ကျွန်တော်တို့ မြန်မာ့စာနယ်ဇင်းများတယ်မြန်ပါတယ်။ မနေ့မှ ၁၀ ရက်နေ့ရှိသေးတယ် ၁၃ ရက်နေ့ထွက်မယ့် ဂျာနယ်ကို ဖတ်လို့ရနေပြီ။ ဘယ်တိုင်းပြည်မှာမှ မတွေ့နိုင်ဘူး။ ဒီလိုသတင်းတွေ ရှေ့ ကနေပြေးနေတာ အဲဒီဂျာနယ်မှာ အခုမှ ဆုံးသွားတဲ့ ဆရာ ပါရဂူရဲ့ ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရတယ်။ အဲဒါကလေးကတော့ တန်ဖိုးရှိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာကြီး ရဲ့နောက်ဆုံး အချိန် နဲ့ ကိုက်ပြီး ပါလာတယ်။ အခုမှ ရေးတာလား အရင်ကတည်းကရေးဖူးတာလား ကျွန်တော်အတိအကျမသိပေမယ့် ဒီဆောင်းပါးလေးအတွက်တော့ ဂျာနယ်ကို ကျေးဇူးတင်တယ်။ ဆောင်းပါးခေါင်းစဉ်က “သင်းကြန်လား၊ သင်းဇာန်လား” တဲ့၊ အခု မြန်မာသင်္ကြန်အကြောင်းကို ရှင်းပြထားတာ။ ကျွန်တော် တသက်လုံး သင်္ကြန်ဆိုတဲ့ ဝေါဟာရကို ပါဠိ ကနေဆင်းသက်လာတဲ့ အခေါ်အဝေါ် တခုလို့ထင်လာခဲ့တာ အခုဖတ်ပြီးမှ သက္ကတ ဘာသာကနေဆင်းသက်လာတယ်ဆိုတာကို [...]
Archive for the ‘ရေးချင်ရာရေး’ Category
ရေမလိုက်ငါးမလိုက်
သောက်လေသောက်လေ ငတ်မပြေတာမနေ့ကမှစခဲ့တာမဟုတ်ဘူး မိုးခါးရေတွေတောင် မိုးခေါင်ရေရှားလို့ အငွေ့ပျံတော့မယ် သူလိုကိုယ်လိုကြားထဲက ပုဆိုးခြုံထဲ လက်သီးမပြချင်တော့။ နံငယ်ပိုင်းနဲ့ လန်ချားဆွဲ သီးစုံကုလားဟင်းရောင်းတဲ့ ပုဏ္ဍားဘကွန်း စီးပွားရေးမှာ ရေခဲရေသည်တောင် risk ရှိတယ်တဲ့ အောင်မြင်မှုအပေါင်းသရဖူဆောင်းဖို့ အပြုံးတုတွေဆင်မြန်းတတ်ရတယ်၊ ဟုတ်လဲဟုတ် မဟုတ်လဲဟုတ် ဟုတ်ကဲ့နဲ့ ကျေးဇူးတင်ပါတယ် ဖောဖောသီသီသုံး ထမင်းတလုပ်ကို ၅ထောင်တန်နဲ့မြောက်စား ပိုက်ဆံထုတ်တွေ တသီကြီးရောက်သွားမယ်တဲ့။ သက်ကြီးစကားသက်ငယ် မကြားနိုင်ဘူး လှိုင်းလွန်ကြိမ်နှုန်းတွေနဲ့ထုတ်လွှတ်တဲ့ ဒီခေတ်မှာ ဖန်ခွက်တခွက်ကို အသံတိတ်ခွဲပြနိုင်ခဲ့။ အက်ဒီဆင်ရဲ့ရှာဖွေတွေ့ရှိမှုအတွက် ကိုလံဘတ်ရဲ့ရှာဖွေတွေ့ရှိမှုအတွက် အလတ်ဇန်းနားဖလန်းမင်းရဲ့ရှာဖွေတွေ့ရှိမှုအတွက် ဘုရားသခင်မှာ မူပိုင်ခွင့်ရှိသလား။ IP knowledge အတွက် ရှေ့နေကောင်းကောင်း ငှားထားဖို့ဘဲလိုတဲ့ခေတ် စာရွက်တွေပေါ်မှာ မင်တချက်စွန်းမသွားတာတောင် ဒေါ်လာသန်းချီပြီး အရှုံးအမြတ် ထွက်သွားမယ့်ခေတ် Ddos တိုက်ခံရဖို့ ဘာမှ ကာကွယ်ထားနိုင်စွမ်းမရှိအောင် ဟာလာဟင်းလင်းနဲ့ခေတ် anonymous power [...]
ဖယောင်းတိုင်တိုတစ်ချောင်း
အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းကျယ်တခုမှာ ဖယောင်းတိုင်တိုတစ်ချောင်းက ကြပ်ခိုးတွေသိုင်းချုံရင်း လဲလျောင်းအိပ်စက်နေတယ်။ တချိန်က သူ့စွမ်းအားတွေက ဘေးတဖက်တချက်စီမှာ အေးခဲကပ်တွယ်။ မှောင်မဲနေပြီး ဒီအမှိုက်တွေကြားထဲမှာ ကြာရှည်စွာလဲလျောင်းနေရတဲ့ ဖယောင်းတိုင်တိုကတော့ တချိန်မှာ ပြန်ပြီးထွန်းလင်းနိုးအချိန်တွေစောင့်စား တဖြည်းဖြည်းနဲ့ ပါးပါးသွားတော့မလား။ ကြာတော့ကြာခဲ့ပြီ ကြာလဲကြာနေပြီ တနေ့မှာတော့ လူတယောက်က အဲဒီအခန်းထဲဝင်လာတယ်။ အမှောင်ထုရဲ့ ရိုက်ပုတ်မှုက သူ့အမြင်ကိုေ၀၀ါးစေတယ်။ ဒါနဲ့သူက အလင်းရောင်တခုကို ဖန်တီးခဲ့ ချင်တယ်။ သူ့မှာ ပါလာတဲ့ မီးခြစ်နဲ့ အခန်းထဲမှာ အလင်းရောင်ရရှိဖို့ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ကြာရှည်မခံဘူး။ အဲဒီအချိန်မှာ သူတစုံတခုကို တက်နင်းမိလို့ အောက်ကိုငုံ့ကြည့်မိတယ်။ ဖယောင်းတိုင် တို တစ်ချောင်းကိုတွေ့သွားတယ်။ မျှော်လင့်ချက်မီးတပွင့်ကို ဒီဖယောင်းတိုင်တိုပေါ်မှာ ကူးညှိလိုက်တယ်။ အလင်းရောင်နောက်ကို သူလိုက်ရင်း သူလိုချင်တာကိုရှာတွေ့သွားခဲ့တယ်။ ပြီးတော့ သူ့ဖယောင်းတိုင်တိုလေးကို မီးငြှိမ်းပြီး ပြန်ပစ်ချထားခဲ့တယ်။ ဖယောင်းတိုလေးကတော့ [...]
တော်လောက်ပါပြီ
မြန်မာမှုပြုတယ် ရှေးကတည်းက ယိုးဒယားရာမ ကစပြီး ပတ်ပျိုးယိုးဒယားဆုံးလို့ မြန်မာမှုပြုလိုက်တဲ့ ယဉ်ကျေးမှုက ရှိခဲ့တယ်။ သူတပါးရဲ့တီထွင်ဖန်တီးမှုကိုကူးယူတယ်ဆိုတာ ရည်ရွယ်ချက်အမျိုးမျိုးလဲရှိတယ်။ ကောင်း ကျိုးဆိုးကျိုးအမျိုးမျိုးဒွေးရောယှက်တင်လို့။ မြန်မာမှုပြုတယ်ဆိုတာ ယဉ်ယဉ်ကျေးကျေးပြောတာ၊ အတုခိုးတယ် ဆိုလဲ နဲနဲ ကောင်းတယ်၊ တကယ်က ခိုးချတာ။ ရှေးတုန်းက လူ့သမိုင်းမှာ နည်းပညာ တွေ ကောင်းကောင်းမတိုးတက်သေးတော့ အတုယူတယ် အတုခိုးတယ်ဆိုတာ မိမိ ဒေသနဲ့ကိုက်ညီမယ့် အနေအထားကို ရောက်အောင် ပေါင်းစပ်ပြီး တင်ပြချင်လို့ လက်ဆင့်ကမ်းချင်လို့ အနုပညာ ပိုင်း မှာ အတတ်ပညာပိုင်းမှာ မြန်မာ့အယူအဆတွေနဲ့ပေါ်လွင်လာဖို့ တိုင်းတပါးက ယဉ်ကျေးမှု အနုပညာနဲ့ ဖန်တီးမှုတွေကို ဆင့်ကမ်းတင်ပြတယ်လို့မြင်တယ်။ သိပ္ပံမောင်ဝလို ခောတ်စမ်းစာပေ အရေး အသားတွေ၊ ရွေဥဒေါင်းရဲ့ ဦးစံရှားတွေဟာ လက်ဆင့်ကမ်းစေချင်ဖို့ မှီငြမ်းခဲ့တာလို့မြင်တယ်။ ဒါက မြန်မာမှုကို မြန်မာဆန်ဆန်ပြုတာ။ [...]
ဓါတ်
ဘာမှမသိရင် ဓါတ် ဖြစ်တာဘဲ တာဘဲ ဘာဆီမှန်းမသိတော့ ဓါတ်ဆီ ဘာရှင်မှန်းမသိတော့ ဓါတ်ရှင် ဘာလုံးမှန်းမသိတော့ ဓါတ်လုံး ဘာအပြားမှန်းမသိတော့ ဓါတ်ပြား ဘာစက်မှန်းမသိတော့ ဓါတ်စက် ဘာမှန်းသေချာမသိတော့ ဓါတ်လိုက်တယ် ဘာပုံမှန်းမသိတော့ ဓါတ်ပုံ ဘာရိုက်မှန်းမသိတော့ ဓါတ်ရိုက် ဘာပွဲမှန်းမသိတော့ ဓါတ်ပွဲ အို ဓါတ် ဓါတ် ဓါတ် ဒီတော့ ဘာကောင်မှန်းမသိရင် ဓါတ်ကောင်ဘဲ ဘာပေါက်မှန်းမသိတော့ ဓါတ်ပေါက်တာဘဲ ဘာတွေလုပ်မှန်းသေချာမသိရင် ဓါတ်ကိုသာ အရှေ့မှာထည့်။ ဓါတ်ဘဲ
ထူးမခြားနားပတ်ပျိုးများ
သိကြမှာ ပါ။ ပတ်ပျိုးယိုးဒယား ဆို ကျွန်တော်တို့ မြန်မာစကားထဲမှာ ထည့်ထည့်သုံးနေတတ်တဲ့ ရင်းနှီးပြီးသားစကား တခုပါဘဲ။ ပတ်ပျိုး တီးတယ်ဆိုတာက ဆိုင်းဝိုင်းကြီးတွေမှာ ပါတဲ့ အလည်ဝိုင်းက ပတ်လုံးလေးတွေကို သာသာယာယာနဲ့အလောတော်လေး တီးခပ်ပေးတဲ့ နားဝင်ပီယံ ကောင်းတဲ့ သံစဉ်တခုပါ။ အဲ… နားဝင်ချိုတယ်ပေါ့။ ဒါပေမယ့် တခါလာလဲ ဒီတီးလုံး၊ တခါလာလဲ ဒီကကွက်နဲ့ အသုံး တော်ခံနေသမျှတော့ ရိုးအီလာယုံတင်မကဘဲ သောက်မြင်ကပ်လာရော။ အရင်က နားဝင်ပီယံပေမယ့် ခဏခဏ လဲကြားလာရော ဒေါသကထွက်လာရော၊ ဘာတီးမယ် ဘယ်လိုကမယ်ဆိုတာ ကလဲ သိနေ၊ တီထွင်ဆန်းသစ်မှုကလဲ မရှိ၊ တခါလာလဲ ဒီလိုဒီလို နဲ့။ တခေါက်လောက် အစမ်းထွင်မယ် ကြံဆမယ်ဆိုတာလေးတွေလဲ ရှိလာဖို့လိုလာပြီလို့ထင်တယ်။ ကျွန်တော်တို့ အိုင်တီ ကဏ္ဍမှာလဲ ထိုနည်းလည်းကောင်းဘဲ၊ ဂျာနယ်တွေ ၊ [...]
3 commects
မနေ့က ရေးထားတဲ့ ပိုစ်နဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ တကယ်က ပါစင်နယ် အတွက်ပါ။ ဒါပေမယ့် အများသူငါ ဖတ်တဲ့အခါမှာ ၀ိဝါဒ ကွဲစရာတွေရှိသွားသလို၊ တိုက်ဆိုင်မှုရှိတဲ့ သူတွေရဲ့ အားပေးမှု တွေနဲ့အတူ ကျွန်တော့်ရဲ့ ကြမ်းတမ်းသော အရေးအသားကြောင့် မိတ်ဆွေများက ပြန်လည် ဖြတ်သိမ်းသင့်ကြောင်း အကြံပေးလာသလို ကျွန်တော်ကိုယ်တိုင်လဲ မသင့်တော်ဘူးထင်တာကြောင့် ပြန် ဖြုတ် လိုက်ပါတယ်။ ဒါပေမယ့် မှတ်ချက်ပေးကြတဲ့ မိတ်ဆွေတွေကို လေးစားမှုဖြင့် ဖြုတ်သိမ်းခြင်းမပြုဘဲ ဒီမှာ ပြန်လည်တင်ပြပေးပါတယ်။ မူရင်းဖတ်လိုသူများ အီးမေးမှတဆင့် တောင်းခံနိုင်ပါတယ်။ လေးစားစွာဖြင့် Author : kom (IP: 220.255.7.158 , 220.255.7.158) E-mail : khinoomay77@gmail.com URL : http://khinoomay77.blogspot.com/ Whois : [...]
အကုစတစ်နဲ့စက္ကုအညစ်
မနေ့က သုဝဏ္ဍအားကစားရုံ (၁) မှာ ဟစ်ဟော့အကော့စတစ် ပွဲကို သွားကြည့်တယ်။ ကျွန်တော်ရယ် ၀က်လေးမင်းယွန်းရယ်၊ ရောင်းသူနဲ့ နီညန်းရယ်။ ဟစ်ဟော့ကို ဝေဖန်တာတော့မဟုတ်ပေမယ့် ပွဲနဲ့ပတ်သတ်တာကိုဝေဖန်ချင်တာ။ အကော့စတစ်(ငယ်ငယ်ကတည်းကခေါ်နေတာ ဒီအသံထွက်ဘဲ) acoustic (အခုတော့ အကုစတစ်ဆိုလား) ပွဲလက်မှတ်က ၅၀၀၀တန်းနဲ့၇၀၀၀ တန်းရှိတယ်။ ပွဲအ၀င်လဲကျရော ၅၅၀၀ ဖြစ်သွားတယ်။ ထားလိုက်တော့ပေါ့။ ဒါနဲ့ နန်းညီက ရေတဘူးဝယ်လိုက်တယ်။ ခြေလှမ်းငါးလှမ်းလောက်လဲရောက်ရော အဲဒီ ရေဘူးကို ယူမရဘူးဆိုပြီး ၀င်ပေါက်မှာပြောတယ်။ ဒါဆို အစကတည်းက အိတ်နဲ့ထည့်ပေးဖို့ ပြောထားသင့်တာ။ ဒါနဲ့ အိတ်အပေါက်ထဲ ရေထည့်မရတာနဲ့ မကုန် ကုန်အောင် လေးယောက်သား ဇွတ် သောက်ပစ်လိုက်ရော။ ရုံထဲဝင်မယ်လဲဆိုတော့ ၀င်ပေါက်မှာ ၅၀၀၀ တန်းက ဒီဘက် ၇၀၀၀ တန်းက ဒီဘက်ဝင် ဆိုပြီးပြောပြန်ရော။ [...]
ယိုးဒယားပိတ္တာကြီး
သရဲတွေ တစ္ဆေတွေအကြောင်း ပြောမလို့မဟုတ်ပါဘူး။ အဲ ဒါပါဘဲ ပိတ်တာကြီးဆိုတာ
ပုံပြင်-၁
ဒီလိုကွဲ့၊ အခုခေတ်လူတွေသုံးနေတဲ့ အရှေ့အနောက်တောင်မြောက်ဆိုတာတွေဟာ ဟိုးရှေးရှေးတုန်းက မရှိကြသေးဘူး။ အခုပြောပြမယ့်အကြောင်းက လူတွေဟာ အရှေ့၊ အနောက်ဆိုတာ ကိုဘဲ သိသေးတဲ့အချိန် ပေါ့ကွယ်။ အဲဒီလို ဟိုးရှေးရှေးတချိန်တုန်းက ကမ္ဘာပေါ်မှာ လူဝံ၊၀က်ဝံ၊မြောက်ဝံနဲ့တောင်ဝံ ဆိုတာရှိကြတယ်တဲ့။ အခုပြောမယ့်ဝံကောင်တွေထဲက တောင်ဝံဆိုတာ အခုတော့ မျိုးသုန်းပျောက်ကွယ်သွားရှာပြီပေါ့ကွယ်။ အဲဒီလို ၀ံလေးမျိုးဟာ ကမ္ဘာ့အနှံအပြားမှာ ရှင်သန်နေထိုင်ကြတယ်တဲ့။ တောင်ဝံဆိုတဲ့ကောင်ဟာ တောင်တွေပေါ်မှာနေတာဖြစ်ပြီး အရမ်းကိုလှပတဲ့ အသွင်အပြင်ရှိပြီး အမွှေးရောင်ကလဲ ငွေရောင်ဖြူဖြုလွှလွှလေးတွေ နဲ့အရမ်းလှပသတဲ့။ သူတို့တွေဟာ လှပတဲ့အသွင်အပြင်ရှိတာကြောင့် မြောက်ဝံလို မလှမပကောင်တွေဟာ အမြဲရန်ပြုတိုက်ခိုက်ကြတာကြောင့် မြောက်ဝံနဲ့တောင်ဝံဆိုတာ တကယ့်ရန်ဘက်ဖြစ်ခဲ့ကြတယ်တဲ့။ တချိန်မှာတော့ အရမ်းအရုပ်ဆိုးလှတဲ့ မြောက်ဝံတကောင်နဲ့ အရမ်းလှပတဲ့ တောင်ဝံမလေးတကောင်ဟာ တဦးကိုတဦး ချစ်ကြိုက်သွားကြတယ်တဲ့။ ဒါနဲ့ပြောဖို့မေ့သွားလို့ နော်၊ အဲဒီအချိန်တုန်းက မြောက်ဝံရော တောင်ဝံရော အခြားသတ္တ၀ါတွေအားလုံး ဟာ လူတွေနဲ့စကား ပြောနိုင်ကြတယ်ဆိုတာလေ။ [...]


Posted in
Tags: 







