Archive for the ‘ထူးထူးဆန်းဆန်း’ Category

mountain of heart in myanmar

ကိုညီလင်းဆက် စပြီးပြောကတည်းက ဒီအကြောင်းကို တော်တော်လေးစိတ်ဝင်စားမိတယ်။ အခုသူ့ဘလောက်မှာ ရေးတင်လာတဲ့အခါ ပိုပြီး ပြည့်စုံတဲ့အချက်အလက်တွေပါလာတာတွေ့တယ်။ ဒီတော့ ဒီအကြောင်း ကို တကယ်ဘဲ နားလည်တဲ့ သုံးသပ်ချက်တွေကျွန်တော်တို့ရရှိတဲ့အခါ မြိုင်ဆိုင်သွားမယ်လို့လဲ ယူဆပါတယ်။ ကျွန်တော်ကတော့ ၀ါသနာအရ စိတ်ပါဝင်စားတဲ့အတွက် အဆင်ပြေတဲ့အခါမှာ ကိုညီလင်းဆက်နဲ့ ဒီကိစ္စ ကို လေ့လာဖို့ဆုံးဖြတ်ထားပါတယ်။ ဘာဘဲဖြစ်ဖြစ် သိသင့်တဲ့အချက်အလက်တခုအနေနဲ့ တဆင့်ဖော်ပြပေးလိုက်ပါတယ်။ အချက်အလက်အစုံအလင်ကိုတော့ ကိုညီလင်းဆက် ဘလောက်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ the mountain of Heart

စိတ်ပြောင်းအက္ခရာ၃

ဒါနဲ့ ကျွန်တော်လဲ ဆက်မဖတ်ဝံ့တာနဲ့ ပြန်ပြီးသိမ်းထားလိုက်တယ်။ အဖေကတော့ သူဖတ်ကြည့် ချင်တယ်ပြောတယ်။ ကျွန်တော် ကမဖတ်ာကည့်ဖို့ တားပါတယ်၊ အခြေအတင် ပြောကြရင်း ကျွန်တော်လဲ စိတ်ဆိုးလာတာနဲ့ အိမ်ပြန်လာခဲ့တယ်။ မကြာပါဘူး နောက်နေ့မှာ အဖေဆုံးသွားတယ်လို့ အကြောင်းကြားလာတယ်၊ ရိုးရိုး ဆုံးတာမဟုတ်ဘူး ကိုယ့် ကို ကိုယ် သတ်သေသွားတာ၊ သူနေတဲ့ တိုက်ရဲ့သုံးထပ်ပေါ်က ခုန်ချသွားတာ။ ပထမတော့ အတော်စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်တော့်ကြောင့် ထင်တာပေါ့လေ၊ နောက်တော့ သူ့ အိမ်ကို သွားကြည့်တော့ ခုဏကစာ လိပ်လေးဟာ သူ့စားပွဲအောက်မှာ ကျနေတာတွေ့တယ်။ ရဲတွေက မမြင်ခင်မှာကျွန်တော် လဲကမန်းကတန်းကောက် သိမ်းထားလိုက်တယ်။ မသေခင်ကတည်း ကသေတမ်းစာ ရေးထားတာဖြစ်လေတော့ အဖေ့ရဲ့ ပိုင်ဆိုင်မှုတွေအား လုံး ကျွန်တော်ရလိုက်တယ်။ ဒီဟာလေးအပါအ၀င်ပေါ့။ ဟု ရှည်လျားစွာရှင်းပြလေသည်။ [...]

စိတ်ပြောင်းအက္ခရာ – ၂

တံခါးပွင့်သွားသည်နှင့်အတူ လွန်စွာမှအသားဖြူလှသော အသက်၅၀ကျော် ခန့်လူကြီးတစ်ဦးထွက်လာပြီး “ကြွပါ ဒေါက်တာ” ဟု လွန်စွာပီသသော မြန် မာစကား ဖြင့် ဆီးကြိုလေ၏။ ဒေါက်တာ ရန်နောင်လဲ အံ့အားသင့်သွား လျက် အိမ်ထဲသို့ ၀င်ရောက်သွား လေသည်။ ထို့နောက် အိမ်၏ ဧည့်ခန်းသို့ရောက် လေသာ် ထိုင်လျက်စကား ပြောကြလေသည်။ ဧည့်ခန်း၏ အပြင်အဆင်မှာ နှစ် ဆယ်ရာ စုဦးပိုင်း လက်ရာ ပရိဘောဂများ ဖြင့် ဆင်ရင်ထားပြီး အရာ အားလုံးမှာ အသစ်ကဲ့သို့ တောက်ပြောင်နေလေ၏။ တချိန်တခါက အလွန်ချမ်းသာ သော သူများ နေထိုင်ခဲ့ကြောင်း ထင်ရှားလေ၏။ ဟိုဟိုဒီဒီ လျောက်ကြည့် သော်လည်း မည်သူမျှ မတွေ့ရပေ၊ ကြည့်နေရင်းမှ မစ္စတာ အီဗရာဟင်က စကားစပြော လေသည်။ မောင်ရင့်ကို [...]

စိတ်ပြောင်းအက္ခရာ

အမောတကောနှင့် ပြေးတတ် လာလို့လားမသိ တကိုယ်လုံး ချွေးတွေနှင့်၊ တဒိတ်ဒိတ်နှင့် ခုန်နေသော ရင်ကိုအတန်ငယ်ငြိမ်သက် သွားစေရန်ရေ အေးအေးလေးတခွက် သောက် ချင်နေသည်၊ သို့ပေမယ့် လူတကိုယ်လုံးမလှုပ်ချင်လောက်အောင် ကိုအားအင် ကုန်ခန်း နေ ပြီ။ သက်ပြင်းရှည် တချက်ကိုဖြေးညင်းစွာ မှုတ်ထုတ်ရင်း ကိုယ့်စိတ်ကို ကိုယ်တိုင်လျှော့ချ ကာ နေ့လည်က အဖြစ်အပျက်ကို ပြန်တွေးပြီး ထိတ်လန့်လာမိပြန်သည်။ အတန်ကြာတော့ သူအိပ်ပျော်သွား မိသည်။ ဘယ်လိုဖြစ်ဖြစ် အိပ်မက်ထဲမှာတော့ နေ့လည်က အဖြစ်တွေ ပြန်မြင်ယောင် နေမှာ အမှန်ပင် – – – – - မနက် ၈ နာရီ သူတယောက်ထဲနေသည့် အခန်းမို့ တခါတလေ ရှုပ်ပွနေတတ်လည်း အားသည့် ရက်ဆို ရင်တော့ အခန်းရှင်းလေ့ ရှိပေမယ့် [...]

သူငယ်ချင်းများနှင့်

ဒီအခွေကောင်းတယ်ကွာ မင်းနားထောင်ပြီး ပြီလား။အေး- ဒါပေမယ့် ငါက တက်ကနိုတွေ ပိုကြိုက်တာကွ။ဒါတွေက ရက်ပ် မဟုတ်ဘူး၊ ဟစ်ဟော့တွေကွ၊ ငါတော့ကြိုက်တယ်။ လိုက်ဆိုကြည့် ၊ဟာကွာ မင်းတို့ ဟာတွေ ကို ငါတော့ ခံစားလို့မရဘူး။ကျွန်တော်နဲ့ ဒီကောင် ကဘယ်တော့မှ အမြင်မတူ၊ သို့သော်လဲ သီချင်းတွေကြိုက်တာတော့ တူသည်။ အခုလဲ တက္ကသိုလ် စိန်ရတု ပွဲရှိလို့ ဒီကောင်တွေ အဖွား ခြံမှာ လာအိပ်ကြတာဖြစ်သည်။ဟိုကောင် အေဘီစီ မလာသေးဘူးလား။ အေး လာ မယ်တဲ့ သှူု့ အဖေဆူနေလို့တဲ့၊ ရက်ပါ ပုညတော့ ငါတို့ သွားခေါ် မယ်။သွားမယ်လေ ဒါဆို။ကျွန်တော်နှင့် ဖိုးနေခေါ် သူငယ်ချင်းတို့ရက်ပါ ပုည ရှိရာ ဗိုလ်တထောင် သို့ ကားငှား ပြီးထွက်လာ ခဲ့ လိုက်သည်။ [...]

ဂျိမ်းဂျိမ်း – ဂျက်ဂျက်

မိုးတွေ တရဟော ရွာချနေသည်။ အဲဒီနေ့ညနေ ကို တော့ အထိတ် တလန့်နှင့်အမှတ် ရခဲ့ရ ပါသည်။ ဘယ်လိုပါ လိမ့်။နှစ်တွေတောင်အတော် ကြာသွားခဲ့ ပြီ၊ သူမနဲ့ ညနေ တစ်ခု၊ ရယ်စရာလဲ ကောင်း ၊ အင်း စိတ်ညစ်စရာ လဲ ကောင်း။ ကဲ ဗျာ ပြောချလိုက် တော့မယ်။ သူနဲ့ပေါ့ သူဆိုတာ ကျွန်တော့် ရဲ့ အရင်းနှီးဆုံး နှစ်လုံးသား လေးတစ်ခု ဖြစ်ခဲ့သူလေး။ သူလေးနဲ့ မှတ်မှတ် ထင်ထင် အရာ ပေါင်းများစွာ ထဲက အဲဒီနေ့က အကြောင်းကို တခါတရံ သတိရတတ်လေ့ ရှိတယ်။ တကယ် ဗျာ မိုးတွေတရ ဟော ရွာတာ က ပြန် စကြတာ [...]

နားညီးလို့တဲ့ဗျာ

လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကပေါ့ဗျာ၊ ကျွန်တော်တို့ အဖွားဇာတိဖြစ်တဲ့ ရမည်းသင်းမှာ သွားပြီး ရွာ အလှုလေးတစ်ခုလုပ်ဖြစ်ခဲ့တယ်။ ပထမက တော့ အဘွား ဆုံးတာ ၅ နှစ်ပြည့်တဲ့ အနေနဲ့ သူဆုံးတဲ့ အသက်ဖြစ်တဲ့ ၈၁ နှစ်ကိုစွဲပြီး ဘုန်းကြီး ၈၁ ပါးပင့်၊ ဆွမ်းကျွေး၊ သက္ကန်းသက်စေ့ လှုဖို့ စီစဉ်ထားတာပါ။ နောက်တော့ ရွာနဲ့ မြို့ကြားမှာရှိနေတဲ့ တံတားတစင်း ကို အဖွားက ပြန် ဆောက်လှုတာ ပြီးသွားတာနဲ့တိုက်ဆိုင်နေသလို၊ ရွာဘုန်းကြီးကျောင်းရဲ့ အ၀င်မုဒ်ဦး အသစ် ပြန်ဆောက်လှုတာပါပြီးနေတာနဲ့ တိုက်ဆိုင်နေတာနဲ့ မြေးတွေကိုပါ ရှင်ပြုနားသ အလှုတစ်ခု ရောလုပ်လိုက်မယ်ဆိုပြီး ပြန်စီစဉ်ကြပါတယ်။ ဒီဇင်ဘာလထဲမို့ ကလေးတွေကလည်း စာမေး ပွဲနီးနေပါပြီ ဆိုပြီး အမြန်တက်သုတ်ရိုက်စီစဉ်ကြပါတယ်။ ကျွန်တော်တို့ရောက်ပြီး နောက်နေ့ မှာဘဲ [...]

ရွှေရောင်ကတိ

၁၉၄၁ – စစ်ကြီး မဖြစ်ခင်ကာလအကြို ရန်ကုန်မြို့ ကြီးသည် ပုံမှန်လှုပ်ရှား သွားလာနေသူများ နှင့် အသက်ဝင်နေသည်။ နေရာတကာတွင် ကုလား လူမျိုးများအများ အပြားတွေ့ နေရခြင်းက မြန်မာပြည်လား အိန္ဒိယ လား သူ့ကိုယ်သူပြန်ပြန် မေးမိနေတတ်သည့် မေးခွန်းတစ်ခုဖြစ်လို့နေသည်။ အညာမှာ ဒီအချိန်ဆို အမတို့တော့ ငါ့ကိုစိတ်ပူနေမှာဘဲ ၊ အင်းငါတော့ မြို့တတ် လာ လိုက်တာ မှားနေပြီထင်တယ်။ ကိုမောင်ဝင်းတစ်ယောက် တွေးချင်ရာတွေးပြီး ဆူးလေတ၀ိုက်တွင် လမ်းလျှောက်နေမိသည်။ ဒီရက်ပိုင်းတော့ အညာပြန်တော့မယ်ဟု စိတ်ကူးထား သဖြင့်ရန်ကုန်မြို့ထဲ နောက်ဆုံး အကြိမ် လည်ပတ်နေခြင်းလဲဖြစ်သည်။ တွေ့လိုက်သည့် နေရာတွေမှာ ပြိုးပြိုး ပျက်ပျက် အရောင်တလက်လက်နှင့် ကားတွေ၊ ဖိတ်ဖိတ်တောက်နေသည့် ကုန်တိုက်ကြီးများ၊ ၀တ်ကောင်းစားလှနှင့် သွားလာနေသော ရန်ကုန်သူ အမျိုးသမီးတွေ ၊ [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice