Posts Tagged ‘ဆောင်းပါး’

How to control your employees’ using internet

Internet is being used in each business every time. In addition, social networking becomes to participate in not only business but also personal communication. So managers suppose that business can be shocking effect because of employees’ much amount of using social networking. Using social networking and internet extremely are expressed in this topic. How block [...]

10 things should be known by a person who wants to sell websites

(1)Investigate the customer’s necessity We use to express the condition we want to sell. Actually, we shouldn’t do like this as soon as the customer come to us. The best listening to the customers what they want will help you much for your services. (2) Explain to your service It is need to introduce your [...]

ကြည့်လုပ်

ပြောပေါင်းလဲများပါပြီ။ ဒီတခါတော့ ဘယ်လိုမှ ကိုးကားပြောမနေချင်ပါဘူး။ သူများပုံတွေယူသုံးတဲ့ကိစ္စ ၊ သူများ ဖန်တီးထားတာကို ဖြတ်ကနဲဖြတ်ကနဲ ယူသုံးတာ ဘာနဲ့တူလဲဆိုတော့ လက်ဆော့ တဲ့ ကလေးတွေလိုဘဲ။ ကိုညီလင်းဆက်တယောက် ဘဲ ဒီလိုယူသုံးတဲ့ အကြောင်း မကောင်းပြောနေတာ မဟုတ်သေးဘူး။ ကျွန်တော်တို့လဲသေချာ ပြောကြသင့်တယ်။ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူတွေ ယူသုံးရင် သိပ်အကျည်းတန်တယ်။ ကျင့်ဝတ်တွေအကြောင်းတော့မပြောဘူး။ လူလိုနားလည်ရင် သူများဟာ ဒီလို လက်လွတ်ဆံပယ် မပြောဖို့မလုပ်ဖို့လိုတယ်။ တခါမက တွေ့ခဲ့ကြတာတွေ များတော့ ဘယ်လိုဘာလိမ့်လို့တောင်ထင်မိတယ်။ ကြုံဖူးပါတယ်။ သူများဟာလဲ ယူသုံးတယ်ပြောတော့လဲမကြိုက်ဘူး။ အဲလိုလူမျိုးသာဆိုးတယ်။ ပြတ်ပြတ်ပြောရရင် တပါးသူဖန်တီးထားတာကို စီးပွားရေးအရ အသုံးချဖို့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဘယ်လိုရည်ရွယ်ချက်များကိုနဲ့မဆို မပြောဘဲယူသုံးရင် ခိုးတယ်လို့သတ်မှတ်တယ်။ အင်တာနက်ခေတ်မှာ ပြောဖို့မေ့သွားလို့ပါတို့၊ နောက်မှပြောမလို့ ဆိုတာ အလကားဆင်ခြေဖြစ်တယ်။ တခါတည်းပြောလို့ရတယ်။ [...]

ပြောပြမယ် ဒေါမထနဲ့

လှူတယ်တန်းတယ်ဆိုတာ ကောင်းပါတယ် ကျွန်တော်တို့ ဘာသာတရားမှမဟုတ်ပါဘူး ကမ္ဘာပေါ်မှာ ရှိတဲ့ဘာသာတိုင်းရဲ့ အဆုံးအမအောက်မှာ လှူတန်းတဲ့ အရာဟာ ထောက်ထားညှာတာမှုသဘော နဲ့ မျှဝေခံစားမှုဆိုတဲ့ လူ့ဘောင်အဖွဲ့အစည်းအတွက် အရေးပါအရာရောက်ပါတယ်။ ဘာသာရေးမျှော်မှန်းယုံကြည်ချက်နဲ့ လှူတန်းမှုတွေ အပြင် အခြားသော လူသားခြင်းဆိုင်ရာ ထောက်ပံ့ ကူညီမှု ဆိုတဲ့ ဘုံ အလှူအတန်းလုပ်တဲ့ စကားလုံးတွေပေါ်ပေါက်လာတဲ့ထိ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မဆို ပေးကမ်းလှူဒါန်းတယ်ဆိုတာ ဘုရားအဆုံးအမမှာတောင် မင်္ဂလာတရားတော်နဲ့ညီညွတ်ပါတယ်။ ရေဆိုတာ လူသားတွေအတွက်ရော အသက်ရှင်ရပ်တည်နေတဲ့ သတ္တ၀ါတွေအားလုံးအတွက် အရေးပါလှပါတယ်။ ကမ္ဘာကြီးရဲ့ သုံးပုံ၂ပုံဟာ ရေထုဖုံးလွှမ်းထားပါတယ်။ လူတယောက်မှာ တည်ဆောက် ထားတဲ့ ရုပ်ခန္တာမှာလဲ ရေဟာ ၇၀% ပါဝင်ပါတယ်။ ဒီတော့ ရေအသက်တမနက်ရယ်လို့ အားလုံးသိကြတဲ့ အရေးပါလှတဲ့ရေဟာ ကမ္ဘာကြီးမှာ ရှားပါးလာတယ်။ တကယ်က ဖောင်စီးရင်းရေငတ်နေတဲ့ ကျွန်တော်တို့ ကမ္ဘာ့လူထုဟာ ၆၀% [...]

ပါဖောင်းမန့်ပြဿနာ – ၂

တကယ်တော့ ကျွန်တော်တို့အနေနဲ့ ဒီဈေးကွက်အကြောင်း သိဖို့ဆိုတာထက် ကိုယ်ကလဲ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာ လဲရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ နိုင်ငံတကာမှာတိုးတက် နေတဲ့ ဒီဘက်ခေတ်ကြီးမှာ ပိုလို အပ်တာကတော့ အခွင့်အလမ်းဘဲ၊ စီးပွားရေးအခွင့်အလမ်း၊ နည်းပညာအခွင့်အလမ်းစတဲ့ အကြောင်းအရာတွေ အတွက် တော်တော်လေး ကျွန်တော်တို့မျက်ချေမပြတ်သွားကြရတယ်။ အခုဖြစ်နေတာလဲ အခွင့်အလမ်း တခုဘဲဖြစ်မယ်ထင်ပါတယ်။ ဒီတော့ ဒါဟာ software လောကအတွက်တော့ တကယ့်အခွင့်အလမ်းတခုပါဘဲ။ ၀မ်းသာစရာကောင်းပေမယ့် ကိုယ့်ဘက်ပိုင်းကို ပြန်ကြည့်လိုက်တော့ အားနည်းချက်တွေ အများအပြား တွေ့နေရတယ်။ ပြည်တွင်း software လိုအပ်ချက်ကို ပြည့်မှီအောင် လုပ်နိုင်စွမ်း ရာနှုန်းပြည့်ရှိပါတယ်လို့ ကျွန်တော်တို့ ကိုယ်တိုင်အာမခံနိုင်တဲ့အနေအထားရှိမရှိဆန်းစစ်ဖို့လဲ လိုပါတယ်။ တကယ့် အကျိုးအမြတ် အများ အပြားကို ဖော်ဆောင်ပေးမယ့်ဈေးကွက်ကြီးဟာ ပြင်ပမှာရှိနေပြီး လုပ်သားစွမ်းအင်အများစုဟာ ပြည်တွင်းမှာ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီအင်အားတွေကိုလက်တွေ့အသုံးချနိုင်အောင် ဖော်ဆောင်ရာမှာ လက်ရှိ [...]

ပါဖောင်းမန့်ပြဿနာ

Software & Solutions ပြပွဲအတွက် ဘန်ကောက်မသွားခင်ကတည်းက ကိုသောင်းစုငြိမ်းတို့ ပြောထားတာနဲ့သိနှင့်ပြီးပါပြီ။ ဒါပေမယ့် ကိုယ့်အဖွဲ့တွေက ဘာတွေပြမယ်ဆိုတာ သေချာစုစည်းထားရတာ မရှိသေး သလို တယောက်နဲ့တယောက်မတွေ့တာကလဲ အခက်အခဲတခုဖြစ်သွားတာနဲ့ ပြပွဲရက်နီးလာတာနဲ့အမျှ စိတ်တော့နဲနဲပူလာမိတယ်။ ဘယ်လိုတွေ ပြကြမယ်ဆိုတာပေါ့။ ၂၄ ရက်နေ့ကတော့ IM ရုံးကို သွားပြီး အခန်းအတွက်စုံစမ်းသေးတယ်။ ကိုသောင်းစုငြိမ်းကို ဖုံးလဲဆက်မရ၊ သူလဲ အဲဒီပွဲအတွက်အလုပ်ရှုပ်နေတာနဲ့ သေသေချာချာ ဘယ်နေရာလဲ ဆိုတာ မသိရပေမယ့် အခန်း ၂ခန်းစီစဉ်ပေးထားတယ်ဆိုတာ ကိုတော့ သိခဲ့ရတယ်။ အဲဒီအချိန်အထိ ကိုယ်ပြမယ့် အကြောင်းအရာက SPIP နဲ့ ကိုကိုရဲ လုပ်နေတဲ့ Ubantu ၂ မျိုးဘဲ၊ ဒီထက်ကို တက်မလာသေးဘူး။ ကိုညင်းဆက်ကလဲ ချင်းမိုင်က ပြန်မလာသေးသလို သူ ဘယ်လိုပြမယ်ဆိုတာလဲ မသိရသေးတာနဲ့ [...]

တို့လုပ်နိုင်တဲ့ လက်တကမ်းစီးပွားရေး

ကျွန်တော်မနှစ်က ဘလောက်ဒေးလုပ်ဖြစ်ရင် ပြောမယ်ဆိုပြီး ရေးထားတဲ့ စာတွေပါ။ အခုချိန်အထိတော့ သိပ်ပြီးနောက်မကျသေးဘူးထင်တာနဲ့ ဒီမှာဘဲတင်ပေးလိုက်တယ်။ အနည်းငယ်တော့ ပြန်ပြီး တည်းဖြတ် လိုက်ပါတယ်။ အပြင်က ဂျာနယ်တခုခုမှာဆို ပိုပြီး တည်းဖြတ်ခံရနိုင်သလို စာမျက်နှာအခက်အခဲလဲရှိတော့ ဒီမှာ ပြန်ဖော်ပြပေးလိုက်ပါတယ်။ မသိတဲ့သူတွေကိုသိစေချင်တဲ့သဘောပါ။ သိပြီးသားသူတွေအနေနဲ့လဲ ဝေဖန်အကြံပြုပေးစေချင်ပါတယ်။ Network ပေါ်က စီးပွားရေး အခွင့်အလမ်းများ ဟိုဘက်ခေတ်ဒီဘက်ခေတ် ကျွန်တော်တို့ အခုရောက်ရှိနေတဲ့ ရာကစုက ၂၁ ရာစုလို့ အာလုံးသိကြတဲ့အတိုင်းဘဲ ရာစုနှစ်က အသစ် နောက်ပြီး ထောင်စုနှစ်ကလဲ အသစ်။ တခုရှိတာက ကျွန်တော်တို့ အသက်အရွယ်က ၂၀ ရာစုအကုန် ၂၁ ရာစုအကူး ၊ ပြောရရင်  ဟိုဘက်ခေတ် ဒီဘက်ခေတ်ရဲ့အလွှဲအပြောင်းမှာ ရှင်သန်လာကြခဲ့တာ။ ဒီတော့ အပြောင်းအလွဲတွေရဲ့ ရိုက်ခတ်မှုတွေ ကို ကိုယ်တိုင် [...]

အင်တာနက်ထဲကဈေးကွက်၊ ဈေးကွက်ထဲကအင်တာနက်

အကြောင်းအရာတွေက တော်တော်လေး ကိုစုံပါတယ်။ ကျွန်တော် တို့ဆီမှာ အင်တာနက်အသုံးပြုတဲ့သူတွေ များလာတယ်ဆိုတာကတော့ ဘာအချက်အလက်မှကောက်ဖို့မလိုလောက်အောင် ကိုသိသာထင်ရှားလွန်း လာပါတယ်။ ဒီအတွက် လတ်တလောအခြေအနေကို ပြန်ပြီး သုံးသပ်မယ်ဆို ဒီလိုတိုးတက်လာတဲ့ အသုံးပြုသူအရေအတွက်ဟာ ဘယ်လိုအကြောင်းမျိုးနဲ့ဈေးကွက်တခုပေါ်ထွန်းထွက်ပေါ်လာမယ်ဆိုတာကို တွေးတော ကြည့်ပါတယ်။ သေချာတာတခုကတော့ အသုံးပြုသူများနည်းတူ တရှိန်ထိုးတက်လာတာက အင်တာနက်ကဖေး စီးပွားရေးဖြစ်ပါတယ်။ ဒါကတော့ မြန်မာပြည်မှာဖြစ်နေကြအတိုင်း နည်းနည်းလောက် အမြတ်အစွန်း ရတဲ့ လုပ်ငန်းတခုပေါ်လာပြီဆိုတာနဲ့ ၀ိုင်းပြီး အင်နဲ့အားနဲ့ လိုက်လုပ်တတ်တဲ့ အကျင့်ကြောင့်ဆိုလဲမမှားပါဘူး။ ပြည်တွင်းမှာ လူတိုင်းအင်တာနက် ကွန်နက်ရှင်ကို တပ်ဆင်မသုံးနိုင်ဘူး၊ အိမ်တိုင်းမှာ ကွန်ပျုတာ ၀ယ်ပြီးမသုံးနိုင်သေးဘူး ဆိုတဲ့အချက်တွေက အဲဒီဈေးကွက်ကို ဆက်လက်အားကောင်းအောင်ထောက်ပံ့ပေးနေဦးမှာပါ။ ဒါပေမယ့် ဈေးကွက်လိုအပ်ချက်ထက်ကျော်လွန်လာတဲ့ အင်တာနက်ကဖေး စီးပွားရေးဟာ ထင်ထားသလောက် တိုးတက်မှုမရှိပါဘူး။ ပြည်တွင်းကွန်ပျုတာဈေးကွက်ထဲမှာ ပြီးခဲ့လအနည်းငယ်က ဈေးနှုန်းကျဆင်းမှုများရှိနေခဲ့သည့်တိုင် ဆက်လက်ပြီးတိုးချဲ့လာတဲ့ အင်တာနက်ဆိုင် [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice