စားတိုင်းသောက်တိုင်းတော့ တော်တော်များများပုံတွေရိုက်ဖြစ်တယ်။ မတင်ဖြစ်တာလဲ အများကြီးပါဘဲ။ အခု တလောလဲစားသောက်တာများနေတော့ ပုံတွေ များနေပြီ။ ဒီတော့ ရွေးထုတ်ပြီး တင်လိုက် တာပါ။ ဗိုက်ဆာတဲ့အခါ ကြည့်ရတာပေါ့။ အချို့စားစရာတွေက စားသာစားလိုက်တယ် နာမည်ဘယ်လိုခေါ်မှန်းလဲမသိဘူး။ ဒါကြောင့်စားပြီးနားမလည်လို့ ဒီပိုစ်ကို အမည်တပ်လိုက်တယ်။ အာလူးထောင်း ကအကြိုက်ဆုံး အစားအစာတွေထဲမှာပါတယ်။ အဲဒီကိုရောက်တိုင်းအမြဲစားဖြစ်တဲ့ အစားအသောက်တခုပေါ့။ အဲဒီရေခဲမုန့်တော့ တော်တော်လေးသဘောကျတယ်။ ဈေးကလဲ တန်တယ် စားလို့လဲကောင်းတယ်။ စားနေရင်းသတိရတာနဲ့ လက်တဖက်နဲ့အမြန်ရိုက်ထားလိုက်တာ ဒီငါးအသားလွှာကို မုန့်နှစ်ပါးပါးနဲ့ အကြွတ်ကြော်ထားပြီး ငရုတ်သီးဆီသတ်လှိမ့်ထားတာလဲ တော်တော်လေးအရသာရှိတယ်။ အဲဒါမျိုးကို ဖိလစ်ပိုင်မှာတုန်းကလဲ စားဖူးတယ်။ ဒါပေမယ့် ဒါကပို စပ်တယ်လို့ ထင်ရတယ်။ အကြွတ်ကြော်စားတဲ့အထဲမှာ ကြက်သားဘဲဖြစ်ဖြစ် ၀က်သားဘဲဖြစ်ဖြစ် စားလို့မရဘူး၊ သွားကြားညပ်လို့လေ၊ အပေါ်က ဟင်းလဲ သိပ်တော့မစားဖြစ်ဘူး ။ အခုကြက်ကြော်တွေက ထိုင်းမှာတော့ [...]
Posts Tagged ‘trip’
စားကြဦးမလား ကိုရီးယား
ဗိုက်ဆာဆာနဲ့ဘဲ တင်လိုက်ပါတယ်။ သုံးဆောင်ကြပါဦး
ပါတီများအကြောင်း
တမျိုးတော့မထင်နဲ့ဗျာ၊ ကျွန်တော်ပြောမယ့်ပါတီက ပျော်ပွဲရွှင်ပွဲပြောတာ။ ရန်ကုန်နဲ့မတူတဲ့ အနေအထားနဲ့ ပတ်ဝန်းကျင် တွေကြောင့် ဘန်ကောက်ရောက်တိုင်း ဒေသအခေါ် disco တွေ ဆီကို ချေ လှမ်း တတ်တယ်။ အခု ရောက်ခဲ့တဲ့ နေရာတွေမှာ လဲ မတူညီတဲ့ စွဲဆောင်မှုတွေရှိတယ်။ ၂၉ ရက်နေ့ကတော့ ဘန်ကောက်ရဲ့ညပွဲတော်ကြီးပေါ့။ ကာဖျူး ရုတ်သိမ်းလိုက်တော့ အားလုံး အတိုးချပြီး ပျော် ကြတာကိုတွေ့တယ်။ ထိုင်းတွေအစ နိုင်ငံခြားသားတွေအဆုံးပေါ့။ ညမအိပ်တဲ့မြို့ကြီး အခုမှ တရေးပြန်နိုးလာတယ်။ ကျွန်တော့် သူငယ်ချင်းပြောတဲ့ စကား ပြန်ပြောပြမယ်။ “Tonight is perfect and every night is good night” လို့ Mike ကပြောတယ်။ ဟုတ်ပါတယ် ဒီညတွေဟာ အမြဲတမ်း အကောင်းဆုံးမျှော်လင့်လို့ရတဲ့အနေအထားဖြစ်တယ်ဆိုတာကို [...]
ဘလောက်ဂါတွေ ရေမချိုးပါ
ဝက်ဝက်ကွဲ ကြီးတဲ့ပုံများကိုတင်နေပါတယ်။ ဒါတောင်ကိုညီလင်းဆက်နဲ့သူများတွေ facebook ကနေ လိုက်ယူထားတာတွေပါ။ အခုပုံကတော့ ပြည်မြို့ရွှေဆံတော်စေတီရင်ပြင်မှာ မနက်စာ မျှော်နေတုန်း ကမန်း ကတန်းရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ တို့သုံးယောက်( ကိုမျက်စေ့၊ သူတော်၊ ဇော်ဇော် ) ဒါလေးကအချစ်တော်အဖွဲ့လေ၊ ၀က်တကောင်ပါတာသေချာကြည့်ကြနော် သူတော်တယောက်မနက်စာအတွက် ကြိုးပန်းနေတာဖြစ်ပါတယ် တယောက်တပေါက် ဆွေးနွေးခန်း ( ဘီယာအရင်သောက်မယ်၊ အိုကွာဖဲချမယ်၊မဖြစ်ပါဘူး ရေအရင်ချိုးမယ်၊ မရဘူးကွာ ဆိုက်ကားနင်းမယ် စသဖြင့်ပေါ့ ) ဆိုက်ကားတဖွန်လူရည်ချွန်၊ ဓါတ်တိုင်တမွတ် ပုဆိုးကျွတ် ( စိုးကြီးဆိုက်ကား – ဆိုက်ကားစိုးကြီး ) တောထဲမှာလဲ ဂိုက်ပေးကြတာပါဘဲ ပုံကိုကြည့်ပါ ရတဲ့ထီးလေးတွေနဲ့ ပူနေတဲ့နေရောင်အောက်မှာ အသွားအပြန် ၃ မိုင်လောက်ကို ဒီလိုဘဲလမ်းလျောက်ကြပါတယ် မန်းလေးရောက်ရှမ်းတယောက်မဟုတ်ပါ၊ ဘုရားပေါ်ရောက်အရက်သမားတယောက်ဖြစ်ပါတယ်တဲ့ ( သူတို့တွေပေးတဲ့နာမည်လေ ) ဒီပုံကလေးကတော့ အကြိုက်ဆုံးပါဘဲ [...]


Posted in
Tags:








