Posts Tagged ‘barcamp’

သမိုင်းထဲကဘားကမ့်၊ဘားကမ့်ထဲကသမိုင်း

ခေါင်းစဉ်ကို ဒီလိုရေးလိုက်တာ ဆရာမြသန်းတင့်ရဲ့ သမိုင်းထဲက မန္တလေးကို လိုက်တုသလိုဖြစ်သွားပါတယ်။ တကယ်က ပြောစရာတွေဖြစ်လို့ပြောရတော့တာပါ။ ယနေ့ခေတ်မှာ မီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ရလောက်အောင်ကို စွမ်းဆောင်ရည်က အဖက်ဖက်ကတိုးတက်လာသလို ပြည်သူလူထုရဲ့ နားနဲ့မျက်စေ့ တွေအဖြစ် နိုင်းယှဉ်နိုင်တဲ့အနေအထားဖြစ်လာပါတယ်။ ကျွန်တော် ပြောလိုတာက ကျွန်တော်တို့ ဘားကမ့်ရန်ကုန် Barcamp Yangon 2011 အတွက် စာနယ်ဇင်းဆရာများရဲ့ ဘားကမ့်အပေါ်မှာ လူထုစိတ်ဝင်စားလာအောင် အားစိုက်ပေးကြတဲ့ အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ဆိုတာကိုပြောချင်ပါတယ်။ ဒီလို အချက်အလက်တွေကို အများပြည်သူသိရှိစေဖို့အားထုတ်တဲ့နေရာမှာ စေတနာ အမှားအယွင်းလေးတွေလဲရှိတတ်ပါတယ်။ အဲဒီအထဲက အချက်အလက်အချို့ကိုကောက်နှုတ်တင်ပြလိုပေမယ့် ထပြောလောက်အောင်မှားယွင်းမှုမျိုးကြီးကြီးမားမားမရှိသေးတဲ့အတွက် ကျွန်တော်တို့ ဘားကမ့်ဖြစ်မြောက်ရေးမှာပါဝင်သူတွေအနေနဲ့ စာနယ်ဇင်း ဆရာများနဲ့ အွန်လိုင်းမှတင်ပြပေးကြသူတွေအတွက် စိတ်အနှောက်အယှက် ဖြစ်စေနိုင်မယ့် အခြေအနေကိုရောက်သွားမှာ ဆိုးတဲ့အတွက်ရော ဒီအတိုင်း ပိုနေမြဲကျားနေမြဲ နေခဲ့ကြပါတယ်။ [...]

Barcamp 2011 update

Barcamp Yangon 2011 ရဲ့ အနီးကပ် အစည်းဝေးပွဲတွေကို ပွဲဖြစ်မြောက်ရေး အော်ဂနိုက်ဇာများက စုစည်းပြီး မကြာမကြာ ကျင်းပဖြစ်ပါတယ်။ နောက်ဆုံးအချက်အလက်များအရ Barcamp Yangon 2011 ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ တရပ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့လောက်မှာကျင်းပဖြစ်နိုင်မှာဖြစ်ပါတယ်။ ဘားကမ့် ရန်ကုန်အတွက် ထောက်ပံ့ကူညီမှု sponsor ပိတ်ရက်က ဇန်န၀ါရီ ၃၁ ရက်နေ့ညနေ ၅ နာရီဖြစ်ပါတယ်။ ဒီတခေါက် စာနယ်ဇင်းရှင်းလင်းပွဲမှာ ဘားကမ့် ရန်ကုန်ရဲ့ စီစဉ်ထားရှိမှုတွေကို အသေးစိတ်ပြောကြားနိုင်တော့မှာ ပါ။ ထောက်ပံ့ကူညီသူ စပွန်ဆာများအကြောင်း၊ ဘားကမ့်ပွဲအတွင်း တက် ရောက် လာသူများအား ပေးအပ်မယ့် လက်ဆောင်ပစ္စည်းများ။ အွန်လိုင်းကနေပြီး register လုပ်ရမယ့် အကြောင်းတွေနဲ့ ပွဲအတွင်း စီစဉ်ထားရှိတဲ့ wireless နှင့် အခြား [...]

the meeting for BCY2011

ဒီနေ့တော့ ကျွန်တော်တို့ Barcamp Yangon 2011 အတွက် organizer team အသစ်ပြန်လည်ဖွဲ့စည်းရေးနဲ့ ပွဲဖြစ်မြောက်ရေးအတွက် စီစဉ် မှုတွေကို စတင်ဆောင်ရွက်ဖို့အတွက် စည်းဝေးပွဲ တခု ကို Myanmar Info-teach အခန်းအမှတ် ၂၀၅ မှာကျင်းပခဲ့ပါတယ်။ ပွဲစီစဉ်ချိန် အရမ်းနီးကပ်တဲ့အတွက် တက်ရောက်သူနည်းသွားပါတယ်။ ဒါပေမယ့် အစီအစဉ်အတိုင်း ကျင်းပနိုင်ခဲ့ပြီး ရှေ့ဆက် မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို နောက်ပိုင်းပြုလုပ်မယ့် ဘားကမ့် ဖြစ်မြောက်ရေးအစည်းဝေးတွေနဲ့တွေ့ဆုံပွဲတွေကို တက်ရောက်နိုင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ အချက်အလက်များကို www.barcampyangon.org မှာ ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။ စီစဉ်ဆောင်ရွက်ဆဲအနေအထားသာဖြစ်ပြီး အတည်ပြုပြောကြားခြင်းတော့ လောလောဆည် မရှိ သေးပါဘူး။ မကြာခင်မှာတော့ သေချာတဲ့ အချက်အလက်တွေ ပေါ်ထွက်လာနိုင်မယ်လို့မျှော်လင့်နိုင်မှာဖြစ်ပြီး ဒုတိယအကြိမ်ကျင်းပမည့် အစည်းအဝေးမှာတော့ organizer အမည်စာရင်းသစ်များ ကိုတင်သွင်းကြမှာဖြစ်ပြီး ယခင် [...]

BarCamp Yangon is great!

The barcamp Yangon 2010 is now  we started on 23 Jan at Hlaing University, Myannmar Info-tech. We collected 1740 survey from on around over 2000 attended. We planed gift bag for barcamper, We gave the gift bag over 1500 for barcamp attend included T-shirt, DVD,pen, barcamp cup and ….

Barcamp Yangon T-shirt will be this design!

This is the sample design from Ko Nyi Lynn Seck he the one of our organizer. He sent to mail this cool  design on might night I like these  design for T-shirt. How do you think? This post for how do you feed back information only. T-shirt back design will main sponsor and gold sponsor [...]

Barcamp Yangon website now launching

Hi all Barcamp Yangon website are lunch on another yesterday. Yon can register on this site as you want. Plz visit www.barcampyangon.org for more information. So you can download barcamp Yangon logo and register, which topic want to speak on barcamp etc.

ဒီလိုကျင်းပတာပွဲမ၀င်ခင်

Barcamp Yangon စာနယ်ဇင်းပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာဘဲ ပြင်ဆင်ထားတဲ့နေရာဖြစ်တဲ့ Moon Bakery cafe မှာ ပြုလုပ်ဖြစ်ပါတယ်။ တကယ်က ဒီပွဲက မဖြစ်မနေ လုပ်ပေးရမယ့် ပွဲ တခုလဲ ဖြစ်ပါတယ်။ ဘားကမ့်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့က ပြည်တွင်း သတင်းဂျာနယ်တခုမှာ ပါလာတော့ မရေရာတဲ့သတင်းတွေသာ တက်နေပြီး ၀ိရောဓိဖြစ်စရာ တွေ ဖြစ်ပေါ်မှာ စိုး ရိမ်တာ တကြောင်း၊ ဘားကမ့်ရန်ကုန်နဲ့ ပတ်သက်ပြီး ဒီ Barcamp ဆိုတဲ့အသုံးအနှုန်းနဲ့ ပြည်သူလူထု ရင်းနှီးလာစေဖို့တကြောင်း စတဲ့ အကြောင်းတွေကြောင့် စာနယ်ဇင်း ပွဲကို မြန်မြန်ဆန်ဆန် ပြုလုပ် ရာတာပါ။ ဘယ်လောက်တောင်မြန်လဲဆို စီစဉ်ချိန်ဟာ ၃၆ နာရီလောက်ဘဲ ရရှိခဲ့ပါတယ်။ တကယ်က ဒီလိုသတင်းပြန်ကြားရေးကို [...]

Barcamp Yangon စာနယ်ဇင်းပွဲဖိတ်စာ

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်မည့်  Barcamp Yangon နည်းပညာနှင့်စီးပွားရေး ဆိုင်ရာ အသိပညာ အတတ်ပညာရှင်များ ၀ါသနာရှင်များ တွေ့ဆုံ ပွဲအား ရန်ကုန်မြို့တွင် ခန်းနားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ဆောင်ရွက် လျှက်ရှိပါသည်။ အများပြည်သူလူထု ပိုမို သိရှိစေရန် ၄င်း Barcamp Yangon တွင် မည်သည့်ပွဲများနှင့် မတူသည့် ထူးခြားသည့် အချက်အလက်များ – ပံ့ပိုးမှုများအတွက်ဦးစွာအနေဖြင့်  ပြည်သူလူထူ၏ မျက်စိနှင့် နားသဖွယ်ဖြစ်သည့် စာနယ်ဇင်း ဆရာများအား စီစဉ်ကျင်းပခဲ့ပုံနှင့် နိုင်ငံတကာတွင် ကျင်းပ ခဲ့သည့် Barcamp များအကြောင်းကိုရှင်းလင်းပြောကြားလိုပါသောကြောင့်အောက်ပါ အချိန်   နှင့်နေရာကို ကြွရောက်ချီးမြင့်ကြပါရန် လေးစားစွာ ဖြင့် ဖိတ်ကြားအပ်ပါသည်။ နေရာ – Moon Bakery  အပေါ်ထပ် ( တာမွေအ၀ိုင်းထိပ်) အချိန် [...]

Barcamp where and when?

မနေ့က ကျွန်တော်တို့ ကိုသောင်းစုငြိမ်းနဲ့ကဖေး အေရိုးမားမှာ တွေ့ဖြစ်ကြတယ်။ ကျွန်တော်တို့အနေနဲ့ သူနဲ့ တွေ့ဖို့ ကြိုးစားနေသလို အခုလို ကိုသောင်းစုငြိမ်း ကလဲ တွေ့ဖို့ ဖိတ်လာတဲ့အတွက် တကယ်ဘဲ အဆင်ပြေသွားပါတယ်။ အရင် အခါပေါင်းများစွာ ပြောခဲ့ဘူးသလို barcamp Yangon ကိစ္စအတွက် ပါဘဲ။ နောက်ဆုံးတော့ ကိုသောင်းစုငြိမ်း နဲ့ ကျွန်တော်တို့ အားလုံး ယေဘူယျ သဘောတူညီသွားခဲ့ကြတာကတော့ Bracamp Yangon ကို ၂၀၁၀ ဇန်န၀ါရီ လောက် မှာ ကျင်းပ ဖြစ်လိမ့်မယ်ဆိုတာပါဘဲ။ ဆက်လက်ညှိနှိုင်းစရာများအတွက် ကိုသောင်းစု အနေနဲ့ MCPA ကို ဒီကနေ့ ညနေဘဲ တင်ပြမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ နောက်ပြီးတော့ တဆက်ထဲမှာဘဲ ကျင်းပချိန်အတွင်း ပြုလုပ်မှာ ဖြစ်တဲ့ SDK [...]

barcamp around the world

ဒီစကားရပ်နဲ့အရင်တုန်းကတော်တော်လေး စိမ်းပါတယ်။ ကြားတချက်မကြားတချက်နဲ့ ဒါကို အပျော်ကိစ္စဘဲထင်ခဲ့ပါတယ်။ ကိုညီလင်းဆက်ကလဲ တက်တက်ကြွကြွနဲ့ မြန်မာပြည်မှာ myanmar barcamp လေး တခုကို ပုဂံမှာ သွားလုပ်ရအောင်လို့ပြောဘူးပါတယ်။ ဘာညာကလဲ barcamp အကြောင်းဆို တကယ့်ကို ထက်ထက်သန်သန်နဲ့ လုပ်ချင်တယ်ဆိုပြီး အမြဲပြောနေခဲ့ကြပါတယ်။ အခုတော့ barcamp အကြောင်း လေးတွေလဲ တော်တော် သိသွားပြီဖြစ်သလို ရန်ကုန်မှာ Yangon Barcamp လေးတခု လုပ်ဖြစ်အောင် စီစဉ်တဲ့ အထဲကို ပါဝင် လာမိခဲ့ပါတယ်။ Yangon Barcamp ကို  MCPA ကလဲ ပြုလုပ်မယ်လို့ ကြားရတဲ့ အတွက် လွတ်လပ်တဲ့ ဒီ barcamp program ကလေးကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ရာ စိတ်အားထက်သန်မိပါတယ်။ ဒါကြောင့်လဲ လိုအပ်တဲ့ ဆွေးနွေးမှုတွေကို [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice