Archive for the ‘ရေးချင်ရာရေး’ Category

ဘလာဂေါက်ရဲ့ MTV

ဒီလို ကြော်ငြာအားကောင်းကောင်း သုံးပစ်မှာ ဒီလိုပြင်ဆင်ပြီး ပဲရစ်လေးနဲ့ အဲဒီလိုကြော်ငြာမယ် ဒါကတော့မူရင်းပါ ယုံသော်ရှိမယုံသော်ရှိပေါ့နော်။ တကယ်ပြောတာ။ ဘလာဂေါက်တယောက် MTV တပုဒ်လောက်တော့ ရိုက်တော့မယ်ဗျ။ လွန်ခဲ့တဲ့ ကလေးဘ၀ပေါ့ အသံသွင်းထားတာတော့ ၈ နှစ်လောက်ရှိပြီထင်ပါ့။ အဲဒီသီချင်း လေးကို အရင်ပိုးမသေသေးတော့ ဒါရိုက်တာ အသစ်ကြီးဖြစ်တဲ့ ဘိုဝ ကရိုက်ပေးမယ်ဆိုတာနဲ့ ရိုက်ဖြစ်တော့ မယ်ဗျ။ ကိုတိုင်တော့ နည်းနည်းပါးပါး ဖြတ်လျှောက်အနေအထားနဲ့ ဘဲရိုက်မှာပါ။ မင်းသားမင်းသမီးကိုတော့ ဘလောက်ဂါထဲကဘဲ ရှာကြံထားတာ ဘိုဝ ကသူကိုယ်တိုင် သရုပ်ဆောင်မယ်ဆိုဘဲ။ ဒါပေမယ့် တိုလီလေးကို တော့ နဲနဲ ၀ိတ်ချခိုင်းထားပါတယ်။ သူကလဲ သူပါဝင်ပါရစေလို့ ကမ်းလှမ်းထားတာ အခုဆို ကော်ဖီ ၂ ခွက်နဲ့ ထမင်းတနပ်ကြီးများ တောင်လာပြုစုထားတာ။ မင်းသမီးက တော့ရွေးချယ်နေဆဲပါ။ မကြာခင် မှာဘဲ [...]

အကြောင်းအရာများနှင့် ပတ်သက်ကြည့်ခြင်း

မော်ဒန်ဆန်ဆန်ပြောရရင် နားမလည်နိုင်တဲ့ ဒွိဟ အသုံးအနှုန်းတွေ တွင်တွင်ချည်းသုံးပြီး ပြောပစ်လိုက်တာဘဲ။ ကိုယ်ကတော့ နားလည်ချင်သလိုနားလည်လိုက်တယ်။ နားထောင်တဲ့ သူက တော့နားခါးကောင်းခါးနေမယ်။ အကြားကောင်းကောင်းကြားနေတာလဲဖြစ်နိုင်တယ်။ မိစ္ဆာတွေမိုးကြိုး ပစ်လို့ ငှက်မွှေးတတောင်နဲ့လက်ပစ်ကူးပစ်လိုက်တယ်။ ဘာလဲတော့မသိဘူး။ ဒီလိုရေး လိုက်ရတာ အားတော့ရတယ်။ အားပေးကြရင် ကောင်းလို့ဘဲ မှတ်တတ်တဲ့ ညင်လေးတော့ မပျောက်အောင်ထိမ်းထားတတ်မှ ကိုယ့် ကိုယ်တိုင်မြူဆွယ်နေရခြင်းက ကင်းလွတ်မလားလို့ မျှော်လင့်မိတယ်။ဆီတစက်မှမပါလဲ ဟင်းတခွက်ဖြစ်ချင်ဖြစ်မယ်။ ငါ့ရဲ့ညစာကတော့ ညမှဘဲစားတတ်တယ်။ ဒွေးရောယှက်တင် ဥပမာတွေကို အပြန်အလှန်ပေးလိုက်တော့ အမောင်တို့ နားတွေ ယားနေမလားမသိဘူး။ ပဲကြီးလှော်ကတော့ပျော့နေရင် စားမကောင်းတာအမှန်ဘဲ။ မှန်တာတွေပြောတဲ့ အခါတွေများဆိုရင် ကြံကထွက်တဲ့ သကြားကို ချိုချဉ်လုပ်ရသလို တယ်လဲ ချိုမြတာက လား။ လမ်းပေါ်မှာ ကားတွေချည်းဘဲပြေးနေတာမဟုတ်ပါဘူးတဲ့ ရာဘင်နတ်တဂိုးကပြောတယ်ဆို ယုံကြမလား။ သက်သေသက်ကာယတွေနဲ့ဆွဲဖွလို့ နောင်ဂျိန် ချတဲ့ ကဗျာဆရာတို့ [...]

အလုပ်တွေနဲ့လေ

အလုပ်တွေ အလုပ်တွေ များတာမှများ။ ဘာတွေ လုပ်နေသလဲတောင် ကိုကိုယ်တိုင် ပြန်ပြန်မေးနေရတယ်။ လူမှုရေးတွေ၊ စီးပွားရေးတွေ၊ စိတ်ခံစားမှုတွေ ၊ အာရုံတွေနောက်ကို တရပ်စပ်လိုက်နေတဲ့ အလုပ်တွေ။ မပြီးဆုံးသေးတဲ့ အလုပ်တွေ၊ အကြွေးတင်နေတဲ့ အလုပ်တွေ၊ အမြတ်ရတဲ့အလုပ်၊ အရှုံးခံရတဲ့ အလုပ်၊ အသုတ်စုံလိုဘဲ အလုပ်စုံကွဲနေအောင် လုပ်နေရတာ၊ ဘန်းစကားနဲ့ပြောရင် ပြဲနေအောင် ရှာရတာလေ၊ အာရအေ လန်းဖို့ လုပ်နေရတာ၊ တနေ့တနေ့ အာရကေ နောက်လိုက်နေရတဲ့ စိတ်တွေ စိတ်ညစ်ဖို့တောင်ကောင်းတယ်။ ဒီကောင်က ခြေလေးခြောင်းနဲ့ ပြေး ကိုတွေက ခြေ၂ ချောင်းနဲ့လိုက်။ အိပ်မက်ထဲမှာ ပိုက် ဆံ အိတ် ဖွင့်ကြည့်ရင်တောင် ပါးကပ်ကပ်ဘဲ။ ယောင်လို့တောင် ထီမပေါက်တဲ့ ကံတရားကို ယုံကြည်မျှော်လင့်ရင်းရှာနေတဲ့ အနာဂါတ်။ သေချာအောင် လုပ်ဖို့ မသေ [...]

လမ်း

စာကားလုံးတွေ အဆော့လွန်တဲ့ ကစားပွဲတွေများပြားတဲ့ ဒီနေ့တွေမှာ အိပ်လျက်နဲ့လူဖြစ်နေကြတယ်။ နိုးထခြင်း နောက်ကညည်းတွားသံတွေကို လစ်လှူရှုလို့ ဒီခဏမှာဘဲ ပျော်ဖို့ကြိုးစားရင်း စိတ်ဓါတ်တွေ တွင်တွင် ကျတယ်။ တလောက ကြားဖူးတယ် ကျွဲကျတယ်ဆိုတာလိုမျိုးပေါ၊ ကိုယ့် ဘ၀ နဲ့ကို နွားထက်ဆိုးအောင် ခိုင်းမိနေတော့ ရုန်း လိုက်ရတာလဲ နောက်က ကြိမ်တို့နေတဲ့ အတိုင်းဘဲ၊ အပွဲပွဲ အလဲလဲ အကွဲကွဲ မြည်သံတွေကတော့ စွဲသလိုဘဲ၊ သာ ယာမှုကို ငံ့လင့်လို့မျှော်တော်ရောင်ဆေးတခွက်မှာ ရေကြည်တစက် ပါရင်တောင် အသက်ရှုဝ လိုက်ချင်ပါတယ်။ အမှောင်ထု ထဲမှာ ရှိနေတဲ့ စိတ်တွေ အလင်းထဲ ကိုထွက်လိုက်ကြစမ်းပါ၊ ဖျမ်းကနဲ့ လန်းကနဲ ကြိမ်းစပ်သွားမယ့် နေ့တွေရှိနေပါသေးတယ်။ အေးစက်စက်ပျော်ပါး၊ အစာမပါတဲ့ ငါးမြှားချိတ်နဲ့ ဖမ်းစား ရွှေငါးလား ငွေငါးလား၊ လေ [...]

ရုံးသွားရုံးပြန်နဲ့ လတ်တလော

မနေ့က ညနေ ၆ နာရီ ၅၀ လောက်မှာ ရုံးကပြန်တယ်။ရွှေဧည့်သည်စီးတော့ အိမ်နားကို ၇ နာရီ ၃၀ မှာရောက်တယ်။လမ်းထိပ်မှာ ဘီယာသောက်နေတယ်။ကာရာအိုကေသွားတယ်။မနက် ၆ နာရီ ၁၅ အိမ်ပြန်ရောက်တယ်။အမေဆူနေတယ်။ရေချိုးတယ်။ပြင်ပြင်ဆင်ဆင်လုပ်လိုက်တယ်။ရွှေဧည့်သည် ပေါ်က ပျင်းစရာ ကောင်းတဲ့ သီချင်း vcd ကိုကြည့်တယ်။၇ နာရီ ၃၀ မှာမြေနီကုန်းရောက်တယ်။တင်တင်အေးမှာ မုန့်ဟင်းခါးစားတယ်။ဟော – အခုရုံးပြန်ရောက်နေတယ်။လောလောဆည် နှာစေးနေတယ်။အလုပ်လေးလုပ်လိုက်ဦးမယ်။ကော်နက်ရှင်ကောင်းတုံး။တော်ကြာနေခေါင်း ကိုက်မလားမသိ – – -။ Type the rest of your post here.

ဘလာဂေါက်သန်းကြွယ်သူဌေးလော

အနှီဘလာဂေါက်ဟုခေါ်လေသော ကျွန်တော်သည် တကယ်တော့ အလုပ်ရယ်လို့ မယ်မယ် ရရ မရှိဘဲ ၀န်ဆောင် မှု အပေါင်း တွင် အင်တာနက် သင်တန်းနည်း ပြလုပ်နေ သော ငနဲ တကောင်သာ ဖြစ်တော့ လေသည်။ သို့သော် ထို ဘလာဂေါက်တယောက်သည် သင်တန်းရှိ လျက် မအား ချင်ဟန်ဆောင်သော ဆရာ၊ သင်တန်းမပြ ချင်သဖြင့် ရှောင် ဖယ်ဖယ်လုပ်တတ် သော ဆရာတဦးသာ ဖြစ်ပေ၏။ သို့ ကလို ကြိုးစား သော ဘလာဂေါက်သည် အရင် နှစ် ဒီလို အချိန် တွင် ဘိုင်ကျ ဘကြိုင်နေ သော သူတဦး သာ မက မော်ဒယ် အဟောင်း ကြီးလော ၊ မော် [...]

စိတ်ခံစားမှုမပါတဲ့- – -

စိတ်ခံစားမှုမပါတဲ့ကဗျာစိတ်ခံစားမှုမပါတဲ့စာစိတ်ခံစားမှုမပါတဲ့ဟင်းစိတ်ခံစားမှုမပါတဲ့ထမင်းစိတ်ခံစားမှုမပါတဲ့အနမ်းစိတ်ခံစားမှုမပါတဲ့အချစ်စိတ်ခံစားမှုမပါတဲ့အလွမ်းစိတ်ခံစားမှုမပါတဲ့စကားစိတ်ခံစားမှုမပါတဲ့ရုပ်ရှင်စိတ်ခံစားမှုမပါတဲ့မျက်နှာစိတ်ခံစားမှုမပါတဲ့ရင်ဘတ်ကြီးစိတ်ခံစားမှုမပါတဲ့နှလုံးသားစိတ်ခံစားမှုမပါတဲ့အပြုံးစိတ်ခံစားမှုမပါတဲ့ရိုးသားမှုစိတ်ခံစားမှုမပါတဲ့မာယာစိတ်ခံစားမှုမပါတဲ့ခံစားမှုစိတ်ခံစားမှုမပါတဲ့အလုပ်စိတ်ခံစားမှုမပါတဲ့အရက်စိတ်ခံစားမှုမပါတဲ့မူးယစ်ဆေးဝါးစိတ်ခံစားမှုမပါတဲ့ပျော်တော်ဆက်စိတ်ခံစားမှုမပါတဲ့ပန်းချီကားစိတ်ခံစားမှုမပါတဲ့လူတွေစိတ်ခံစားမှုမပါတဲ့သတ္တ၀ါတွေစိတ်ခံစားမှုမပါတဲ့ရေစိတ်ခံစားမှုမပါတဲ့မီးစိတ်ခံစားမှုမပါတဲ့ခင်မင်မှုစိတ်ခံစားမှုမပါတဲ့ယုံကြည်မှုစိတ်ခံစားမှုမပါတဲ့အရာရာစိတ်ခံစားမှုမပါတဲ့ဟာ ငါတစ်ခုမှ မလိုချင်ပါ။ ။ Type the rest of your post here.

ခြေရာရှိလား?

ပင်လယ် ကမ်းစပ်တခု၊ နေကတော့ တော်တော်ပူတယ်။ လေညှင်းလား လေပြင်းလားနဲ့ သယ်ဆောင်တိုက်ခတ် ကျွန်တော့်စိတ်တွေ လေးလံနေသယောင်။ ပုံမှန်မဟုတ်တဲ့ ဗျစ်ရည်တွေ မြို မော့ထားတဲ့ ခေါင်းကရီဝေ လုံးထွေး ငါလျှောက်လာခဲ့တယ်။ စိတ်တွေကို လှိုင်းထဲချ မျှော ရင်းငါ လမ်းဆက်လျှောက်၊ နေပူကျဲထဲ ခေါင်းငုံ့လျှောက် ၊ အောက်မှာ ငါ့ခြေရာတွေ တအိအိနဲ့ သဲသောင်ထဲနစ်ဝင်၊ ပြုံးသရောင် မျက်နှာထားနဲ့ ငါခေါင်းမော့လို့ ကောင်းကင်ကို မော့ကြည့်၊ ငါဆက်လျှောက်လာဆဲဘဲ။ ဘာကြောင့်မှ အကြောင်းမပြ ငါလှမ်းလင့်မှုတွေ ခဏ တုံ့ဆိုင်းချိန်၊ အောက်ကို ပြန်ကြည့်၊ ငါ့ခြေရာ ရှိနေဆဲဘဲ။ ငါစိတ်ထဲ ငါမယုံ နောက်ကို လှည့်တော့ ကမ်းခြေက ငါ့ခြေရာတွေ ဘယ်ရောက် ကုန်တယ် မသိဘူး။ ငါမျှော်လင့်မထားတဲ့ မျှော် လင့်ချက်ဟာ [...]

ကြည့်မိရင်ညိချင်ချင်

[youtube=http://www.youtube.com/watch?v=tlneJJwUzzs&rel=1]

ကြော်ငြာ

ပွတ်အန်ဂေါက် ဘရားသား ခရီးသွားလုပ်ငန်း အနယ်နယ်အရပ်ရပ်ရှိ မြန်မာဘလောက်ဂါများအတွက် မုန်တိုင်းရာသီ ချောင်းသာခရီးစဉ်အချိန်မအားလပ်ကြသော အလုပ်တဖက်နှင့် မြန်မာဘလောက်ဂါများအတွက် အထူးစီစဉ်တရပ်အနေဖြင့် အောက်ပါ ၀န်ဆောင်မှုများပါ ၀င်သော ခရီးစဉ် တခုအား ရောင်းချပေးနေပါပြီ။ညခြင်းပြန်ခ၇ီးစဉ်ဖြစ်ပါသည်။၁။ ရန်ကုန်မြို့ တွင်းဘက်စိကား အကြိုအပို့၂။ မေတ္တာလက်ဆောင် ရေသန့်ဘူးသေးတစ်ဘူး၊ ၅-၉ ကျွတ်ကျွတ်အိတ်တလုံး၃။အဆင့်မြင့် ကုန်နှင့်လူနှင့်တွဲတင်သော ဒူးမလွတ်ထိုင်ခုံများဖြင့် သက်တောင့်သက်တာ ဒေ၀ူးကားအပြာ၎။ချောင်းသာရောက်သည်နှင့် လေအ၀ရှုရန် ၁၀ မိနစ်၊ အပေါ့အပါးသွားရန် ၁၀ မိနစ်၅။ အစားအသောက်အတွက် ကျောက်ခေတ်စတိုင် ဘူဖေး၆။ မြောင်းဖု အလကားကျွေးမည်(ငရှဥ့် ၊ ဖား ၊ ငရံ့ခေါင်းတို )ရ။ ကားပေါ်တွင် လမ်းတလျောက် တွံတေးသိန်းဒန် လိုက်ဖ်ရှိုး နန်းစတော့ ဧည့်ခံမှု့ရောက်ပြီးတာနှင့် နာရီဝက် အတွင်းပြန်လည်ထွက်ခွာပါမည်။ ချောင်းသာ အရောက်ခရီးစဉ်သာဖြစ်ပါသည်။စိတ်ကူးပေါက်ကာ တညအိပ်ချင်သူများအတွက်၁။ ကြယ်အလုံးမရေနိုင် [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice