပါဇာတ်သိမ်း ဘဲ ဆိုပြီး အခန်းကို မီးရှို့တဲ့ အခါ မီးသတ်သမားတွေ ကယ်လို့ သူအသက်မသေဘူး၊ ချိုင်းထောက်နဲ့ ပတ်တီးအဖွေးသားနဲ့ ဖြစ်သွားပြီး အိမ်မှာ သူ့မိန်းမနဲ့ သူပစ္စည်း တွေ ရှင်းနေ ရာက မီးတပိုင်းတစ လောင်ထားတဲ့ တိတ်ရီကော်ဒါလေး ကိုပြန်သွားတွေ့တယ်။ အ

တက်တက်တို့ပြောင်တဲ့ည

တက်တက်ပြောင်သွားတယ်၊ တက်တက်စင်အောင် လွဲတာဘဲ၊ လူစုံတက်စုံဘဲ အစရှိသဖြင့်ကျွန် တော်တို့ ဒီစကားတွေကို သုံးစွဲနေကြဖြစ်ပါတယ်။ အဲဒီစကားတွေထဲ တက်တက်ပြောင် တယ် ဆိုတဲ့ စကားလေးတခုကတော့ ကျွန်တော်တို့ ဘလောက်ဂါရောင်းရင်း များကြား ရေပန်းစားတယ်ခင်ဗျ။ အရင့် အရင်အခါတွေတုန်းက ပိုက်ဆံတပြားမှ မရှိအောင် မကျန်အောက် သောက်ကြတဲ့ အခါ ကိုတက်စလာကို နောက်ပြောင်ကြတဲ့ စကားလေးကတော့ အစောကပြောတဲ့ တက်တက်ပြောင်၊ တက်တက်ကြီး ပါလာသမျှပြောင် ကုန်တယ်ဆိုတဲ့ သဘောနဲ့ပါ။ မနေ့ကတော့ တက်တက် တင်မကဘဲ အားလုံးပြောင်တဲ့ ညပါဘဲ၊ ဖြစ်ပုံကဒီလိုခင်ဗျ၊ မနေ့ကနေ့လည်လောက်မှ ကျွန်တော် ဂျီတော့ နေရင်းကို မျက်လုံးကို တွေ့တာနဲ့ ထုံးစံ အတိုင်း ညနေဘယ်လို လဲမေးတော့ မျက်- ရပါတယ်- လုပ်လေ ဂေါက် - ဘယ်အချိန်လာမှာလဲဗျ မျက် - ၆နာရီ-ခင်များ ကိုတက်ကို ဆက်ထားလိုက် ဂေါက် - အိုကေ ညနေ ၅ နာရီခန့် ကလင်ကလင် ဟဲလို ကျွန်တော် စိုးဇေယျပါ ပြောလေ ခင်ဗျားတို့က တကယ်သောက်မှာလား ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး ရပါတယ် လာမှာသာလာ ကိုမျက်စေ့ တိုက်မှာ ပြီးရော- ခင်ဗျား ကားခပြန်ပေးရမယ်နေုာ် လုပ်လိုက်စမ်းပါ၊ ဒါနဲ့ကိုတက်ကို ခင်ဗျား ဆက်လိုက်ဦး ၊ ကျွန်တော်ဆက်တာ မရဘူးဖြစ်နေတယ် အိုကေ - ဘိုင့်ဘို

အဲယားအေးရှား စီးမလား

ရေးမယ်ရေးမယ်နဲ့ မအားတာနဲ့ မရေးဖြစ်သေးတဲ့ အကြောင်းလေးတွေ များနေဘီဗျို့။ ကျွန်တော် ကေအယ်ကနေထွက် လာခဲ့တော့ ဘန်ကောက်ရောက် ပါတယ်ဗျ။ ဘန်ကောက်မှာ ရောက်ရောက် ခြင်းသွားဖြစ်တာကတော့ ညဈေးပါဘဲ။ ညဈေးက အင်မတန်စည် သဗျို့၊ ညဈေးအကြောင်းလေးမစခင် လေဆိပ်အကြောင်းလေး ပြောချင်ပါတယ်။ လေဆိပ် အကြောင်း ပြော ရင်အဲ ယားအေးရှ အကြောင်းကလဲ မပါမပြီး ပြောရတော့မယ်။ ကျွန်တော်တို့ သိထားတာ အဲယားအေးရှ ဆိုတာ ဈေးသက်သာတဲ့ လေကြောင်းလိုင်းတခုဆိုတာကို လေ။ တကယ်တော့ မသွားခင် အချိန် တော်တော် ကြာကြာလောက်ကတည်းကနေ ကြိုတင် လက်မှတ်ဝယ်ထားမှ ဈေးသက်သာ တယ်ဆိုတာ ကျွန်တော်က မသိဘူးလေ။ ကိုယ်ကိုတိုင်က ညံ့တာပေါ့ဗျာ။ ကေအယ်မှာ လက်မှတ် ၀ယ်တော့ အဲအေးရှ လက်မှတ်ဝယ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ မလေးရှား အဲယားလိုင်းက ဈေးနဲနဲလေး ပိုကြီးလို့ပါ။ အဲဒီအကြောင်း ပြချက်ကြောင့်တင်မဟုတ် ဘဲ ကျွန်တော် ချက်ခြင်း ကို သွားချင်နေတာကြောင့် သွားချင်တဲ့ အချိန်ရတဲ့အဲယားအေးရှ ကိုဝယ်လိုက်တာပါ။ ကေအယ်ဘန်ကောက်ကို ၆၁၀ ရင်းဂစ်ပေးရပါတယ်။ အဲပို့တက်စ် တွေဘာတွေ အပါအ၀င်ဘဲပေါ့။ ကျွန်တော် လက်မှတ်ဝယ်ပြီး နောက်မနက်မှာဘဲ ဘန်ကောက်ကို သွားဖို့ရာ လေဆိပ်ကို ထွက်လာခဲ့ပါတယ်။ လေယဉ်က နေ့လည် ၁နာရ

လွမ်းနေမယ်ကေအယ်

Image
Singapore Bangkok Kuala Lumpur အေကယ်မှာ တလကျော်လောက် နေပြီးကျွန်တော် ဘန်ကောက်သွား စရာဖြစ်လာပါတယ်။ ကျွန်တော် ကေအယ်ပြန်လာဖို့ အစီအစဉ်ရှိသလို စလုံးကိုဆက်သွားဖို့လဲ ကြံစည်နေပါတယ်။ လောလော ဆယ်တော့ အတော်ကြာနေလာ ခဲ့တဲ့ ကေအယ်ကို နှုတ်ဆက်ခဲ့ပါတယ်။ ဘိုင့် ဘိုင် ကေအယ် - - - - Type the rest of your post here.

KL ကိုသွားတောသား ၈

ကျန်းမာမှချမ်းသာရမယ် မလေးရောက် ရွှေမြန်မာအလုပ်သမားတွေရဲ့ ကျန်းမာရေး အချက်အလက်တချို့ကို တင်ပြချင်ပါတယ်။ တရားဝင်အလုပ်သမား တယောက်အတွက် ကျန်းမာရေး ကို အလုပ်ရှင်က တရားဝင်ကျ ခံသင့်ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျရင် အလုပ်ရှင် ကမသိချင်ယောင်ဆောင်နေတာ များပါတယ်။ ကိုယ့်ရွှေ မြန်မာတွေ အနေနဲ့ကလဲ ဘယ်တော့မှ တောင်းဆိုလေ့ မရှိတဲ့ အခါကျတော့ အလုပ်ရှင်ကကြိုက်တာပေါ့။ ဥပမာ- ရိုးရိုးတန်းတန်း ဖျားနာတဲ့ အခါ အလုပ်သမားတွေဟာ တွေ့ရာ ဆေးမှီးတိုလေးတွေနဲ့ ကိုယ့်ဟာကို ကုပါတယ်။ အဲဒီလိုဖျားနာနေလို့ ခွင့်ယူတဲ့အခါ တရားဝင်ခွင့်တိုင် တဲ့ အခါတရက်ပေးပါတယ်။ အကြောင်းတခုခုကြောင့် ခွင့်မတိုင်နိုင်ခဲ့ရင်တော့ နှစ်ရက်စာလောက် ခွင့်မဲ့ အဖြစ်လခထဲက ဖြတ်ပါတယ်။ တရက်ကနေနှစ်ရက်ဖျားလာတဲ့အခါ ခွင့်တိုင်ထားသည့်တိုင် အဲဒီရက်ကို လခထည့်သွင်းလေ့မရှိလဲ လစာမဲ့ခွင့် အဖြစ်သတ်မှတ်ပါတယ်။ အဲဒီတော့ အလုပ်သမားတွေ ခမြာ နီးစပ်ရာ ဆေးခန်းတွေမှာ ၂၅ ကျပ်ပေး ဆေးစာယူပြီး ၄၀ အဖြတ်ခံရမယ့် အစား ၁၅ ကျပ် ကျန်လဲမနဲအောင် အရင် ၂၅ ကျပ်ရင်း ပြီး ဆေးစာယူရပါတယ်။ အကယ်လို့ လက်ပြတ် ခြေပြတ် ဖြစ်လောက်အောင် ထိခိုက် ဒဏ်ရာ ရခဲ့ရင်လဲ အလုပ်ရှင်ဟာ အတတ်နိုင်ဆုံး သူနဲ့ မဆိုင်အောင် ရှောင်လေ့ရှိပါ

ခြေရာရှိလား?

Image
ပင်လယ် ကမ်းစပ်တခု၊ နေကတော့ တော်တော်ပူတယ်။ လေညှင်းလား လေပြင်းလားနဲ့ သယ်ဆောင်တိုက်ခတ် ကျွန်တော့်စိတ်တွေ လေးလံနေသယောင်။ ပုံမှန်မဟုတ်တဲ့ ဗျစ်ရည်တွေ မြို မော့ထားတဲ့ ခေါင်းကရီဝေ လုံးထွေး ငါလျှောက်လာခဲ့တယ်။ စိတ်တွေကို လှိုင်းထဲချ မျှော ရင်းငါ လမ်းဆက်လျှောက်၊ နေပူကျဲထဲ ခေါင်းငုံ့လျှောက် ၊ အောက်မှာ ငါ့ခြေရာတွေ တအိအိနဲ့ သဲသောင်ထဲနစ်ဝင်၊ ပြုံးသရောင် မျက်နှာထားနဲ့ ငါခေါင်းမော့လို့ ကောင်းကင်ကို မော့ကြည့်၊ ငါဆက်လျှောက်လာဆဲဘဲ။ ဘာကြောင့်မှ အကြောင်းမပြ ငါလှမ်းလင့်မှုတွေ ခဏ တုံ့ဆိုင်းချိန်၊ အောက်ကို ပြန်ကြည့်၊ ငါ့ခြေရာ ရှိနေဆဲဘဲ။ ငါစိတ်ထဲ ငါမယုံ နောက်ကို လှည့်တော့ ကမ်းခြေက ငါ့ခြေရာတွေ ဘယ်ရောက် ကုန်တယ် မသိဘူး။ ငါမျှော်လင့်မထားတဲ့ မျှော် လင့်ချက်ဟာ ငါလျှောက်တဲ့ လမ်းဟာ အရာထင်ကျန်ခဲ့မယ်ဆိုတာ။ အားမရှိတဲ့ အတ္တထွေကို ခ၀ါချ၊ ငါတဒင်္တဂ လေးတွေဝေသွား ခဲ့ တယ်။ ခြေအစုံကို ပြေးဝင်လာတဲ့ လှိုင်းက ငါ့ကိုပြောတယ်။ ငါ့ကိုတော့ အပြစ်မတင်လေနဲ့တဲ့ မင်းလျှောက်နေ တာ ကမ်းစပ်မှာလေတဲ့။ တဖက် ကပင်လယ်ပြင်ကိုငါ့မျက်လုံးတွေ ပြေးလွှား တချို့ကလဲ ဟိုဘက်သွားဖို့ မျှော်လင့် ခဲ့မယ်ထင်တယ်။ ခေါင်းကို အသာငဲ့စောင်း၊ ကိုယ့်ကိုကိုယ် မြုစွယ်ရင်း ဆက်လျှေ

ကြည့်မိရင်ညိချင်ချင်

KL ကိုသွားတောသား ၇

ဟိုကနှုတ်တယ် ဒီကဖြတ်တယ် ငါ့ရဲ့လစာ ကုန်ပြီဟယ် လစာတွေက ရန်ကုန်ကနေပွဲစားနဲ့ လာတဲ့ သူတွေကို ပြောထားတဲ့ အထဲမှာ နှုတ်တာတွေထည့်မပြောထားပါဘူး၊ အခြေခံလစာ ၇၅၀ ရင်းဂစ်ကနေ ၉၀၀ - ၁၀၀၀ ဆိုတာ အမှန်တွေထဲမှာ ဂိတ်ဆုံးပါဘဲ၊ ၁၅၀၀ ကျော်တဲ့ အလုပ်တွေလဲ ရနိုင်သလို ဒီထက်မက ရအောင်လဲ ရှာနိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ ကိုယ့်ဟာကို ထွက်ရှာ ရပါမယ်။ ဒီတော့ နှုတ်လဲ နှုတ်ပါစေဆို ပြီး မလုပ်ချင်လုပ်ချင်နဲ့ လုပ်ရတော့တာပေါ့။ ရတာက ပုံမှန် ၇၅၀ - မြန်မာငွေ ၃ သိန်းကျော်လောက်ပါ။ အမှန်သာ အပြည့်ရောက်ရ ရင်ရန်ကုန်ကို ၂ သိန်းထက်မနဲပို့နိုင်ပါတယ်။ အကယ်လို့ ချေးငှားလာတာ ဆိုရင် ၆လ- ရ လလောက် လုပ်ရင် အရင်းကျေ တယ်ပေါ့နော်။ နောက်တော့ ၇၅၀ မှာ လဲဗီးကြေးဆိုတဲ့ ပါမစ်လျှောက်ထားပေးခ ၁၂၀၀ ရင်းဂစ် အတွက် သူဌေးက တလ ၂၀၀ ပြန်ဖြတ်ပါတယ်။ သံရုံးကို အခွန် ၁၀ ရာခိုင်နှုန်းဆောင်ရပါတယ်။ နောက်ကျ ကြေး ဖြတ်တာ။ ခွင့်မယ့်ပျက်တာလေးတွေ ၊ စားစရိတ်လေး နှုတ်လိုက်တယ်ဆိုရင် ၄၀၀ - ၅၀၀ လောက် ကျန် အောင် မနဲလုပ်ရပါတယ်။ အဲဒီတော့ ရန်ကုန်ကို တလ ၁သိန်း ၊ ၁ သိန်းခွဲ ရောက်အောင် မနဲ ပို့ရပါတယ်။ အဲဒီငွေနဲ့ ကြွေးဆပ်ဖို့၊ အတိုးပေးဖို့၊ အိမ်က မိန်းမနဲ့ မိသားစု အတွက် ဘာကျန်တော့မှာလဲ၊ အဲဒီလိ

KL ကိုသွားတောသား ၆

ပျော်စရာတွေချည်း ပြောပြောနေရတာ အားနာလာပါတယ်ဗျာ။ တကယ်တော့ မြန်မာပြည်ကနေ မလေးကို လာအလုပ်လုပ်နေကြတဲ့ မြန်မာပြည်သူပြည်သား တွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ ကို ကြားကြရင် ၊ သိကြရင် ဘယ်တော့မှ မလေးရှားဆို အဝေးသွားလို တဲ့စိတ်ပေါက်သွားနိုင်ပါတယ်။ စုံတာမှ တော်တော်စုံတယ်၊ မြင်သမျှကြားသမျှ ဖောက်သည်ချ ပြရင်တော့။ ကောလင်းပါခင်ဗျ၊ ကောလင်းပါ ကောလင်း( calling ) ရယ်လို့ကျွန်တော်တို့ ရွှေတွေ (မြန်မာတွေ) ခေါ်နေကြတဲ့ တရားဝင်အလုပ်ခေါ် စာနဲ့လာတဲ့ အလုပ်သမားတွေက ရန်ကုန် ၊ မန်းနဲ့ တခြား နယ်မြို့ကြီး တွေမှာ ရှိနေတဲ့ ပွဲစား၊ တစ်ပွဲစား၊ နှစ်ပွဲစား လူလည်တွေ ကနေတဆင့် ဆက်သွယ်မှ ရနိုင်တဲ့ တရားဝင်လတ်မှတ်တခုပါ။ ကျွန်တော်ပြောထားမယ်နော် အားလုံးဟာ လူလိမ်တွေလို့ မပြောပါဘူး၊ မှန်ပါတယ် ဆိုတဲ့ပွဲစား တွေ သွင်းပေးထားတဲ့ အလုပ်တွေမှာတောင် ပြသနာ ရှိနေပါတယ်၊ဒီတော့ အလိမ်ခံရ တယ်ဆိုရင်တော့ သေပြီမှတ် တော့။ ကဲ ပြန်စတာပေါ့၊ အဲဒီကောလင်းထဲမှာ ရိုးရိုး ကောလင်း နဲ့ ဖရီးကောလင်း ဆိုတာနှစ်မျိုးရှိပါတယ်။ ကျွန်တော် ပထမကောလင်းကို စပြောပါမယ်။ ရိုးရိုးကောလင်းဆိုတာ သတင်းစာ၊ ပွဲစားကနေတဆင့်၊ ကိုယ့်ဟာကို စုံစမ်းရင်း ဖြစ်စေ ၀န်ဆောင် ခ တရားဝင်ပေးပြီး လာတဲ့ အလုပ်အကိ

စိတ်မကောင်းခြင်း

မနက်က ဘာညာ့ ဘလောက် သွားတော့ ပိတ်ထားတာတွေ့ပါတယ်။ သူပြင်နေတယ် ထင်တာပါ။ နောက်တော့ မှ သူနဲ့ တွေ့ပီး သူဖြတ်လိုက်တယ်ဆိုတာ သိပါတယ်။ နောက် ဒီမို နဲ့ တိုလီလေး ပြောပြလို့ အကြောင်းစုံ သိပြီး မောင် ပွတ်ဘလောက်သွားမှ ဘဲ ဇတ်ရည်လည်သွားပါတယ်။ ဘာလို့ ဒီလို အောက်တန်းကျတဲ့ အလုပ်တွေ လုပ် ချင်ကြတာလဲ ဆိုတာ မတွေးတော့ ပါဘူးဗျာ။ ဘာဘဲ ဖြစ်ဖြစ် ဘာညာ ဘလောက် ပြန်ရေးနိုင်အောင် ကျွန်တော် တို့ သူငယ်ချင်းများ ၀ိုင်းဝန်း တိုက်တွန်းသွားကြပါမယ်။ ဘာမှ စိတ်ထဲမထားနဲ့ ဘာညာရေ ၊ ကျွန်တော် ဘလောက်တွေ တွင်တွင်ရေးတတ်အောင် ကူညီခဲ့ တဲ့ ကျွန်တော့် ဘလောက်ဂါမိခင်ကြီး ဘလောက် ဖျားနေတယ် လို့ဘဲ မှတ်ထားလိုက်ပါမယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားကြပါစို့ဗျာ။ ခွေးလှေး ခုန်လို့ ဖုန်မထ ပါဘူး။ Type the rest of your post here.

လှမ်းမဝေးတဲ့ Sunway

Image
အ၀င်နေရာလေးပါ အဲဒါ ပိုင်းရိတ် လှေဘဲ နေလဲပူဘဲနဲ့ ဒီတခါ သွားစရာတခုကတော့ Sunway Lagoon လို့ခေါ်တဲ့ အပန်းဖြေ စခန်းတခုပါ။ KL နဲ့ မလှမ်းမကမ်းမှာရှိပြီး၊ မြို့လည်ခေါင်က နေကားစီးရင် ၁နာရီလောက်စီးရပါတယ်။ ကားငှားသွားမယ် ဆို ရင်တော့ ၃၀ လောက်ပေးရပါတယ်။ အဲဒီမှာ waters of aferica, wild wild west, world of adventure, vudoo adventure river, kalahari kids,pirate's revenge, surf beach, morphis, wild life interatvice zoo, extreme park ဆိုတဲ့ သွားစရာ လာစရာ၊ လည်စရာ ပတ်စရာ ပျော်စရာတွေရှိပါတယ်။ ၀င်ကြေးကတော့ပန်းခြံနေရာ အားလုံးဝင်ရင် လူကြီးတယောက် ၆၅ ကျပ်ပါ။ ကလေးဆိုရင် တော့ ၅၀ ပါ ။ အ သက် ၅၀ သူ့နိုင်ငံသား တိုရင်တော့ ကလေးဈေးနှုန်း ပေးယုံပါဘဲ။ အင်္ဂါနေ့တိုင်း ပိတ်ပါတယ်။ ကမ္ဘာ့ အရှည်ဆုံး လူကူး ကြိုးတံတား ရှိပါတယ်။ ရေကူးမလား၊ ပိရမစ် ပုံ ဆောက် အအုံထဲမှာ ဈေးဝယ်မလား။ စားစရာတွေကလဲ နေရာတကာမှာပေါ။ တခုတော့ရှိတယ် နေပူတယ်။ ရန်ကုန် က zoo လောက် မစုံဘူး။ တရုတ်မလေးတွေ များတယ်။ ရေကူး ရင်တော့ မိုက်တယ်ဗျာ။ ပင်လယ်ပုံ စံအတုလုပ်ထားတဲ့ ကမ်းခြေအတုမှာ နေပူစာ လှုံတဲ့ အနောက်တိုင်း မမတွေလဲ ရှိပါ့။ မနက် ၁၀ နာရီ ၁၁ နာရီလောက် ကနေ ညနေ ၆ နာရီ

britney's I like it

ဘရစ်တနီရဲ့ ကျွန်တော်ကြိုက်ခဲ့တဲ့ သူချင်းလေးတွေပါ။

KL သမိုင်း အကျဉ်း

Image
ကေအယ် လို့ခေါ်တဲ့ ကွာလာလမ်ပူ မြို့ဟာ ဘာမှ သမိုင်းကြောင်းကြီး ကြီးမားမား မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က ရောက်လာတဲ့ တရုတ်မိုင်းတူး သမားတွေက သံဖြူရှာဖို့ ပန်ကလန်း ဘာတုလို့ ခေါ်တဲ့ ပို့ကလန်း ဆိပ်ကမ်းကို ရောက်လာတာကနေ ကလန်းမြစ်ကို ဆက်တက် ကြတော့ ကလန်းနဲ့ ဂုန်ဘန် မြစ်ဆုံ ကို ရောက်တော့ ဆက်တက်ဖို့ရာ ရေတိမ်နေ တာတွေ့ရ ပါတယ်။ ဒါနဲ့နားပြီး သံဖြူရှာကြရာမှာ အမ်ပန်းဒေသမှာ သုံဖြူတွေ့ပါတယ်။ အဲဒီမြစ်ဆုံကတော့ ကုန်စည်တွေ ကူးသန်းရောင်းဝယ်ရာ နေရာဖြစ်လာခဲ့ ပြီးတရုတ် ကုန်သည်တွေ အခြေစချ ရာက နေစပါတယ်။ အစမှာ ရွှံ့ညွန်ထူထပ်နေတဲ့ ရွာငယ်လေး တခုပါ။ ဒါကြောင့် မလေးလို ရွှံ့ညွန်မြစ်ဆုံ ( Kuala lumpur ) လို့အမည်ပေးခဲ့တာပါ။ ၁၈၆၀မှာတော့ သံဖြူဈေးကောင်းလာတာနဲ့ အတူ ကွာလာလမ်ပူလဲ ရွာကြီးတရွာ ဖြစ်လာခဲ့ပီး တရုတ်တွေလဲ ထောင်နဲ့ ချီပီးရောက်ရှိ လာခဲ့ပါတယ်။ မလေး လူမျိုးက လူနည်းစုသာ ရှိပြီး တရုတ်တွေက ဘဲ ကြီးစိုးထားခဲ့ပါတယ်။ နောက်တော့ သတ္တုတွင်း သမား၊ ကုန်သည် တွေ ဈေးရောင်းသူတွေ စည်ကားလာပြီး ပြည့်တန်စာ အိမ်တွေ၊ လောင်းကစားရုံတွေ၊ ဒုစရိုက်ဂိုဏ်းတွေ ပြည့်လာခဲ့ ပါတယ်။ ကွာလာလမ်ပူဟာ ဆီလန်ဂေါ ပြည်နယ်ထဲမှာ ရှိတော့ အဲဒီပြည်နယ်ကို အုပ်ချု

KL Hindi's force

Image
မနေ့က မနက် ၅ နာရီခန့်ကစလို့ Jalan Ampang လမ်းပေါ်မှာ ဟင်ဒူ လူ့အခွင့်အရေးလှုပ်ရှား သူတွေနဲ့ ရဲတပ် ဖွဲ့တို့ တွေ့ဆုံရာမှာ အခွင့်အရေးလှုပ်ရှား သူတို့ အကြမ်းဖက် နှိမ်နင်းခံ ခဲ့ရပါတယ်။ လူစုကို ဖြိုခွင်းရာမှာ မျက်ရည် ယိုဗုံးတွေသုံး ခဲ့တဲ့ အပြင် ဓာတုဆေးရေတွေပါဝင်တဲ့ မီးသတ်ကားတွေနဲ့ ပတ်ဖြန်းလူစု ခွဲခဲ့ပါတယ်။ ဒါကြောင့် အရေပြားနဲ့ မျက်လုံးတွေမှာ ထိခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ သတင်းများက ပြောပါတယ်။ လူပေါင်း ၁၃၆ ယောက် အထိမ်းသိမ်း ခံခဲ့ရပြီး ၂၄ နာရီ အတွင်း ၁၀၅ ယောက်ကို ပြန်လွှတ် လိုက်ပြီလို့ သတင်းစာများ ကရေးသားထားပါတယ်။ ရဲတပ်ဖွဲ့မှ အရာရှိတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ရဲကားတချို့လဲ ပျက်စီးသွား ပါတယ်။ ဒီဆန္ဒပြပွဲ ဟာ မလေးအစိုးရနဲ့ ဟင်ဒူ လူမျိုးတွေကြား မှာ မလေးလူမျိုးများက ဟင်ဒူတွေကို တန်းတူ အခွင့် အရေး မပေးတာကြောင့် အခုလို ပြသနာဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။ ဟင်ဒူ ခေါင်းဆောင်များနှင့် Hindref လို့ခေါ်တဲ့ ဟင်ဒူ အခွင့်အရေးလှုပ်ရှား မှုအဖွဲ့ဟာ အင်္ဂလန်အစိုးရကို အပြစ်တင်ထားပါတယ်။ လွန်ခဲ့တဲ့ ကိုလိုနီ ခေတ်က မလေးကို ဟင်ဒူအမျိုးသားများကို ခေါ်ဆောင်ခဲ့တဲ့ အင်္ဂလန် အစိုးရကြောင့် အခုလို သူတို့တွေ ဂုတ်သွေး စုတ်ခံနေရတာလို့ ဆ

ဘလောက်တိုင်း ဂျာနယ်

အ များ မျှော်လင့် နေတဲ့ ကျွန်တော်များ ဘလောက်တိုင်း ဂျာနယ် ရှော်ကြီးဟာ အခုဆို အယ်ဒီရှော်မောင် ပွတ်ကြိုးပမ်း မှုနှင့် စာဖတ်သူများ လက်ကို အရောက် ပို့နိုင် ခဲ့ ပါ ပြီ။ စလုံးမှ ၀ိုင်းဝန်းကူ ညီကြတဲ့ ဟိုလိုလူအား အထူးကျေးဇူးတင်ပါတယ်။ သတင်းနှင့် မဟုတ် မဟတ်များ ပံ့ပိုးပေးတဲ့ သူငယ်ချင်းများ၊ မအားတဲ့ကြား ကကျွန်တော် ဂျီကျတိုင်း ဂျာနယ် ကိုအကောင်းဆုံး ဖြစ်စေတတ်တဲ့ မောင်ပွတ်၊ ဘာမှ မယ်မယ်ရရ မလုပ်ဘဲ ဂျာနယ် ထွက်မှ စာလေးရေးတဲ့ ကျွန်တော်နှင့် အားပေးတဲ့ သူငယ်ချင်းများ အား ကျေးဇူးတင်ပါတယ်။ အခုအပတ်မှာ သတင်းမပါလိုက်သူများ နောက် အပတ်မှာ ပါအောင် ကိုယ့်သတင်း၊ သူ့ အတင်းများ ကိုလဲ ပို့ကြပါလို့။ ဂျာနယ်ရှော် ပွတ်အန်ဂေါက် သတင်းထာဏ ဘလောက်တိုင်း ရုံးချုပ် ဒူဘိုင်း (အပူလှိုင်း ) Type the rest of your post here.

KL ကိုသွား တောသား ၅

Image
တွေ့လား အဲဒီဟာ time square လျောက်စမ်း ညောင်းသလောက် ကစားကွင်း အတွင်းဘက်က ဈေးဆိုင်တွေ Roller coaster Time square ဓါတ်လှေခါး ရှိတဲ့နေရာ ဒီလို အရှည်ကြီး ဒါလဲ KL mall ဘဲ ရေပန်း ရှိတဲ့ နေရာ night seen KL mall ညအလှနဲ့ KLCC တွေ့လား ပြောင်ပြောင်လေး အပြင်က နေကြည့် ဒီနေ့တော့ ကျွန်တော် လည်လည် သွားတဲ့ နေရာတချို့ ကို ပြောပြပါမယ်။ ပထမဆုံး Time square ပါ။ KLCC , KL tower တို့နဲ့ မနီးမဝေး မှာရှိတဲ့ shopping center တစ်ခုပါ။ အထပ်ပေါင်း များစွာ ရှိပြီး ဈေးဆိုင်တွေ၊ ကစားကွင်းတွေ၊ ရုပ်ရှင်ရုံတွေ နဲ့ လိုတာမှန်သမျှ ရတဲ့ နေရာတွေ ပါ တည်ဆောက်ထားပါတယ်။ (လိုတာမှန်သမျှနော်) ဟဲ ဟဲ။ ကမ္ဘာ့ အကြီးဆုံး 3D ရုပ်ရှင်ရုံဟာ အဲ့ဒီ နေရာရဲ့ ၁၀ ထပ်မှာ ရှိပါတယ်။ ၀င်ကြေးက တယောက် ၁၅ Rm ပါ။ ၃ ထပ်မှာ တော့ ရုပ်ရှင်ရုံ ရှိပါတယ်၊ သူလဲ ၁၅ Rm ပါဘဲ၊ ၆ ထပ်မှာတော့ ရုံတွင်း Roller coaster ရှိတဲ့ ကစားကွင်း ပါ ရှိပြီး ၀င်ကြေး 30 Rm ပါ။ ကြိုက်တာ စီးလို့ရပါတယ်။ ဈေးဆိုင်တွေဟာ အထပ်တိုင်းမှာ ရှိပြီး၊ အနှိပ်ခန်းတွေလဲ ရှိပါတယ်။ ငွေလဲ ကောင်တာတွေ အလိုလျောက် ငွေထုတ် စက်တွေ နေရာ တိုင်း မှာတွေ့ နိုင်ပါတယ်။ လက်ရှိ မိန်းကလေးတွေ ရဲ့ စတိုင်ကတော့ ပန့်အထာ

solid of my soul

Image
စိတ်ဓါတ်တွေ ထွက်ပေါက်မရှိ ဘူးဆို ဘယ်နေရာက ၀င်လာခဲ့လဲ။ ဖွင့်ဟ ဖို့တခါးတချပ် ကိုလိုက်ရှာ၊ လိုက်ကာ ပါးပါးအောက်မှာ နံရံဘဲတွေ့တယ်။ ခြောက်ဘက် ခြောက်တန် အခန်းထဲမှာ။ အစိုင် အခဲလိုက် ပစ်ပေါက်၊ လုံးလုံး ကြေမွမသွားတောင်၊ ငါ့ဝိညာဉ် ပေါ်ခါချခဲ့တဲ့ သဲမှုန်တွေ၊ ကုဋ္ဌေ နဲ့ချီ။ ရင်ထဲက စီးထွက် ငါ့လက်နဲ့ငါရေး စိတ်ထဲရှိ သမျှဖြေချ ဟော -- ဒီမှာ ကျောက်ပြားတစ်ချပ် ထွက် ကျလာခဲ့ပြီ။ Type the rest of your post here.

KL ကိုသွားတောသား ၎

Image
ဆက်သွယ်ရေးကတော့ ဗျာ အများသုံးတယ်လီဖုံး ရုံကလေးတွေဟာ နေရာတိုင်းမှာ ရှိပါတယ်။ ကားဂိတ်၊ ဘူတာ၊ လမ်းဆုံလမ်းဂွ တွေမှာ အများအပြားတွေ့နိုင်ပါတယ်။ ကတ်ဖုံး၊ အကြွေစေ့ စတာ တွေနဲ့ သုံးနေပါတယ်။ တခါတော့ ကွန်ပျူတာ ပစ္စည်းတွေနဲ့ အီလက်ထွန်းနစ် ပစ္စည်းတွေအဓိက ထားရောင်းတဲ့ လောရန့်ပလာဇာ၊ (low yat Plaza) မှာတော့ Touch screen နဲ့ အကြွေ စေ့ဖုံးတွေ ကိုတွေ့ရပါတယ်။ အသုံးပြုရတာလဲ လွယ်ပါတယ်။ ကျွန်တော်တွေ့ရသလောက် GSM လုပ်ငန်းတွေကတော့ DIGI, Masis, Celcom နဲ့ machestrade ဆိုပြီးတွေ့ပါတယ် ၊ အပြိုင် အဆိုင်နဲ့ သူတို့ပစ္စည်းတွေကို အသုံးပြုသူများအောင် ကြော်ငြာ ကြပါတယ်။ ဈေးကတော့ ဟဲ ဟဲ 8.50 Rm ပါ ၊ ဒါတောင် ၁၅ မိနစ်ပြောခပါပြီးသားပါ။ ကျွန်တော်ပြောတာ နံပါတ်ဝယ်တာနော်၊ မြန်မာငွေနဲ့ဆို ၄၀၀၀ ကျော်လောက်ပဲကျပါတယ် ၊ GSM မှာအရေးကြီးတဲ့ SIM card ကိုပြောတာပါ၊ ကြိုက်တဲ့ နံပါတ်ရွေးယူ နာရီဝက်ကြာရင် စသုံးလို့ရပါပြီ။ မြန်မာပြည်မှာတော့ သိန်း အစိတ် (၂၅- သိန်း) လောက်တန်တဲ့ sim card ဟာ ဒီမှာတော့ မြန်မာငွေ ၄၀၀၀ ကျော်နဲ့ အလွယ် တကူရရှိနိုင်ပါတယ်။ ဒီဈေးနဲ့ ရန်ကုန်မှာရောင်းလို့ ကတော့ တယောက်ကို ၁၀ လုံးထက်မနဲ ၀ယ် ကိုင်မယ်ထင်တယ်။ တခုက တော့ဖုံးဆက်ခကို

KL ကိုသွားတောသား ၃

Image
Monorail ဘူတာ(kl sentral) လေဆိပ် ကားထဲမှာ rapid KL အကြောင်းပြောပါမယ်။ ဒီမှာ တော့ပေါ်တာမကြာသေးဘူးပြောကြပါတယ်။ သူက အစိုးရပိုင်မဟုတ်ပေမယ့် ရထားရော၊ ကားရော၊ LRT လို့ခေါ်တဲ့ရထား တွေကိုပါပိုင်ဆိုင်တဲ့ လုပ်ငန်းကြီးတခုဖြစ်ပါတယ်။ rapid KL စီးရင် တယောက် ရင်းဂစ် ၂ ကျပ်ပါ။ တနေကုန်စီးလို့ရပါတယ်။ ၁ ကျပ်တန်လဲ ရှိပါတယ်။ တနေကုန်မှာတောင် သူနဲ့လားရာတူ ကားတွေ(နံပါတ်တူစရာမလို) ကိုအသွားအပြန် စီးနိုင်ပါတယ်။ မြို့တွင်းမှာ မကဘဲ နယ်ထွက်တဲ့ ကားတွေလဲရှိပါတယ်။ ဈေးအမျိုးမျိုးသတ် မှတ်ထားတဲ့ တနေ့စာ၊ တလစာ လတ်မှတ်တွေဝယ်ထားနိုင်ပါတယ်။ ဒါဆို rapid KL ရော၊ monorail ရော၊ LRT ရော စီးနိုင်ပြီးနေ့တိုင်းစီးသူတွေနဲ့ တနေ့တာအပျော်ခရီးထွက်သူတွေအတွက် ဈေးသက်သာတာတွေ့ရပါတယ်။ ကျွန်တော်ရောက်ခါစက အသွားအပြန်စီးလို့ရတာသိပေမယ့် နံပါတ် မတူရင် လတ်မှတ်ထပ်ဝယ်၊ monorail အသွားအပြန်လေး ခေါက်လောက်စီး၊ မသိတော့ရင်ကား ငှားနဲ့ အတော်ကုန်ပါတယ်။ နောက်တော့ သိသွားပြီး ၂ ကျပ်ပေးပြီး မြို့ပတ်တော့တာဘဲ ဗျို့။ monorail ကတော့ လတ်မှတ်ခဟာ သွားတဲ့ ဘူတာပေါ်မူတည်တဲ့ဈေးပါ၊ ဒါပေမယ့်အစအဆုံးစီးရင် ၃ကျပ်ပါဘဲ။ သူကတော့ ခရီးတိုလေးဖြစ်တဲ့ မြို့ထဲပိုင်းကို လွန်းပြန်ဆွဲနေတာ

KL ကိုသွား တောသား ၂

Image
ရထားပေါ်အတက် ရထားထဲမှာ ကားငှားရာကောင်တာ ဒါ KL express ပါ KL Central သွားလာဆက်သွယ်ရေး ကျွန်တော် လေဆိပ်မရောက်ခင် ဆင်းခါနီး မြင်ကွင်းတွေကတော့ မြို့သစ်တွေ များကြီး တည်နေတာတွေ့ရပါတယ်။ ရန်ကုန် ကဥယဉ်အိမ်ရာတွေ လိုပါဘဲ၊ တော်တော်များပါတယ်။ လေယဉ်ပေါ် ကနေကြီးမား ကျယ်ပြန့်လှတဲ့ လမ်းမကြီးတွေမှာ ခေတ်မှီကားတွေ တရဟော ပြေးလွှားနေတာ တွေ့ရပါတယ်။ လေဆိပ်ကလဲ တော်တော် ကြီးပါတယ်။ အသစ်ဆောက်ထားတာလို့ပြောပါတယ်။ ကျွန်တော့ စိတ်ထင် မြေအောက်ပါဆို လေးထပ်လောက်ရှိမယ် ထင်တယ်။ ပထမဆုံးလေယဉ်က ဆင်းတော့ လူဝင်မှုကြီးကြပ်ရေးကို စအဖြတ် ပြသနာ ကစတော့တာဘဲ။ ကောင်တာတွေက အရမ်းများတယ်။ သူတို့နိုင်ငံသားဆို ဘယ်သူနဲ့မှတွေ့နေစရာမလိုဘူး၊ ပတ်စပို့လေးစက်ထဲထည့်လိုက်ပြီး ဖြတ်သွားယုံဘဲ။ နိုင်ငံခြားသားတွေအတွက်တော့ သပ်သပ်ကောင်တာ တွေ လုပ်ပေး ထားတယ်လေ။ အဲနိုင်ငံခြား သားအလုပ်သမားတွေ အတွက်လဲ ကောင်တာ သက်သပ်ရှိပါသေးတယ်( အဲဒီကဒုက္ခတွေလဲရေးပါဦးမယ်)။ လ.၀.က ကတန်းစီရင်း ကိုယ့်အလှည့်မှာ လွတ်တဲ့ ကောင်တာကို ၀င်ရတာပါ။ ကျွန်တော့် အလှည့်မှာတော့ အမျိုးသမီးတယောက်စောင့်တဲ့ ကောင်တာရောက်ပါတယ်။ သူက စာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ပြီးတော့ ကျွန်တော့် ကို ပြော ပါတယ်၊ ဘယ်လောက်ကြ