မနေ့က မြန်မာအိုင်စီတီပတ်ထဲမှာ ပြပွဲလုပ်နေတဲ့ မြန်မာကိုရီးယား အိုင်စီတီရှိုး ( Myanmar-Korea ICT Show) ကိုသွားတယ်။ ကိုရီးယား ပြခန်းတခုဘဲ တွေ့တယ်။ ကွန်ဖန့်ဟောမှာ တော့ဘာ တွေလုပ်တယ်မပြောတတ်ဘူး။ မအားတဲ့ကြားထဲက လာလိုက်တာဆိုတော့ မရောက်လိုက်တော့ဘူး။ ကျန်တဲ့ပြခန်းတွေကတော့ မြန်မာပြည်က ပြခန်းတွေဘဲ၊ သုံးရက်လုပ်မှာတဲ့ လာတဲ့လူကတော့ ခြောက်တီးခြောက်ကပ်ဘဲ။ သတင်းစာထဲမှာ ရေးထားတာတွေ့ တော့ Korea company တွေကလာပြတဲ့ နောက်ဆုံးပေါ်နည်းပညာတွေဆိုလို့လေ။
ဒီလိုဘဲ ဟိုနိုင်ငံက ပြပွဲ ဒီနိုင်ငံက ပြပွဲဆိုတာင်း ပြည်တွင်းလုပ်ငန်းတွေကလိုက်ပြရ၊ နောက်တော့ဘာမှလဲမဟုတ်၊ ဈေးရောင်းပွဲတွေကလဲ စိတ်စိတ်ကလေးနဲ့ ဒိတ်ဒိတ်ကျဲ ရောင်းချနေလိုက်တာ လိုက်ကို မမှီတော့ဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေလဲ ဖတ်ဖတ်မော၊ ကျွန်တော်တို့လို အိုင်စီတီ တိုးတက်ပြန့်ပွားရေးဟောပြောပွဲလေးတွေ လှုပ်ရှားမှုလေးတွေက ဒီပွဲတွေစိတ်နေတာနဲ့ လုပ်ငန်းရှင်တွေက ဘတ်ဂျက် တွေကြပ်နေတာနဲ့ ထောက်ပံ့မှုမပေးနိုင်။ [...]
Archive for the ‘အတွေ့အကြုံ’ Category
Nobody, Nobody
ကျွန်တော် Facebook ကိုသုံးနေရသောအကြောင်းရင်း
မနက် အိပ်ရာက ထလို့ အင်တာနက်သုံးပြီဆိုတာနဲ့ facebook and gmail က ချက်ခြင်းဖွင့်ဖြစ်တဲ့ ဆိုဒ် ၂ ခုဘဲ။ မေးကတော့ လုံးဝကို လိုအပ်တဲ့ ကျွန်တော့် ရဲ့ အဆက်အသွယ်နဲ့အလုပ်ကိစ္စတွေ အတွက် တခုတည်းသော ဆက်သွယ်ရန် ဖြစ်လို့ သူ့ကို မှီခိုမှုက တကယ့်ကို ပုံမှန် ဖြစ်လွန်းနေတယ်။ facebook ကျတော့ အရင်ဆို blog မှာ ရေးပြီး တင်နေတဲ့ အလေ့အထကနေ သူငယ်ချင်း ဘယ်သူ တွေ ဘာတွေလုပ်နေတယ်။ သူတို့ ဘယ်ကိုသွားကြတယ် ဘာကိုစားကြတယ်ဆိုတာ နေရာအနှံ့က သူငယ်ချင်းမိတ်ဆွေတွေရဲ့ အချက်အလက်တွေကို သိချင်တဲ့ စပ်စုချင်တဲ့ လူ့သဘောက မနေနိုင် မထိုင် နိုင်နဲ့ သွားကို သွားသုံးဖြစ်နေတယ်။
အရင်ဆို blog မှ [...]
စားပြီးနားမလည်
စားတိုင်းသောက်တိုင်းတော့ တော်တော်များများပုံတွေရိုက်ဖြစ်တယ်။ မတင်ဖြစ်တာလဲ အများကြီးပါဘဲ။ အခု တလောလဲစားသောက်တာများနေတော့ ပုံတွေ များနေပြီ။ ဒီတော့ ရွေးထုတ်ပြီး တင်လိုက် တာပါ။ ဗိုက်ဆာတဲ့အခါ ကြည့်ရတာပေါ့။ အချို့စားစရာတွေက စားသာစားလိုက်တယ် နာမည်ဘယ်လိုခေါ်မှန်းလဲမသိဘူး။ ဒါကြောင့်စားပြီးနားမလည်လို့ ဒီပိုစ်ကို အမည်တပ်လိုက်တယ်။
အာလူးထောင်း ကအကြိုက်ဆုံး အစားအစာတွေထဲမှာပါတယ်။ အဲဒီကိုရောက်တိုင်းအမြဲစားဖြစ်တဲ့ အစားအသောက်တခုပေါ့။
အဲဒီရေခဲမုန့်တော့ တော်တော်လေးသဘောကျတယ်။ ဈေးကလဲ တန်တယ် စားလို့လဲကောင်းတယ်။ စားနေရင်းသတိရတာနဲ့ လက်တဖက်နဲ့အမြန်ရိုက်ထားလိုက်တာ
ဒီငါးအသားလွှာကို မုန့်နှစ်ပါးပါးနဲ့ အကြွတ်ကြော်ထားပြီး ငရုတ်သီးဆီသတ်လှိမ့်ထားတာလဲ တော်တော်လေးအရသာရှိတယ်။ အဲဒါမျိုးကို ဖိလစ်ပိုင်မှာတုန်းကလဲ စားဖူးတယ်။ ဒါပေမယ့် ဒါကပို စပ်တယ်လို့ ထင်ရတယ်။
အကြွတ်ကြော်စားတဲ့အထဲမှာ ကြက်သားဘဲဖြစ်ဖြစ် ၀က်သားဘဲဖြစ်ဖြစ် စားလို့မရဘူး၊ သွားကြားညပ်လို့လေ၊ အပေါ်က ဟင်းလဲ သိပ်တော့မစားဖြစ်ဘူး ။
အခုကြက်ကြော်တွေက ထိုင်းမှာတော့ စားရအဆင်ပြေတဲ့ [...]
ပြန်ရေးကြည့်ပါ
ကျွန်တော်တို့ Facebook ပေါ်ကာစက သိပ်မသုံးဖြစ်ကြဘူး။ သူလိုကိုယ်လိုဘဲ။ အရင် friendstar တို့ Hi5 တို့တွေကို လဲ ထိုနည်းလည်းကောင်းဘဲ သိပ်မသုံးဖြစ်ဘူး။ နောက်တော့ သူငယ်ချင်း တော် တော်များများက facebook ကိုသုံးလာကြတော့ ကိုယ်လဲ မနေနိုင်ဘဲ သုံးဖြစ်လာတယ်။ ပထမတော့ အဲဒီက ဂိမ်းလေးတွေကို ကစားချင်တာလဲပါတယ်။ နောက်တော့လဲ ကွန်နက်ရှင် ကြောင့် သိပ်မကစား ဖြစ်တော့ပြန်ဘူး။
နောက်တခုက twitter။ သူ့ကိုလဲ ယနေ့အထိ အချိန်တော်တော်များများဟာ မ၀င်ဖြစ်ဘူး။ အဲဒီတခါဝင်မယ်ဆိုတိုင်း ပတ်စဝေါ့ ပြန်ပြန်တောင်းရတယ်။ ဒီလောက်အထိ စိမ်းစိမ်းကားကားဖြစ်ခဲ့တာ။ အခုတော့ သူ့ကို ပြန်သုံးမလားစဉ်းစားမိပါတယ်။
ဒါပေမယ့် facebook ကိုသုံးဖြစ်တော့ နေ့တိုင်းလိုလိုဝင်ဖြစ်တယ်။ အရင်လိုလဲ ကိုယ့်ဘလောက်မှာကိုယ်စာသိပ်မရေးဖြစ်တော့ဘူး။ လူ့သဘာဝအရ အာလ္လပ သလ္လာပ တွေနဲ့ တော်တော်လေး အချိန် [...]
blog times ပြန်လာပြီ
ကျွန်တော်တို့ရဲ့ နာမည်ကြော်ထွား လူကြိုက်များခဲ့တဲ့ တချိန်က ဘလောက်ဂါလောကမှာ ဖလန်းဖလန်းထအောင် နာမည်ရခဲ့တဲ့ ဘလောက်တိုင်း(Blog Times Journal)ဂျာနယ်ရှော်ကြီးအား။ အယ်ဒီချာ မင်းယွန်းသစ်(မေမေ့မေတ္တာ) မှပြန်လည်ထုတ်ဝေမည်ဖြစ်ပါသည်။ အဲဒီတာရှုပ် မောင်ဂေါက်၊ သတင်းထောက်ရှုပ် ဘာညာ၊ ဒီဇိုင်း နီညန်း၊ မာကတင် မန်နေချာ ရောင်းသူ တို့မှ ဂျာနယ်ရှော်ကြီး အားချောမွေ့ညီညာစွာ ထုတ်ဝေမည်ဖြစ်ပြီး စာမျက်ခွက် ပိုများဝေေ၀ဆာဆာဖြင့် မျက်မှောက်ခေတ် ဘလောက်ရေးရာ များစွာကို မဟုတ်မဟတ် လုပ်ဇာတ်များဖန်တီးတင်ဆက်သွားမှာဖြစ်ပါတယ်။
အကုစတစ်နဲ့စက္ကုအညစ်
မနေ့က သုဝဏ္ဍအားကစားရုံ (၁) မှာ ဟစ်ဟော့အကော့စတစ် ပွဲကို သွားကြည့်တယ်။ ကျွန်တော်ရယ် ၀က်လေးမင်းယွန်းရယ်၊ ရောင်းသူနဲ့ နီညန်းရယ်။ ဟစ်ဟော့ကို ဝေဖန်တာတော့မဟုတ်ပေမယ့် ပွဲနဲ့ပတ်သတ်တာကိုဝေဖန်ချင်တာ။ အကော့စတစ်(ငယ်ငယ်ကတည်းကခေါ်နေတာ ဒီအသံထွက်ဘဲ) acoustic (အခုတော့ အကုစတစ်ဆိုလား) ပွဲလက်မှတ်က ၅၀၀၀တန်းနဲ့၇၀၀၀ တန်းရှိတယ်။ ပွဲအ၀င်လဲကျရော ၅၅၀၀ ဖြစ်သွားတယ်။ ထားလိုက်တော့ပေါ့။ ဒါနဲ့ နန်းညီက ရေတဘူးဝယ်လိုက်တယ်။ ခြေလှမ်းငါးလှမ်းလောက်လဲရောက်ရော အဲဒီ ရေဘူးကို ယူမရဘူးဆိုပြီး ၀င်ပေါက်မှာပြောတယ်။ ဒါဆို အစကတည်းက အိတ်နဲ့ထည့်ပေးဖို့ ပြောထားသင့်တာ။ ဒါနဲ့ အိတ်အပေါက်ထဲ ရေထည့်မရတာနဲ့ မကုန် ကုန်အောင် လေးယောက်သား ဇွတ် သောက်ပစ်လိုက်ရော။ ရုံထဲဝင်မယ်လဲဆိုတော့ ၀င်ပေါက်မှာ ၅၀၀၀ တန်းက ဒီဘက် ၇၀၀၀ တန်းက ဒီဘက်ဝင် ဆိုပြီးပြောပြန်ရော။ [...]
Pattaya
ကိုယ့် ပြည်တွင်းက ကမ်းခြေတွေအကုန်စုံအောင်မရောက်ဖူးပါဘူး။ ဒီတခါတော့ သူငယ်ချင်းတွေ အဲအေးရှားလက်မှတ် ဈေးကျတာနဲ့ စုပေါင်းစပ်ပေါင်းပြီး ပတ်တ္တရား ကမ်းခြေကို ရောက်ခဲ့ကြတယ်။ ရှိတဲ့ သူက များများစိုက် ပေါ့ ၊ အခြေအနေ အရ သိပ်တော့ နေရာများများမသွားနိုင်ပေမယ့် ပတ္တရား ကမ်းခြေ နဲ့ ခပ်လှမ်းလှမ်းက ကျွန်းတကျွန်းပေါ်ကို ရောက်ခဲ့တယ်။ အဲဒီကို သွားတော့မှဘဲ ပတ္တရား ဘယ် လောက် ကျယ်တယ် လှတယ်ဆိုတာ သိရတော့တယ်။ ကျွန်တော်တို့ သွားတဲ့ ကျွန်းက ခန့်မှန်းခြေ အရ ကမ်းမကြီးကနေ ၅ မိုင်ထက်မနဲတော့ဝေးတယ်။ အဲဒီကျွန်းကို သွားဖို့ အတွက် speed boat ကို အဖွဲ့လိုက်စီးလုံး ငှားစီးတာ အသွားအပြန် ဘတ် ၃၀၀၀ လောက်ကျတယ်။ မြန်မာငွေ [...]
စားကြဦးမလား ကိုရီးယား
ဗိုက်ဆာဆာနဲ့ဘဲ တင်လိုက်ပါတယ်။ သုံးဆောင်ကြပါဦး
Bounty Hunter
ဒီကားလေးကို ဘန်ကောက်ရောက်တုန်း အချိန်အဆင်ပြေတာနဲ့ ၀င်ကြည့်ဖြစ်ပါတယ်။ အချိန်က ည ၈ ခွဲပွဲ လေ။ ညဈေးတွေလျောက်သွားချင်တာနဲ့ အချိန်ဖြုန်းလိုက်တာ။ ပထမတော့ သိပ်ကောင်း မယ် မထင်ဘူး။ နောက်တော့မှ အချစ်ဟာသ ဇတ်မြူးလေးတခုဆိုတာတွေ့တယ်။ စိတ်ထားကောင်းပြီး လောင်းကစားမက်တဲ့ ရဲ တဦးနဲ့ အရမ်းတက်ကြွတဲ့သတင်းထောက်မလေးတဦးရဲ့ အိမ်ထောင်ရေး အဆင်မပြေမှု ကို နောက်ခံထားပြီး တယောက်ကိုတယောက် သံယောဇဉ်တွေ ရှိလျက်နဲ့အယူအဆတွေကြောင့်ကွဲလွဲ နေတဲ့ အလွဲတွေကို ဟာသဆန်ဆန်ရိုက်ပြထားပြီး ကွဲအက်နေတဲ့အိမ် ထောင်ရေး က ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာ ဆက်လက်ရှုစားဖို့တော့လိုမယ်နော်။ မကြာခင်ရန်ကုန်မှာ ရုံတင်မတင်တော့မပြောတတ်ဘူး။ ရန်ကုန်ပရိတ်သတ် ကြိုက်လောက်မယ်တော့ထင်ပါတယ်။
ဒီဇတ်လမ်းလေးကို Andy Tennant က ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Gerard Butler နဲ့ နာမည်ကြီးမင်းသမီး Jennifer Aniston က [...]
ပါတီများအကြောင်း
တမျိုးတော့မထင်နဲ့ဗျာ၊ ကျွန်တော်ပြောမယ့်ပါတီက ပျော်ပွဲရွှင်ပွဲပြောတာ။ ရန်ကုန်နဲ့မတူတဲ့ အနေအထားနဲ့ ပတ်ဝန်းကျင် တွေကြောင့် ဘန်ကောက်ရောက်တိုင်း ဒေသအခေါ် disco တွေ ဆီကို ချေ လှမ်း တတ်တယ်။ အခု ရောက်ခဲ့တဲ့ နေရာတွေမှာ လဲ မတူညီတဲ့ စွဲဆောင်မှုတွေရှိတယ်။ ၂၉ ရက်နေ့ကတော့ ဘန်ကောက်ရဲ့ညပွဲတော်ကြီးပေါ့။ ကာဖျူး ရုတ်သိမ်းလိုက်တော့ အားလုံး အတိုးချပြီး ပျော် ကြတာကိုတွေ့တယ်။ ထိုင်းတွေအစ နိုင်ငံခြားသားတွေအဆုံးပေါ့။ ညမအိပ်တဲ့မြို့ကြီး အခုမှ တရေးပြန်နိုးလာတယ်။ ကျွန်တော့် သူငယ်ချင်းပြောတဲ့ စကား ပြန်ပြောပြမယ်။ “Tonight is perfect and every night is good night” လို့ Mike ကပြောတယ်။ ဟုတ်ပါတယ် ဒီညတွေဟာ အမြဲတမ်း အကောင်းဆုံးမျှော်လင့်လို့ရတဲ့အနေအထားဖြစ်တယ်ဆိုတာကို [...]


Posted in
Tags:








