Archive for the ‘အတွေ့အကြုံ’ Category

အကုစတစ်နဲ့စက္ကုအညစ်

မနေ့က သုဝဏ္ဍအားကစားရုံ (၁) မှာ ဟစ်ဟော့အကော့စတစ် ပွဲကို သွားကြည့်တယ်။ ကျွန်တော်ရယ် ၀က်လေးမင်းယွန်းရယ်၊ ရောင်းသူနဲ့ နီညန်းရယ်။ ဟစ်ဟော့ကို ဝေဖန်တာတော့မဟုတ်ပေမယ့် ပွဲနဲ့ပတ်သတ်တာကိုဝေဖန်ချင်တာ။ အကော့စတစ်(ငယ်ငယ်ကတည်းကခေါ်နေတာ ဒီအသံထွက်ဘဲ) acoustic (အခုတော့ အကုစတစ်ဆိုလား) ပွဲလက်မှတ်က ၅၀၀၀တန်းနဲ့၇၀၀၀ တန်းရှိတယ်။ ပွဲအ၀င်လဲကျရော ၅၅၀၀ ဖြစ်သွားတယ်။ ထားလိုက်တော့ပေါ့။ ဒါနဲ့ နန်းညီက ရေတဘူးဝယ်လိုက်တယ်။ ခြေလှမ်းငါးလှမ်းလောက်လဲရောက်ရော အဲဒီ ရေဘူးကို ယူမရဘူးဆိုပြီး ၀င်ပေါက်မှာပြောတယ်။ ဒါဆို အစကတည်းက အိတ်နဲ့ထည့်ပေးဖို့ ပြောထားသင့်တာ။ ဒါနဲ့ အိတ်အပေါက်ထဲ ရေထည့်မရတာနဲ့ မကုန် ကုန်အောင် လေးယောက်သား ဇွတ် သောက်ပစ်လိုက်ရော။ ရုံထဲဝင်မယ်လဲဆိုတော့ ၀င်ပေါက်မှာ ၅၀၀၀ တန်းက ဒီဘက် ၇၀၀၀ တန်းက ဒီဘက်ဝင် ဆိုပြီးပြောပြန်ရော။ [...]

Pattaya

ကိုယ့် ပြည်တွင်းက ကမ်းခြေတွေအကုန်စုံအောင်မရောက်ဖူးပါဘူး။ ဒီတခါတော့ သူငယ်ချင်းတွေ အဲအေးရှားလက်မှတ် ဈေးကျတာနဲ့ စုပေါင်းစပ်ပေါင်းပြီး ပတ်တ္တရား ကမ်းခြေကို ရောက်ခဲ့ကြတယ်။ ရှိတဲ့ သူက များများစိုက် ပေါ့ ၊ အခြေအနေ အရ သိပ်တော့ နေရာများများမသွားနိုင်ပေမယ့် ပတ္တရား ကမ်းခြေ နဲ့ ခပ်လှမ်းလှမ်းက ကျွန်းတကျွန်းပေါ်ကို ရောက်ခဲ့တယ်။ အဲဒီကို သွားတော့မှဘဲ ပတ္တရား ဘယ် လောက် ကျယ်တယ် လှတယ်ဆိုတာ သိရတော့တယ်။ ကျွန်တော်တို့ သွားတဲ့ ကျွန်းက ခန့်မှန်းခြေ အရ ကမ်းမကြီးကနေ ၅ မိုင်ထက်မနဲတော့ဝေးတယ်။ အဲဒီကျွန်းကို သွားဖို့ အတွက် speed boat ကို အဖွဲ့လိုက်စီးလုံး ငှားစီးတာ အသွားအပြန် ဘတ် ၃၀၀၀ လောက်ကျတယ်။ မြန်မာငွေ [...]

စားကြဦးမလား ကိုရီးယား

ဗိုက်ဆာဆာနဲ့ဘဲ တင်လိုက်ပါတယ်။ သုံးဆောင်ကြပါဦး

Bounty Hunter

ဒီကားလေးကို ဘန်ကောက်ရောက်တုန်း အချိန်အဆင်ပြေတာနဲ့ ၀င်ကြည့်ဖြစ်ပါတယ်။ အချိန်က ည ၈ ခွဲပွဲ လေ။ ညဈေးတွေလျောက်သွားချင်တာနဲ့ အချိန်ဖြုန်းလိုက်တာ။ ပထမတော့ သိပ်ကောင်း မယ် မထင်ဘူး။ နောက်တော့မှ အချစ်ဟာသ ဇတ်မြူးလေးတခုဆိုတာတွေ့တယ်။ စိတ်ထားကောင်းပြီး လောင်းကစားမက်တဲ့ ရဲ တဦးနဲ့ အရမ်းတက်ကြွတဲ့သတင်းထောက်မလေးတဦးရဲ့ အိမ်ထောင်ရေး အဆင်မပြေမှု ကို နောက်ခံထားပြီး တယောက်ကိုတယောက် သံယောဇဉ်တွေ ရှိလျက်နဲ့အယူအဆတွေကြောင့်ကွဲလွဲ နေတဲ့ အလွဲတွေကို ဟာသဆန်ဆန်ရိုက်ပြထားပြီး ကွဲအက်နေတဲ့အိမ် ထောင်ရေး က ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာ ဆက်လက်ရှုစားဖို့တော့လိုမယ်နော်။ မကြာခင်ရန်ကုန်မှာ ရုံတင်မတင်တော့မပြောတတ်ဘူး။ ရန်ကုန်ပရိတ်သတ် ကြိုက်လောက်မယ်တော့ထင်ပါတယ်။ ဒီဇတ်လမ်းလေးကို Andy Tennant က ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Gerard Butler နဲ့ နာမည်ကြီးမင်းသမီး Jennifer Aniston [...]

ပါတီများအကြောင်း

တမျိုးတော့မထင်နဲ့ဗျာ၊ ကျွန်တော်ပြောမယ့်ပါတီက ပျော်ပွဲရွှင်ပွဲပြောတာ။ ရန်ကုန်နဲ့မတူတဲ့ အနေအထားနဲ့ ပတ်ဝန်းကျင် တွေကြောင့် ဘန်ကောက်ရောက်တိုင်း ဒေသအခေါ် disco တွေ ဆီကို ချေ လှမ်း တတ်တယ်။ အခု ရောက်ခဲ့တဲ့ နေရာတွေမှာ လဲ မတူညီတဲ့ စွဲဆောင်မှုတွေရှိတယ်။ ၂၉ ရက်နေ့ကတော့ ဘန်ကောက်ရဲ့ညပွဲတော်ကြီးပေါ့။ ကာဖျူး ရုတ်သိမ်းလိုက်တော့ အားလုံး အတိုးချပြီး ပျော် ကြတာကိုတွေ့တယ်။ ထိုင်းတွေအစ နိုင်ငံခြားသားတွေအဆုံးပေါ့။ ညမအိပ်တဲ့မြို့ကြီး အခုမှ တရေးပြန်နိုးလာတယ်။ ကျွန်တော့် သူငယ်ချင်းပြောတဲ့ စကား ပြန်ပြောပြမယ်။ “Tonight is perfect and every night is good night” လို့ Mike ကပြောတယ်။ ဟုတ်ပါတယ် ဒီညတွေဟာ အမြဲတမ်း အကောင်းဆုံးမျှော်လင့်လို့ရတဲ့အနေအထားဖြစ်တယ်ဆိုတာကို [...]

ချိုချိုက အီတယ်လား :)

Ang Pilipinas pagkain nito very sweet at mas mag-atas na kung bakit hindi ko kumain ng anymore: (

စိန်ပန်းပြာလေနုအေးနဲ့ just

I had to right at Taunggyi March 12, 2010 for one of open seminar as IT, the “ICT: Breaking the barriers” its the title of our seminar. E-rider was the name of our team the first seminar and the first trip of  this team. We found the great opportunity on Taunggyi for ICT layer. Many [...]

ပါဖောင်းမန့်ပြဿနာ – ၂

တကယ်တော့ ကျွန်တော်တို့အနေနဲ့ ဒီဈေးကွက်အကြောင်း သိဖို့ဆိုတာထက် ကိုယ်ကလဲ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာ လဲရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ နိုင်ငံတကာမှာတိုးတက် နေတဲ့ ဒီဘက်ခေတ်ကြီးမှာ ပိုလို အပ်တာကတော့ အခွင့်အလမ်းဘဲ၊ စီးပွားရေးအခွင့်အလမ်း၊ နည်းပညာအခွင့်အလမ်းစတဲ့ အကြောင်းအရာတွေ အတွက် တော်တော်လေး ကျွန်တော်တို့မျက်ချေမပြတ်သွားကြရတယ်။ အခုဖြစ်နေတာလဲ အခွင့်အလမ်း တခုဘဲဖြစ်မယ်ထင်ပါတယ်။ ဒီတော့ ဒါဟာ software လောကအတွက်တော့ တကယ့်အခွင့်အလမ်းတခုပါဘဲ။ ၀မ်းသာစရာကောင်းပေမယ့် ကိုယ့်ဘက်ပိုင်းကို ပြန်ကြည့်လိုက်တော့ အားနည်းချက်တွေ အများအပြား တွေ့နေရတယ်။ ပြည်တွင်း software လိုအပ်ချက်ကို ပြည့်မှီအောင် လုပ်နိုင်စွမ်း ရာနှုန်းပြည့်ရှိပါတယ်လို့ ကျွန်တော်တို့ ကိုယ်တိုင်အာမခံနိုင်တဲ့အနေအထားရှိမရှိဆန်းစစ်ဖို့လဲ လိုပါတယ်။ တကယ့် အကျိုးအမြတ် အများ အပြားကို ဖော်ဆောင်ပေးမယ့်ဈေးကွက်ကြီးဟာ ပြင်ပမှာရှိနေပြီး လုပ်သားစွမ်းအင်အများစုဟာ ပြည်တွင်းမှာ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီအင်အားတွေကိုလက်တွေ့အသုံးချနိုင်အောင် ဖော်ဆောင်ရာမှာ လက်ရှိ [...]

ပါဖောင်းမန့်ပြဿနာ

Software & Solutions ပြပွဲအတွက် ဘန်ကောက်မသွားခင်ကတည်းက ကိုသောင်းစုငြိမ်းတို့ ပြောထားတာနဲ့သိနှင့်ပြီးပါပြီ။ ဒါပေမယ့် ကိုယ့်အဖွဲ့တွေက ဘာတွေပြမယ်ဆိုတာ သေချာစုစည်းထားရတာ မရှိသေး သလို တယောက်နဲ့တယောက်မတွေ့တာကလဲ အခက်အခဲတခုဖြစ်သွားတာနဲ့ ပြပွဲရက်နီးလာတာနဲ့အမျှ စိတ်တော့နဲနဲပူလာမိတယ်။ ဘယ်လိုတွေ ပြကြမယ်ဆိုတာပေါ့။ ၂၄ ရက်နေ့ကတော့ IM ရုံးကို သွားပြီး အခန်းအတွက်စုံစမ်းသေးတယ်။ ကိုသောင်းစုငြိမ်းကို ဖုံးလဲဆက်မရ၊ သူလဲ အဲဒီပွဲအတွက်အလုပ်ရှုပ်နေတာနဲ့ သေသေချာချာ ဘယ်နေရာလဲ ဆိုတာ မသိရပေမယ့် အခန်း ၂ခန်းစီစဉ်ပေးထားတယ်ဆိုတာ ကိုတော့ သိခဲ့ရတယ်။ အဲဒီအချိန်အထိ ကိုယ်ပြမယ့် အကြောင်းအရာက SPIP နဲ့ ကိုကိုရဲ လုပ်နေတဲ့ Ubantu ၂ မျိုးဘဲ၊ ဒီထက်ကို တက်မလာသေးဘူး။ ကိုညင်းဆက်ကလဲ ချင်းမိုင်က ပြန်မလာသေးသလို သူ ဘယ်လိုပြမယ်ဆိုတာလဲ မသိရသေးတာနဲ့ [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice