အသိပညာ ဆိုသည်က အရေးကြီးသည့် အနေအထားတွင် အမြဲတမ်းရှိခဲ့သည်ဆိုခြင်းကို ကမ္ဘာ့သမိုင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်းများအတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ တိုးတက်ပြောင်း လဲ နိုင်စွမ်း ရှိသော လူငယ်မျိုးဆက်သစ်များသည် အနာဂတ်ကမ္ဘာ အတွက် အရေးပါ လှတဲ့ အရင်းအမြစ်ဆိုခြင်းကို ဘယ်သူကမှ ငြင်းချက်ထုတ်မည်ဟု ကျွန်တော် ထင်ပါသည်။ လူတို့သည် လည်းကောင်း သဘာဝ ပတ်ဝန်း ကျင်သည်လည်းကောင်း သတ္တ၀ါတို့သည်လည်းကောင်း ဆင့်ကဲ တိုးတက်ပြောင်းလဲမှု ဖြင့် တဆင့်ထက်တဆင့်ကို တိုးတက်လာ ကြသည်သာဖြစ်ပါသည်။ လိုက်လျောညီထွေရှိသည့် အပြောင်းအလဲများကို ဖန်တီး နိုင် သော သက်ရှိတို့သည် ဒီကမ္ဘာလောကတွင် ဆက်လက်ရပ်တည်နေနိုင်သကဲ့သို့ မြင့်မားသော တိုးတက်ပြောင်းလဲမှုများကိုလဲ ဆောင်ကြဉ်းပေးနိုင်စွမ်းသော သူများဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့သည် မြောက်ဝံများ မဟုတ်ပါ။ ကျွန်တော်တို့သည် လူဟုခေါ်သော သတ္တ၀ါများသာဖြစ်ပါသည်။ ပေါ်ပေါက်လာသော အခွင့်အရေးနှင့် ဖြစ်ပေါ်လာသော [...]
Archive for the ‘my thought’ Category
ကြည့်လုပ်
ပြောပေါင်းလဲများပါပြီ။ ဒီတခါတော့ ဘယ်လိုမှ ကိုးကားပြောမနေချင်ပါဘူး။ သူများပုံတွေယူသုံးတဲ့ကိစ္စ ၊ သူများ ဖန်တီးထားတာကို ဖြတ်ကနဲဖြတ်ကနဲ ယူသုံးတာ ဘာနဲ့တူလဲဆိုတော့ လက်ဆော့ တဲ့ ကလေးတွေလိုဘဲ။ ကိုညီလင်းဆက်တယောက် ဘဲ ဒီလိုယူသုံးတဲ့ အကြောင်း မကောင်းပြောနေတာ မဟုတ်သေးဘူး။ ကျွန်တော်တို့လဲသေချာ ပြောကြသင့်တယ်။ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူတွေ ယူသုံးရင် သိပ်အကျည်းတန်တယ်။ ကျင့်ဝတ်တွေအကြောင်းတော့မပြောဘူး။ လူလိုနားလည်ရင် သူများဟာ ဒီလို လက်လွတ်ဆံပယ် မပြောဖို့မလုပ်ဖို့လိုတယ်။ တခါမက တွေ့ခဲ့ကြတာတွေ များတော့ ဘယ်လိုဘာလိမ့်လို့တောင်ထင်မိတယ်။ ကြုံဖူးပါတယ်။ သူများဟာလဲ ယူသုံးတယ်ပြောတော့လဲမကြိုက်ဘူး။ အဲလိုလူမျိုးသာဆိုးတယ်။ ပြတ်ပြတ်ပြောရရင် တပါးသူဖန်တီးထားတာကို စီးပွားရေးအရ အသုံးချဖို့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဘယ်လိုရည်ရွယ်ချက်များကိုနဲ့မဆို မပြောဘဲယူသုံးရင် ခိုးတယ်လို့သတ်မှတ်တယ်။ အင်တာနက်ခေတ်မှာ ပြောဖို့မေ့သွားလို့ပါတို့၊ နောက်မှပြောမလို့ ဆိုတာ အလကားဆင်ခြေဖြစ်တယ်။ တခါတည်းပြောလို့ရတယ်။ [...]
တို့လုပ်နိုင်တဲ့ လက်တကမ်းစီးပွားရေး
ကျွန်တော်မနှစ်က ဘလောက်ဒေးလုပ်ဖြစ်ရင် ပြောမယ်ဆိုပြီး ရေးထားတဲ့ စာတွေပါ။ အခုချိန်အထိတော့ သိပ်ပြီးနောက်မကျသေးဘူးထင်တာနဲ့ ဒီမှာဘဲတင်ပေးလိုက်တယ်။ အနည်းငယ်တော့ ပြန်ပြီး တည်းဖြတ် လိုက်ပါတယ်။ အပြင်က ဂျာနယ်တခုခုမှာဆို ပိုပြီး တည်းဖြတ်ခံရနိုင်သလို စာမျက်နှာအခက်အခဲလဲရှိတော့ ဒီမှာ ပြန်ဖော်ပြပေးလိုက်ပါတယ်။ မသိတဲ့သူတွေကိုသိစေချင်တဲ့သဘောပါ။ သိပြီးသားသူတွေအနေနဲ့လဲ ဝေဖန်အကြံပြုပေးစေချင်ပါတယ်။ Network ပေါ်က စီးပွားရေး အခွင့်အလမ်းများ ဟိုဘက်ခေတ်ဒီဘက်ခေတ် ကျွန်တော်တို့ အခုရောက်ရှိနေတဲ့ ရာကစုက ၂၁ ရာစုလို့ အာလုံးသိကြတဲ့အတိုင်းဘဲ ရာစုနှစ်က အသစ် နောက်ပြီး ထောင်စုနှစ်ကလဲ အသစ်။ တခုရှိတာက ကျွန်တော်တို့ အသက်အရွယ်က ၂၀ ရာစုအကုန် ၂၁ ရာစုအကူး ၊ ပြောရရင် ဟိုဘက်ခေတ် ဒီဘက်ခေတ်ရဲ့အလွှဲအပြောင်းမှာ ရှင်သန်လာကြခဲ့တာ။ ဒီတော့ အပြောင်းအလွဲတွေရဲ့ ရိုက်ခတ်မှုတွေ ကို ကိုယ်တိုင် [...]
အိုလံပစ်ဘလောက်
လာမည့် တရုတ်ပြည်ဘေကျင်း အိုလံပစ်ပွဲတော် အကြောင်းများအား ဘလောက်ဂင်းမလုပ်ရန် တားမြစ်သော ကြေငြာချက်များ အင်တာနက်ပေါ်တွင် ကျွန်တော်တွေ့လိုက်ရပါသည်။ နိုင်ငံတကာ အိုလံပစ်ကောင်စီမှ ထုတ် ပြန်သည်ဟု တွေ့ရသည်။ ထို အချက်အလက်သည် မှားယွင်းနေသလား မှန်ကန်မှုရှိသလားစဉ်းစားစရာ ဖြစ်လာ ခဲ့သည်။ တကယ်ဆို ဘလောက်သည့် အကြောင်းအချက်အလက်များသည် စုံလင်လှသည်။ ထိုအချက်အလက် များအား စာနယ်ဇင်းများအဖြစ် အသိအမှတ်မပြု၍ ဘလောက်ဂင်းလုပ်ခြင်းအား တားမြစ်သည်ဟုလဲ ပါရှိသည်။ အိုလံပစ်နှင့်ပတ်သတ်သော ဓါတ်ပုံ၊ ဗွီဒီယိုနှင့် သတင်းအချက်အလက်များအား လုံးဝဘလောက်ဂင်း မလုပ်ရန် လဲပါရှိသည်။ မည်သည့်အချက်သည် မည်သည့် ဥပဒေများဖြင့် ငြိစွန်းသည်ဟုလည်း ဖော်ပြထားပြန်သည်။ အဆို ပါကြေငြာချက်သည် အခြေခံကျကျ တွေးတောမည်ဆိုပါက လူ့အခွင့်အရေးအား သိသိသာသာချိုးဖောက်ထား ခြင်းသာဖြစ်သလို လွတ်လပ်စွာရေးသားဖော်ပြနိုင်ရမည်ဆိုသော ခြေခံလူ့အခွင့်အရေးအား ထိပါးခြင်းသာ ဖြစ်ပါ သည်။ [...]
နားလည်တတ်ရင် သိမှာပါ
အကျိုးအကြောင်း အဆိုးအကောင်း ဒွန်တွဲနေတာကတော့ သဘာဝ ဖြစ်ပါလိမ့်မယ်။ လူဖြစ်လာတဲ့အခါ လူနဲ့ပတ်သက်တဲ့ လူ့စည်းကမ်းတွေ ကျင့်ဝတ် တွေကို လိုက်နာ ထိမ်းသိမ်း ရပါမယ်။ အဲဒါကတော့ အကျင့်စရိုက်ဖြစ်ပါတယ်။ တယောက်နဲ့တယောက် လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တဲ့ အတွက် ဘယ်သူ့ ကို ဘာ လုပ် ပါဆိုတဲ့ အတင်းအကြပ် ပြောယူရမယ့်အခြေအနေ ဆိုတာ ကျွန်တော်တို့ အရွယ်မှာ လိုအပ်မယ်လို့မထင်မိပါဘူး၊ ဒါပေမယ့် ခြွင်းချက်တော့ ရှိကောင်းရှိ ပါဦးမယ်။ သေချာတာတခုကတော့ ကျွန်တော်တို့ ဘလောက်တွေကိုရေးသားကြရာမှာ ရှုထောင့်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ အနေအထား ၊ ပတ်ဝန်း ကျင်က အစ တကိုယ်ရေအမြင်များကို ခံစားပြီး ချရေးတာ တွေများပါတယ်။ ဘလောက်ရေးရတာ တကယ်ပေါ့ပါး ပါတယ်၊ လွတ်လပ်တယ်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်၊ ကိုယ့်ရဲ့လွတ်လပ်မှု့ဟာ သူတပါးကို [...]
ကျွန်တော့် စကားများ (၁)
လူရိုင်းတွေ စားပစ်တဲ့ ပမာဏက လူယဉ်ကျေးတွေ သတ်ပစ်တဲ့စစ်ပွဲနဲ့ စာရင် ဘာမှ မပြောပလောက်ပါဘူး။ အခွင့်အရေးဆိုတာ စောင့်နေရမှာမဟုတ်ဘူး၊ ကိုယ်တိုင်ဖန်တီး ယူရမှာ။ ယုံကြည်ချက်ကို မျှော်လင့်လိုက်ပါ၊ ဘယ်တော့မှ ဆုတောင်းမနေနဲ့။ စိတ်ကူးတွေကြောင့် ဆန်းကြယ်မှုတွေ ဖြစ်လာနိုင်သလို စိတ်ကူးတွေကြောင့် အန္ဒရာယ်တွေ ကျရောက်လာ နိုင်တယ်။ တရားမျှတ မှုဆိုတာ အားနည်းတဲ့သူက ကျေနပ်မှုကြောင့်ဘဲ ဖြစ်တာ။ အနိုင်ရသူ တဦး အတွက် ဘာမှအကြောင်းပြချက် မလိုဘူး။ အမှန်တရား ထွန်းကား လာတယ်ဆို အမှားတရား အရင် ထွန်းကားခဲ့ရမယ်၊ အမှန်တရား တခု ဖြစ်ဖို့ ပထမဆုံး က အမှားတခု ကျူးလွန်ခြင်းဘဲ။ လူတွေ ကကိုယ့်အ ကြောင်းကို ကောင်းကောင်းမသိဘဲ သေသွားရတာဘဲ။ ကမ္ဘာကြီး ကတော့ပြားနေပြီတဲ့၊ ကျွန်တော်တို့ ပြားမသွားဖို့ [...]
ဘလောက်ဂါဘာလဲ၊ ဘလောက်ဂါဘယ်လဲ
ကျွန်တော်ပြောချင်တာ ဖြစ်တဲ့ အတွက် ကျွန်တော့ အာဘော် လို့ ပြောချင်လဲ ရသလို၊ ကျွန်တော်နဲ့ အတွေးအမြင်တူတဲ့ သူတွေရဲ့ သဘောထား ဖြစ်တယ်ဆိုလဲ ကျွန်တော် မငြင်းပါဘူး။ ကျွန်တော် တို့ အင်တာနက် ကိုစသုံးလာ ခဲ့ကြတာ အခုဆို အတော်လေး အချိန်ကြာလာခဲ့ပါပြီ။ ကျွန်တော်အပါအ၀င် အင်တာနက် ပေါ်မှာ ဘလောက်လို့အမည်ရတဲ့ ကိုပိုင် ၀က်ဆိုဒ် တပိုင်း ဖြစ်တဲ့ စာမျက်နှာလေးတွေမှာ သန်ရာ သန်ရာ ၊ ကို့အမြင် တွေ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ ၊ ကျွန်တော်တို့ အိမ်မက်လေးတွေ ဖြန့်လာ ခဲ့ ကြတာလဲ အခုဆို ကျွန်တော်တောင် တနှစ်ကျော် လောက်ကြာလာ ခဲ့ပါပြီ။ ကျွန့် တော့ အရင် ရေးသားခဲ့ကြတဲ့ သူတွေ၊ [...]
၃၀၀
ဒီနေ့တော့ ကျွန်တော် တင်လိုက်တဲ့ ပို့က ၃၀၀ မြောက်ပို့ ပါဘဲ။ ကျွန်တော် နဲနဲရေးလိုက် ပြန်ဖြတ်လိုက် လုပ်နေတာ ၁နာရီ ၁၉မိနစ် ကြာပါ ပြီ။ ဘာမှ ရေရေရာရာ မရေးချင်ဘူး။ လုံးဝကို စိတ်မပါပါဘူး။ ကျွန်တော် ရေးချချင်တဲ့ အတိုင်းရေးချလိုက်ရင် လဲ – အင်းလေ၊ စိတ်ကိုက တခြား ရောက်နေတာ ကို။ ကျွန်တော် ရေးသမျှ လာလာ ချောင်းဖတ်တဲ့ ကျွန်တော့ မိတ်ဆွေများ ကိုအားလဲ နာပါတယ်။ ကျွန်တော် အရင်လိုဘဲ ပို့တွေ မြိုင်မြိုင်ကြီးရေး လိုက်ချင်ပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ကျွန်တော် မရေးနိုင် ၊ ဘယ် ဘလောက်မှလဲ သွားမဖတ်နိုင်အောင်ဖြစ်နေပါတယ်ဗျာ။ ကျွန်တော် ရေးချင်နေတာ တရားဆိုတဲ့ အကြောင်းပါ။ [...]
today is for me
hi everyone, I’ll posts to my blog as soon as possible. Now I have a problem of font and browser. So I think I well a cross I can. Just I’m in mission impossible. The present days are my piece of life . That may be had , may be soft , may be something. [...]


Posted in
Tags:








