Archive for the ‘တက်လော့ဟုန်း’ Category

တက်လော့ဟုန်း စီးရီးများ

အသစ်ထွက်ရှိလာမည့် တက်လော့ဟုန်း ဇတ်လမ်းရှော်များ
၁။ တက်လော့ဟုန်းနှင့် သူတော်လိမ်၂။ တက်လော့ဟုန်းနှင့် ဗိုက်ပူတိုလီ၃။ တက်လော့ဟုန်းနှင့် ဘာညာ ဘာမှ မတိဝူး၎။ တက်လော့ဟုန်းနှင့် မမမှီမှန်မှန်ပြော၅။ တက်လော့ဟုန်းနှင့် ဘမျိုးဘိုးတူဘယ်သန်ပေါက်ကရ၆။ တက်လော့ဟုန်းနှင့် ပုန်နားကျော်ကြီး၇။ တက်လော့ဟုန်းနှင့် မြကျွန်းသာထဲက ၀က်သုံးကောင်၈။ တက်လော့ဟုန်းနှင့် မဟာမြိုင် မပင့်ကူ၉။ တက်လော့ဟုန်းနှင့် ပရော်ဖက်ဆာဒေါက်တာ ဟတ်ချိုး၁၀။ တက်လော့ဟုန်းနှင့် တောပုန်းဗိုလ်ဝ ဆိုးဇေယျ၁၁။ တက်လော့ဟုန်းနှင့် ဂျူးမျက်လှည့်ဆရာ ဂလိထိုးမှု
အထက်ပါ စာစဉ်များအား လစဉ်ရေးသားသွားပါမည်။ မကြာခင်ထွက်ပါမည်။ ကဒီးကဒီးထွက်မည်။ မကြာမကြာထွက်မည်။ အခုထွက်မည်၊ နောက်မှထွက်မည်။ သောက်သောက်လဲထွက်မည်။ ခဏခဏ ထွက်မည်။ သောက်ကျိုးနဲ ၀က်ဝက်ကွဲထွက်မည်။ ထွက်ချင်မှလဲထွက်မည်။
မျှော့် – – – – ပါ – — -။

ညက်လီဆင်းအမှု-၃

ညက်လီဆင်း ပေးသော ဟုတ်စိတ်ဆိုသည့် ကြောင်ပြာ ပုံလေး ကိုကြည့်ရှုပြီး နောက် တက်လော့ ဟုန်း နေထိုင်ရာ လန်ဒုံမြို့ အုတ်မြောင်းရပ် ၊ ဘရုတ်သုတ်ခလမ်း အိမ်အမှတ် ၉ သို့ပြန်လာခဲ့ကြလေ သည်။

နောက်တနေ့နံနက်တွင် တက်လော့ ဟုန်းသည် အိပ်ရာမှ အစောကြီးထကာ လေ့ကျင်ခန်း လုပ်သည် ဟု ဆိုကာ အလီများ ချရေးလေသည်။ ၁၈ အလီလောက်အရောက်တွင်ခေါင်း မူးလာပြီဟု ပြောကာ ရေချိုး အ၀တ် အစား လဲဖြင့် ပြင်ဆင်ကြပြီးနောက်၊

ကဲ – ကိုယ့် လူ ၀ယ်လဆင်ပွတ်ရေ ၊ မြေဖြူ ကုန်း ဘက်သွားရအောင်ဟု ပြောလေသည်။ ( ရှေး ယခင်က ထို အရပ်တွင် [...]

ညက်လီဆင်းနဲ့တွေ့သောအခါ

ထို့နောက် ကျွန်ုပ်နှင့် တက်လော့ ဟုန်းလဲ မဟာရာဂျာ ညက်လီဆင်း တည်းခိုရာ ပွဲစားကြီးမယား ဟိုတယ်သို့ သွားရောက်ကြလေသည်။ ဟိုတယ်အရောက်တွင် အ၀င်မှနေ၍ ကုလား အစေခံ လေးများ လာရောက် ဆီးကြိုကြလေ၏။ ကျွန်ုပ်တို့အား သုံးထပ်သို့ ခေါ်လာခဲ့ပြီးနောက် အခန်းကျယ် ကြီးတခုသို့ ရောက်ရှိကြလေသော် အဆောင်အယောင် ပြိုးပြိုးပျက်ပျက် များဖြင့် တန်ဆာ ဆင်ထားသော ညက်လီဆင်း ၏ ဧည့်ခန်းသို့ ရောက်လတ်သည်နှင့် ကုလားရေမွှေးများ မွှန်ထူအောင် မွှေးကြိုင်နေအောင် စွတ်ထားသည့် ကုလားမလေးများသည် အသီးသီးထိုင်နေကြပြီး ထိုသူများ အလည်တွင် ညက်လီဆင်း ဖြစ်ဟန်တူသော အရက်ကိုးမောင်း မူနေသည့် လူရွယ်တယောက် တဝေါဝေါနှင့် ထိုးအန်နေသည်ကို တွေ့ရလေသည်။ ထို အခိုက် တက်လော့ဟုန်းက ကျွန်ုပ်အား ဒီမယ် ၀ယ်လဆင်ပွတ် ဒီငနဲ [...]

ပထမဆုံးလိုက်တဲ့အမှု့ကြီး

ပထမဆုံးလိုက်တဲ့အမှုကြီး(သို့မဟုတ်)ညက်လီဆင်း၏ဟုတ်စိန်ကြီး
ကျွန်တော်တက်လော့ဟုန်းနှင့်နေလာခဲ့တာ ရက်အတော်ကြာခဲ့လေပြီ။ ခုထိတော့ ဘာအ မှု့မှမလိုက်ရသေး၊ နဲနဲတော့ ပြင်းနေသည်။ မြို့ထဲတွင်ဘိုင်စကုတ်ကြည့်ရင်ကောင်း မ လားဟု တွေးမိကာ တက်လော့ဟုန်းအား အဖော် စပ်မိလေသည်။ကိုယ့်လူရာ နေစမ်းဘာ၊ ဘိုင်စကုတ်ကြည့်မည့် အစား လန်ဒုံပြဇတ်ရုံမှာလာ ပြမယ့် နှဲမှုပ်ပွဲသွားရအောင်လား။ခုမှသတိရတော့သည်။ တက်လော့ဟုန်းသည် လေမှုတ်တူရိယာများကို လွန်စွာ ၀ါ သနာ ထုံသည့်အလျောက် ဘာဂျာ၊ နှဲ၊ ဆက်ဆိုဖုန်း စသည်တို့ အပြင် လေမှုတ်အော်ဂင်၊ လေ မှုတ်အကော်ဒီယံ၊ ကားလေထိုးစက်၊ စက်ဘီးလေထိုးတံစုံနေအောင်ရှိသည်။ ညညဆို တစုံတစ်ခုကို မကြေနပ်သည့်ဟန်ဖြင့်နှဲကို ကောက်ကောက်မှုတ်လေ့ ရှိလေရာ လွန်စွာနား မခံသာဖြစ်ရလေတော့သည်။ကွမ်းကလေးမြှုံ့လိုက်၊ နှဲလေးမှုတ်လိုက်နှင့်တော့ ဟုတ်နေတတ် သည်။ထားပါတော့ဗျာ မကြည့်လဲနေပါ ၊ နှဲပွဲတော့ မလိုက်ပါရစေနဲ့။ကျွနုပ်လဲ စိတ်ပေါက်ပေါက်နှင့် နေကြာစေ့ခွာစားရင်း သတင်းစာအား လှန်လှော [...]

တက်လော့ဟုန်းနှင့်မိတ်ဆွေဖြစ်ခြင်း

ထိုကဲ့သို့ ကျွနုပ်နှင့်တက်လော့ဟုံး ဆုံတွေ့ ကြပြီးနောက် တက်လော့ဟုန်း လည်း မကြာမကြာ့ ကျွနုပ်ထံသို့ ရောက်ရောက်လာကာ မဟုတ်မဟတ်များပြောရင်း ညီရင်း အစ်ကိုယ်တမျှ မိတ်ဟောင်းဆွေဟောင်း သဖွယ်ရင်းနှီးသွားကြ လေသည်။ အဘယ့် ကြောင့် ဆိုသော် သူသည် ကျွန်ုပ်ကဲ့သို့ လူပေါတယောက် ဖြစ်နေသောကြောင့်ပင်။

ကျွန်ုပ်လဲလက်ရှိအလုပ်ကို စိတ်မပျော်ပိုက်သည် တကြောင်း၊ အသစ်ဖြစ်သော လုပ် ငန်းများကို လုပ်ကိုင်ရန်ဆန္ဒရှိသည်တကြောင်းဖြင့် မိဘများကို ခွင့်တောင်းကာ တက်လော့ဟုန်း၏ အလွတ်စုံထောက်လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်ရန် ဆုံးဖြတ် လိုက် လေသည်။ ခွင့်တောင်းရန်အတွက် မိဘများရှိရာ လန်ဒုံမြို့ စွန်ဆိတ်ငြိမ် ရက်ကွက်များ တည်ရှိရာ ဒဂုံမြောက်ပိုင်းသို့ မြို့ပတ်ရထားစီး ပြီးတက်လော့ ဟုန်း နှင့် အတူ ထွက်လာခဲ့ လေတော့သည်။

လမ်းတလျောက်တွင် တက်လော့ဟုန်းသည် တစ်စုံ တခုကို [...]

ဝယ်ဆင်ပွတ်နှင့်တက်လော့ဟုန်းဆုံပြီ

ကျွန်ုပ်သည် မြို့တော်ခန်း မဘေးကို ရောက်သော် အမေရိကန်နိုကန်ယို ဆိုသော အူလဒူ အမျိုးသားကြီး အား ရှာ လေ တော့ သည်။ ပန်းခြံရှေ့ နားတွင်လူအများဝိုင်းအုံ ကြည့်နေ သောနေရာကို မျက်စေ့ ရောက်သွားသည်နှင့် လိုက် လံကြည့် ရှုသော အခါ ကျွန်ုပ်ရှာနေသော ကန်ယို ကို ဆိုက်ဆိုက်မြုက်မြိုက် ကြီးတွေ့ ရလေတော့၏။ သူသည် မျောက်နှစ်ကောင်ကို ကျွမ်းထိုး၊ အက စုံလင်စွာနှင့် အသုံးတော်ခံစေပြီးနောက် လေပုတ်ထုတ် ဆေးများ လိုက် လံရောင်း ချခြင်း ဖြင့်ကျင်လည်နေသူဖြစ်လေသည်။ ကျွန်ုပ်အနားသို့ ကပ်လာသောအခါ ဦးစွာ လေမျိုး ၈၈ ပါး လျက်ဆားဖြင့် ဧည့်ခံပြီး သူ၏ ပွဲအားလက်ဆဖြတ်လိုက်လေသည်။ သူနှင့် ပြောသော စကားများမှာ အူလဒူ [...]

စာအုပ်ကြီးတော့ဖတ်လေပြီ

နေသာသော တနေ့ တွင် ကျွန်တော် တန်းဖိုးဖြတ်မရ သည့်အင်ဗာတာ အဟောင်းကြီး နှင့် ကုလားမုတ်ဆိတ် ထံမှ ခက်ခက် ခဲခဲ လဲယူထားသော စုံထောက်ကြီး တက်လော့ ဟုန်းဆိုသူ၏ အကြောင်းများ ရေးထား ဟန်ရှိသော စာထုတ် ကြီး အားဖွင့် ဖောက်ဖတ်ရှု ရန် အကြံ ရှိလေသည် နှင့် တယောက်ထဲ အခန်း တံခါး ပိတ်ကာ ပထမဆုံး အထုတ် ဖြေရန် အတွက် လုပ်ရလေ သည်။ ခဲတံချွန်ဓါး တချောင်း၊ ဖုန်သုတ်ရန် အ၀တ်တခု၊ မှတ်စရာများရှိက မှတ်ရန် ဗလာစာအုပ် အစုတ်တအုပ်၊ ရေတဘူး၊ ထွေးခံ၊ ကွမ်းယာ ၂၀၀ ဖိုး၊ အပြင်းပြေနားထောင်ရန် သီချင်း စီဒီ တချို့ စသည့် [...]

တက်လော့ဟုန်းနှင့်ခွေးဆွဲသောမုတ်ဆိတ်

အချိန်ကား သက္ကရာဇ် နိုင်တီးဂွိုင်တီး ခန့် ။ ဘဲ ပျံမကျစည်ကား လှသော လန်ဒုံ မြို့ ကြီး တွင် အင်မတန် နာမည် တရှဲရှဲ ကျော်ကြားသည့် အလွတ်စုံ ထောက်( အကြော်မပါ )ကြီး တက်လော့ဟုန်း ဆိုသူရှိခဲ့ ဘူးပါသည်။ သူသည် ထိုလန်ဒုံ မြို့ကြီး ထဲတွင် စွန့်စား စုံထောက်ပုံများ နှင့် သူ့ရဲ့ စွန့်စားခန်းများကို စတင်ဖတ်ရှုရ သောအခါ ကြတ်သိမ်းများထသွားနိုင်သည်။ ထို့ကြောင့် မဖတ်ခင် ရှုရူးပေါက် ထားဖို့ လိုမည်။ အခုရေးသားသော အကြောင်း အရာများမှာ သူနှင့် နှစ်ပေါင်းများစွာ လက်တွဲ လာခဲ့သော မိတ်ဆွေကြီး ဒေါက်တာဝယ်လဆင်ပွတ် ဆိုသူ ရေးသား ထားသော အကြောင်းများ ဖြစ်ပြီးကျွန်တော် ထိုရေးသားချက်များ [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice