Archive for the ‘flims’ Category

The taking of pelham 123

ဇာတ်ကားထွက်တာတော့ တနှစ်ကျော်လောက်ကြာခဲ့ပါပြီ။ အခုမှသေချာ ကြည့်ဖြစ်ပါတယ်။ ကြည့်ပြီးတဲ့သူများလဲ သိမှာပါ။ ဒီဇာတ်လမ်းလေးက ၁၉၇၄ ခုနှစ်တုန်းက ရိုက်ခဲ့ဘူးတဲ့ဇာတ်လမ်းဟောင်း လေး တခုဘဲဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာမှပြန်ရိုက်လဲ လူ့သဘာဝ ကို ဖော်ကြူးပြနိုင်တဲ့ ဒီလို ဇာတ်လမ်းလေးတွေက အသုံးတော်ခံနေတုန်းပါဘဲ။ Top Gun နဲ့ Enemy of the state တို့လို ဇာတ်လမ်းတွေကို ရိုက်ခဲ့ဘူးတဲ့ ဒါရိုက်တာ Tony Scott စီစဉ်ရိုက်ကူးတဲ့ ဒီဇာတ်လမ်းမှာ နာမည်ကျော်မင်းသား John Travolta နဲ့ Denzel Washington တို့ ပါဝင်သရုတ်ဆောင်ထားပြီး တာဝန် ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းတွေနဲ့ သူတို့ အခက်အခဲ အတ္တတွေ လူသားဆန်မှုနဲ့ လှည့်ကွက်တွေကို နိုင်နင်းစွာ သရုပ်ဖော်သွားနိုင်ခဲ့ပါတယ်။ အဆန်းထွင် ရိုက်ထားတဲ့ [...]

Bounty Hunter

ဒီကားလေးကို ဘန်ကောက်ရောက်တုန်း အချိန်အဆင်ပြေတာနဲ့ ၀င်ကြည့်ဖြစ်ပါတယ်။ အချိန်က ည ၈ ခွဲပွဲ လေ။ ညဈေးတွေလျောက်သွားချင်တာနဲ့ အချိန်ဖြုန်းလိုက်တာ။ ပထမတော့ သိပ်ကောင်း မယ် မထင်ဘူး။ နောက်တော့မှ အချစ်ဟာသ ဇတ်မြူးလေးတခုဆိုတာတွေ့တယ်။ စိတ်ထားကောင်းပြီး လောင်းကစားမက်တဲ့ ရဲ တဦးနဲ့ အရမ်းတက်ကြွတဲ့သတင်းထောက်မလေးတဦးရဲ့ အိမ်ထောင်ရေး အဆင်မပြေမှု ကို နောက်ခံထားပြီး တယောက်ကိုတယောက် သံယောဇဉ်တွေ ရှိလျက်နဲ့အယူအဆတွေကြောင့်ကွဲလွဲ နေတဲ့ အလွဲတွေကို ဟာသဆန်ဆန်ရိုက်ပြထားပြီး ကွဲအက်နေတဲ့အိမ် ထောင်ရေး က ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာ ဆက်လက်ရှုစားဖို့တော့လိုမယ်နော်။ မကြာခင်ရန်ကုန်မှာ ရုံတင်မတင်တော့မပြောတတ်ဘူး။ ရန်ကုန်ပရိတ်သတ် ကြိုက်လောက်မယ်တော့ထင်ပါတယ်။ ဒီဇတ်လမ်းလေးကို Andy Tennant က ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Gerard Butler နဲ့ နာမည်ကြီးမင်းသမီး Jennifer Aniston [...]

ကြည့်ဖြစ်တဲ့ဇာတ်လမ်းများ

Ninja assassin ဆိုတဲ့ကားကို တနေ့က ကြည့်ဖြစ်တယ်။ အသတ်အပုတ်တွေများတဲ့ ကိုရီးယားမင်းသား Rain ရဲ့ ဒီကားဟာ တော် တော်လေး ကောင်းတယ် လို့မဆိုသာပေမယ့် အပျင်းပြေကြည့်လို့ကောင်းတဲ့ ဇာတ်ကားအမျိုးအစားဖြစ်ပြီး အာရှအသဲကျော် ကိုရီးယား မင်းသားချောခမြာ ဟောလီးဝုဒ်က ဇတ်ပို့တယောက်နဲ့ မင်းသမီးလုပ်တွဲရတယ် ဆိုတာကတော့ ကိုရီးယားမင်းသား တွေ တရုတ်မင်းသားတွေဖြစ်တဲ့ ချောင်ရွန်ဖတ်တို့ ဂျက်ကီချန်းတို့ကိုမမှီသေးဘူးဆိုတာ ထင်ရှားတယ်။ နောက်တကားကတော့ ကားဟောင်း ကိုပြန်ရိုက်ထားတဲ့ Chicago ။ မင်းသားမင်းသမီးကောင်းကောင်းတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကာားဟောင်း ကို ပြန်ရိုက်ထားတာကောင် ၁၀ စုနှစ်တခုလောက်ကြာတော့မယ်။ အဲဒီကားဟောင်းထဲက သဘာဝ တရားတွေဟာ ခုထိလဲ မပြောင်းလဲ သေးတာ ကိုတွေ့တယ်။  The avengers ကတော့ နာမည်ကြီး ကောမစ် တွေ [...]

သိနေတယ်

ဒီနှစ်ပိုင်းတွေထဲမှာတော့ ကမ္ဘာ ပျက်တဲ့အကြောင်းက အတော်လေး ရေပန်းစားနေတာကိုး။ သင်္ကြန်ပြီးခါစကကြည့်ပြီးသားဖြစ်ပေမယ့် ဒီဘလောက်ပေါ် မတင်ဖြစ်သေးတဲ့ နောက်ဇာတ်လမ်းတခုကတော့ Kmowing ပါ။ Nicolas Cage ပါဝင်ပြီး အဓိက သရုပ်ဆောင်ထားတဲ့ ဒီကားလေးလဲ ကြည့်လို့ကောင်းပါတယ်။ တကမ္ဘာလုံး ပျက်စီးခဲ့ပေမယ့် လက်ရွေးစင် လူငယ်တွေကို တခြား ကမ္ဘာတခုက သီးသန့် လာရောက်ခေါ်ဆောင်သွားတာနဲ့အဆုံးသတ်ထားပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာမည့် အဖြစ်အပျက်တွေကို ကြိုတင်သိရှိနေတဲ့ ကလေးမလေးတဦးကနေ ဇာတ်လမ်းစထားပါတယ်။ မကြည့်ရသေးရင် တော့ ကြည့်လိုက်ဖို့တိုက်တွန်းပါတယ်။ ကြည့်ပြီးသားသူတွေကတော့ 2012 ကိုဘဲ အာရုံစိုက်မယ်ထင်ပါတယ်။ ဒါရိုက်တာ Alex Proyas ရိုက်ကူးထားပြီး ၂၀၀၉ ခုနှစ် မတ်လ မှာ ရုံတင်ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့မူရင်း ဆိုက်ကတော့ http://knowing-themovie.com/ ဖြစ်ပါတယ်။

12-12-12

အားလုံးသော အငြင်းပွားနေကြတဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ အကြောင်း ကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ ဇတ်ကားတခုဖြစ်တာမို့ အားလုံးလဲ သိပြီး ထင်ပါ လိမ့်မယ်။ ဘာဘဲပြောပြော ဇာတ်ကားအစကနေ အဆုံးအထိတော့ ကြည့်လို့ ကောင်းပါတယ်။ မနက်ဖန် ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ တင်ဆက်ပြသေနေပြီဖြစ်တဲ့ အဲဒီဇာတ်ကားကို ကျွန်တော် တို့ ရုံ ထဲမှာ မကြည့်ဖြစ်ခင်ဘဲ တေဇားလေးထံကနေ တဆင့်ရခဲ့ပါတယ်။ မနေ့ကတော့ ဖိုးသူတော်ထံရောက်နေတဲ့ ဒီဇာတ်လမ်းဖိုင်လေးကို ပြန်ကူးဖြစ်ခဲ့ပြီး ကျွန်တော့် PSP လေးနဲ့ တော့ အရင်ကြိုကြည့် ဖြစ်လိုက် ပါတယ်။ အရုပ်ပိုင်းဆိုင်ရာ မဆိုးပေမယ့် အသံမှာ သိသိသာသာဆိုးလှတော့ ကျွန်တော်တို့ သမ္မတ ရုံမှာ မနက်ဖန် သွားကြည့်ဖြစ်မှာတော့ [...]

the international

ရုပ်ရှင်အကြောင်းရေးချင်နေတာကြာပါပြီ၊ ၀ယ်ထားတဲ့အခွေတွေအကြောင်းလဲ ပါတယ်။ ကွန်နက်ရှင်မကောင်း၊ လူကလဲ ကိစ္စတွေများနဲ့မတင်ဖြစ်သေးတာ၊ တနေ့တနေ့ နားထဲ မှာ အိပ်နေရင်တောင် စွဲနေတဲ့မီးစက်သံတွေနဲ့ တနေ့ကို နာရီ ၂၀ လောက်ပျက်ပြီး မရေမတွက်နိုင်သော ပျက်တောင်းပျက်တောင်း လာတတ်တဲ့မီးကြောင့် ညည အိပ်ရေး တွေပျက်အောင် ရေထတင်ရတဲ့ ဒုက္ခ ကနေငြီးငွေ့တာကလဲတကြောင်း၊ တခါတခါ အိမ်က လျှပ်စစ်ပစ္စည်းတွေ တော့ ကြာရင်နား ကားတော့မှာဘဲ ဆိုတဲ့ စိုးရိမ် စိတ် တွေနဲ့ ခွေတွေဝယ်ထားလဲ မီးပျက်လိုက် ပြန်လာလိုက်နဲ့ ဆန့်တငံ့ငံ့ ကြည့်ရတဲ့ ဘေးလေးက ကင်းလွတ်အောင် စုံထောက်ကားအသစ်ဖြစ်တဲ့ the international ဆိုတဲ့ ရုပ်ရှင် ကား ကိုနေပြည်တော် ရုံမှာ သွားကြည့်ပါတယ်။ ဇာတ်လမ်း အသေးစိတ်လေးမပြောချင်ဘဲ အခုပြောချင်တာကတော့ ကြည့်လို့ကောင်းတဲ့ အဲဒီကားကို [...]

ရင်ထဲမှာရှုပ်တာ

အေးဗျာ မအားတဲ့အကြောင်းများတော့ပြောမပြောချင်ဘူး၊ တကယ်ကပျင်းတာနေမှာပါ။ မနက်ဖန်ကျရင်တော့ ကိုယ့်လူများနဲ့ညပိုင်းချိန်းထားသလို မနက်စောစောကျပြန်တော့လဲ ချစ်လေးနဲ့ချိန်းထားသေးတယ်။ ဟိ – ပြီးခဲ့တဲ့လက ၀ယ်တဲ့ရုပ်ရှင်တွေအကြောင်းမပြောရသေးခင်အခုဝယ်လာတာလေး ဖောက်သည်ချလိုက်တယ် ။ ဒါတင်ပြီးရင် ပြန်ပြီး ကြည့်တော့မယ်ဗျို့ ( ပြောသာပြောရတယ် ဒီနေ့အိမ်မှာမီးပျက်နေတာ ၁၈ နာရီကျော် သွားခဲ့ပြီ ) ကံစမ်းမဲပေါ့။ အခုဝယ်လာတဲ့ ကားထဲ ကဘယ်ကားအရင်ကြည့်ဖြစ်မယ်ထင်သလဲ။

Jawaharlal Nehru

ဒီနေ့ India festival  ရုပ်ရှင် ပွဲတော် ရန်ကုန်မှာ ရှိတယ်။ နေပြည်တော်ရုံမှာ ညနေ ၆ နာရီခွဲပွဲမှာ အန္ဒိယ ခေါင်းဆောင်ကြီး Jawaharlal Nehru ရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတ Pandit Nehru ဆိုတဲ့ကား ပြလိမ့်မယ်။ အပြင်မှာလဲ ၀ယ်ရတာ မရသလို တရက်ထဲ ပြမယ့် အဲဒီကားကို ညနေသွားကြည့်ကြမယ် စိတ်ကူးတယ်။ စေတန်တို့ စည်သူတို့၊ တေဇာ၊ အီမိုတို့ ကိုတော့ချိန်းထားတယ်။ မသိ သေးတဲ့သူတွေရှိရင် အချိန်မှီကြည့်လို့ရအောင် သတင်းပေးလိုက်တာပါ။ ဂျဝါဟလာနေရူးဟာ အန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး အကြမ်းမဖက် ၀ါဒ လမ်းပြရှေ့ဆောင် မဟတ္တမ ဂန္ဒီ ကြီး ကို အင်မတန်လေးစားအားကျခဲ့တဲ့ သူဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ရာဂျစ် ဂန္ဒီရဲ့ [...]

ဒီအပတ် ၀ယ်ဖြစ်တဲ့ စာရင်း

မနေ့က ထုံးစံအတိုင်း ခွေဆိုင်ရောက်ဖြစ်ပါတယ်။ ရှာရင်းနဲ့ ကားဟောင်းတွေ တော်တော်များများတွေ့တာနဲ့ ၀ယ်လာခဲ့လိုက် တယ်။အချို့ ခွေတွေက အရင်ဝယ်ပြီးသားဖြစ်ပေမယ့် အခု မြန်မာစာတန်းထိုတွေ ဆိုတော့ ပြန်ဝယ်ဖြစ်တယ်။ အချို့ကျတော့ အခု မှ တွေ့တာဖြစ်လို့ဝယ်ဖြစ်တယ်။ ဒါနဲ့ ဘဲ ခွေ ၁၂ ခွေလောက် ၀ယ်ဖြစ်ခဲ့တယ်။ ဟယ်ရီပေါ်တာက အကုန်ရှိပြီးသားပါ။ မြန်မာစာတမ်းထိုးဒီ ၂ခွေပြန်တွေ့တာနဲ့ယူလာလိုက်တယ်။ lord of the ring ကတော့ သုံးကားလုံးတွေ့လို့ ပြန်ယူလာတယ်။ သူလဲ အရင် အားလုံး ၀ယ်ပြီးသားပါဘဲ ဒီအခွေလဲ အရင်က ရှိတယ် ပျောက်သွားတာတော့ကြာပြီ- သူလဲ မြန်မာစာတန်းထိုးဘဲ။ ကောင်းတယ် ဘာသာပြန်ထားတာ။ ကားဟောင်းတွေဖြစ်ပေမယ့် အကုန်မြန်မာစာတန်း ပြန်ထိုးထားတာကြောင့် ပြန်ဝယ်ဖြစ်ခဲ့ပါတယ်။ ဒီကားက အတွဲလိုက်ဖြစ်ပေမယ့် ဒီတခွေဘဲရခဲ့တယ်။သူလဲ အရင် [...]

this week movies

The day before yesterday, I have to buy the some DVD on the street at somewhere at Yangon. I get the new movies and old movies I like it. Then I had to share to you of my DVD list. For your enjoy it. All DVD have the myanmar subtitle , but the translated is [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice