Archive for the ‘အမှတ်ရကဗျာ’ Category

ကိုတက်ကြီးမွေးနေ့မနိုင်းနဲ့ ခဏ အမှတ်တရ

နားရွက်က ကားကား။ လူကခပ်ပုပု။ ဘီယာသိပ်ကြိုက်တယ်( အရက်လဲမရှောင်ပါ)။ မျက်မှန်လေးနဲ့  ။ မူးလာပြီဆို စွန့်စားခန်းတွေ ၀ါသနာထုံတဲ့ ဘော်ဒါကြီးတစ်ယောက်ရှိခဲ့တယ်။ ရှမ်းကိုးမီး ကစားရင် သိပ်လဒ်ကောင်း တဲ့သူ။ အဲဒါ ကျွန်တော့်ရဲ့တက်လော့ဟုန်း ၊ ကိုရင်တက်စလာကြီးဘဲပေါ့
မနှစ်က ဒီလိုနေ့မျိုးမှာ ကျွန်တော်ခင်တဲ့ လေးစားတဲ့ မနိုင်းနိုင်းနဲ့အပြင်မှာစပြီး  ဆုံဖြစ်ခဲ့ကြတယ်။ ပျော် ခဲ့ကြတယ်။ အဲဒီနေ့ညနေမှာတော့ မွေးနေ့ရှင် ကိုတက်ကြီး ကမနိုင်းနဲ့ပေါင်းပြီး ကျွန်တော်တို့ကိုဘီယာတိုက်တယ်။ ဒီနှစ်လဲ ဒီလိုလေးပါဘဲ။ မနေ့က မနိုင်းနိုင်းနဲ့တွေ့ဖြစ်ကြတယ်။ အမှတ်တရပါဘဲ။ မနိုင်းတိုက်တဲ့ ဘီယာတွေကို မနေ့က ည၁နာရီအထိ သောက်ခဲ့ကြတယ်။ မွေးနေ့ရှင်ကိုတက်ကြီးကို လဲသတိတရနဲ့ပေါ့။ သူလဲ ဘီယာ ကြိုက်တယ်လေ။ ဒီနှစ်မှာ လူမစုံပေမယ့်နောက်နှစ်တွေမှာ မွေးနေ့ရှင်ကြီးနဲ့ ပျော်ရွှင်စရာ မွေးနေ့ကို သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး [...]

ငါငိုပါရစေ

်လွမ်းတယ်ကွယ်၊ ဟိုးကောင်းကင်ထက်လင်းလက်လက်ကြယ် တိမ်ဆိုင်တွေကြားခရီးသွားရင်း ဒေသသစ်ရှာနင်လဲရင်ခွင်သစ်ရှာနေပြီလား။
သတိရတယ်ကွယ်ဥသြငှက်ရဲ့ ရင်ကွဲသံစဉ်ကြားနင်ထားရစ်ခဲ့ အလွမ်းများပြန်ရလေမလားအတွေးနဲ့တမ်းတမ်းတတ မျှော်နေမိပါရဲ့။
နှောင်ကြိုးတွေနဲ့ချည်ထုံးခံလိုက်ရတဲ့ ငါ့အသဲ၊သံယောဇဉ်ထားလဲ မမြဲခဲ့ပါဘူးမျက်ရည်ကကြိုးနဲ့ အသဲကွဲသံစဉ်အဖော်မဲ့လွင်ပြင် မှာတိုးတိတ်ရွက်ဆို ငါငိုငါရစေ နင်နားလည်ပေးမယ်ဆို ငါငိုချင်တယ်ကွာ။ ။ ။

ပြဌာန်းချက်

ပူလောင်တက်မက်မှု့မျက်လုံးတွေနဲ့နှလုံးသားကိုညာနေတာရွံတယ်။
ကပျစ်ကညစ်နေတတ်ခဲ့ပေမယ့်ချစ်ခြင်းမေတ္တာကို ကပျက်ကချော်မလုပ်တက်ခဲ့ဘူး။
ဘ၀က ကသီလင်တနိုင်ပေမယ့်အချစ်ဆိုတဲ့ကောင်ကို ကျကျနန မွေးမြူထားတဲ့ကောင်ပါ။
ပုပ်သိုးခဲ့တဲ့ရက်ဆွဲတွေမှာလဲအလွမ်းတွေထောင်း လမောင်းကြေလို့အချစ်၊ အလွမ်း ကလွဲပြီးဘာမှမသိတဲ့ နလပိန်းတုန်းကောင်ပါ။
ထီပေါက်မဲ့ကံတရားကိုယုံကြည်မျှော်လင့်လို့ရတယ်။ငါ့ချစ်ခြင်းကအဖွင့်မှာရင်ကြိုးခဲ့ရတဲ့အဖြစ်။
နည်းနည်းစီချကျွေးနေတဲ့ကုသိုလ်ကံတရားလေးပေါ်မှာဘဲငါက ရသေ့စိတ်ဖြေ နေခဲ့ရသူလေ။ ။ ။

အတ္တ

အတ္တအား– သယ်ထားလိုက်ရတာအလေးကြီးပေါ့။တဖက်သက်အယူအဆတွေ မစွန့်နိုင်ဘူးရင်မှာ အုပ်မြစ်ကျနေပြီ။

ကိုယ်ရေးကိုယ်တာ

ဖောဖောသီသီကြော်ငြာမှု့နဲ့လူတွေရဲ့ပေါ့ဆချင်းခံရသူ၊အခုကိုယ့်တမံကိုယ်တုတ်ရင်းမြစ်ကျိုးအင်းလို ဟန်ဆောင်နေရ။
ပြန်ဆည်ခွင့်မရှိသောမြောင်းများကျောင်းမျာမသင်တဲ့ပညာနည်းနည်းတော့ လိမ္မာလာပြီ။
ဟော– — ဒီမှာဝန်ပိုတင်ဆောင်လာ ရွက်သင်္ဘောမောကြီးပန်းကြီး ပင်လယ်ကိုအလျားလိုက် ဖြတ်ပြီးမှကမ်းကပ်ခွင့် မရရှာသေး။ ။

အိပ်မက်မှတ်တိုင်

ဖန်အိုးထဲကရွှေငါးပန်းခင်းထဲကလိပ်ပြာစဉ်းစားနေတဲ့ငါ။
အသိမဲ့ လှုပ်ရှားမှု့တွေနဲ့နာရီလက်တံကို ဆွဲပြေးချင်ရဲ့အင်္ဂတေ ပြက္ခဒိန်တစ်ခုရက်စုတွေကများခဲ့ပြီ။
ပင့်ကူရဲ့ ဂရပ်ဖစ်ဒီဇိုင်းအင်းဆက်သင်္ချိုင်း၊အလင်းလှိုင်းတွေကခပ်ပါးပါးသံချေးတက်ဘောင်နဲ့အသက်ရှုနေတဲ့ ပန်းချီကားအရောင်မှိုင်းနေတာက ခပ်များများရယ်။
“အမေ့အိမ်” နားထောင်နေတဲ့ငါ့လိပ်ပြာလ္ဖက်ရည်ဆိုင်က ပြန်ခဲ့ဦးဖြူညစ်ညစ် ငါ့ကောင်းကင်အပြင်ဘက်ကထွေးပွေ့မယ့် မိုးရေစက်ဘယ်ရက်မှာမျက်ရည်နဲ့ ရောမလဲ။
မပိုင်ဆိုင်ရတဲ့မနက်ဖန်ရွှေရောင်ဝင်းပနေမလား ?သေအောင် ယင်းထနေမလား ?။ ။

"ဖွင့်ဆိုချက်"

ချစ်သူရေတကယ်ဆို ခတ်နာနာနှတ်ထားတဲ့နှလုံးသားကောင်းကောင်းတစ်ခုပါကွယ်။အချစ်တွေမယိုစိမ့်စေရပါဘူး၊ဘောင်ဘင်မခတ်အောင်တော့ခပ်ပြည့်ပြည့်ဖြည့်ပေးပါ။ ။

"ဘဏ်"

ဘဏ်ကျွန်တော့ရင်ဘတ်ကြီးဟာလေ သူ့အချစ်တွေအနမ်းတွေ သိုမှီးအပ်နှံရာဘဏ်တဲ့လေ သူတစ်ယောက်ထဲဘဲအပ်ခံခွင့်ရှိသူတစ်ယောက်ထဲဘဲအပ်ပိုင်ခွင့်ရှိ ဘဏ်အမည်ကိုလဲနှစ်ယောက်ထဲသိရမတဲ့လေ။နှုတ်ခမ်းလိုက်ကာအဖွင့်အပိတ်ကြားက“လျှာ” မင်းသမီးလေးကကြိုးဆန်းဆန်းများမှာညှို့ဓါတ်မိလို့” အာခိမိဒိ ” နိယာမလိုသူ့အနမ်းတွေနေရာယူမှု့မှာကျွန်တော့ကိုယ်ပိုင်အရာတွေဖယ်ပေးလိုက်ရပေါ့။ဒီလိုနဲ့တောနက်—— မတွေးခဲ့ဘူးအခုလိုလမ်းဆုံတနေရာမှာသူ့ရနံ့ဖျတ်ကနဲ ပျောက်ကွယ်သွားတဲ့နေ့ကျွန်တော့မှာ—အတိုးပါပေးလိုက်ရမယ်ဆိုတာ။ ။

နေတတ်ပါတယ်

ကြားကြရဲ့လားဘောင်ဘင်ခတ်သံတွေလေ၊အဲဒါမပြည့်တဲ့အိုးတွေဘဲပေါ့။
ပရင်တာထဲကထွက်တဲ့အသံလိုတဒီးဒီးနဲ့ အသီးသီးအသက်။
ငါနေတတ်ပါတယ်ချက်ကော့ရယ်၊ အက်ဒီဆင်ရယ်ဗန်ဂိုးရယ်၊ ငါ့အဖိုးရယ် ကကွန်ပျူတာမှမတတ်ခဲ့ကြဘဲ။ ။

လက်စသတ်မရတဲ့သီချင်း

မီပွိုင့်ကလွှတ်လိုက်တဲ့လူနာတင်ကားဟွန်းသံလိုကိလေသာအစိမ်း၊
လောကီလူ့ဘောင်ကဖေးမှာလူမှု့ဆက်ဆံရေးတွေရှုပ်ထွေးဆူညံလို့ဘ၀ကစကားလုံးအဆော့လွန်ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ကဗျာစာမျက်နှာလှန်ဖတ်မရတဲ့ဆင်းရဲခြင်းငွေကြေးသို့မဟုတ်မိန်းမအနုပညာနောက်လိုက်နေတဲ့စိတ်မှာလူအဖြစ်ရဲ့အဓိပါယ်တစ်စုံတရာရှိလား။
မေးခွန်းတ၀က်၌တုန့်ဆိုင်းလေးလံလောကဓံရှစ်ပါးလုံးထွေးနေတဲ့ဘ၀သရုပ်မှန်ကိုနောက်ဆုံးပေါ်သီချင်းအလိုက်နဲ့မျက်နှာလွှဲတစ်ကိုယ်ရေကိုယ့်အသက်ကိုအလှအပရှုမယ်ကိုယ့်အတွေးနဲ့ကိုယ်တလူလူလွှင့်မယ်၊ဘ၀စုန်ဆန်၊ကိုယ့်အကြောင်းကိုတီးခတ်ကြည့်လိုက်တော့ကလေးဘ၀ရယ်သံရဲ့မူရင်းအနက်များအာရုံမှားပြီးတောင်မမြင်ရဘူး။
ဒီလိုနဲ့သေတနေ့မွေးတနေ့သူလိုကိုလိုပြီးဆုံးသွားရမယ့်ဇာတ်လမ်းပျင်းရိငြီးငွေ့ခြင်းဟာသွေးထဲကိုက်ခဲအသက်ရှင်ခြင်းသီချင်းဟာအနာအဆာတွေနဲ့၊စီးဆင်းနေခဲ့တယ်။ ။

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice