မီးခိုးနံ့ကတမျိုး၊ အကြော်ညော် နံ့က တမျိုးနဲ့ ရနံ့မျိုးစုံသင်းနေတဲ့ ဈေးတန်းထဲ လမ်းလျောက်လာခဲ့သည်။ ” ဒါကုန်ရင် ပြန်မှာ ဒါကုန်ရင်ပြန်မှာ လာထားနော် လာထား ကြိုက်တာ ကိုရွေးလိုက် ရွေးလိုက် ” အထည်သည်တဦးက သူ့အထည်ပုံ ကြီးကို လက်ညှိုးထိုးရင်း အော်ရောင်းနေသည်။ ဒီအထည်ပုံကြီးသည် တော်တော်နှင့် ကုန်မည်မထင် ဒါကြောင့် ဒါကုန် ရင် ပြန်မယ်ပြောသော ထိုဈေးသည်သည် တော်တော်နှင့် အိမ်မရောက်တော့ဟု တွေးရင်း ပြုံးမိသည်။ တနေရာရောက်တော့ တရှဲရှဲနှင့် လက်ကိုင် ဒယ်အိုးပြားကို မချီ တလှည့် လှည့်ချီ တခါ ဖြင့် ရေမုန့် လုပ်နေသည့်နားသို့ ရောက်လာသည်။ သူကတော့ တရှဲရှဲနှင့် တခုပြီးတခု လုပ်နေသည်။ ၀ယ်သူကားမတွေ့၊ သူ့ရှေ့တွင် ရှိသော ရေမုန့်များမှာ ကြွပ်ရွလွန်းအားကြီး၍ [...]
Archive for the ‘essay’ Category
ကဗျာတပုဒ်ရှိခဲ့တယ်
ကော်ဖီသောက်တဲ့ ကဗျာတပုဒ်က သူ့မှာ လက်ငါးချောင်းမရှိဘဲ စိတ်ခံစားမှုတွေကိုဆွဲထုတ် အများရှေ့မှာ ခင်းပြတတ်ခဲ့တယ်။ ကောင်းကင်ပြာတဲ့နေ့တနေ့ကဘဲ ဖြစ်မယ်ထင်ပါတယ်။ နေပြင်းပြင်း ကာလာတခုကိုရှောင်လွှဲဖို့ အေးမြတဲ့အရိပ်တခုကိုတိုးဝင်လာခဲ့တာ တကယ်တမ်းက သူ့ကို ဆုံတွေ့ချင်လို့ ဖြစ်လိမ့်မယ်လို့မထင်မိခဲ့ဘူး။ ဆင်ခြေတွေမပေးချင်ပါဘူး တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်တက်ခဲ့တဲ့ နှလုံးသားကို အပြစ်တင်ရင် မိုက်မဲတဲ့ အမှုတခု ထပ်တိုးဖို့ကလွဲပြီး ဘာများ ကျွန်တော် ပြောနိုင်ဦးမှာလဲ။ အေးမြတဲ့ အာဝါသတွေကိုခေတ္တပေးစွမ်းနိုင်တဲ့ ကုန်တိုက်တခုပေါ်ကို ၀င်လာမိခဲ့တယ်။ ခြေလှမ်းသုံးဆယ်မပြည့်ခင်မှာတွေ့မိလိုက်တဲ့ သဏ္ဍန်တခုက အာရုံထဲမှာ နေရာ အတော်များများ အရိပ်ထင်သွားခဲ့တယ်။ သမင်လည်ပြန် ဆိုတဲ့ အနေအထားနဲ့ ပြန်ကျလာတဲ့ အကြည့်တစုံက ခြေဆုံးခေါင်းဆုံးမဟုတ်တောင် မျက်ဝန်းတခုနဲ့ ” ဆုံ ” သွားခြင်းမှာ အနာ ဂါတ် ဟာ မသေချာ ခြင်းများအပြည့်ဖုံးလွှမ်းသွားတာ မသိလိုက်မိဘူး။ သေချာတာက [...]


Posted in
Tags:








