zawzaw » barcamp

သမိုင်းထဲကဘားကမ့်၊ဘားကမ့်ထဲကသမိုင်း
ခေါင်းစဉ်ကို ဒီလိုရေးလိုက်တာ ဆရာမြသန်းတင့်ရဲ့ သမိုင်းထဲက မန္တလေးကို လိုက်တုသလိုဖြစ်သွားပါတယ်။ တကယ်က ပြောစရာတွေဖြစ်လို့ပြောရတော့တာပါ။ ယနေ့ခေတ်မှာ မီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ရလောက်အောင်ကို စွမ်းဆောင်ရည်က အဖက်ဖက်ကတိုးတက်လာသလို ပြည်သူလူထုရဲ့ နားနဲ့မျက်စေ့ တွေအဖြစ် နိုင်းယှဉ်နိုင်တဲ့အနေအထားဖြစ်လာပါတယ်။ ကျွန်တော် ပြောလိုတာက ကျွန်တော်တို့ ဘားကမ့်ရန်ကုန် Barcamp Yangon 2011 အတွက် စာနယ်ဇင်းဆရာများရဲ့ ဘားကမ့်အပေါ်မှာ လူထုစိတ်ဝင်စားလာအောင် အားစိုက်ပေးကြတဲ့ အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ဆိုတာကိုပြောချင်ပါတယ်။ ဒီလို အချက်အလက်တွေကို အများပြည်သူသိရှိစေဖို့အားထုတ်တဲ့နေရာမှာ စေတနာ အမှားအယွင်းလေးတွေလဲရှိတတ်ပါတယ်။ အဲဒီအထဲက အချက်အလက်အချို့ကိုကောက်နှုတ်တင်ပြလိုပေမယ့် ထပြောလောက်အောင်မှားယွင်းမှုမျိုးကြီးကြီးမားမားမရှိသေးတဲ့အတွက် ကျွန်တော်တို့ ဘားကမ့်ဖြစ်မြောက်ရေးမှာပါဝင်သူတွေအနေနဲ့ စာနယ်ဇင်း ဆရာများနဲ့ အွန်လိုင်းမှတင်ပြပေးကြသူတွေအတွက် စိတ်အနှောက်အယှက် ဖြစ်စေနိုင်မယ့် အခြေအနေကိုရောက်သွားမှာ ဆိုးတဲ့အတွက်ရော ဒီအတိုင်း ပိုနေမြဲကျားနေမြဲ နေခဲ့ကြပါတယ်။

သမိုင်း၊ သမိုင်းဆိုတာ ရာဇ၀င်မဟုတ်ပါဘူး၊ ပုံပြင်လဲမဟုတ်ပါဘူး။ ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေနဲ့ လုပ်ဆောင်မှုတွေဟာ လူ့နဲ့လူ့အဖွဲ့အစည်းထဲမှာ ထင်ပေါ်စွာသော်လည်းကောင်း၊ အားနည်းစွာ သော်လည်းကောင်းကျန်ရစ်နေတတ်ကြပါတယ်။ ရည်ရွယ်ချက်နဲ့ ရလဒ်တွေက ဒီသမိုင်းရဲ့အတိမ်အနက်ကို အဆုံးအဖြတ်ပေးသွားလေ့ရှိပါတယ်။ ဒါကြောင့် သမိုင်းကြောင်းတခုကိုလေ့လာတဲ့ အခါ မှာ ခေတ်ပြိုင်အချက်အလက်တွေကိုလဲ လေ့လာသင့်တယ်လို့ သမိုင်းပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာသန်းထွန်းက ပြောသွားခဲ့ပါတယ်။ သမိုင်းဆိုင်ရာအချက်အလက်တွေကို လိုရာဆွဲမတွေးဘဲ ဓမ္မဓိဌာန်ကျကျ တွေးခေါ်တတ်ရမယ်လို့လဲဆိုပါတယ်။ လူကိုခင်လို့ သမိုင်းကိုပြင်လိုက်တာမျိုးက လူ့အဖွဲ့အစည်းတခုလုံးရဲ့ နောင်လာမယ့် အနာဂတ်အတွက် အတွေးအခေါ်နဲ့အယူအဆတွေကို အဆိပ်သင့်စေနိုင်ပါတယ်။ လိုရင်းရောက်ပါတော့မယ်။ ကျွန်တော် ဒီလိုပြောပြနေတာ မိကျောင်းမင်းရေကင်းပြနေတာမဟုတ်ပေမယ့် နောက်လာမယ့် စကားစုတွေအတွက် စပ်ဆက် စဉ်းစားဖို့ အထောက် အကူဖြစ်စေဖို့ပါ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ နည်းပညာပိုင်းဆိုင်ရာတွေကို ဦးတည်ပြီးသီးသန့်ထုတ်ဝေတဲ့ ဂျာနယ်မဂ္ဂဇင်းက အတော်လေးအရေအတွက် နည်းပါတယ်။ ဒီအထဲက အောင်မြင်မှုရှိတဲ့ သူဆိုတာလဲ လက် ချိုးရေလို့ရတဲ့အနေအထားဖြစ်ပါတယ်။ သို့ပေမယ့် သူတို့အားလုံးမှာ တူညီတဲ့ရည်မှန်းချက်တွေရှိတယ်လို့ ကျွန်တော် ရိုးသားစွာယုံကြည်ပါတယ်။ အဲဒါဘာလဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ လူငယ် တွေနဲ့ အိုင်တီကို လေ့လာလိုက်စားသူတွေအတွက် အထောက်အကူကောင်းကောင်းပေးပြီး နည်းပညာပိုင်းဆိုင်ရာဗဟုသုတတွေကို ဖြန့်ဝေပေးနိုင်ဖို့ဘဲဖြစ်မယ်လို့လဲ ထင်ပါတယ်။ ကျွန်တော်တို့ ဘားကမ့်ရန်ကုန် ၂၀၁၀ ကို ပထမဆုံးကျင်းပစဉ်ရော ယခုဒုတိယအကြိမ် ၂၀၁၁ မှာကျင်းပမယ့် ဘားကမ့်အတွက်ရော ပြည်တွင်းမှာရှိတဲ့ နည်းပညာနဲ့ပတ်သတ်တဲ့ စာနယ်ဇင်းတွေရော နည်းပညာ သီးသန့်မဟုတ်တဲ့သူတွေကပါ အားပေးကူညီပေးခဲ့လို့ လူထုလက်ထဲကို ဘားကမ့်နဲ့ပတ်သတ်တဲ့အချက်အလက်တွေသတင်းတွေရောက်ရှိခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ယနေ့တွေ့မြင်ရတဲ့ အမှားကတော့ သမိုင်းနဲ့ပတ်သတ်တဲ့အချက်အလက်ဖြစ်တာကြောင့် ကျွန်တော် တင်ပြခြင်းဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့နေ့စွဲနဲ့ထုတ်ဝေတဲ့ Net Guide ဂျာနယ်  Vol :1, Issue :68 ရဲ့ စာမျက်နှာ၂၇ ကနေပြီး ၃၀ အထိ ဘားကမ့် ၂၀၁၁ နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို အထူး စာမျက်နှာအဖြစ် ဝေေ၀စာစာ ဖော်ပြပေးခဲ့ပါတယ်။ အဲဒီအတွက် အထူးဘဲကျေးဇူးတင်မိပါတယ်။ သို့ပေမယ့် စာမျက်နှာ ၂၉ ရဲ့ ဒုတိယကော်လံ မှာ ဖော်ပြထားတဲ့ Barcamp Yangon 2010 သမိုင်း ဆိုတဲ့ ဖော်ပြချက်ဟာ အထူးမှားယွင်းနေတာကို တွေ့ခဲ့ပါတယ်။ အဲဒီအထဲမှာ ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တွေဟာ အပြင်မှာ သက်ရှိထင်ရှားရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဖော်ပြရေးသား ချက် တွေရဲ့မူရင်း resouse ရဲ့ တိကျမှန်ကန်မှုဟာ အထူးဘဲလိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်ခဲ့တဲ့ ပွဲတခုရဲ့ ပထမဆုံးလှုပ်ရှားမှု သမိုင်းဆိုတာ နောက်ပိုင်းလက်ဆင့်ကမ်းမယ့် မျိုးဆက် သစ်တွေအတွက် ကျေနပ်အားရဖွယ် အတုယူဖွယ် စံနမူနာပြုဖွယ် ဆင်ခြင်ဖွယ် စတဲ့ ရောပြွန်းနေတဲ့ လေ့လာစရာတွေအပြည့်ရှိနေနိုင်လို့ဘဲဖြစ်ပါတယ်။

ဖော်ပြချက်တွေထဲက အထူးထောက်ပြလိုသည်က ” 2009 ခုနှစ်တွင် ကိုအောင်မျိုးလွင်နှင့် ကိုညီလင်းဆက် တို့မှ အလွတ်သဘောအနေဖြင့် Barcamp Yangon  ကျင်းပရန် အတွက် စိတ်ကူးစတင် ရရှိခဲ့သည်” ဆိုတာ ပထမမှားယွင်းချက်ဖြစ်ပါတယ်။ တကယ်က နှစ်ဦးလုံးတွေ့ပြီးစိတ်ကူးရခဲ့တယ်ဆိုရင်လဲမှားပါတယ်။ အဲဒီအချိန်မှာ ကိုအောင်မျိုးလွင်နဲ့ ကိုညီလင်းဆက်က သိကျွမ်းခင်မင်ခြင်း မရှိသေးပါဘူး။ တဦးခြင်း ရည်မှန်းချက်ရှိတယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ကိုအောင်မျိုးလွင် နဲ့ကိုညီလင်းဆက် နှစ်ဦးထဲ ကွက်ပြီး စိတ်ကူးရခဲ့တယ်လို့လဲ ကောက်ချက်ချ လို့ မဖြစ်နိုင်ပါဘူး။

ဒုတိယမှားယွင်းမှုကတော့ ” နောက်ပိုင်းတွင် မထိုက်ထိုက်အောင်နှင့်စတင်တွေ့ရှိခဲပြီး IT လှုပ်ရှားမှုအနေဖြင့်စတင် လှုပ်ရှားဖို့ စီစဉ်ကြရင်းမှတစ်ဆင့် Barcamp ပွဲကိုကျင်းပ နိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။”  ဆိုတဲ့အချက်က လုံးဝမှားပါတယ်။  မထိုက်ထိုက်အောင်က ကိုအောင်မျိုးလွင်နှင့် နောက်ပိုင်းတွေ့ဆုံဖြစ်ခဲ့ခြင်းကြောင့် စတင်စီစဉ်ခဲ့တယ်ဆိုရင်တော့ မှန်ပါလိမ့်မယ်။

တတိယအချက်က” ကိုအောင်မျိုးလွင်နှင့်မထိုက်ထိုက်အောင် တို့မှ Barcamp အတွက် စတင်လှုပ်ရှားနေချိန်တွင် MCPA ၏အမှုဆောင်တဦးမှ Facebook ပေါ်တွင် MCPA မှဦးဆောင် ကာ Barcamp Yangon ကို စီစဉ်ကျင်းပမည်ဖြစ်ကြောင်းစာတင်ခဲ့သည်” ဆိုတဲ့ စာကြောင်းမှာ စာရိုက်တဲ့သူမှားကောင်းမှားနိုင်တဲ့ “စာတင်ခဲ့သည်” မဟုတ်ဘဲ “စတင်ခဲ့သည်” ဆိုရင်ပိုကောင်းမှာပါ။ တကယ်တော့ ဒီလိုစတင်ခဲ့တာ ယခု ဘားကမ့်ရန်ကုန်ဖြစ်မြောက်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ MCPA မှ ကိုသောင်းစုငြိမ်းဖြစ်ပါတယ်။ အမည်ကိုဖော်ပြပေးသင့်သလို စတင်လှုပ်ရှားချိန်မှာ ကိုအောင်မျိုးလွင်နဲ့ မထိုက်ထိုက်အောင် ၂ဦးတည်းကစတင်ခဲ့တာ မဟုတ်ဘဲ MBS မှ လူငယ်တော်တော်များများမှ ၀ိုင်းဝန်းစတင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ဘားကမ့်ဖြစ်ရပ်မှန်အကျဉ်း

၂၀၀၉ ခုနှစ် ကမ္ဘာ့ဘလောက်ဒေး အဖြစ် မြန်မာဘလောက်ဂါများမှ ပြည်မြို့နှင့် သရေခေတ္တရာ မြို့များသို့လေ့လာရေးခဦးထွက်ခဲ့ပါတယ်။ ဒီလိုခရီးထွက်ရင်း ကိုညီလင်းဆက် မှ Barcamp ဆိုတဲ့ အကြောင်းကို sharing လုပ်ခဲ့ပါတယ်။ တကယ်က MBS အဖွဲ့ဝင်တော်တော်များများမှာ မူလကတည်းက Barcamp ကိုစိတ်ဝင်တစားရှိခဲ့တာဖြစ်ပါတယ်။ ကိုညီလင်းဆက် နဲ့ အတူ ကိုမျက်လုံး၊ ကိုကျော်ဇေယျ၊ ကိုဇော်ဇော်မျိုးလွင်၊ ကိုမင်းယွန်းသစ်၊ မထိုက်ထိုက်အောင်၊ ကိုစိုးဇေယျ တို့ဟာ MBS ရဲ့မူလစတင်ခဲ့သူများဖြစ်သလို Barcamp ကို ပုဂံမှာ သွားရောက်ကျင်းပဖို့ ပြောဆိုဖြစ် ခဲ့ပါ တယ်။ တကယ်ဆို ဘားကမ့်ဆိုတာ အွန်လိုင်းကို ကျကျနနသုံးတဲ့သူတိုင်းက သိထားတဲ့ စကားလုံးတလုံးလဲဖြစ်ပါတယ်။

လအနည်းငယ်အကြာမှာ မထိုက်ထိုက်အောင်နဲ့ကိုကျော်ဇေယျ၊ ကိုမင်းယွန်းသစ်တို့ဟာ ကိုအောင်မျိုးလွင်ရဲ့ ABC center မှာသင်တန်းတခုအတွက် စတင်တွေ့ဆုံခင်မင်ကြရင်း ဘားကမ့် အကြောင်းကို ဆက်လက် မျှဝေနိုင်ခဲ့ပါတယ်။ ကိုအောင်မျိုးလွင်ကလဲ တက်ကြွတဲ့သူတဦးပီပီ ဘားကမ့်ကို ရန်ကုန်မှာ ပြုလုပ်နိုင်ဖို့ ၀ိုင်းဝန်းဆောင်ရွက်ပေးခဲ့သူထဲမှ စတင်ပါဝင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နှောင်းပိုင်းသုံးလအတွင်းမှာဘဲ ကိုညီလင်းဆက်ဟာ အမေရိကန်မှ ဘားကမ့်ပါ Barcmper တချို့နဲ့ဆက်သွယ်မှုရခဲ့ပြီး မြန်မာနိုင်ငံမှာ ကျင်းပနိုင်ဖို့ သူတို့စိတ်ဝင်စားတဲ့အတွက် တွေ့ဆုံဆွေး နွေးနိုင်ဖို့ ရန်ကုန်ကို လာရောက်ခဲ့ပါတယ်။ ရန်ကုန်ရောက်စဉ်မှာ ဆူးလေဘုရားလမ်းက ဆာကူရာတာဝါ အထပ် ၂၀ မှာ ကိုမျက်လုံး(ကိုသက်ထူး)၊ ကိုဖိုးသူတော်တို့နဲ့မိတ်ဆက်ပြီး ဘားကမ့်ကျင်းပနိုင်ဖို့ ဘယ်လိုစီစဉ်ဆောင်ရွက်ရမယ်ဆိုတာတွေကို စတင်ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံက နည်းပညာအဖွဲ့အစည်းတခုဖြစ်တဲ့ MCPA မှ တာဝန်ရှိသူ အချို့နဲ့ တွေ့ဆုံနိုင်ဖို့ အလံပြဘုရားလမ်းမှာရှိတဲ့ လပြည့်ဝန်းပလာဇာ ၁၀ ထပ်မှာတွေ့ဆုံပြီး အကြံဥာဏ်ကောင်းတွေပေးသွားနိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်အတွင်း အနီးစပ်ဆုံး ဒေသတွင်း ဘားကမ့်တခုဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မှာရှိတဲ့ ဘားကမ့် ဖနွမ်းပင်ကို တက်ရောက်ပြီး လေ့လာနိုင်ဖို့ MCPA မှ EC တစ်ဦးဖြစ်သူ ကိုညီလင်းဆက်အနေနဲ့စီစဉ်ခဲ့ပါတယ်။ ဒီိလို သွားရောက်လေ့လာနိုင်ဖို့ MCPA အသင်းဝင်များမဟုတ်ကြတဲ့ သူတွေအတွက် MBS မှ ကိုဇော်မျိုးထွန်း၊ ကိုဇော်ဇော်မျိုးလွင်၊ မထိုက်ထိုက်အောင်၊ ကိုမင်းယွန်းသစ်တို့ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရောက်ဖို့စီစဉ်ခဲ့ပါတယ်။ ပတ်စပို့အခက်အခဲများနှင့် အခြားအကြောင်းများကြောင့် MBS မှကိုဇော်မျိုးထွန်း နှင့် လုပ်ငန်းရှင် တဦးဖြစ်သူ ကိုအောင်မျိုးလွင် တို့အား သွားရောက်နိုင်ဖို့ ကူညီစီစဉ်ပေးခဲ့ပါတယ်။

များမကြာခင်မှာဘဲ facebook အတွင်း MCPA မှ ကိုသောင်းစုငြိမ်းမှစတင်ပြီး ဘားကမ့်ရန်ကုန်ကို ကျင်းပနိုင်ဖို့အတွက် စတင်ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလို ဖြစ်စဉ်မှာ MCPA မှ တဖက် MBS မှစီစဉ်ရင်း တဖက်ဖြစ်နေကြတာကြောင့် ၂ ဖက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ၂ လကျော်ခန့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် 2009 ဒီဇင်ဘာလဆန်းမှာ Barcamp ကိုစိတ်ဝင်စားတဲ့ သူများ တွေ့ဆုံပြီး ကျင်းပနိုင်ရေးအတွက် စတင်စုစည်းမှုကို ကိုသောင်းစုငြိမ်းက ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ Red link ကိုယ်စားပြုတဲ့အနေနဲ့ ကိုဇေသီဟမှ Barcamp Yangon ကို စတင် ဦးဆောင်ထောက်ပံ့ပေးဖို့စိတ်ဝင်စားခဲ့သလို ၂၀၁၀ ဘားမ်က့အတွက် မတ်ကတ်တင်းခေါင်းဆောင်အဖြစ် ပါဝင်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘားကမ့်ရန်ကုန် ၂၀၁၀ ကိုအောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် Red link က အဓိက ပံ့ပိုးသူအဖြစ် ပါဝင်ခဲ့သလိုဘဲ အခြား မီဒီယာနဲ့လုပ်ငန်းရှင်များ ကလဲ အထောက်အပံ့ကောင်းများပေးခဲ့ပါတယ်။ ထို့အတူ နောက်ကွယ်ကနေ ပြီး ရာနဲ့ ချီတဲ့ လုပ်အားပေးVolunteers တွေရဲ့ပံ့ပိုးမှုကလဲ ဘားကမ့်အောင်မြင်ရေးမှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ နောက်ထပ် အနေနဲ့ မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာအင်ဖို တက်ဖို့မှ အင်တာနက်လိုင်းများအတွက် ကူညီပေးနိုင်ခဲ့တာကြောင့် ဘားကမ့် ၂၀၁၀ က အောင်မြင်တဲ့ ကြီးမားတဲ့ပွဲတခုဖြစ်ခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဘားကမ့်သမိုင်းဆိုတာကို ရေးချင်လောက်အောင် စိတ်လဲမဖြစ်သေးပါဘူး။ တကယ်က ဒီထက်ပိုပြီး အသေးစိတ်တဲ့ ကျေးဇူးတင်ထိုက်တဲ့သူတွေအများအပြားရှိနေပါသေးတယ်။ ဒါကြောင့် သမိုင်းနဲ့ပတ်သတ်တဲ့အချက်အလက်ဖြစ်လာလို့သာ ကျွန်တော့်အနေနဲ့မဖြစ်မနေ ပြောသင့်တယ်ထင်လို့ ပြောရတာဖြစ်ပါတယ်။ အကျဉ်းချုပ်ရေးတာဖြစ်တဲ့အတွက် လွဲချော်မှုများအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ မကြာခင်မှာဘဲ အချက်အလက်တွေကျယ်ကျယ်ပြန့်ပြန့်နဲ့ မြန်မာ့ အိုင်စီတီ သမိုင်းမှာ မှတ်တိုင်တခုစိုက်ထူနိုင်ခဲ့တဲ့ဒီပွဲကျင်းပခဲ့ရပုံနဲ့ပါဝင်ခဲ့သူတွေ အခက်အခဲနဲ့ အောင်မြင်မှုတွေကို ရေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီလိုရေးတဲ့အခါမှာတော့ တစ်ဦးတည်းမရေးဘဲ အဖွဲ့လိုက်ရေးသားနိုင်ဖို့လဲမျှော်လင့်ပါတယ်။

သမိုင်းဆိုတာ ရာဇ၀င်မဟုတ်ပါဘူး ပုံပြင်မဟုတ်ပါဘူး။ လွဲချော်မှုတွေက အဲဒီကစခဲ့တာဘဲဖြစ်ပါတယ်။

မှတ်ချက်။ ။ ဘားကမ့်အကြောင်း ကို “လူငယ်နှင့် ဘားကမ့်” အထူးစာမျက်နှာဖော်ပြပေးခဲ့တဲ့ Net Guide ကိုလဲ ပွဲဖြစ်မြောက်ရေးကော်မတီအစားကျေးဇူးတင်ပါတယ်။

Barcamp 2011 update
Barcamp Yangon 2011 ရဲ့ အနီးကပ် အစည်းဝေးပွဲတွေကို ပွဲဖြစ်မြောက်ရေး အော်ဂနိုက်ဇာများက စုစည်းပြီး မကြာမကြာ ကျင်းပဖြစ်ပါတယ်။ နောက်ဆုံးအချက်အလက်များအရ Barcamp Yangon 2011 ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ တရပ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့လောက်မှာကျင်းပဖြစ်နိုင်မှာဖြစ်ပါတယ်။ ဘားကမ့် ရန်ကုန်အတွက် ထောက်ပံ့ကူညီမှု sponsor ပိတ်ရက်က ဇန်န၀ါရီ ၃၁ ရက်နေ့ညနေ ၅ နာရီဖြစ်ပါတယ်။

ဒီတခေါက် စာနယ်ဇင်းရှင်းလင်းပွဲမှာ ဘားကမ့် ရန်ကုန်ရဲ့ စီစဉ်ထားရှိမှုတွေကို အသေးစိတ်ပြောကြားနိုင်တော့မှာ ပါ။ ထောက်ပံ့ကူညီသူ စပွန်ဆာများအကြောင်း၊ ဘားကမ့်ပွဲအတွင်း တက် ရောက် လာသူများအား ပေးအပ်မယ့် လက်ဆောင်ပစ္စည်းများ။ အွန်လိုင်းကနေပြီး register လုပ်ရမယ့် အကြောင်းတွေနဲ့ ပွဲအတွင်း စီစဉ်ထားရှိတဲ့ wireless နှင့် အခြား နည်းပညာဆိုင်ရာ အချက် အလက် တွေကို တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။

စီစဉ်ထားတဲ့ အနေအထားအရတော့ ရန်ကုန်မှာရှိတဲ့ ပုံနှိပ်မီဒီယာများအပြင် အသံလွှင့်ဌာနတွေဖြစ်တဲ့ FM လိုင်းတွေကိုပါ ဖိတ်ကြားသွားမှာ ဖြစ်ပြီး နောက်တချက်ထူးခြားတာကတော့ အွန်လိုင်း မှာ ရေးသားကြတဲ့ web site ပိုင်ရှင်တွေ Blogger တွေကိုလဲ ဖိတ်ကြားသွားမှာ ပါ။

အဲဒီတင်ဆက်မှုတွေက စိတ်ဝင်စားဖွယ် အခြေအနေတွေနဲ့ ဘားကမ့်ရန်ကုန် ၂၀၁၁ ကို ပူးပေါင်း အားဖြည့် ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

the meeting for BCY2011
ဒီနေ့တော့ ကျွန်တော်တို့ Barcamp Yangon 2011 အတွက် organizer team အသစ်ပြန်လည်ဖွဲ့စည်းရေးနဲ့ ပွဲဖြစ်မြောက်ရေးအတွက် စီစဉ် မှုတွေကို စတင်ဆောင်ရွက်ဖို့အတွက် စည်းဝေးပွဲ တခု ကို Myanmar Info-teach အခန်းအမှတ် ၂၀၅ မှာကျင်းပခဲ့ပါတယ်။ ပွဲစီစဉ်ချိန် အရမ်းနီးကပ်တဲ့အတွက် တက်ရောက်သူနည်းသွားပါတယ်။ ဒါပေမယ့် အစီအစဉ်အတိုင်း ကျင်းပနိုင်ခဲ့ပြီး ရှေ့ဆက် မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို နောက်ပိုင်းပြုလုပ်မယ့် ဘားကမ့် ဖြစ်မြောက်ရေးအစည်းဝေးတွေနဲ့တွေ့ဆုံပွဲတွေကို တက်ရောက်နိုင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

အချက်အလက်များကို www.barcampyangon.org မှာ ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။ စီစဉ်ဆောင်ရွက်ဆဲအနေအထားသာဖြစ်ပြီး အတည်ပြုပြောကြားခြင်းတော့ လောလောဆည် မရှိ သေးပါဘူး။ မကြာခင်မှာတော့ သေချာတဲ့ အချက်အလက်တွေ ပေါ်ထွက်လာနိုင်မယ်လို့မျှော်လင့်နိုင်မှာဖြစ်ပြီး ဒုတိယအကြိမ်ကျင်းပမည့် အစည်းအဝေးမှာတော့ organizer အမည်စာရင်းသစ်များ ကိုတင်သွင်းကြမှာဖြစ်ပြီး ယခင် တာဝန်ယူခဲ့ကြသူများမှ အတွေ့အကြုံနှင့်အချက်အလက်များကို လက်ဆင့်ကမ်း မျှဝေပေးမှာဖြစ်ပါတယ်။

BarCamp Yangon is great!
BCY 2010 opening attend

so many people?

now opening BCY 2010

Gress lunch on barcamp

The barcamp Yangon 2010 is now  we started on 23 Jan at Hlaing University, Myannmar Info-tech. We collected 1740 survey from on around over 2000 attended. We planed gift bag for barcamper, We gave the gift bag over 1500 for barcamp attend included T-shirt, DVD,pen, barcamp cup and ….

Barcamp Yangon T-shirt will be this design!
This is the sample design from Ko Nyi Lynn Seck he the one of our organizer. He sent to mail this cool  design on might night   I like these  design for T-shirt. How do you think? This post for how do you feed back information only. T-shirt back design will main sponsor and gold sponsor who supporting for barcamp.

Barcamp Yangon website now launching
Hi all

Barcamp Yangon website are lunch on another yesterday. Yon can register on this site as you want. Plz visit www.barcampyangon.org for more information. So you can download barcamp Yangon logo and register, which topic want to speak on barcamp etc.

ဒီလိုကျင်းပတာပွဲမ၀င်ခင်
first press relese for Barcamp Yangon

Barcamp Yangon စာနယ်ဇင်းပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာဘဲ ပြင်ဆင်ထားတဲ့နေရာဖြစ်တဲ့ Moon Bakery cafe မှာ ပြုလုပ်ဖြစ်ပါတယ်။ တကယ်က ဒီပွဲက မဖြစ်မနေ လုပ်ပေးရမယ့် ပွဲ တခုလဲ ဖြစ်ပါတယ်။ ဘားကမ့်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့က ပြည်တွင်း သတင်းဂျာနယ်တခုမှာ ပါလာတော့ မရေရာတဲ့သတင်းတွေသာ တက်နေပြီး ၀ိရောဓိဖြစ်စရာ တွေ ဖြစ်ပေါ်မှာ စိုး ရိမ်တာ တကြောင်း၊ ဘားကမ့်ရန်ကုန်နဲ့ ပတ်သက်ပြီး ဒီ Barcamp ဆိုတဲ့အသုံးအနှုန်းနဲ့ ပြည်သူလူထု ရင်းနှီးလာစေဖို့တကြောင်း စတဲ့ အကြောင်းတွေကြောင့် စာနယ်ဇင်း ပွဲကို မြန်မြန်ဆန်ဆန် ပြုလုပ် ရာတာပါ။ ဘယ်လောက်တောင်မြန်လဲဆို စီစဉ်ချိန်ဟာ ၃၆ နာရီလောက်ဘဲ ရရှိခဲ့ပါတယ်။ တကယ်က ဒီလိုသတင်းပြန်ကြားရေးကို တာဝန်ယူထားတဲ့ တာဝန်ရှိသူတွေကသာ လုပ်ရတာဖြစ်ပါတယ်။ ကိုညီလင်းဆက် ကမအားတော့တာကြောင့် သူ့ကလဲ ဘယ်လိုမှ မကူညီနိုင်ပါဘူး။ ကိုသောင်းစုငြိမ်းကလဲ ရတာနာပုံပွဲကိုရောက်သွားပါတယ်။ ဒါကြောင့် ဒီဘက်မှာ ကျန်တဲ့ ကျွန်တော်တို့ အဖွဲ့တွေကဘဲ ဖြစ်အောင် ဆက်လုပ်ပေးရတာပါ။ မထိုက်ထိုက်အောင်က ပြန်ကြားရေးတာဝန်ယူထားပါတယ်။ ဒီတော့ အခုစာနယ်ဇင်းပွဲမှာ သူတို့က အဓိက ကျနေပါတယ်။ ဒီထက်ပိုဆိုးတာက ကျွန်တော်တို့ ဘာတွေ သေချာပေါက်ရှင်းလင်းရမလဲ ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် စာနယ်ဇင်းပွဲလုပ်မယ်ကြားတာနဲ့ ကျွန်တော်ပထမဆုံး ကိုညီလင်းဆက်ကို ဖုံးဆက်ပါတယ်။ သူ့ထံမှ ဒီပွဲမှာ ပြောမယ့် အကြောင်းအရာတွေကို မထိုက်ထိုက်အောင်ဆီကို ပို့ပေးထားဖို့ အကြောင်းကြားရပါတယ်။ သူကလဲမအားတဲ့ကြားထဲက အချိန်လုပြီး အမြန်ပေးပို့လိုက်ပါတယ်။ ဒါပေမယ့် မထိုက်က မတွေ့ရသေးပါဘူး။ အဲဒါပြီးတဲ့အခါမှာ ကျွန်တော် အွန်လိုင်းမှာ ကိုကိုရဲကိုတွေ့တာနဲ့  ဒီကိစ္စအတွက် အကူအညီလှမ်းတောင်းပါတယ်။ သူ့အနေနဲ့ ကျွန်တော်တို့ ဘားကမ့် စာနယ်ဇင်းပွဲအတွက် ဖိတ်စာတွေ ဝေပေးဖို့နဲ့ ဝေမယ့်ဖိတ်စာတွေကို ရိုက်ပေးဖို့ပါ။ ကိုကိုရဲ ကကူညီပေးတာနဲ့ ချက်ခြင်းဘဲ ဖိတ်စာ ကိုရေးချပြီး သူ့ကို လှမ်းပို့လိုက်ပါတယ်။ နောက်တော့ ကိုကိုရဲက အကြံထပ်ပေးတာနဲ့ ဘားကမ့်အကြောင်း မြန်မာလို အလွယ်ရှင်းထားတဲ့ စာတွေရှိတဲ့ www.barcamp.org/myanmar ကစာသားတွေကို အချပ်ပိုအနေနဲ့ ထည့်ဝေဖို့ ဆုံးဖြတ်ပါတယ်။ ဒီလောက်ဆို စီစဉ်တာ တော်တော်လေး နေရာကျနေပါပြီ။ နောက်တော့ ရှင်းလင်းပွဲလုပ်မယ့်နေရာကို သွားရလွယ်ပြီး မှတ်ရလွယ်တဲ့ တာမွေအ၀ိုင်းထိပ်က Moon bakery ကိုဘဲ ရွေးလိုက်ပါတယ်။ စာနယ်ဇင်းပွဲ ကုန်ကျမှုအတွက်ကျတော့ ဒါတွေတာဝန်ခံထားတဲ့ ကျွန်တော့်ထံရောက်လာပါတယ်။ အဲဒါနဲ့ ကိုဇေသီဟ ကိုအီးမေးလှမ်းပို့ထားပြီး အခြေအနေကိုပြောပြထားလိုက်ပါတယ်။ မိတ္တူ ကိုတော့ ကိုသောင်းစုငြိမ်းနဲ့ ကိုညီလင်းဆက်ကိုပါ ပို့လိုက်တယ်။ ဖိတ်စာ အတွက် အတည် ပြုပြီးရင် ပရင့်ထုတ်ခါနီး ကိုကျော်ဇေယျနဲ့ဆက်လက်တိုင်ပင်ဖို့ ကိုကိုရဲကို ပြောခဲ့ပြီး အဲဒီနေ့က စောစောပြန်လာလိုက်ပါတယ်။ တကယ်ကတော့ ရှင်းလင်းပွဲကို ၁၂ ရက်နေ့မှလုပ်မယ်လို့ စိတ်ကူးထား တာပါ။ ဖြစ်ချင်တာက စာနယ်ဇင်းတွေ စုံစုံလင်လင် တက်ရောက်နိုင်စေဖို့ သူတို့အားနိုင်တဲ့နေ့လဲဖြစ်အောင် ပါ။ ဒါပေမယ့် ညဘက်ကျတော့ ကိုကျော်ကြီးက ဖုံးဆက်ပါတယ် ၁၀ ရက်နေ့ကို ချိန်းလိုက် တယ်လို့ပြောတယ်။ ဒါနဲ့ ၁၀ ရက်နေ့ဖြစ်သွားတော့တာပေါ့။ ကိုကလဲ ဆေးရုံမှာဆိုတော့ အွန်လိုင်းနဲ့က အဆက်ပျက်လိုက်မပျက်လိုက်ဖြစ်နေတာ ဘာမှမသိရဘူး၊ ဒီတော့ ၁၀ ရက်နေ့ပေါ့။ ကြားထဲမှာ ၉ ရက်နေ့တရက်ဘဲကျန်တော့တာမို့ နဲနဲတော့ စိုးရိမ်မိပေမယ့် ကိုကိုရဲ ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ယုံထားတော့ နဲနဲ စိတ်သက်သာသွားတယ်။ အဲဒါနဲ့ ညဘက်ကြီးမှာ ကိုဇေသီဟကို ဖုံးဆက်ပြီး ရက်ချိန်းတဲ့အကြောင်းပြော၊ ကုန်ကျမှုအတွက်စိုက်ထားပေးဖို့လဲ တောင်းရင်း ဘာတွေပြောမယ်ဆိုတာတွေ စီစဉ်ရတယ်။ ကိုဇေသီဟလဲ ဗြုန်းစားကြီးဆိုတော့ ဘာပြောရမှန်းမသိဖြစ် နေတယ်လေ။ နောက်နေ့ကျမှ ကိုမျက်စေ့ ရယ် ကိုကျော်ဇေယျရယ် ကျွန်တော်ရယ် moon bakery သွားပြီး နေရာအတွက်အမြန်စီစဉ်ပြန်ရတယ်။ အဲဒီအချိန်မှာ ကိုကိုရဲကတော့ ဖိတ်စာတွေအားလုံး ကို ဝေပြီးနေပြီ။ ပရိုဂျက်တာ အတွက် မထိုက်က တနေရာ ကနေယူလာမယ်ဆိုလို့ အဆင်ပြေအောင် အားလုံးပြောခဲ့ပြီး အဲဒီနေ့က ပြန်ခဲ့တယ်။

နောက်နေ့မနက်မှာတော့ moon bakery ကိုအစောဆုံးရောက်နေတာကတော့ ကိုဇေသီဟဘဲ၊ အမြဲတမ်း သူများထက်စောစောရောက်တတ်တဲ့ ကျွန်တော်တော့ အဲဒီနေ့က စံချိန် ချိုးခံရတယ်။ ကိုဇေ သီဟ ကလဲ စီစဉ်စရာတွေ စီစဉ်ပေးရအောင် ဆိုပြီး စောစောရောက်နေတာပါ။ မကြာခင်မှာဘဲ ကိုမျက်စေ့နဲ့ ယောသားရောက်လာပြီး ဘာတွေပြောမယ်ဆိုတာ ဆက်ပြီး ချိန်ကြပါတယ်။ အချို့ အဆင် မပြေနိုင်မယ့် အချက်အလက်တွေကိုဖြုတ်ပြီး ကျွန်တော်တို့ ဘယ်သူတွေပြောမယ်ဆိုတာ ညှိပါတယ်။ ပထမ ကျွန်တော်စီစဉ်ပေးထားတာ မထိုက်က ဘားကမ့်ဖြစ်လာတဲ့အကြောင်းနဲ့ ရန်ကုန်ဘားကမ့် ဖြစ်ပေါ်လာတဲ့ရည်ရွယ်ချက်နဲ့ အကျိုးအကြောင်းတွေပြောမယ်။ ကိုဇေသီဟက စပွန်ဆာတွေ ပေးသင့်တဲ့ လုပ်ငန်းရှင်တွေနဲ့ ဒီလို ထောက်ပံ့မှုတွေကြောင့်ရရှိလာနိုင်တဲ့ အကျိုးဖြစ်ထွန်းမှုအကြောင်း ၊ ကိုမျက်စေ့ကတော့ ပွဲအတွက်ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ ကိုကျော်ဇေယျကတော့ ပွဲအတွင်းရရှိစေမယ့် နည်းပညာရပ်ဆိုင်ရာတွေအကြောင်း ပြောမယ်လို့ချိန်ပါတယ်။ ပြီးတော့ ဒီအတိုင်းဘဲ ပြောဖြစ် လိုက်ပါတယ်။ ကျွန်တော်က တော့အစီအစဉ်မှုးအဖြစ်ဆောင်ရွက်ပေးတယ်။ ပြောရဦးမယ်။ ပွဲက စတော့မယ် ပရိုဂျက်တာက အဆင်သင့်မဖြစ်သေးဘူး။ ဒီကြားထဲမှာ စာနယ်ဇင်းသမားက ၃ ယောက်ဘဲ ရောက်လာသေးတော့ တော်တော်လေး ထူပူနေတယ်။ ကိုကိုရဲကိုလဲ သွားပြောတော့ သူကလဲ လာမယ်လာမယ်ဆိုပြီးနှစ်သိမ့်ပေး၊ ၁၀ နာရီ ၁၅ လောက်ထိ ၅ ယောက်ဘဲရှိသေးတယ်။ ဟော ၁၀ နာရီ ၂၀ လောက်မှ စလဲစရော အားလုံးပေါက်ချလာလိုက်တာ စာနယ်ဇင်းသမား ၁၀ ယောက်လောက်ဖြစ်သွားတယ်။ တော်သေးပါတယ်၊ လာတဲ့သူတွေက ရန်ကုန်မြို့ရဲ့နာမည်ကြီး ဂျာနယ် များမှ ဖြစ်နေလို့သာပေါ့။ စီစဉ်ချိန်က နဲတော့ လာနိုင်မယ့်သူတွေလဲ ပြင်ဆင်ချိန်နဲပုံရပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲစတော့ ကျွန်တော်ကဘဲ အခန်းအနားမှုးအဖြစ်ဆောင်ရွက်ပေးပြီး အထက်မှာပြောထားသလို အစီစအစဉ်နဲ့ ကျွန်တော်တို့ရှင်းလင်းမှုတွေပြုလုပ်ပေးခဲ့ပြီး မရှင်းလင်းတဲ့သိချင် နေသေးတဲ့အချက်အလက်တွေကိုတော့ ကိုဇေသီဟ၊ ကိုမျက်စေ့ နဲ့ ကျွန်တော်တို့က အဓိက ဖြေကြားပေးခဲ့ပြီး ကိုကျော်ဇေယျနဲ့မထိုက်တို့က အနည်းငယ်ဖြည့်စွက်ပေးခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် အဲဒီနေ့ကတော့ အချိန်ပိုရတဲ့ စီစဉ်မှုနဲ့ဆို ဒီထက်ပိုကောင်းအောင်စီစဉ်နိုင်မှာဖြစ်သလို ဒီထက်လဲ ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ပြောနိုင်မှာပါ။ ကျွန်တော်ထင်တယ်၊ ဒီလကုန်ပိုင်း လောက်မှာလဲ နောက်ထပ် စာနယ်ဇင်းပွဲတခုလောက်ထပ်လုပ်ဖြစ်ဦးမယ်လို့ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အများပြည်သူကို အသိပေးစရာတွေအများအပြားကျန်နေပါသေးတယ်။

Barcamp Yangon စာနယ်ဇင်းပွဲဖိတ်စာ
မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်မည့်  Barcamp Yangon

နည်းပညာနှင့်စီးပွားရေး ဆိုင်ရာ အသိပညာ အတတ်ပညာရှင်များ ၀ါသနာရှင်များ တွေ့ဆုံ ပွဲအား ရန်ကုန်မြို့တွင် ခန်းနားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ဆောင်ရွက် လျှက်ရှိပါသည်။

အများပြည်သူလူထု ပိုမို သိရှိစေရန် ၄င်း Barcamp Yangon တွင် မည်သည့်ပွဲများနှင့် မတူသည့် ထူးခြားသည့် အချက်အလက်များ – ပံ့ပိုးမှုများအတွက်ဦးစွာအနေဖြင့်  ပြည်သူလူထူ၏ မျက်စိနှင့် နားသဖွယ်ဖြစ်သည့် စာနယ်ဇင်း ဆရာများအား စီစဉ်ကျင်းပခဲ့ပုံနှင့် နိုင်ငံတကာတွင် ကျင်းပ ခဲ့သည့် Barcamp များအကြောင်းကိုရှင်းလင်းပြောကြားလိုပါသောကြောင့်အောက်ပါ အချိန်   နှင့်နေရာကို ကြွရောက်ချီးမြင့်ကြပါရန် လေးစားစွာ ဖြင့် ဖိတ်ကြားအပ်ပါသည်။

နေရာ – Moon Bakery  အပေါ်ထပ် ( တာမွေအ၀ိုင်းထိပ်)

အချိန် – ၁၀ – ၁၂ -၀၉ ( နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ )

Barcamp Yangon Organizer Team

Barcamp where and when?
မနေ့က ကျွန်တော်တို့ ကိုသောင်းစုငြိမ်းနဲ့ကဖေး အေရိုးမားမှာ တွေ့ဖြစ်ကြတယ်။ ကျွန်တော်တို့အနေနဲ့ သူနဲ့ တွေ့ဖို့ ကြိုးစားနေသလို အခုလို ကိုသောင်းစုငြိမ်း ကလဲ တွေ့ဖို့ ဖိတ်လာတဲ့အတွက် တကယ်ဘဲ အဆင်ပြေသွားပါတယ်။ အရင် အခါပေါင်းများစွာ ပြောခဲ့ဘူးသလို barcamp Yangon ကိစ္စအတွက် ပါဘဲ။ နောက်ဆုံးတော့ ကိုသောင်းစုငြိမ်း နဲ့ ကျွန်တော်တို့ အားလုံး ယေဘူယျ သဘောတူညီသွားခဲ့ကြတာကတော့ Bracamp Yangon ကို ၂၀၁၀ ဇန်န၀ါရီ လောက် မှာ ကျင်းပ ဖြစ်လိမ့်မယ်ဆိုတာပါဘဲ။ ဆက်လက်ညှိနှိုင်းစရာများအတွက် ကိုသောင်းစု အနေနဲ့ MCPA ကို ဒီကနေ့ ညနေဘဲ တင်ပြမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ နောက်ပြီးတော့ တဆက်ထဲမှာဘဲ ကျင်းပချိန်အတွင်း ပြုလုပ်မှာ ဖြစ်တဲ့ SDK party လို download day လိုကဏ္ဍလေးတွေအတွက် အတော်ဘဲ သဘောကျမိပါတယ်။ ကျွန်တော်တို့ ချည်းဘဲ သပ်သပ် လုပ်မယ်ဆိုရင် အခုလို မျိုး ကိစ္စတွေကို ထည့်ပြီး စဉ်းစားပေးလို့တောင်မရ နိုင်ဘူးလေ၊ အခုလို စုပေါင်းပြီး အတူတကွ လုပ်ဆောင်ခွင့်ရကြ တာဟာ ကျွန်တော်တို့အပြင် အသိပညာရှင်အတတ်ပညာရှင်နဲ့ စည်းပွားရေးအမြင်ကောင်းရှိနေသူတွေအတွက် အခွင့်အလမ်းကောင်းလေး တခုအဖြစ် မြင်မိသလို ကျွန်တော်တို့နဲ့အတူ လူငယ်တွေရဲ့ စွမ်းအား တွေကို ဒီပွဲမှာ စုစည်းဆောင်ရွက်မှုနဲ့ ပြသနိုင်မှာဖြစ်လို့ ဒါဟာကောင်းတဲ့ လက္ခဏာ တရပ်အဖြစ် ရှုမြင်မိပါတယ်။

Yesterday, We meet with Ko Thoung Su Nyein at Cafe Aroma. That is the smart because of we try to meet with him before. That’s about for Barcamp Yangon I said many time. Finally we have the light agree one thingBarcamp Yangon will be in January 2010. And than he need more detail discuss with MCPA  on this evening, he said. So, one wonderful plan on the show time like SDK party and download day. We do the Barcamp only our team, we can’t thought like this on my mind. Now we have a pass for join with MCPA, that is the great change and good thing for technologics, knowledgeic and economic layer can have co-op vacancy between than. Can show the power of youngs and team work at this event, this is the nice seen I think.

barcamp around the world
ဒီစကားရပ်နဲ့အရင်တုန်းကတော်တော်လေး စိမ်းပါတယ်။ ကြားတချက်မကြားတချက်နဲ့ ဒါကို အပျော်ကိစ္စဘဲထင်ခဲ့ပါတယ်။ ကိုညီလင်းဆက်ကလဲ တက်တက်ကြွကြွနဲ့ မြန်မာပြည်မှာ myanmar barcamp လေး တခုကို ပုဂံမှာ သွားလုပ်ရအောင်လို့ပြောဘူးပါတယ်။ ဘာညာကလဲ barcamp အကြောင်းဆို တကယ့်ကို ထက်ထက်သန်သန်နဲ့ လုပ်ချင်တယ်ဆိုပြီး အမြဲပြောနေခဲ့ကြပါတယ်။ အခုတော့ barcamp အကြောင်း လေးတွေလဲ တော်တော် သိသွားပြီဖြစ်သလို ရန်ကုန်မှာ Yangon Barcamp လေးတခု လုပ်ဖြစ်အောင် စီစဉ်တဲ့ အထဲကို ပါဝင် လာမိခဲ့ပါတယ်။ Yangon Barcamp ကို  MCPA ကလဲ ပြုလုပ်မယ်လို့ ကြားရတဲ့ အတွက် လွတ်လပ်တဲ့ ဒီ barcamp program ကလေးကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ရာ စိတ်အားထက်သန်မိပါတယ်။ ဒါကြောင့်လဲ လိုအပ်တဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ဦးဆောင်အဖွဲ့တခုဖြစ်တဲ့ MCPA ကနေကမကထလုပ်ပြီး လုပ်ဆောင်တဲ့အခါ ပိုမိုတဲ့ ကျယ်ပြန့်မှုတွေနဲ့ထိရောက်အောင်မြင်မှုတွေရမယ်လို့ လဲမျှော်လင့်ပါတယ်။ အခုတော့ barcamp အချက်အလက် တွေကို အများသိအောင် ကျွန်တော်တို့ ဖြန့်ဖြူးပေးဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လတ်တလော ပြုလုပ်နေတဲ့ ကမ္ဘာပေါ်က barcamp တွေအကြောင်းကို ဒီမှာ မျှဝေပေးလိုက်ချင်ပါတယ်။ လာမည့် အောက် တို ဘာလဆန်းမှာတော့ Cambodia နိုင်ငံ Phnon Penh မှာ ဘားကမ့် တခု ကျင်းပဖို့ရှိပါတယ်။ အဲဒီပွဲကို ကျွန်တော်တို့ ဆီကနေတက်ရောက်မယ့် သူတွေလဲရှိပါတယ်။ အတွေ့အကြုံအတွက် ကျွန်တော်လဲ လိုက်ချင်ပေမယ့် ပတ်စပို့စာအုပ်သက်တမ်းမမှီတော့တာကြောင့်မလိုက်ဖြစ်တော့ပါဘူး။ ကျွန်တော်တို့အဖွဲ့က ၂ ယောက် တက်ရောက်မှာ ဖြစ်ပြီး MCPA ကနေလဲ ၁ ဦးကနေ ၂ ဦးအထိ တက်ရောက်လေ့လာ သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ အခုကျင်းပတဲ့ barcamp 2009 Phnon Penh အကြောင်းကို ဒီလင့်မှာ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ barcamp Bangkok ကိုတော့ မေလ အတွင်းက ကျင်းပခဲ့ပြီး အခုလင့် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 2009  မှာ ဆက်လက်ပြီးကျင်းပမယ့် barcamp တွေကတော့ အောက်မှာဖြစ်ပါတယ်။

Malaysia barmap  Oct 24,25 2009

Chiang Mai barcamp Nov 14 . 2009

New York barcamp Nov 14,15 .2009

Singapore barcamp Nov 21 . 2009

Yangon barcamp Dec ? ? ? ? ? 2009

ကျွန်တော်တို့ရန်ကုန်မှာကျင်းပမယ့် ဘားကမ့်အတွက် အချက်အလက်တွေကို www.barcamp.org/myanmar မှာတွေ့ရှိနှိင်ပြီး www.barcampmyanmar.org မှာလဲ ဖော်ပြထားတာ တွေ့ရှိနိုင်ပါတယ်။ ဘားကမ့်အကြောင်း ကို အများ သူငှာ ပိုမိုသိရှိနိုင်ရန်အတွက် အချက်အလက်များကို ပိုမိုဖြန့်ဝေပေးဦးမှာ ဖြစ်ကြောင်းသတင်းပါးလိုက်ပါတယ်။