ကျွန်တော်တို့ အခု ကြုံတွေ့နေရတဲ့ အဓိက အကြောင်း အရာတွေထဲ က လူထု အတွင်း ကျန်းမာရေး အသိပညာ နဲပါးခြင်းကလဲ ရှေ့ က ပါလာတာတွေ့နိုင်ပါတယ်။ ဘာလို့ လဲဆိုရင် အခု လူငယ်တော်တော်များများ ကနိုင်ငံရပ် ခြားမှာအလုပ် လုပ်ဖို့၊ ကျောင်းသွားတက်ဖို့ အတော် စိတ်ဝင်တစား လုပ်လာကြပါတယ်၊ ကောင်းပါတယ် ဒါပေမယ့် တီဘီလို၊ အသဲရောင် အသားဝါ ဘီ ပိုးလို ရော ဂါများ ရှိတဲ့သူတွေက တော့ ထို အခွင့် အရေးတွေ လက်လွတ် ဆုံးရှုံး ရနိုင်ပါတယ်။ ဘာဖြစ် လာလဲ ဆိုရင်ကျွန်တော်တို့ လုပ်သားအင်အား ဆုံးရှုံးပါတယ်၊ လူမှု့ဒုက္ခတွေ များလာပါတယ်၊ နောက်တခုက တီဘီလို ရောဂါ ဟာ ပြန့်နှံ့ [...]
Archive for the ‘my thought’ Category
မေးကြစမ်းပါဗျ
ကျွန်တော် အတော်လေး စိတ်ပျက်မိပါတယ်၊ အတန်းထဲမှာ ကျွန်တော် ပြောနေတာကို နားလည်သူများရှိ သလို သဘောမပေါက်သူများလဲ ရှိပါတယ်။ သို့ သော် သူတို့ အားလုံး ၏တူညီသော အချက်မှာ ဘာမှ မေးမြန်းခြင်း မရှိ ပါဘူး။ ဘယ်သူရတယ် ၊ ဘယ်သူကတော့ မရဘူး ကျွန်တော် ကောင်းကောင်း သိတယ်၊ ထို အချက်ကအ တွေ့အကြုံ အရ မှန်းဆချက်တခု ဆို သော်လဲ အတော်လေး သေချာသည့် တွက်ချက်မှု တစ်ခုဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ ယုံကြည်ပါတယ် ။ မသိတာ ကိုဘာလို့ မမေးရတာလဲ၊ မေးပါများ စကားရဆိုသော အဆိုရှိခဲ့တယ်၊ ကလေးက အစသိတယ်။ဆိုရေးရှိက ဆိုအပ်စွာ၊ မပြောမပြီး မတီးမမြည်၊ အစအစသော မြန်မာ [...]
လမ်းကြောင်းများ ရမ်းစောင်းမသွားချင်
ကျွန်တော်ဟာ မြန်မာလို ရေးတဲ့ ဘလောက်တစ်ခုကို ပိုင်ဆိုင် ဖန်တီးထား သူတယောက် မို့ ကိုယ့်ကို ကိုယ် မြန်မာ ဘလောက်ဂါ လို့ ခံယူထားတဲ့ သူပါ။ ကျွန်တော့် လို ခံယူ ထားတဲ့ သူတွေ ရှိတဲ့ အသိုင်းအ၀ိုင်း ကို မြန်မာဘလောက် ဂါ တွေရှိရာ အသိုင်း အ၀ိုင်း အဖြစ်လဲ မှတ်ယူ ထား ကြ ခဲ့ပါတယ်။ ဒီတော့ ဘလောက်ရေး တယ်။ အဲဒီအရာ ဟာ အင်တာနက်လို့ ခေါ်တဲ့ စည်းဝိုင်းထဲ မှာ ရှင်သန်နေတဲ့ ဘ၀ တစ်ခုပါဘဲ။ အင်တာနက်ရဲ့ ပါဝါတွေဖြစ်တဲ့ ပေတံမရှိခြင်း၊ သဘောက ဆင်းရဲ ချမ်းသာ၊ ပညာ တတ်၊ပညာမဲ့၊ ကြီးသူ ငယ်သူ၊ [...]
တွေးကြည့်ပါ
ကျွန်တော်တို့ဘာကိုတွေးတောမှာလဲ၊ ဘာအတွက်တွေးတောမှာလဲ၊ တကယ်တော့ တွေးတောတယ်(တနည်း) တွေးခေါ်တယ်။နောက်တခု စဉ်းစားတယ်ပေါ့ဗျာ၊ အဲဒီအရာတွေမှာ စဉ်းစားစရာကို စဉ်းစားကြည့်ရင်၊ အတွေ့အကြုံမရှိဘဲ တွေးတောခြင်းဟာအန္ဒရာယ်ရှိတယ်လို့ ရေဘူယ ပြောကြပါတယ်။ အင်းလေ မှန်တော့မှန်တာဘဲ၊ ဒါဆို အတွေ့ အကြုံ မရှိတာနဲ့ ကျွန်တော်တို့ တွေးခေါ်ခြင်းတွေကို ရပ်တန့်ပစ် ကြတော့မလား။ အိပ်မက်ဆိုတာ ကိုစိတ်ကူးလို့ ပြောကြပြန်ပါတယ်၊ ဟုတ် ပါတယ်။ ဒီစိတ်ကူး ဟာ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ဖြစ်လာမယ့် ကုန်ကြမ်းတွေ ပါဘဲ။ ဒီတော့ ပြန်ကောက်ပါမယ်၊ မျော်လင့်ခြင်း၊ ရည်မှန်း ချက်နဲ့ ဆန္ဒ အားလုံးထပ်တူ ဘဲလား။တခုခြင်းဖြေ ကြည့်ကြမယ်။ မျှော်လင့်ခြင်း – မျှော်လင့်နေတယ်ဆိုမှတော့ အဲဒီမျှော် လင့်ခြင်း ရဲ့နောက်ကွယ်မှာ တခုခု ဖြစ်ခြင်တဲ့ ဆန္ဒရှိလို့ဘဲ၊ ဒါကြောင့် ရည်မှန်းချက်လေးထားပြီး [...]
မယုံကြည်ရတဲ့ဝယ်လိုအား
တနေ့ ကရုံးမှ လုပ်ဖော် ကိုင်ဖက် အစ်မတစ်ယောက် ရဲ့ပြောစကား တစ်ခုကို သတိရမိတယ်။ သူပြောသွား သည်မှာ ကြက်တူရွေး တစ်ကောင်ကို demand နဲ့ supply ဆိုတဲ့ နှစ်လုံးဘဲ သင်ပေးလိုက်၊ ဒါဆို ဘောဂဗေ ဒပ ညာရှင် ဖြစ်သွား ပြီတဲ့။ ဟုတ်ပါတယ် ကျွန်တော် အပါအ၀င် ဘာမှလည်လည် ပတ်ပတ်မသိ တဲ့သူတွေက စီး ပွားရေးမှာ ဟိုဟာ ကောင်းတယ်၊ ဒီလိုလုပ်ပါလား၊ ဟုတ်မှာပါလေ၊ ငါပြောသားဘဲ အစရှိတဲ့ တတ်ယောင် ကား အမြင်တွေကို လုပ်ပိုင် ခွင့်တွေသုံးပြီး စီမံကြည့်တဲ့ အခါ မဖြစ်ညစ်ကြယ် တွေဖြစ်ပြီး အမြင်တခြား ရလဒ်တစ်ခြား ဘရုတ်သုတ်ခ စီးပွားရေး ပေါ်လစီ လေးတွေဖြစ်လာခဲ့ တော့တာပေါ့။ ကဲအခုဘဲ [...]
ဘလာဂေါက်ရဲ့Domino effect များ-၁
ဆင်းရဲမွဲတေ မှု့တိုက်ဖျတ်ရေး လို့ကျယ်လောင်စွာ ဟစ်ကြွေးနေပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီး ဟာဒီဒုက္ခ က လွတ်မြောက်ဖို့ ထင်သလောက်ခရီး မပေါက်တာတွေ့ရပါတယ်။ ချမ်းသာတဲ့ နိုင်ငံကြီး တွေက အာဖရိက ကိုကယ် တင်ဖို့အာရုံစိုက် နေချိန်မှာ အန္ဒိယနဲ့ တရုတ်လိုနိုင်ငံ တွေက လူထုတွေနဲ့ အာရှ အရှေ့ဘက်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှု့က ပိုပြီးကွာဟ လာနေပါတယ်။ ဒါဟာ ကမ္ဘာကြီး ရဲ့ စီးပွားရေး၊ နိုင်ငံရေး ချိန်ခွင်အလှည့် အပြောင်းမှာ တွဲ ပါလာခဲ့တဲ့ ကပ်ပါးပိုး တစ်မျိုးဖြစ်ပြီး ကုစားဖို့ ကဆေးတခြား အနာတခြား ဖြစ်နေဆဲပါ။ ဘာကြောင့်လဲ ဆိုတော့ အ ရှေ့နဲ့ အနောက်မတူညီတဲ့ အဖွဲ့ အစည်းတွေရဲ့ စွမ်းဆောင်ရည် ကွာခြားမှု့။ ပညာရည်မပြည့် ၀မှု့၊ [...]
လူမွဲတွေကမနှေးခေတ်မှီ
ယနေ့ဖြစ်ပေါ်လျှက်ရှိတဲ့ အခြေအနေ တခုကို ပြောချင်လို့ ဒီပို့ ကိုရေးဖြစ်ခဲ့တာပါ။ ကျွန်တော် ကတော့ ပွင့်ပွင့် လင်းလင်းပြော ရရင်စီးပွားရေး သမားတစ်ယောက်ပါ။ ဘယ်အရာကို မဆို စီးပွားရေးအရ ဘယ်လိုအကျိုး အမြတ် ရ နိုင်မလဲ ဆိုတဲ့ အမြင်တွေနဲ့ကြည့်လေ့ ရှိသူတစ်ဦး ဖြစ်သလို။ အခွင့်အလမ်းတွေဖန် တီးပေးရေး ကိုအမြဲတွေးခေါ် နေတဲ့သူ ဆိုရင်လဲမမှားပါဘူး။ UN ရဲ့ဒီနှစ်ထုတ်ပြန်ချက်တွေ အရ တနေ့ ၀င်ငွေ US$ 2.00အောက် ရရှိနေတဲ့ သူ တွေဟာ လူမွဲတွေပါတဲ့။ ဒီတော့ တစ်လကို မြန်မာကျပ်ငွေ ၅၀၀၀၀ ၀င်ငွေ လခရရှိနေတဲ့ ကျွန်တော်တို့ဟာ လူမွဲတွေလား။ ကျွန်တော် တစ်ယောက်ထဲကို ဦးတည်ပြီး ကျွန်တော် တွက်ပြပါမယ်။ ကျွန်တော် ဟာလခလုပ်စာတစ်လကို [...]


Posted in








