ရခိုင်နိုင်အိမ်ရှေ့မင်း ( ၀ါ ) ရွှေတောင်မင်းအကြောင်း ဆက်ပြောချင်ပါတယ်။ နှစ်ပေါင်း ၁၃၀ ကျော်လောက် တည်တံ့ခဲ့တဲ့ ကုန်းဘောင်ရွှေနန်းဟာ မင်းကောင်းမင်းမြတ်တွေ ရှိပါလျက်ကယ်နှင့် အကြောင်း အမျိုးမျိုးနဲ့ အကြောင်းမလှ ဖြစ်ခဲ့ရတာတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ဂုဏ်ယူစရာတွေ ဖြစ်ခဲ့တာတွေ ကိုစိတ်ဝင် စားစရာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့ဦးစွန်းတွေကို အလောင်းမင်းတရားကြီးနောက်ပိုင်း ကုန်းဘောင် ခောတ်မှာ ဂုဏ်ယူဖွယ်မြှင့်တင်ပေးနိုင်ခဲ့တဲ့ မင်း တွေဖြစ် တဲ့ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရားနဲ့၊ မင်းတုန်းမင်းတို့ ဟာ လူသိများ ထင်ရှားခဲ့ပေမယ့် ဘိုးတော်ဘုရားရဲ့ သားတော်အိမ်ရှေ့စံဖြစ်တဲ့ ရွှေတောင်မင်းကြီးဟာ လူသိနည်းခဲ့ပါတယ်။ အိမ်ရှေ့စံမင်းများထဲမှာ စောစီးစွာ ကံတော်ကုန်ခဲ့တဲ့ မင်းသားကြီး ၂ ပါးဖြစ်တဲ့ ရွှေတောင်မင်းနဲ့ ကနောင် မင်းသားကြီးတွေဟာ တကယ်လို့ စောစီးစွာ မလွန်ခဲ့ရင် ကုန်းဘောင်နေမီးဟာလဲ ဒီထက်ပိုမို [...]
Archive for the ‘သမိုင်း’ Category
နာမည်များနဲ့ကုန်းဘောင်
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဖြစ်တဲ့ တတိယ မြန်မာနိုင်ငံတော် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နဲ့ပတ်သတ်ပြီး တချို့မသိတဲ့ အချက်တွေကို တခါတလေကျ ရင်ပြန်ရှာမိတတ်တယ်။ အဲဒီထဲက ဘုရင်မင်းတွေရဲ့ ဘွဲနာမည်နဲ့ ငယ်နာမည်တွေလဲ ပါတတ် ပါတယ်။ ကျွန်တော့်မှာတော့ ကုန်းဘောင် ၁၁ ဆက်ရဲ့ ဘွဲ့နာမည် တွေအပြည့်အစုံမရှိပေမယ့် အခုသိထားတဲ့ အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ကုန်းဘောင် ၁၁ ဆက်ရဲ့ စာရင်းကတော့ ၁။ အလောင်းမင်းတရား ၂။ နောင်တော်ကြီး ၃။ ဆင်ဖြူရှင် ၄။ စဥ့်ကူးမင်း ၅။ ဖောင်းကားစား ၆။ ဘိုးတော်ဘုရား ၇။ ဘကြီးတော် ဘုရား ၈။ သာယာဝတီမင်း ၉။ ပုဂံမင်း ၁၀။ [...]
Jawaharlal Nehru
ဒီနေ့ India festival ရုပ်ရှင် ပွဲတော် ရန်ကုန်မှာ ရှိတယ်။ နေပြည်တော်ရုံမှာ ညနေ ၆ နာရီခွဲပွဲမှာ အန္ဒိယ ခေါင်းဆောင်ကြီး Jawaharlal Nehru ရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတ Pandit Nehru ဆိုတဲ့ကား ပြလိမ့်မယ်။ အပြင်မှာလဲ ၀ယ်ရတာ မရသလို တရက်ထဲ ပြမယ့် အဲဒီကားကို ညနေသွားကြည့်ကြမယ် စိတ်ကူးတယ်။ စေတန်တို့ စည်သူတို့၊ တေဇာ၊ အီမိုတို့ ကိုတော့ချိန်းထားတယ်။ မသိ သေးတဲ့သူတွေရှိရင် အချိန်မှီကြည့်လို့ရအောင် သတင်းပေးလိုက်တာပါ။ ဂျဝါဟလာနေရူးဟာ အန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး အကြမ်းမဖက် ၀ါဒ လမ်းပြရှေ့ဆောင် မဟတ္တမ ဂန္ဒီ ကြီး ကို အင်မတန်လေးစားအားကျခဲ့တဲ့ သူဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ရာဂျစ် ဂန္ဒီရဲ့ [...]
KL သမိုင်း အကျဉ်း
ကေအယ် လို့ခေါ်တဲ့ ကွာလာလမ်ပူ မြို့ဟာ ဘာမှ သမိုင်းကြောင်းကြီး ကြီးမားမား မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က ရောက်လာတဲ့ တရုတ်မိုင်းတူး သမားတွေက သံဖြူရှာဖို့ ပန်ကလန်း ဘာတုလို့ ခေါ်တဲ့ ပို့ကလန်း ဆိပ်ကမ်းကို ရောက်လာတာကနေ ကလန်းမြစ်ကို ဆက်တက် ကြတော့ ကလန်းနဲ့ ဂုန်ဘန် မြစ်ဆုံ ကို ရောက်တော့ ဆက်တက်ဖို့ရာ ရေတိမ်နေ တာတွေ့ရ ပါတယ်။ ဒါနဲ့နားပြီး သံဖြူရှာကြရာမှာ အမ်ပန်းဒေသမှာ သုံဖြူတွေ့ပါတယ်။ အဲဒီမြစ်ဆုံကတော့ ကုန်စည်တွေ ကူးသန်းရောင်းဝယ်ရာ နေရာဖြစ်လာခဲ့ ပြီးတရုတ် ကုန်သည်တွေ အခြေစချ ရာက နေစပါတယ်။ အစမှာ ရွှံ့ညွန်ထူထပ်နေတဲ့ ရွာငယ်လေး တခုပါ။ ဒါကြောင့် မလေးလို ရွှံ့ညွန်မြစ်ဆုံ ( [...]


Posted in
Tags: 







