Archive for the ‘အနီရောင်သင်္ကေတ’ Category

အနီရောင်သင်္ကေတ(ဇာတ်သိမ်း)

အနီရောင်သင်္ကေတအကြိမ်ကြိမ်ပေးခဲ့တဲ့ ဂတိတွေနဲ့ အတူ သူနဲ့ဝေးရမှာကို သေမလောက်အောင် ကြောက်ခဲ့မိတာ အမှတ်ပါဘဲ။ ကျွန်တော်နဲ့သူ အနမ်းတွေ မရေတတ်အောင်ခြွေခဲ့တဲ့ နေ့တနေ့ ပြီးနောက်မှာတော့ ဒီရက်ကျွန်တော့်နှလုံးသားလေး ဘုတ်ကနဲ ကြွေကျသွားမယ်ဆိုတာ ကျွန်တော်မထင်ခဲ့မိဘူး။မထင်မှတ်ဘဲ သူကျွန်တော့်ကို အကြောင်းမဲ့ ပစ်ခွာသွားခဲ့တယ်။ ဘာကြောင့်လဲကျွန်တော် မစဉ်း စား ချင်ခဲ့ဘူး။ သူ့အချစ်ကိုဘဲပြန်မျှော်နေခဲ့မိတယ်။ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ သူ့ကို တွေ့ဖို့ပါ။ နောက်ဆုံး သူ့အိမ်နဲ့ကျွန်တော် ရန်တွေဖြစ်၊ သူ့အကိုနဲ့ထိုးလားကြိတ်လားတွေ ပါဖြစ်အောင် အခြေအနေဆိုးလာခဲ့ရတယ်။ ကျွန်တော့်မျက်ခုံး ကွဲသွားခဲ့တယ်။ ကျွန်တော်ဆေးခန်းသွား ပလာစတာ လေးကပ်လို့ အိမ်ပြန်လာခဲ့တယ်လေ။ နောက်ရက်မှာ သူ့ရဲ့ ကျွန်တော့်ကို ပြတ်စဲပါ တယ်ဆိုတဲ့ စာလေး တစောင်ရောက်လာခဲ့တယ်။ မုန်းတယ်လို့တော့ ပါမလာပါဘူး။ ကျွန်တော်စဉ်းစားတယ်။ ဝေးပြီ ပေါ့နော်။ ၀မ်းနည်းတယ်၊ ခံရခက်တဲ့ဝေဒနာတွေပေးထားခဲ့တယ်။ [...]

အနီရောင်သင်္ကေတ(၅)

အနောက်တိုင်း အယူအဆမှာ ၈ ဂဏာန်းဟာကျန်း မာရေး၊ အသက်အန္ဒရာယ် စတာတွေနဲ့ ပတ်သက်နေတယ်တဲ့ ကျွန်တော်သူ့ စာကိုဖတ်ပြီး ကျွန်တော့်ဆေး စာအုပ်လေးကို ရုတ်တရက်တွေ့ သွားခဲ့မိတယ်။ အဲဒီမှာ ဘာပုံပါ သလဲဆို တော့ အားလုံးက ကြက်ခြေနီ တံဆိပ် လို့သိကြ တဲ့ ဆေးခန်းအမှတ် အသားလေး။ ကျွန်တော်စိတ် ကူးမိ တယ်၊ ဒါ ငါတို့ရဲ့ ချစ်ခြင်း သင်္ကေတဘဲ လား။ အရောင်က ကျွန်တော် နှစ်သက်တဲ့ အနီရောင်လေး၊ ကြက်ခြေ ခတ် လို့ခေါ်ပေ မဲ့ သူလေးက အပေါင်းလခဏ္ဍာ။ စုစည်းခြင်း၊ ပေါင်းစပ်ခြင်းကို ရည်ညွှန်း တယ်ပေါ့လေ။ ကိုယ့်အတွေး နဲ့ကိုယ်တော့ ကောင်းမြတ်တဲ့ အရာလို့ထင်မိ တယ်။ အမှန်ပါဘဲ၊ ဘယ်လိုဖြစ်ဖြစ် ဒီသင်္ကေတလေး [...]

အနီရောင်သင်္ကေတ(၄)

ဆရာဝန်က မေးတော့ သူကဘဲကျွန်တော့် ကိုယ်စား ၀င်ဖြေသွားတယ်။ “ဆရာ- သူက ညဘက်ဆို အဖျားပိုတက် တယ်” ။ သူပြောတာ မှန်နေတော့ ကျွန်တော်လဲ ဘာမှဝင် မပြောဖြစ် ပါဘူး။ သူကလဲ ဆရာဝန်တစ် ယောက်ရဲ့ သ မီးဆို တော့ကျန်းမာ ရေးဗဟုသုတ အတော်အသင့် ရှိပုံရတယ်။ နောက်တော့ ဆရာဝန်က ထပ်ပြောတယ်။ “သမီး ဒီမှာကြည့် “ဆိုပြီးကျွန်တော့် နှာခေါင်းထဲ ကိုဓါတ်မီးနဲ့ ထိုးပြပါတယ်။ ” နှာခေါင်းဟိုး အထဲက ထိပ်မှာ ယောင်နေ တာတွေ့လား၊ ဆရာထည့် ဖို့ရော သောက်ဖို့ပါ ဆေး ပေးလိုက်မယ်၊ တခါထည့်ရင် ဆေးရည်နှစ်စက်နဲ့ တနေ့ နှစ် ကြိမ်သေသေ [...]

အနီရောင်သင်္ကေတ(၃)

ချစ်သူတွေ ကြားမှာ အတိမ်းအမှတ်တစ်ခု အဖြစ် သင်္ကေတတွေ သုံးကြတာ တွေ့ဘူးတယ်။ ကျွန်တော့် သူငယ်ချင်းဆို သူ့ကောင်မလေးရဲ့ ရှေ့သွားတွေက ကြီးလို့တဲ့၊ သူတို့နှစ်ယောက်က ယုန်ပုံလေးကို အထိမ်းအမှတ် သုံးကြတယ်။ နောက်တစ် ယောက်ကျတော့ City-mart မှာ ပန်းသီး ၀ယ်ရင်း တွေ့ခဲ့လို့ ပန်းသီးကို အမှတ် တယသုံးတယ်။ ကျွန်တော့် အလှည့်ကျ အဆန်းသား၊ ပြန်ပြောရင်ရှည် လိမ့်ဦးမယ်။ သူနဲ့ ပတ်သက် သမျှက မေ့ဦး မှာမဟုတ် လို့ ချရေးရင် ၀တ္ထု တစ်အုပ်စာ ဖြစ်သွားမယ်။ စတာကတော့ ကျွန်တော် သူ့ကို လမ်းထိပ်က ထီဆိုင်မှာ တွေ့ရာကဘဲ။ ထီလက်မှတ် ကြီးကို အမှတ်တယ သုံးသင့် သလား။ သူနဲ့ကျွန်တော် သိတောင် မသိသေးဘူး။ [...]

အနီရောင်သင်္ကေတ(၂)

အနီရောင်တဲ့၊အနီရောင်ဆိုတာတရုတ်လူမျိုးတွေနဲ့အရှေ့တိုင်းအယူအဆမှာကောင်းမြတ်သောမင်္ဂလာရှိသော အရောင်တစ်ခုပေါ့။ စစ်တိုက်တဲ့အခါမှာ ၀တ်စုံတွေမှာအနီရောင်ကိုသုံးတယ်၊ မင်္ဂလာပွဲမှာသုံးတယ်။ သူရဲ့ဆန့်ကျင်ဘက် အရောင်ဟာအနက်ပါတဲ့။ အနီရောင်ကိုရဲရင့်ခြင်း၊ ပြတ်သားခြင်းလို့အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ ဒါဆိုချစ်သူတွေကြားမှာအနီရောင်ကိုဒီအဓိပ္ပါယ်တွေသွားဖွင့်လို့ရနိုင်မလား။ ချစ်သူတွေကြားမှာ အနီရောင်ကို ကြေကွဲဝမ်းနည်းခြင်းတွေဖြစ်စေတဲ့အရောင်၊မကောင်းတဲ့နိမိတ်ကိုဆောင်လာသောအရောင်ရယ်လို့ ပြောကြတယ်။ဒီကိစ္စကိုဘယ်လိုငြင်းဆန်ရမှာလဲ။အရောင်နဲ့ပတ်သက်လို့သူ့နေရာနဲ့သူဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိနေတယ်။အားလုံးအမှန်တရားတွေဘဲပေါ့။သဏ္ဍန်ကိုပြောပါရစေဦးသင်နဲ့သင့်ချစ်သူကြားမှာသင့်အနေနဲ့ အနှုတ်လခဏ္ဍာသုံးချင်လား။ အပေါင်းလခဏ္ဍာလေးလိုချင်သလား။အပေါင်းနဲ့အနှုတ်အယူသီးတဲ့သူတွေကတော့ အပေါင်းကိုဘဲသုံးကြမှာပေါ့။ကျွန်တော်ရွေးချယ်ဘူးတဲ့အပေါင်းလက္ခဏာမှာတော့စောစောကပြောတဲ့အနီရောင် လေးပါလာခဲ့တယ်။ကျွန်တော့ရွေးချယ်မှု့ကမှားယွင်းခဲ့သလား။ဘယ်သူ့ကြောင့်လဲ။အရောင်ကြောင့်လား၊မသိဘူး။ ပထမဆုံးမှာတော့သူဟာကျွန်တော့ကိုကြည်နူးမှု့တွေ၊ကြင်နာမှု့တွေ၊ငြိမ်းချမ်းမှု့တွေပေးခဲ့တယ်။အ၀င်မှာတော့ မှန်ကန်ခဲ့သလိုဘဲ။ဒီသင်္ကေတနဲ့စခဲ့တဲ့ကျွန်တော်နဲ့သူရဲ့ဇာတ်လမ်းဟာဒီသင်္ကေတနဲ့ဘဲအဆုံးသတ်သွားခဲ့တယ်။ ဒါတိုက်ဆိုင်မှု့တစ်ခုလား။ဒါဆိုကျွန်တော့်အနေနဲ့ကြေကြေနပ်နပ်ကြီးလက်ခံလိုက်ပါ့မယ်။ကျွန်တော့်ရဲ့အနီရောင်သင်္ကေတဟာနောင်တစ်ချိန်မှာပူလောင်စေခဲ့ပေမယ့်သူကကိုတွေ့တိုင်း အရာရာကို အမှတ်ရ စေခဲ့တယ်။ အထူးသဖြင့် –သူ့အကြောင်းကိုပေါ့

အနီရောင်သင်္ကေတ(၁)

သင်္ကေတ–တဲ့ ဒီသင်္ကေတဆိုတာဘယ်တုန်းကတည်းကပေါ်ပေါက်လာသလဲတော့ကျွန်တော်မသိဘူး၊စာတွေထဲမှာဖတ်ဖူးတာတော့ဟိုးအရင်ကျောက်ခေတ်လူသားတွေဟာသူတို့ပြောချင်တာကိုသဏ္ဍန်(သင်္ကေတ)နဲ့ဖော်ပြလေ့ရှိတယ်တဲ့။ဥပမာဒီဂူမှာလူတွေနေထိုင်နေရင်ဂူရှေ့မှာအရိုးပုံနှစ်ခုကိုကြပ်ခြေခတ်ဆွဲပြထားတယ်တဲ့။ထားပါတော့လေ၊ကျွန်တော်တို့မွေးဖွားလာကတည်းကဒီသင်္ကေတတွေကြားမှာကြီးပြင်းလာခဲ့တာဆိုတော့ကျန်တာတွေသိပ်ပြီးသတိမထားမိခဲ့ဘူး၊တစ်ခုရှိတာကအသွင်သဏ္ဍန်အမျိုးမျိုးကွဲပြားနေတဲ့ဒီသင်္ကေတတွေမှာအဓိပါယ်တွေလဲအကွဲကွဲအပြားပြားသူ့နေရာနဲ့သူဖွင့်ဆိုကြရပြန်တယ်၊မြို့ထဲသွားလို့မီးပွိုင့်မှာမီးနီရင်ကားကိုရပ်ထား၊၀ါရင်ဖြေးဖြေး၊စိမ်းရင်ပြန်ထွက်နဲ့ဒါလဲသင်္ကေတမဟုတ်လား။အနီရောင်မှာအဖြူမျဉ်းသားထားရင်မ၀င်ရအ၀ါရောင်အကြားအကြားလေးတွေတွေ့နေရရင်လူကူးမျဉ်းကြား၊ဒါတွေကယာဉ်တွေနဲ့ပတ်သတ်တဲ့သင်္ကေတတွေလေ။စသဖြင့်ပေါ့လေ၊မြို့ပြထဲမှာသင်္ကေတဆိုတာကစိမ်းစိမ်းနေလို့မှမရဘဲကိုး။နားမကြားတဲ့သူတွေကိုပြောတဲ့သင်္ကေတ၊ရေကြောင်းသွားလာရေးသင်္ကေတ၊လေကြောင်းသွားလာရေးသင်္ကေတ၊ဒီလိုရုပ်ပြသင်္ကေတတွေအပြင်အရောင်တွေမှာလဲသင်္ကေတတွေရှိနေတယ်။အပြာရောင်ကငြိမ်းခြမ်းရေး၊အေးချမ်းတယ်တဲ့၊အဖြူရောင်ကနူးညံ့ခြင်း၊သန့်ရှင်းစင်ကြယ်ခြင်း၊အ၀ါရောင်ကရိုးသားခြင်းတည်ကြည်ခြင်း၊အစိမ်းရောင်ကလဲရှင်သန်ခြင်း၊လွတ်လပ်ပျော်ရွှင်ခြင်း၊အနီရောင်ကတော့ရဲရင့်ခြင်းစွမ်းရည်သတ္တိနဲ့ပြည့်စုံခြင်းစတဲ့အရောင်တွေမှာသူ့ဖွင့်ဆိုချက်တွေရှိနေတယ်။ကဲပါလေရှည်ပါတယ်။ သိသလောက်တော့ပြောရတာပါလေ။တကယ်ပြောချင်တာကဒီသင်္ကေတတွေကြားကအသွင်သဏ္ဍန်နဲ့အရောင်ပေါင်းစပ်ထားတဲ့သင်္ကေတလေးတစ်ခုအကြောင်းဘာလဲသိလား။ — ဒါကသူနဲ့ကျွန်တော့်ကြားကတွေ့ဆုံခြင်း၊ ခွဲခွာခြင်းကိုဖြစ်စေခဲ့တဲ့၊အထိမ်းအမှတ်သင်္ကေတလေးတစ်ခုအကြောင်း—-အဲဒါ ” အနီရောင် သင်္ကေတ “

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice