Archive for the ‘Uncategorized’ Category

ပြောပြမယ် ဒေါမထနဲ့

လှူတယ်တန်းတယ်ဆိုတာ ကောင်းပါတယ် ကျွန်တော်တို့ ဘာသာတရားမှမဟုတ်ပါဘူး ကမ္ဘာပေါ်မှာ ရှိတဲ့ဘာသာတိုင်းရဲ့ အဆုံးအမအောက်မှာ လှူတန်းတဲ့ အရာဟာ ထောက်ထားညှာတာမှုသဘော နဲ့ မျှဝေခံစားမှုဆိုတဲ့ လူ့ဘောင်အဖွဲ့အစည်းအတွက် အရေးပါအရာရောက်ပါတယ်။ ဘာသာရေးမျှော်မှန်းယုံကြည်ချက်နဲ့ လှူတန်းမှုတွေ အပြင် အခြားသော လူသားခြင်းဆိုင်ရာ ထောက်ပံ့ ကူညီမှု ဆိုတဲ့ ဘုံ အလှူအတန်းလုပ်တဲ့ စကားလုံးတွေပေါ်ပေါက်လာတဲ့ထိ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မဆို ပေးကမ်းလှူဒါန်းတယ်ဆိုတာ ဘုရားအဆုံးအမမှာတောင် မင်္ဂလာတရားတော်နဲ့ညီညွတ်ပါတယ်။
ရေဆိုတာ လူသားတွေအတွက်ရော အသက်ရှင်ရပ်တည်နေတဲ့ သတ္တ၀ါတွေအားလုံးအတွက် အရေးပါလှပါတယ်။ ကမ္ဘာကြီးရဲ့ သုံးပုံ၂ပုံဟာ ရေထုဖုံးလွှမ်းထားပါတယ်။ လူတယောက်မှာ တည်ဆောက် ထားတဲ့ ရုပ်ခန္တာမှာလဲ ရေဟာ ၇၀% ပါဝင်ပါတယ်။ ဒီတော့ ရေအသက်တမနက်ရယ်လို့ အားလုံးသိကြတဲ့ အရေးပါလှတဲ့ရေဟာ ကမ္ဘာကြီးမှာ ရှားပါးလာတယ်။ တကယ်က ဖောင်စီးရင်းရေငတ်နေတဲ့ ကျွန်တော်တို့ ကမ္ဘာ့လူထုဟာ ၆၀% သော [...]

the web show 2009

၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ the web show 2008 အပြီး ယခုနှစ် ၂၀၀၉ ခုနှစ်မှာ လဲ ဒုတိယအကြိမ်အဖြစ် ဆက်လက်ပြုလုပ်ဖို့ စတင်စီစဉ်နေပြီဖြစ်ပါ တယ်။ ဒီအတွက်ကြောင့် သူငယ်ချင်းများအနေဖြင့် ပါဝင်ပြသစေလိုတဲ့ မိမိတို့ ဘလောက်များ၊ တကိုယ်ရေဆိုဒ်များ၊ စီးပွားရေး၊ လူမှုရေးစတဲ့ ဆိုဒ်များကို zzml33@gmail.com သို့   နိုဝင်ဘာ ၁၅ ရက်မတိုင်ခင် ပေးပို့ပေးကြဖို့မေတ္တာ ရပ်ခံပါတယ်။ အသေးစိတ်ကိုထပ်မံတင်ပြပေးလိုက်ပါမယ်။
We make the plan of the web show 2009 , Lest web show we displayed on 2008 Dec 25  [...]

barcamp Yangon

သူများတွေတော့ အသီးသီး သူတို့ ဘားကမ့်တွေကို ကျင်းပနေကြပါပြီ။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ရန်ကုန် ဘားကမ့် အတွက် လဲ ကျွန်တော်တို့ လုပ်ဆောင်နေနိုင်သလောက်တော့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဘယ်တော့လောက်မှဖြစ်မယ်ဆို တာကို တော့ သေးစိတ်ပြောဖို့ အဆင်မပြေလောက်အောင်ဖြစ်ရပါတယ်။ ဘယ်နေရာမှာ ဘယ်နေ့ဆိုတာနဲ့ ဘယ်သူတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်မယ်ဆိုတာ ဘယ်လိုမှ အဆင်ပြေအောင် လုပ်ဖို့ရာ မဖြစ် နိုင်သေး ပါဘူး။ ဒါကြောင့် ဘယ်သူမဆို ရန်ကုန်ဘားကမ့်အတွက် စိတ်ပါဝင်စားစွာနဲ့ ကူညီပေးနိုင်မယ်ဆိုတာ ကို သိချင်လို့ အမြဲဖိတ် ခေါ်နေပါတယ်။ လက်ရှိလုပ်ထားနိုင်တဲ့ အနေအထားကတော့ ဆိုဒ်တခုတင်ထားပြီးသာ ရန်ကုန်မှာ ဘားကမ့် လုပ်ဖွယ် ရှိကြောင်း သာ ပြီးနေပါတယ်။ တကယ်တော့ ဘားကမ့်ဆိုတာ အစည်းအဝေးပွဲလို တွေ့ဆုံပွဲလို သီးသန့်သက်သက်မဟုတ်ဘဲ အားလုံး [...]

အကြောင်းကြားပါတယ်

ဘယ်လိုပြောရမလဲ- ကျွန်တော် တို့လုပ်နေတဲ့ အခမယ့်သင်တန်းများထဲက ကွန်ပျုတာတပ်ဆင်ထိမ်းသိမ်းနည်း သင်တန်း ( A+ ) ကိုဖွင့်လှစ်တော့မှာမို့ ပါဝင်ကူညီလိုသော ညီအကိုမောင်နှမများနဲ့ သင်တန်းတက်ရောက်လိုသူများ ကျွန်တော့်ရဲ့ အီးမေးကို ဆက်သွယ်ကြပါလို့ အကြောင်းကြားလိုက်ပါတယ်။

welcome back

ကျွန်တော် ပြန်လာပါပြီ။ ကျန်းမာရေးမကောင်း ဘဲ ဖြစ်နေရတဲ့အထဲမှာ ကျွန်တော့် သမီးကလေးကလဲ အဆုတ်ထဲမှာ ပိုးဝင်နေလို့ ဆေးခန်းပြ နေရတယ်။ ဒီရက်ပိုင်းအလုပ်တွေ ထင် သလောက်မလုပ်နိုင်ဘူးဖြစ်ရတယ်။ စိတ်ကြေနပ်စရာကောင်းအောင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုစုရင်း အချိန်တွေကိုေ၀၀ါးနေစေခဲ့ပေမယ့် အားပေးဖော် တယောက်ကြောင့် စိတ် ထဲမှာ ပျော်ရွှင်နေစေခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့မဆုံးသေးတဲ့ ဘ၀တိုက်ပွဲအတွက် ပြန်လည် နိုးထရင်း ကျွန်တော် ပြန်လာပါပြီ။ အပြီးမသတ်သေးတာလေးတွေကို လက် စဖြတ်ဖြစ်ဖို့ မျှော်လင့်ချက်ကြီးတွေ တခွဲသားနဲ့ ကျွန်တော် ရောက်လာခဲ့ပါပြီ။

ခရီး

တလှေတည်းစီး တခရီးထဲသွား
ငါတို့တူတူခတ်လှော်
ဟိုးအဝေးကို လှမ်းမျှော်ကြည့်တယ်။
တက်ကျိုးရင် လက်ထိုးလှော်မယ်
လှေခွက်ချည်းကျန် အလံမလဲတဲ့
တင်းထားလိုက် ဒို့စိတ်တွေ။
တက်မပါ လက်ဗလာနဲ့
တွေ့ကြုံ တဲ့အခါ
အရိုးတွေနဲ့ထူစိုက်
ငါတို့အရေနဲ့ လွှင့်လိုက်မယ်ရွက်တွေ
လှိုင်းထန်လေ မှိုင်းဝေပြန်တဲ့ ညမှာ။ ။
(စီပွားရေးနဲ့နည်းပညာ ပေါင်းစပ်မရတဲ့ အချိန်တွေ အတွက် အမှတ်တရ)

သင်တန်းပေးမယ်

စာတွေကတော့ရေးချင်တာဘဲ ဒါပေမယ့် အချိန်မရတာနဲ့ ရော စီးပွားရေးလူမှုရေးတွေမှာပါ ရှုပ် ထွေးနေလေတော့ ဘာမှလဲ မရေးဖြစ်ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီး အခ မယ့် အင်တာနက်နဲ့ ကွန်ပျုတာ သင်တန်းတွေ ပေးဖို့ စီစဉ်နေပါတယ်။ ပထမဆုံးသင်တန်းကို လာမည့် ၅ ရက်နေ့ ဇန်န၀ါရီမှာဖွင့်လှစ်ဖို့လျာထားပါတယ်။ ပါဝင်ပြီး စာသင်ပေးနိုင်မယ့် ညီအကို မောင်နှမတွေကို ဖိတ်ခေါ်ပါတယ်။

ပြန်လာပါပြီ

ကျွန်တော်လဲ ကျွန်တော့် ဆိုဒ်ကိုပြင်ဆင်နေတာနဲ့ရော ပွဲအတွက်ပါ ကြောင့် ဘလောက် မရေး နိုင်တာတောင်တော်တော်လေး ကြာခဲ့ပြီ၊ ဒီကြားထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက အများ သားကလား။ ဒါပေမယ့် ကျွန်တော့်ရဲ့ the web show 2008 ကို အောင်မြင်အောင် ၀ိုင်း ၀န်း ပေးကြာတဲ့ ညီအကိုမောင်နှမများကို ဒီကနေ ဘဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ အား လုံးသော ညီအကိုမောင်နှမများနဲ့ မြန်မာပြည်သူများအပေါင်း နှစ်သစ်မှာ ပျော်ရွှင်ကြပါစေဗျာ။
ပွဲသတင်းကိုတော့ ချစ်ညီလေး တိုလီ ကတင်ပြပေးထားတော့ အဲဒီမှာဘဲ ခံစားကြပါနော်။
အားလုံးကိုလေးစားလျက်

သူငယ်ချင်းရေ

မကောင်းတာတော့ မကောင်းဘူးသူငယ်ချင်းရယ်
ကြားရကြားရနားဝ မချမ်းသာငါလဲလေ လောကီသားမို့
ဖြစ်ပျက်တာတွေပြောင်းလဲတာတွေ
တရားသဘောသာမှတ်ပျက်ပြီးရင် ဖြစ်တာပါဘဲ
ဝဋ်ရှိလို့ဆို ကုန်အောင်ခံအကြွေးထားမနေနဲ့
မျှော်လင့်ချက်က တေးတပုဒ်မင်း အသံကုန်ဟစ်လို့ လွှတ်ချလိုက်
လွတ်လပ်မှု တေးသွားတွေဆီကို – – – – ။

red and black

Red one side,the black other sideI wore this slipped.
Red one cup,the black one cupI drank this cups.
Red one time,the black one timesI though in my mind.
Red on half,the black on halfme wore these clothes.
Red of piece,the black of pieceI feel it up this step.
Red one time,the black one timeI beating my heart in mind.
Think with [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice