ကျွန်တော့်အမကြီး မနိုင်းရဲ့ အမှတ်တရ လက်မှတ်ရေးထိုးပြီး ရောင်းချမယ့် စာအုပ်သစ်အတွက် သတင်းကောင်လေး ပါးလိုက်ပါတယ်ဗျာ။ (မနိုင်း လက်မလည်အောင် ရောင်းရရင် မုန့်ကျွေးနော် :p )
Archive for the ‘သတင်း’ Category
ယိုးဒယားပိတ္တာကြီး
သရဲတွေ တစ္ဆေတွေအကြောင်း ပြောမလို့မဟုတ်ပါဘူး။ အဲ ဒါပါဘဲ ပိတ်တာကြီးဆိုတာ
မနိုင်းနိုင်းရဲ့အမေ့လက်ရေး
ကျွန်တော်တို့ ခင်မင်လေးစားတဲ့ နာမည်ကျော် မနိုင်းနိုင်းစနေရဲ့ ပထမဆုံး လုံးချင်း စာအုပ် ထွက်ရှိလာပါပြီ။ အွန်လိုင်း ပေါ်မှာ နာမည်ကြီးခဲ့တဲ့ အမေ့မေတ္တာ နဲ့ပတ်သက်တဲ့ အကြောင်းတွေကို စုစည်းထား တဲ့ မေမေ့ စာစု ကလေးတခုဖြစ်ပါတယ်။ ဒီလုံးချင်း စာအုပ်လေးရဲ့ ခေါင်းစဉ်က တော့ ” အမေ့လက်ရေး” လို့အမည်ရပါတယ်။ နာမည်ကျော် online ကဗျာ ဆရာ တဦးဖြစ်တဲ့ ကိုမိုးလှိုင်ညရဲ့ အမေ့ ကဗျာ တပုဒ်ပါ ပါဝင်အား ဖြည့်ထား ပါတယ်။ မနိုင်းရဲ့အရေးအသား တွေကို သဘောကျနှစ်သက်သူတွေအတွက် အမေ့ စာစု လေး တွေကို တစုတစည်းထဲ အမှတ်တရ သိမ်းထားချင်ရင်တော့ အခု စာအုပ်ကလေးကို နီးစပ်ရာ စာအုပ်ဆိုင်တွေမှာ သွားယောက် အားပေးနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။ [...]
attack to me
Someone attack to my blog posts like a comments. Now I had to deleted this span comments over hundred, but not yet These comments come to my post average on 5 minutes.
ရွှေ့ဆိုင်းလိုက်ပါတယ်
ကျွန်တော် စီစဉ်နေတဲ့ ဒုတိယအကြိမ်မြောက် web show 2009 ကို မူလစီစဉ်ထားတဲ့ ဒီဇင်ဘာ ၂၀၀၉ – ရဲ့ ၂၁- ၂၂ ရက်များမှာ ကျင်းပနိုင်မှာ မဟုတ်တော့ပါဘူး။ တကယ်က ကျွန်တော်ဒီပွဲအပေါ်ကို အတော်လေး မျှော်လင့်ထားသလို အမှန်တကယ် ကောင်းမွန်စွာ စီစဉ်ပေးချင်တာဖြစ်ပါတယ်။ အခုအနေအထားက ကျွန်တော့်မှာ လုံးဝမအားမလပ်ဖြစ်သွားရတာကြောင့် ကောင်းမွန်တဲ့ ၀န်ဆောင်မှုများနဲ့ ပြပွဲလာ ပရိတ်သတ် ကို ပေးစွမ်းနိုင်ဖို့ အခက်အခဲဖြစ်နေရတာကြောင့် ဒီပွဲကို မူလအတိုင်းကျင်းပမှာ မဟုတ်တော့ဘဲ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်မှာ ကျင်းပမဲ့ ဘားကမ့် ( Barcamp Yangon) မှာလဲ စွမ်းစွမ်းတမံဆောင်ရွက်ကူညီနိုင်ဖို့ လိုနေတာကြောင့် အခု ကျင်းမယ့် the web show 2009 ကို [...]
“we step common web”
မြန်မာနိုင်ငံ၏ internet နည်းပညာ ရပ်ဆိုင်ရာ ပြပွဲ ကိုဒုတိယအကြိမ်အဖြစ် Myanmar info-teach အဆောက် အဦးအတွင်း ၂၀၀၉ ခုနှစ် December 21 နှင့် 22 ရက်များတွင် ကျင်းပပြုလုပ်ရန် စီ စဉ် ဆောင်ရွက်နေပြီဖြစ်ပါသည်။ ပထမအကြိမ်အဖြစ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် my web my style, the web show 2008 အမည် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ Internet နည်းပညာရပ်ဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာရပ်ဆိုင်ရာများကို အဓိက ပြမည့် အဆိုပါ ပြပွဲ အတွင်း နည်းပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ မြန်မာ့အင်တာနက် web site များကိုပါဝင် ပြသနိုင်ရန် စီစဉ် [...]
MBS in Blogfest.Asia
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကနေပြီး ၈ ရက်နေ့အထိ ဟောင်ကောင်မှာကျင်းပခဲ့တဲ့ blogfest.asia ပွဲကို ကိုသက်ထူး( မျက်လုံး) နှင့် ကိုကျော်ဇေကျတို့ က MBS ကိုယ်စားပြုတက်ရောက် ခဲ့ပါတယ်။ ကိုသက်ထူးမှ MBS နဲ့ပတ်သက်တဲ့ အကြောင်းအရာများနှင့် ရည်ရွယ်ချက်များ လုပ်ဆောင်ချက်များအကြောင်းကို တင်ဆက်ပြသခဲ့ပြီးတက်ရောက်လာသူအများစုမှလဲ MBS ကို အထူး စိတ် ၀င်တစား ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ကာ Myanmar blogoshpere အကြောင်းကိုလဲ တင်ပြဆွေးနွေးခဲ့ပါတယ်။ ကိုကျော်ဇေယျ နှင့် ကိုသက်ထူး တို့ ၇ – နိုဝင်ဘာ မှာ 0nline privacy အကြောင်း ကို တက်ရောက် ခဲ့ပြီး Organizing the bloggers community အကြောင်းကို [...]
friend with Gorilla on facebook
ကျွန်တော် မနေ့က MRTV-4 ကိုကြည့်လိုက်ရင်း ဂေါ်ရီလာတွေ အကြောင်းသတင်းတခုကြားလိုက်တယ်။ ဂေါ်ရီလာတွေနဲ့ မိတ်ဆွေဖြစ်နိုင်ဖို့ ရာ facebook ကိုအသုံးပြုပြီးတော့ လုပ်လာနိုင် ပြီ ဆိုတဲ့အကြောင်းပေါ့။ တကယ်တော့ ဂေါ်ရီလာဆိုတာ လူတွေနဲ့ DNA ၉၆% တူညီတဲ့အတွက် ဒါဟာ ကျွန်တော်တို့အတွက် မိတ်ဆွေဖြစ်ဖို့မခဲယင်းပါဘူး။ ဒီဂေါ်ရီလာတွေကတော့ ယူဂန်ဒါ နိုင်ငံက နေပြီး ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ ဂေါ်ရီလာများဖြစ်ပြီး သူတို့တွေ နဲ့နီးနီးစပ်စပ်ထိတွေ့ဖို့ ခရီးသွားလုပ်ငန်းတွေမှာ ပါ တိုးတက်လုပ်ဆောင်နေသလို သူတို့တွေမျိုးတုန်းပျောက်ကွယ်မယ့် အခြေ အနေက လဲ ကင်းလွတ်အောင် ဆောင်ရွက်ထားပါတယ်။ အဲဒီဂေါ်ရီလာတွေနဲ့ ကျွန်တော်တို့မိတ်ဆွေဖြစ်သွားတဲ့အခါမှာ သူတို့သွားလာလှုပ်ရှားမှုတွေ နေထိုင်မှုတွေကို လေ့လာလို့ရမှာဖြစ်သလို သူတို့ အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကိုလဲ လှုဒါန်းနိုင်အောင်စီစဉ်ထားပါသေးတယ်။ သူတို့ရဲနေ့စဉ်ဘ၀ကို တွေ့မြင်နိုင်ပြီး ကိုယ်ကလဲ ဂေါ်ရီလာတကောင်လို ပြုမူနေထိုင်မယ်လို့တော့ [...]


Posted in
Tags:








