ကျွန်တော့် နိုင်ငံတော်အကြောင်းပြောချင်တယ်။ တကယ်ကတော့ နိုင်ငံတော်က ကျွန်တော်ကိုယ်တိုင်ပါဘဲ။ ကိုယ်တိုင်အလုပ်မရှိလို့ ကျွန်တော့်နိုင်ငံဟာ အလုပ်လက်မဲ့ နှုန်းတိုးမြင့်နေပါတယ်။ အကြွေတွေဘဲ ကိုင်နေရလို့ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နေပြီး၊ တိုင်းပြည်ရဲ့ဝင်ငွေဟာ ပိုင်ဆိုင်မှုတွေကို ထုတ်ရောင်း တဲ့အပေါ်မှာ တည်မှီနေရပါတယ်။ ပြည်တွင်း ထုတ်လုပ်မှု ဟာရပ်ဆိုင်းရမတတ်ဖြစ်နေတဲ့အကြောင်းကတော့ ထုတ်ရောင်းစရာ မရှိတော့လို့ပါ။ အတိုးနှုန်းကြီးမြင့်မှုကြောင့် လစဉ်ငွေကြေးအကြပ် အတည်း ကိုရင်ဆိုင်နေရပါတယ်။ ထုတ်လုပ်မှု့စွမ်းအား ကျဆင်းမှုကြောင့် ကမ္ဘာ့ဘဏ်ကလဲ ငွေမချေးတော့ပါဘူး။ နိုင်ငံတကာနဲ့ဆက်ဆံရေးတိုးမြင့် တဲ့အနေနဲ့ နေ့စဉ် အိမ်ပေါက်စေ့ လျောက်လည် နေရပြီး နိုင်ငံတကာ အကူအညီရရှိဖို့ သိက္ခာလဲ မကျအောင်အတော်လေး စွမ်းဆောင်နေရပါတယ်။ အမျိုးသမီး က ကိုယ်ဝန်ဆောင်ထားတာကြောင့် အပတ်စဉ်ဆေးခန်းပြနေရလို့ ကျန်းမာရေး အသုံး စားရိတ်မြင့်တက်လာပြီး လူဦးရေဆက်လက်တိုးပွားဖို့ ရှိနေပါတယ်။ လူ့စွမ်းအားအရင်းအမြစ်တွေဟာ လိုင်းကားတိုးစီးနေရတာကြောင့် အတော်လေး ကုန်ဆုံးနေပါတယ်။ ပြည်တွင်းပြည်ပ [...]
Archive for the ‘ရေးချင်ရာရေး’ Category
hot lot ohhhh!
A lot of hot in Yangon more than a lest year. A lot of big and old trees gone in after the cyclone. A lot of people in Yagnon than a lot of trush in town. A lot of smoke in Yangon becaue of a lot of cars on suttules everywhere . A lot of [...]
ကျန်းမာရေးအတွက်လေလည်တာကောင်းတယ်
ကျွန်တောလဲ ဘာလုပ်ရမှန်းမသိတော့ ပေါက်ကရတွေဘဲ လုပ်နေတတ်တော့တယ်။ အဲဒီထဲက ပေါက်ကရအမေးအဖြေတခုကို တင်ဆက်လိုက်ပါတယ်။ ဒါကတော့ Times Magazine အတွက် ဘိုဝ လာရောက်ပြီး မေးမြန်းထားတဲ့ အမေးအဖြေလေးတခုပါ။ ဓါတ်ပုံဆရာ ဘိုဝအနေနဲ့ အင်တာဗျုးတုန်းက ရိုက်ထားတဲ့ ပုံတွေကို ကော်နက်ရှင်နှေးနေလို့ မပို့နိုင်သေးတဲ့အတွက် ဒီအတိုင်း အမြန်တင်ဆက်ပေးလိုက်ပါတယ်။ Q : ကိုဂေါက်တယောက် အခုဘာတွေလုပ်နေတယ်ဆိုတာသိပါရစေ။ A : အော် – ဟုတ်ကဲ့ ကျွန်တော် ပေါက်ကရတွေလုပ်နေပါတယ်။ Q : ခင်ဗျာ – ဘယ်လိုပေါက်ကရတွေလဲ။ A : ဒီလိုပါ။ ကျွန်တော်တို့ဆီမှာ ပေါက်ကရနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေ ရှိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ ပါပြီ။ ပေါက်ကရ ၄၀ ၊ ပေါက်ကရ ၈၀ [...]
သူများမောင်စကားပြေ
ကိုရင်လက်ဆင်းရဲ့ ၂၁ ရာစုကြက်ဆူစိုက်သမားကြီးများတေးသံကို ကြားရတဲ့အခါ စကားပြေပြန်ရေးချင်စိတ်ပေါက်လာတယ်။ ကျွန်တော်တို့ငယ်ငယ်ကလိုပေါ့။ ဒါမှလဲ နောင်လာနောက်သားတွေအတွက် ကိုးကား စရာမက တစ်ဆယ်ပါကားသွားအောင်အသုံးဝင်မယ့် အရာဖြစ်လာနိုင်တယ်။ ဒါကြောင့် ခက်ဆင့်အဖွင့်တွေကအစ ကျွန်တော်ကြိုးစားပြီး စကားပြေအဖြစ်ပြန်ရေးလိုက်ပါတယ်။ မူရင်း ဆရာကြီး ကိုရင်လက်ဆင်း တယောက် ဒီထက်မကဘဲ ပြဲချင်း၊ ကန်ချင်း၊ ၁၃ ဆစ်ဖွင့်၊ တေးအထပ်ထပ်နဲ့ ရတုပိုဒ် မစုံတစုံတွေ ရေးသားလာဦးမှာပါ၊ အဲဒီကျရင်လဲ ကျွန်တော်ကြိုးစားပန်းစား စကားပြေများကို ရေးပါမယ်။ အောက်မှာတော့ မူရင်း ကိုအရင်ရေးပြီးမူရင်းအရေးအသား ၀က်ဆိုဒ်မူအတိုင်း စတင်ဖော်ပြချင်ပါတယ်။ သူများမောင်မှာ သူများမောင်မှာ နိုင်ငံခြားသွား လက်ဖျား ငွေသီးလို့ အိမ်သူကြီး မျက်နှာဖြီးရတယ် နှမလေး မယ်တို့မောင်မှာ ဘယ်ခရီးသွားသွား လက်ကတီးကြားမှာ ချွေးစီးလို့ ကြီးကြီးငယ်ငယ် စုဟယ်ဆောင်းဟယ် ဟာတွေလည်း ပေါင်တန်ပေါင် ရောင်းတန်ရောင်း [...]
မဟုတ်ဘူး
ဗရမ်းဗတာဖြစ်မှုတွေအတွက် စနစ်ကျမှုတခုလိုတယ်။ တိကျသေခြာဖို့အတွက် မရေရာတာတွေကို စုစည်းတတ်ရတယ်။ ဆန့်ကျင်ဘက်တရားကို ခြားနားကြည့်တော့ အဖြေတခုထွက်လာတယ်။ ဒါက ကိုလိုချင်တာတော့မဟုတ်ဘူး။
မုန့်အုပ်လေးဘဲရောင်းတော့မယ်
အခန်း ၁ မိုးလေးကတအေးအေးနှင့် ရာသီခါမှီလေးတခုခုတော့ လုပ်ဦးမှလို့တွေးနေရင်း အိမ်ရှေ့မှာလှမ်းကြည့်လိုက် တော့ ကိုမျက်စံ ခေါင်းကလေးတညှိမ့်ညှိမ့်နှင့် ရောက်လာသည်။ ဘယ်လဲဗျ မိုးထဲရေထဲ အေးဗျာ ဘာလုပ်စားရင်ကောင်းမလဲမသိပါဘူး ပြောပြောဆိုဆိုနှင့်အိမ်ရှေ့ကွက်ပျစ်ပေါ် ချေပစ်လက်ပစ်ထိုင်လိုက်လေသည်။ ဒါများဗျာ ဘာလုပ်စားမလဲ ကိုမျက်စံရဲ့ ဒီအချိန်ဆို ကောက်ညှင်းပေါင်းကလေးပူပူလေးပေါင်း၊ ငါးခြောက်လေးဆီဆမ်းစားရင် ကောင်း မယ်ထင်တာဘဲ။ စိတ်ထဲကစားချင်တာတွေကိုရွက်ပြလိုက်တော့ ကိုမျက်စေ့ မချိသွားဖြဲပြုံးပြကာ၊ ဘယ့်နှယ့် ကိုယ့်လူ မစ္စတာဂေါက်ရယ်၊ အဲဒါပြောတာမဟုတ်ပါဘူး၊ ဘာစီးပွားရေးလုပ်ရင်ကောင်းမလဲ ပြော တာပါဗျ။ အော် – ဂလိုလား ၊ အင်း ခုတလောတော့ ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိတာနဲ့ အိမ်မှာဘဲကုတ်နေတာ၊ တလော ကမောင်ကျော်ကြီးတော့ စီးပွားရေးကောင်းနေတာနဲ့မေးကြည့်တာ ရန်ကုန်မြို့ပတ်ပြီးတရားခွေတွေလိုက်ရောင်းနေ တယ်ပြောတယ်။ ဟုတ်လား၊ ဘယ်လိုလဲ ပြောဦးဗျ၊ အရောင်တဖျက်ဖျက်တောက်နေသော ကိုမျက်စေ့ရဲ့မျက်လုံးများ ပြူးလာကာ မေးသည်။ [...]
ဘယ်အချိန်လို့ပြောရပါ့
လူတခု ပုမှုရယ်တဲ့ သိန်းတထောင် . အိုမဟုတ်တာ ဆယ်ကုဌေ လုပ်ပါဗျ၊ အိုကွာ ဘာဖြစ် ဖြစ် အတူတူဘဲ။ ခေါင်းရင်းခန်းမှ ဂျာနယ်လစ်အကြီးစား ကြီး ဦးလေးမိုးက ဆေးလိပ်လေး ဖွာရင်းပြောသည်။ ရက်ကွက်ထဲမှာမီးက မှန်တော့ ရေက ပါ နောက်ဆက်တွဲ လိုက်လာသည်။ ဒီလို ည၁၁ နာရီမီးလာချိန်မှာ ရေးထဆွဲရသည့်အလုပ်က တနေ့တာ အချိန်ဇယားထဲ သိသိသာသာ ကြီး ၀င်ရောက်လာပြီးနောက် ညညဆို အိပ်ရေးပျက်ပေါင်းမနဲတော့ပြီ။ ဦးလေးကလဲ ဦးလေး တူ ဘိုဝကို ရေစောင့်ခိုင်းပါလား၊ မနက်ရုံးတက်ရတာတမျိုး ညရေစောင့်ရတာတဖုံ ငါ တော်တော်အိပ်ရေးပျက်တယ် ကွာ၊ ငါ့တူ မင်းသားရူး ဇာတ်ရူးကောင် ဘိုဝ ကလဲ ဘာမှအားကိုရတာမဟုတ်ဘူး၊ အခုလဲကြည့်ဦး ဒီနေ့မီးပျက်လို့ဆိုပြီး ဘယ်မှာ အင်တာနက်သွားသုံး မယ်ဆို [...]
rocket စာမိသွားချင်လား
စကားဆိုတာကလဲ တခါတလေကျရင် နားလည်ရခက်တယ်။ ပြောတုန်းက တော့ရှင်းနေတာဘဲ လုပ်တော့တလွဲ၊ အဲ – တခါတလေကျပြန်တော့လဲ အဲဒါကို ကိုကနားလည်တာတခြား သူက ပြောတာ တခြားနဲ့လိုရင်းမရောက်ဘူး၊ အခုလဲ အဲဒီလို လေးပါဘဲ သူငယ်ချင်းတယောက် ပြောတဲ့အဖြစ်အပျက်လေးပါ။ ပြန်ပြီး ဖောက်သည်ချတာပေါ့ဗျာ။ မောင်မောင်နဲ့ မင်းမင်း နှစ်ယောက်ပေါင်းတော့ မောင်မင်းပေါ့။ အဲဒီမောင်မင်းကြီးသား နှစ်ယောက်က မတည့်အတူနေဆိုတဲ့အတိုင်းဘဲ တယောက်ကိုတယောက်က စကားအတင်စီး မခံ ကြဘူး၊ စကားနိုင်လုနေကြ တာနဲ့ဘဲ အချိန်ကုန်လေ့ရှိတာပေါ့။ မောင်မောင်ဆိုတဲ့သူက အိမ်ကို ကြောက်ရတယ်။ မောင်မောင်က အိမ်ကို အမြဲတမ်း မိုးချုပ်မှပြန်လေ့ရှိပေမယ့် မရမက တော့ အိမ်ကို ပြန်ရတာ ချည်းဘဲ အပြင်မှာ အိပ်တယ်လို့မရှိဘူး။ မင်းမင်းကတော့ ဘယ်လိုဖြစ်ဖြစ်ရတယ်။ တရက်တော့ အဲဒီ နှစ်ယောက်ဟာ ပြသနာ [...]
ကဲဗျာ ပြောနေကြာတယ်
ကဲဗျာ ခုတလော စိတ်ထဲကမှတ်မှတ်ရရလေးတွေကတော့ ကိုညီလင်းဆက်ဘလောက်ကိုတလောကတည်းက ဖတ်ပြီးသဘောကျနေတာကတော့ ကျက်သရေ တုန်းတဲ့လော်စပီကာနဲ့ ရွှေမန်းတင်မောင်ဘယ်တုန်းကသေပေါ့၊ အရင်နေ့က အရမ်း စိတ်ဝင်စားခဲ့တာတော့ Blue lable ဘဲ မင်းယွန်းသစ်ပြောတဲ့ နယူးရီးယားည ( အဲဒီနေ့ စိတ်ပျက်ပျက်နဲ့ကျတော် မစ္စတာဖော့်ရုံးရောက် နေတယ်လေ) စေတန်းဂေါ့တယောက် opean source လုပ်တာ စေတနာပါကြောင်း ၀ီကွီစည်သူကပြော ပြတယ်၊ စီဒီတချပ် ကူးခိုင်းလိုက်တာ စေတန်က သူ့အသဲလေးပုံကိုပါ ထည့်ပြီးပေးလိုက် တယ်တဲ့ ၊ အဲဒါဘဲဗျ ရင်ထဲက ဟာကိုပါ opean source ပေးတဲ့ ကိုးဆယ်တန်လေးရဲ့ စေတနာ ပါဘဲ emobuntu ကိုပြီးတော့မယ်လို့ ကြွေးကြော်ထားတဲ့ မြန်မာ့ အသက်အငယ်ဆုံးသော ဘလောက် ဂါလေး အီမိုရက်ကက် တယောက်တော့ သူ့software တွေ [...]
ပြန်လာပါပြီ
ကျွန်တော်လဲ ကျွန်တော့် ဆိုဒ်ကိုပြင်ဆင်နေတာနဲ့ရော ပွဲအတွက်ပါ ကြောင့် ဘလောက် မရေး နိုင်တာတောင်တော်တော်လေး ကြာခဲ့ပြီ၊ ဒီကြားထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက အများ သားကလား။ ဒါပေမယ့် ကျွန်တော့်ရဲ့ the web show 2008 ကို အောင်မြင်အောင် ၀ိုင်း ၀န်း ပေးကြာတဲ့ ညီအကိုမောင်နှမများကို ဒီကနေ ဘဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ အား လုံးသော ညီအကိုမောင်နှမများနဲ့ မြန်မာပြည်သူများအပေါင်း နှစ်သစ်မှာ ပျော်ရွှင်ကြပါစေဗျာ။ ပွဲသတင်းကိုတော့ ချစ်ညီလေး တိုလီ ကတင်ပြပေးထားတော့ အဲဒီမှာဘဲ ခံစားကြပါနော်။ အားလုံးကိုလေးစားလျက်


Posted in
Tags: 







