ကျွန်တော့်ဆီကို ကိုရန်နိုင်ဆိုတဲ့ ကိုရီးယားက မိတ်ဆွေဘလောက်ဂါတယောက်က ဖော်ဝေါ့လုပ်လိုက်တဲ့ သီတင်းကျွတ်လက်ဆောင်လေး ကို ပြန်လည်မျှဝေ ပေးလိုက်တာဖြစ်ပါတယ်။ မိစုံဖစုံ ကိုကာလကြာမြင့်စွာ ဂါရ၀ မပြုဖြစ်တဲ့ ကျွန်တော့်ရဲ့ ဒီနှစ်သီတင်းကျွတ်မှာ အခုတော့ အမေ အဖေစုံစုံလင်လင် နဲ့ပြန်ပြီးစုံတွေ့တဲ့နေ့လေးဖြစ်လို့ ဒီပို့နဲ့ဘဲ မိဘ ဖိုးဘွား အကိုအမ များနဲ့ ကျွန်တော့်ထက်အသက်ကြီးသူတွေကို ဂါရ၀ ပြုလိုက် ပါတယ်။ မူရင်းရေသူကတော့ အောက်ပါအတိုင်းရေးထားတဲ့ ကိုနန္ဒဖြစ်ပါတယ်။ ပုံလေး ၁၃ ပုံပါပေမယ့် အဆင်မပြေလို့မတင်ဖြစ်တော့ပါဘူး။ ကျေနပ် ပျော်ရွှင်နိုင်ကြပါစေ။ သူငယ်ချင်းများ အားလုံးအတွက်.. konanda.feb.6.1982@gmail.com 's present [...]
Archive for the ‘Uncategorized’ Category
သူတော်လိမ် – ၁
တခေတ်တခါက လန်ဒုံမြို့ကြီးပေါ်တွင်သာမကဘဲ ကမ္ဘာတလွှား အထိတ်တလန့် အံ့သြခဲ့ရသော လိမ်လည်မှုကြီးတခုဖြစ်ပွားခဲ့လေသည်။ ထိုလိမ်ညာမှုကြီးကို ကျွနိုပ်၏ မိတ် ဆွေကြီး စုံထောက်ကျော် တက်လော့ဟုန်းမှ ဖော်ထုတ်နိုင်ခဲ့လေရာ သောက်ကျိုးနဲ ၀က်ဝက်ကွဲ ချိန်းမွန်းခံခဲ့ရဘူးသည်။ ၀ယ်လဆင်ပွတ် အထက်ပါရေးသားထားသော အကြောင်းအရာများပါသည့် မှတ်တမ်းကြီးကို ကျွန်တော်ဖတ်ရှုရသောအခါ နာမည်ကြီး ထိုလူလိမ်၏ အကြောင်းကို အံ့သြောကုန်နိုင်ဖွယ်တွေ့ရလေသည်။ ထိုအကြောင်းများကို မူရင်းအတိုင်း ပြန်လည်ရေးသားရသည်ရှိသော် ပြည်သူ့ဆိုင်တွင် ဆန် ၊ ဆီ ထုတ်ရသော စာအုပ်မျိုး ၅ အုပ်ခွဲခန့် ဖြစ်သွားကာ စာဖတ်သူများ အနေဖြင့် ရိုးအီပျင်း ရိ သွား နိုင်သောကြောင့် ၀တ္ထုသဖွယ်ဆောင်းပါးပုံတမျိုး ယခုခေတ် အနေအထားဖြင့် ပြန်လည်ရေးသား လိုက်ရပါသည်။ စာရေးသူ သူ့နာမည်ကား သူတော်လိမ်၊ အမည်ရင်းမှာ [...]
အစွန်းနှစ်ဘက်ကြားကဘဝ
ဘ၀ကြီးကဆိုးတယ်ဘ၀ကြီးကကောင်းတယ် ဘ၀ကချိုမြိန်တယ်ဘ၀ဟာ ခါးသက်တယ် ဘ၀ကတည်ငြိမ်တယ်ဘ၀ဟာ အပြောင်းအလဲမြန်တယ် ဘ၀ကိုသာယာစွာဟစ်ကြွေးမယ် ဘ၀ကို ငြင်သာစွာနှုတ်ဆိတ်နေမယ် ဘ၀ကပျင်းရိဖို့ကောင်းတယ်ဘ၀ဆိုတာ ပျော်ရွှင်စရာပါဘဲ ဘ၀ဟာ အဓိပ္ပါယ်ရှိတယ်ဘ၀ဟာ ဘာမှအဓိပ္ပါယ်မရှိဘူး ဘ၀ဟာသာယာတယ်ဘ၀ဟာ ကြမ်းတယ်တယ် ဘ၀ဆိုတာတန်ဖိုးရှိတယ်ဘ၀ကအလကားပါဘဲ ဘ၀ ဟာ +ဘ၀ ဟာ -
အရက်ဝိုင်းနှုင့် တူသောသူငယ်ချင်းများ – ၁
မနေ့ကတော့ ထုံးစံအတိုင်း ညနေဘက်မှာ ၀က်မှီးဆိုင်ရောက်ခဲ့တယ်။ ကိုမျက်စေ့ က ဆားဗစ်လေးတခု အောင်လာတာန့ ရှိတဲ့ ပါးပါးလေးကို ထုတ် ပြီးပြုစုတာပါ။ ကိုသူတော်ကိုတော့ အတင်းအဓ္ဓမခေါ်တယ် လို့မထင်နဲ့နော်- သူလဲ ငွေယားကလေးရှိရင် ရောက်အောင်တော့ လာလိုက် တာဘဲ။ ဒါနဲ့ ကျွန်တော်တို့ စကားဝိုင်းမှာ ပြောခဲ့တဲ့ စကားတွေထဲက တူသောသူငယ်ချင်းများ ဆိုတာလေးကို ပြန်ပြီး ချရေး ဖြစ်လိုက်တာပါ။ အရက်နဲ့တူသော သူငယ်ချင်း သူက အရက်နဲ့တူတယ်။ ကိုသောက်ချင်မှ ဖြစ်တာ၊ သောက်ရင်လဲ သောက်သလောက်မူးတယ်။ သိပ်များသွားရင်မကောင်းဘူး။ သစ္စာတော့ရှိ တယ်၊ မူးကိုမူးစေရမယ့် ရသတခုကိုပေးတယ်။ ဒါပေမယ့် ပိုက်ဆံကုန်တယ်။ ရောဂါရတယ်။ ဒီလိုသူငယ်ချင်းတွေရှိတယ်။ အာရကေလန်းတဲ့ သူတွေကို ပြောတာ ၊သူတို့နဲ့ပေါင်းရင် ပျော်ရတယ်။ ကိုလဲ ပိုက်ဆံကုန်တယ်။ ဒီအတိုင်း [...]
ဘလာပါတဲ့ကံစမ်းမဲ
ဘလာပါတယ်ဆိုတာ ကျွန်တော် ဘလာဂေါက်ပါတယ်ဆိုတာပြောတာပါ။ တကယ်က ဗလာမပါကံစမ်းမဲ ဖြစ် ပါတယ်။ ပြောရရင် အချို့က ပရိုမိုးရှင်းလုပ်တယ်ထင်မယ်။ တကယ်က ကျွန်တော့် ဘလောက်ကို အင်တာ နက်အသုံးပြုခတွေ မနဲပေးပြီး လာရောက်အချိန်ကုန်ခံ ပြီး ဖတ်လေ့ရှိတဲ့ ကျွန်တော့် ဘလောက်ဖတ် မိတ် ဆွေတွေနဲ့ဆုံချင်လို့ပါ။ တကယ်ပါ။ လူအများကြီးကို ကျွေးမွေး ဧည့်ခံလိုပါသော်လည်း အခက်အခဲ ရှိ တာ ကြောင့် အခုဒီလိုစီစဉ်ဖြစ်ပါတယ်။ ၁။ ကျွန်တော် ဒီဘလောက်မှာ ပထမဆုံးတင်တဲ့ ပို့စ် နာမည် ၂။ ကျွန်တော် မှာ အင်္ဂလိပ်လို တင်ထားပြီး မရေးဖြစ် တဲ့ ဘ လောက်တခုရဲ့ အမည် ၃။ တက်လော့ဟုန်းကို ဘလောက်မှာ စတင်တဲ့နေ့နဲ့ ပြီးတဲ့နေ့ [...]
ကျန်းမာရေးချူချာ
ကျန်းမာခြင်းသည် လာဘ်တပါးတဲ့၊ ကျွန်တော်တော့ ဒီနေ့ ကျန်းမာရေးမကောင်းဘူး၊ တကိုယ်လုံးညောင်းနေလို့ အိမ်ခေါ်ပြီး မနေ့က အနှိပ် သည်ခေါ်နှိပ်ပါတယ်။ ခါးရိုးတွေ နာပြီးအခုမသက်မသာဖြစ်နေတယ်။ နောက်ပြီးတော့ဗိုက် ထဲကအောင့်နေတာ ညကတည်းကဘဲ။ မနက်စော စောပိုင်းလဲ ပလာတာလေးတချပ်ဘဲ စားနိုင်တယ်။ ဒါတောင်ဆေးသောက်ထားလို့။ မနက်က connect ဂျာနယ်က အယ်ဒီဒါ မမေသန္တာဝင်း နဲ့ အလုပ်ကိစ္စ အချို့သွားဆွေး နွေးတာတောင် မနဲအောင့်အီးပြီး စကားပြောနေရတယ်။ သူကနားလည် တတ်တဲ့သူတယောက် မို့ ကြာကြာ မဆွေး နွေးလိုက်ရပါဘူး။ အဆင်ပြေခဲ့တယ်။ ရုံးပြန်ရောက်တော့ လူကတယ့်ကို ခါးကနာ ဗိုက်ကအောင့်နဲ့ မအီမသာကြီး။ အခု ဘာအလုပ်မှာ လဲ လုပ် နိုင်ဦးမယ်မထင်ဘူး။ သင်တန်းကလဲ နေ့လည်ကျ ထသင်ရဦးမယ်။ လောလောဆည်တော့ ထမင်းလဲ ဆင်းမစားတော့ဘူး။ ရုံးခန်းထဲမှာဘဲ [...]
အမှတ်တမဲ့လေးသာ
တခါတလေ ကိုလုပ်မိလိုက်တာ ကြုံတွေ့နေရတာတွေကို အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတာ သဘာဝဖြစ်နေတတ်တာ ကတော့ ကျွန်တော်အပါ အ၀င် တော်တော်များများမှာ အဲဒီလိုဖြစ်နေတာ တွေ့နေရတယ်။ မနက် က ရွှေဧည့်သည် ကားစီးရင်း နာရီတကြည့်ကြည့်နဲ့စဉ်းစားနေမိတယ်၊ အော် – တနေ့တနေ့ ကားစီးရင်းကုန်လိုက်တဲ့အချိန်တွေ၊ ဒီကနေ့ ရုံးကို နောက်ကျမှ သွားတာ၊ အိမ်ကထွက်တော့ဘဲ ၉ နာရီထိုးနေပြီလေ၊ ရုံးကို သွားရင် များသောအားဖြင့် မနက်စောစော ဘဲသွားတာများတယ်၊ ဘာလို့လဲ ဆိုတော့နဲနဲလေးနောက်ကျရင် နေက အတင်းကာရောပူ တော့လူက မခံနိုင် လို့ဗျာ။ ဒါနဲ့ ဒီနေ့နောက်ကျနေတော့ နေက ပူနေပြီ၊ ရုံးကလဲ မြန်မြန်ရောက်ချင်၊ ဒါနဲအရင်က သိပ်ပြီး ကြည့်လေ့မရှိတဲ့ နာရီကို တမိနစ် တခါ လောက်ကိုကြည့်နေတော့တာဘဲ။ အချိန်တွေက [...]
နံနက်ခင်းလေး
နံနက်ခင်းလေးတိုင်းသည် ကျွန်တော်တို့ ဘ၀အသစ်တွေကိုစတင်ရာ။ ကျွန်တော်တို့မျှော်လင့်ခြင်းတွေကို မွေးဖွားရာ၊ အရာရာ အတွက် အာရုံသစ်တွေ အခွင့် အရေးသစ်တွေကို ပြန်လည်ပေး အပ်ရာ၊ အချိန်လေးတခုပါ။ လူနှင့် သတ္တလောက သားအားလုံးသည် အာရုဏ် ထွန်း လင်း အလင်းခြင်းနင်းဝင်ရောက်ချိန်မှ စကာ စားဝတ်နေရေးအတွက် ရုန်းကန်ကြရဦးမည်။ ဒီမနက်ခင်းလေးကနေစတင်ပြီး ကျွန်တော်စိတ်ကူုးထားတဲ့ အလုပ်တွေကို ကျွန်တော်စတင်လုပ်ဆောင်ကြည့်သည်။ နေ့တနေ့ကုန်ဆုံးချိန်မှာ ကျွန်တော် ကြိုးစားတည်ဆောက်ထားသမျှသည် အောင်မြင်တာလဲရှိခဲ့သည်။ ရှုံးနိမ့်ခဲ့တာလဲ ရှိခဲ့သည်။ ကျွန်တော့အလုပ်တွေ လက်စမ သတ်ရ သေးတာလဲရှိသည်၊ ပြီးမြောက်သွားတဲ့ အရာတွေလဲ အပုံအပင်ရှိနေသည်။ မည်သို့ဆိုစေ ကျွန်တော့် အတွက် မနက်ဖြန် ရှိနေသေး သည်။ မနက်ဖန်တိုင်းကို ကျွန်တော်ပြန်လည်မျှော်လင့်သည်။ အစစအရာရာ အတွက် အခွင့်အရေးသစ်တွေကို ဒီမနက်ခင်းလေးတွေကနေ ရခဲ့သည်။ အားအင်အပြည့်နဲ့ [...]
ဒီနေ့ကလေးကိုသာ
မနေ့က နေ့လည်ပိုင်း အလုပ်မအားတာရော ကော်နက်ရှင်မကောင်းတာရောနဲ့ ဘာမှမလုပ်ဖြစ်လိုက်ပါဘူး။ ညဘက် ရုံးကပြန်တော့မှဘဲ အိမ် နားရောက်တော့မှ အင်တာနက်ပြန်သုံးဖြစ်တော့ ကော်နက်ရှင်လေး ကောင်းနေတာနဲ့ ဘလောက်လေးဘာလေးတင်။ သူငယ်ချင်း တချို့နဲ့ လကုန်ပေးဒေးဆိုတာနဲ့ ဟိုချိန်းဒီချိန်းလုပ်။ အိမ်ပြန်လာတော့ အေးဆေးလေးအိပ်တော့မလို့ပါ။ ဧည့်ခန်းမှာ ထိုင်နေရင်း စားပွဲပေါ်မှာ တယောက် ယောက်ဖတ်လက်စဖြစ်နေတဲ့ စာအုပ်လေးတအုပ်သွားတွေ့တယ်။ ဆရာဖေမြင့်ရဲ့ ကိုယ့်ထူးကိုယ်ချွန်သမားများအတွက် လက်စွဲ ဆောင် ပုဒ်များ ဆိုတဲ့ စာအုပ်ပါ။ ဟိုးအရင်ကတော့ ဖတ်ဖူးပြီးသား စာအုပ်တအုပ်ဖြစ်ပါတယ်။ ဟိုလှန်ဒီလှန်နဲ့ လုပ်နေရင်း စာပိုဒ်လေးတခု ကို ဖတ်မိတယ်။ ဖတ်မိတယ်ဆိုတာနဲ့ဘဲ တကယ့်ကို အားရှိစေမယ့်စကားတခွန်းလက်ဆောင် ရလိုက်သလိုခံစားရတာနဲ့ စိတ်ထဲမှာ သေသေခြာခြာ မှတ်ထားပြီး မနက်ရုံးရောက်ရင် တော့ ဒီအကြောင်းလေး ပို့စ်တင်ဦးမယ်ဆိုပြီး မှတ်ထားလိုက်တယ်။ စာပိုဒ်လေးက သင်ဒီနေ့ကိုဂရုစိုက်ပါ။ မနက်ဖန်အား [...]
ညည်းတွားခြင်း
ကဗျာရေးလို့မရတဲ့အတွေးအခေါ်တွေနဲ့ ပြည့်ကြပ်ညက်နေတဲ့ လမ်းတခုပေါ်မှာ လျောက် အဟမ်း – အခုတော့ငါ မြောက်မရောက်တောင်မရောက်နဲ့။ သံယောဇဉ်က လူနာတင်ကားသြဥဆွဲသလို ညည်းငြူ ပြုံးပြ နှုတ်ဆက်တဲ့ ယဉ်ကျေးမှုတွေကိုတော့ လစ်လျှုရှုပစ်လို့မရပြန် အင်းလေ တယ်ခက်တဲ့ သဘာဝပေကိုး။ သီချင်းသံတချို့က စီးဆင်းတယ် ရေလိုဘဲ လေလိုဘဲ တွေတဲ့အပေါက်က ဆင်းတယ် စီးတယ် သံထည်တွေ ကျောက်တုံးတွေ နောက်တမျိုးနဲ့ အလိုက်အထိုက်မိုက် အား – – ဟစ်ဟော့တော့ငါမကြိုက်ပါဘူး။ ကော်နက်ရှင်ကိုပစ်ပေါက် ခွဲခြေနင်းခြွေ ငါ့ဘလောက်နဲ့ငါကတော့ တလူလူလွင့်တယ် အတွေးအခေါ်တွေကို ဘောင်ပိတ်ခတ်ကြည့်ချင်တယ် ဒါမှမဟုတ် ချောင်ပိတ်ရိုက်ခဲ့ချင်တယ် တခါးဆိုတာ ဖွင့်ထားတိုင်းကောင်းတာမဟုတ်ဘူး တူရင်လောက်ထရပ်က ပြောတယ် မကောင်းဘူးကောင်းတယ်ဆိုတာ ရှုမြင်သူပေါ်မှာသာ မူတည်တာတဲ့- – -။


Posted in








