Archive for the ‘ရသစာပေ’ Category

There was a little lake, beside of my home

There was a little lake, beside of my home
There was a little lake, beside of my home at when my live of so younger. I said the lake is not really, she was a little of small block well. I were playing near this well when I child. When I play with little cup and [...]

အိမ်ဘေးမှာရေကန်လေးရှိတယ်

အိမ်ဘေးမှာရေကန်လေးရှိတယ်
ကျွန်တော့ ငယ်ငယ်က နေတဲ့ အိမ်ဘေးမှာ ရေကန်လေးတခုရှိတယ်။ သူ့ ကိုရေ ကန်လေးလို့ ပြောတာ အမှန်တော့ အုတ်ကန်သေးသေးလေး တခုပေါ့။ ကျွန်တော်ငယ်ငယ် ကအဲဒီရေကန် လေးနားမှာ ဆော့ ကစားခဲ့တယ်။ အိုးပုတ်တွေနဲ့ ကစားတဲ့ အခါ၊ သဲတွေမြေကြီးတွေ နဲ့ ဆော့ကစား ပြီးတဲ့ အခါ၊ ခွေးချေးတတ် နင်းမိတတ်တဲ့ အခါ၊ ကျွန်တော်တို့ အဲဒီရေ ကန်လေးကို သုံးခဲ့ကြယ်။ သင်္ကြန်ကျတဲ့ အခါမှာလဲ ရေကန်လေး ကကျွန်တော့ အတွက် ရေတွေအများကြီး ပေးဆော့ခဲ့တယ်။ မိုးရေချိုးတဲ့ အခါမှာလဲ ရေကန်လေးထဲက ရေတွေနဲ့ ရေကစားတတ် သေးတယ်။နွေဘက်မှာ ရေမရတဲ့ ရက်တွေမှာ ၊ မီးမလာလို့ ရေတင်လို့မရတဲ့ အခါတွေမှာ ရေကန်လေး ကကျွန်တော့်သန့်ရှင်းမှု အတွက် ကူညီခဲ့တယ်။ [...]

မိုးရေစက်များ၏ သုညအတ္တအင်အား

ဆရာတာရာ မင်းဝေအမှတ်တရ ဘလောက် အတွက် ရေးမယ်ဆိုပြီး ပြန်ကူး ထည့်လိုက်မိတဲ့ စာလေး တစ်ပုဒ်ပါ။ တိုပေမယ့် ကျွန်တော် အလွန်ကြိုက်မိတဲ့ အရာတေါပါတယ်။ ဘာဘဲ ဖြစ်ဖြစ် အမှတ်တရ ရေးဖြစ်အောင်တိုက်တွန်းပေး တဲ့ ကိုဖြိုး ကို ကျေးဇူးပါ။ လူတွေရဲ့ မိုက်မဲ မှု့၊ အတ္တ ကြီးမှု့၊ အထင်ကြီးလို မှု့ ၊ သူတပါးကို ကဲ့ယဲ့ လိုမှု့ ၊ အကောင်းမြင် မကောင်းမြင် စတဲ့ လူ့ သဘော တွေ ကျွန်တော်ခံစားမိတယ်။
မိုးရေစက်များ၏ သုညအတ္တအင်အား
မိုးခါးကြီးရွာသွားပြီဆိုတော့ ဇနပုဒ်ငယ်လေးတစ်ခုဆီသို့သူရောက်လာခဲ့သည်။ ရည်ရွက်ချက်မရှိဘဲ ရောက်လာခဲ့ခြင်းဖြစ်၏။ ယခင်ဤရွာလေး ရှိကြောင်းပင်မသိ။ ဤရွာကလေးတွင်နေထိုင် ကြသော လူမျိုးစု သုံးခုအကြောင်းကိုလည်း ကြားပင်မကြားဖူးခဲ့ပေ။ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများရူးသွားကြောင်း၊ မသောက်ဘဲ နေသူများက [...]

အပေါင်း အသင်း မိတ်ဆွေ

ကိုယ်လျောက်ရမယ့် လမ်းပေါ်မှာ အခြားသူတွေက ဆူးညှောင့် ခလုတ်တွေကို ၀င်ရောက်ရှင်း လင်းပေးကြ လိမ့် မယ်လို့ မမျှော်လင့် အပ်ဘူး။ ဆူးညှောင့်ခလုတ်တွေ လာမချထားဘူး ဆိုရင်ဘဲ ကျေးဇူးတင်ရမယ်။
တချို့ လူတွေက သင်္ချိုင်းနဲ့ တူတယ်။ သူတို့ရဲ့ မကောင်းတဲ့ အကျင့်၊ ယုတ်မာတဲ့ အကျင့်၊ မသာမတဲ့ မဖွယ် မရာတဲ့ အကျင့်၊ လိမ်ချင်ကောက်ချင်၊ လူလည်ကျချင် တဲ့ စိတ်တွေနဲ့ ညစ်နွမ်းလိမ်း ကျံနေတယ်။ မစင်ကြယ်ဘူး၊ ဒါကြောင့် ဒီလိုလူ မျိုးတွေက သချိင်္ုင်းနဲ့ တူတယ်။
တချို့တွေက လိမ်ညာလှည့်စား ညာဝါးဖျန်း သန်းပြီးမသမာတဲ့၊ ယုတ်မာတဲ့ ၊ လူလည်ကျချင်တဲ့ စိတ်တွေနဲ့ လုပ်ကိုင်စားသောက်တယ် ဆိုတော့ ဒီလူတွေရဲ့ အကြောင်းက ဘယ်မှာ လာပြီး အကောင်း သတင်း [...]

တခုခုကိုကြံဆသောအခါ

Invention is a most expensive in the world. It take the no end times and no end money.တီထွင်မှု့ဟာ ကမ္ဘာမှာ ဈေးအကြီး ဆုံးဘဲ။ သူက အချိန်တွေ၊ ငွေတွေကို အဆုံးအစမရှိ ယူလေ့ရှိတယ်။
ဂျော့ဘားနက်ရှော

မှောင်

သူကပီကာဆို ရေးဆွဲခဲ့တဲ့ မျက်ကန်းကြီး ပန်းချီကားကို ကြည့်ရင်း ထိန့်လန့်လာ သလိုဘဲပဲဟုပြောလေသည်။ သူ့ကြည့်ရတာ လောကကြီး ဟာကန်းနေ တယ်ဆိုတဲ့ အကြည့်မျိုး ကြီးဗျ။ သူ့ကြောင်တောင် ကန်းမျက်လုံး တွေကို ကြည့်ရတာ စောစော ကပျော်ရွှင် နေတာလေး တွေတောင် ပျောက်သွားတယ်ဗျာ။ ကျွန်တော်တို့ တွေစုပြီး ပြောနေမိတဲ့ အကြောင်းက လူဟာဘာကြောင့် သတ္တလော ကမှာ ထိပ်တန်းရောက် နေရခဲ့တာရယ်။ လူ့ဂုဏ် သိက္ခာ ဟာဘာကြောင့် မြင့်မားနေရ ခြင်းဖြစ်တယ် ဆိုတဲ့ အကြောင်းတွေပါ။ လူဟာ [...]

နပိုလီယံနဲ့သားမွှေးသည်

အချိန်ကတော့ နပိုလီယံ ၏တပ်ဖွဲ့များရုရှားကိုကျူးကျော် နေချိန်၊ တိုက်ပွဲများဖြစ်ပွား နေရင်း နပိုလီယံ တစ် ယောက်သူ့ တပ်သားများနှင့် လူစုကွဲသွား ခဲ့သည်။ နပိုလီယံလဲ တစ်ယောက်ထဲ လျောက်သွားနေ ရင်းသူ့ကို ရုရှား ကော့ဆပ် တပ်သားတစ်ဖွဲ့ ကတွေ့သွားလေသည်။ သူ့နောက်ကို အတင်းလိုက်လာ တဲ့ကော့ဆပ် တပ်သားတွေ လက်ထဲက လွတ်မြောက်အောင် နပိုလီယံ တစ်ယောက် အတင်းထွက်ပြေးတော့ သည်။ ပြေးရင်းလွှားရင်း လမ်းကွေ့ တစ်ခုအရောက် မှာတော့ သားမွှေးထည်များ ရောင်းချတဲ့ ဆိုင်ကလေး တစ်ခုကို တွေ့တာနဲ့ ဆိုင်ထဲဝင် ပြီးပုန်း ဖို့ကြိုးစားတယ်ပေါ့လေ။ ဆိုင်ထဲ အရောက်မှာ ဆိုင်ရှင်ကို သူ့အားကယ် ဖို့တောင်းပန်တဲ့ အခါ ဆိုင်ရှင်က ” ဟိုး ထောင့် ကသားမွှေးထည်တွေ [...]

အဖေ

အဖေကျွန်တော် ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။ ၅- နှစ်- – -ငါ့ဖေဖေက မသိတာ ဘာမှမရှိဘူး။ ၆- နှစ်- – -ငါ့ဖေဖေက မင်းအဖေထက်တတ်တယ်ကွ။ ၈- နှစ်- – -တို့ဖေဖေက အကုန်လုံးတော့လဲအတိအကျ မသိဘူး။ ၁၀- နှစ်- – -အဖေ တို့ငယ်ငယ် တုန်းကနဲ့ အခုကတခြား စီပဲ။၁၂- နှစ်- – -အင်း အဲဒါတော့ အဖေလဲဘယ်သိ ပါ့မလဲ။သူ ကအသက်သိပ်ကြီး လာပြီဆိုတော့ ငယ်ငယ်က အကြောင်းတွေမမှတ်မိ နိုင်တော့ဘူး။၁၄- နှစ်- – -အဖေ့တော့ထည့်မပြောနဲ့ကွာ၊ သူကရှေးရိုးသမားကြီး။၂၁- နှစ်- – – အဘိုးကြီးလား။ – -ထားစမ်းပါ။ အောက်နေပြီကွ၊ သိပ်အောက်နေပြီ။၂၅- နှစ်- – [...]

global လှိုင်းစီးဖို့

နံပါတ်၁ ကတော့စိတ်ကိုဖွင့်ထားပေါ့ဗျာ။သိပ်အလွှမ်းမိုးမခံနဲ့၊အယူအဆတစ်ခုရဲ့အလွှမ်းအမိုး၊လူတစ်ယောက်ရဲ့အလွှမ်းမိုးတွေ သိပ်မခံဘဲစိတ်ကိုဖွင့်ထား။နောက်တခုကတော့ ဒါတွေအကုန်ငါသိပြီးပြီဆိုပြီးကိုယ့်စိတ်ကို တံခါးမပိတ်ဖို့။တစ်နည်းပြောရရင်အစွဲမကြီးဖို့ပေါ့။တစ်-စိတ်ကိုဖွင့်ထား၊နှစ်-အစွဲမကြီးဖို့ပေါ့။သုံး-သိပ်အပြောမကြီးဖို့။အထူးသဖြင့်မုချဖြစ်ရမယ်ဆိုတာမျိုးတွေမပြောမိဖို့လိုမယ်ထင်တယ်ဒီလောက်ဘဲ၊ တစ်ခါတလေကိုယ်ကသိပ်ထင်တာကြီးသိပ်ပြောလိုက်တော့commitဖြစ်သွားတော့တာပေါ့။မကောင်းဘူးထင်တယ်။kyaw win’s sketch စာအုပ်မှ

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice